Sunday, November 23, 2008

[M Y] 2 New Entries: ဦးနာအောက် ၊ အောက် မအောက် (၄)

ဦးနာအောက် ၊ အောက် မအောက် (၄)

ဒီ ဧရာဝတီသဘောင်္ကုမ္ပဏီဟာ ခရီးသည် သယ်ယူပို့ ဆောင်ရေးတင်မကဘဲ ၊ကိုလိုနီခေတ် ဗမာပြည် ရဲ့  စီးပွားရေး အတွက် အသည်းနှလုံးဖြစ်ခဲ့ရခြင်းအကြောင်းကတော့ ၊ရေလမ်းခရီးသာ တစ်ခုတည်းသော အားကိုးရာ သယ်ယူပို့ ဆောင်ရေးလမ်းကြောင်းကြီးဖြစ်နေတဲ့ခေတ်မှာ IFC ဟာ ကုန်ပစ္စည်းသယ်ယူပို့  ဆောင်ရေးကဏ္ဍကြီးမှာ လဲ အဓိကရေသောက်မြစ်ကြီးတစ်ခုလို ဖြစ်ခဲ့တဲ့အတွက်ပါပဲ။.
.
.
...

ဒီနေရာမှာသွားတွေ့ မိတဲ့ တစ်ချက် က ဗြိတိသျှ အင်ပိုင်ယာ ထဲမကျရောက်ခင်၊ ကိုလိုနီခေတ်မတိုင်မီ ကထဲက ဗမာနိုင်ငံဟာကုန်းဘောင်မင်းဆက်တွေလက်ထက်မှာ တင်ပဲ၊သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေနဲ့ ၊ ကုန်သွယ်ရေး၊ကုန်ဖလှယ်မှု စီးပွားရေး ကွန်ယက်ကြီး ကို ပြည်ပအထိ ဖြန့် ချအစ ပျိုးအား ကောင်းစပြုနေခဲ့ တယ် ဆိုတာပါပဲ။ ဗမာဘုရင်ခေတ် စီးပွားရေးအဆက်အသွယ် ကွန်ယက်ကြီးဟာ အာရှတိုက်အတွင်း သာမကဘဲ၊ ဥရောပတိုက် အထိဖြန့် ကျက်နိုင်ခဲ့တယ်ဆိုပါတယ်။

၁၉ရာစုမှာ နေမ၀င်အင်ပါယာ ရဲ့ ဆာလောင်မှု နဲ့ ကိုလိုနီမပြုခင် ကုန်းဘောင်မင်းဆက် နောက်ဆုံး ကာလ တွေ မှာ ဗမာပြည်ရဲ့ ကုန်သွယ်မှုဟာ အထက်ဗမာနိုင်ငံကနေအောက်ဗမာနိုင်ငံ တနင်္သာရီနဲ့ ရခိုင်ဒေသအထိ အကြီးအကျယ်ဖြစ်ထွန်းနေပါပြီ။ အဲဒီအချက်ကပဲ အပိုင်း ၂ မှာဖော်ပြပြီးဖြစ်သလို သယံဇာတ ပေါကြွယ်ဝတဲ့၊ ပထ၀ီ စီးပွားအနေအထားကောင်းလွန်းတဲ့ မြန်မာနိုင်ငံကို နယ်ချဲ့ ကမျက်စိကျခဲ့တာပါပဲ။ ဗြိတိသျှ စွန့် ဦး လုပ်ငန်ရှင် ကုန်သည်ကြီးတချို ဟာ ကုန်းဘောင်ခေတ်ထဲက ဗမာကုန်သည်၊ အိန္ဒိယ၊ တရုတ် ကုန်သည်ကြီး တွေ နဲ့  ချိတ်ဆက်ဝင်ရောက်စပြုနေခဲ့ပါတယ်။

ဒါပေမယ့် ဘုရင့် ဗမာနိုင်ငံဟာစီးပွားရေးဗျူဟာတွေမှာ အားနည်းခဲ့တဲ့အတွက်ကြောင့် Age of Commerce ဆိုတဲ့ ကုန်သွယ်စီးပွား ခေတ်အမှန်အကန်ဖြစ်တဲ့အထိ မတိုးတက်ခဲ့ဘူးလို့ ဆိုပါတယ်။ ခေတ်မီ လက်နက်နဲ့  စက်မှုတွေသာမက ဘောဂဗေဒ နည်းပညာတွေ ပါသယ်လာတဲ့ဗြိတိသျှ ဟာ ကိုလိုနီပြုပြီးတာနဲ့ တပြိုင်နက် သမားရိုးကျ နဲ့  ရှေးထုံးစဉ်လာအတိုင်းရောင်းဝယ်ဖောက်ကားနေတဲ့ဗမာ့ လှေကြီးထိုးရိုးရိုး ကုန်သွယ်ရေး စနစ်ကြီးတစ်ခုလုံး ကို အသွင်ပြောင်းပစ်လိုက်ပါတော့တယ်။

ဗြိတိသျှရဲ့ မူဝါဒကတော့ဗမာပြည်စီးပွားရေးကို သမားရိုးကျသဘာဝ အရိုင်းထည် စီးပွားရေးမှသည် ပို့  ကုန်အခြေခံစီးပွားရေး စနစ်ဆီသို့ ဆိုပါတယ်။ ကိုလိုနီ အစိုးရ ရဲ့ ခေါင်းထဲ ပဌမဆုံးဝင်ရောက်လာတာ တွေကတော့ မြေပေါ်မြေအောက်သယံဇာတ များ နဲ့  စိုက်ပျိုးရေးထွက်ကုန် တွေ ဖြစ်တဲ့ သတ္ထု၊တွင်းထွက် ကျောက်မျက်ရတနာ၊ ကျွန်းသစ်နဲ့ သစ်တောထွက်ကုန်၊ ငါးဖမ်းခြင်းနှင့် ရေလုပ်ငန်း၊ဆားတွင်း၊ ရေနံစိမ်း ၊ ချည်မျှင်ဝါဂွမ်း နဲ့ သကြား တွေပဲဖြစ်ပါတယ်။

မြန်မာ့သယံဇာတနဲ့ သစ်ထုထ်လုပ်ရေးမှာ ဘုံဘေဘားမားအပါအ၀င်သစ်ကုမ္ပဏီများစွာ၊ ရေနံမှာ ဘီအိုစီ ခေါ် Burma Oil Company နဲ့ သယံဇာတ စီးပွားရေးအားလုံးနီးပါး ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ (သူတို့ အကြောင်း တွေ ကတော့ သမိုင်းစာအုပ်တွေထဲမှာလဲပါခဲ့ပြီးသားပါ)

ဗမာပြည်ကိုဝင်ရောက်လာခဲ့တဲ့ ကိုလိုနီ အစိုးရနဲ့ တနင်္သာရီ ပဲခူးဒေသတွေမှာ အခြေချလာကြတဲ့ ဥရောပ ကုန်သည်တွေရဲ့ ပထမဦးဆုံးမျက်စိကျတဲ့ အဓိကပစ်မှတ် က ရိုးမထဲက ကျွန်းသစ် အပါအ၀င်၊သစ်တွေ နဲ့ ရေနံ ထုတ်လုပ်တင်ပို့ ရေး ပါ။ သန်လျင်ဒေသမှာ ရေနံချက်စက်ရုံ တွေနဲ့  ရေနံထုတ်လုပ်ရေးကို လက်ဝါးကြီးအုပ်ပြီး ပြည်ပ တင်ပို့ နိုင်ခဲ့ပေမယ့် ကမ္ဘာ့ရေနံ ၀ယ်လိုအားနဲ့  ယှဉ်လိုက်ရင်တော့ ပမာဏက သိပ်အား မကောင်း ခဲ့ပါဘူး။

ကျွန်းသစ်ထုတ်လုပ်ရေးကိုကြည့်ရင်လဲ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အစပျိုးဖို့ အကြောင်းမရှိအကြောင်းရှာခဲ့တဲ့ ဗမာ့သစ်တောတွေမှာ သတ်မှတ်ထားတဲ့ပမာဏထက်ပိုပြီး သစ်ခိုးထုတ်ခဲ့တဲ့ ဗမာဘုရင်ခေတ် ဗြိတိသျှပိုင် ဘုံဘေဘားမား သစ်ကုမ္ပဏီ ခေတ်ကစပြီး ကိုလိုနီအစိုးရလက်ထက်အထိ လက်ဝါးကြီးအုပ်ထားခဲ့တာတွေ့ ရပါတယ်။

ဒါပေမယ့် ဒီကျွန်းသစ်ထုတ်လုပ်ရေးဟာ သဘာဝအရကန့် သတ်မှု များစွာရှိပါတယ်။ ကျွန်းပင်တစ်ပင်ကို စီးပွားဖြစ် ထုတ်လုပ် နိုင်ဖို့ အတွက် သတ်မှတ်တဲ့ ပင်စည်လုံးပတ်၊ အမြင့်ပေအားလုံးပြည့်စုံဖို့  စောင့်ရတဲ့ကာလဟာ နှစ်ပေါင်းတစ်ရာနီးပါးကြာအောင်စောင့်ဆိုင်းရပါတယ် ။

တစ်ခု အသိအမှတ်ပြုစရာကောင်းတာကတော့ ဗမာဘုရင် ခွင့် ပြုပမာဏထက် ပိုပြီး သစ်ခိုးထုတ် ရန်စနယ်ချဲ့ ခဲ့တဲ့ ကိုလိုနီအစိုးရဟာ သူတို့ လက်ထဲ ဒီသစ်တောတွေရောက်လာချိန်မှာတော့ ဥရောပတိုက်သား စီးပွားရေး သမားကြီးတွေကို ကျွန်းသစ်နဲ့ သစ်တောတွေက သစ်ထုတ်လုပ်ခွင့် ပေး ပေမယ့် ရေရှည် အကျိုးစီးပွား၊ သစ်တောထိန်းသိမ်းရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေးနဲ့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေအတွက်အကန့် အသတ်များစွာနဲ့ ဥပဒေအသစ်များစွာနဲ့  လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာဘုရင်လက်ထက်က ဥပဒေတွေကို ပြင်ဆင်ခဲ့ ပါတယ်။ ဒီ ဥပဒေအသစ်တွေကြောင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သစ်တော ထိန်းသိမ်းဖို့ အတွက် ခုတ်တဲ့သစ်အရေအတွက်နဲ့  အချိုးအစားပြန်ညီမျှတဲ့သစ်ပင်တွေကို ထုတ်လုပ် သူက ပြန်စိုက် ပေးရ မှာ ဖြစ်ပါတယ်။(ခုတော့လဲ ဒီကျွန်းသစ်တောတွေမျိုးတုန်းကုန်ပါပြီ။ တို့ ခေတ်ရောက်မှ ညံ့ ဆို တာဒါမျိုးထင်ပါရဲ့ )

နောက်ပိုင်းမှာ နေမ၀င်အင်ပါယာသားများ ဟာ ဒီ လုပ်ငန်းတွေထက် ပိုပြီးအလားအလာကောင်းပြီး မြန်မာပြည် ဒေသအတော်များများနဲ့ သင့်လျော်ပြီး၊ အကျိုးအမြတ်အမြန်ပေါ်မယ့် စီးပွားရေးလုပ်ငန်းကြီးကိုသွားတွေ့ ပါတော့တယ်။ အဲဒါကတော့ လယ်ယာစိုက်ပျိုးရေးနဲ့  ဆန်စပါးတင်ပို့  ရေးပါပဲ။

ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အပြီး ၁၈၃၀ နဲ့ ၁၈၄၀ ကာလတွေမှာ အင်္ဂလိပ်ဟာ ပြည်ပဆန်တင်ပို့  မှုကိုစတင်ခဲ့ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ကနေပါ။ အစောပိုင်းမှာ ဥရောပသားတွေဟာ ဆန် ကုန်သည် အဖြစ်သာလုပ်ကိုင်ခဲ့ပီး နောက်ပိုင်းမှ ရေနွေးငွေ့ နဲ့ မောင်းတဲ့ဆန်စက်တွေကိုရင်းနှီးမြှုပ်နှံ ပြီး ဆန်သန့် ဆန် ကောင်း များထုတ်လုပ်ခဲ့ပါတယ်။ ၁၈၃၁ မှာ ဆန်တင်ပို့ မှုဟာ ဒီရခိုင် ဒေသတစ်ခုထဲကနေ တစ်နှစ်ကိုဆန်သန့် ပေါင်း ပေါင် သန်း ၁၀၀ ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။

၁၈၅၂ မှာ ဧရာဝတီ-စစ်တောင်းဒေသ ကို ထိန်းချုပ်မှုကိုရပြီးတဲ့နောက်ပိုင်း ဒီဒေသတွေဟာ ရခိုင်ပြည်နယ် ထက်ဆန်စပါးထုတ်လုပ်မှုဖို့ မြေဆီသြဇာပိုကောင်းတာတွေ့ ရှိခဲ့တဲ့အတွက် ဦးစားပေး လုပ်ခဲ့ပါတယ်။ ဒီဒေသတွေ က ထွက်တဲ့ဆန်တွေကို ကုန်းဘောင်ဘုရင်တွေ လက်ထက်က ပြည်ပတင်ပို့ မှုထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီး ၊စစ်ရှုံးတဲ့ရလာဒ်အဖြစ် ဗမာဘက်က ထိုးပေးလိုက်ရတဲ့ ဧရာဝတီနဲ့  စစ်တောင်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဗြိတိသျှတို့ ဟာ စီမံကိန်းတွေနဲ့ စိုက်ပျိုးရေးကိုတိုးချဲ့  လုပ်ပြီးပြည်ပတိုးချဲ့ တင်ပို့  ခဲ့တဲ့အတွက် ကမ္ဘာမှာ ဆန်စပါးတင်ပို့ မှု အများဆုံးဒေသကြီးနှစ်ခုအ ဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ရတဲ့အထိ အားကောင်းလာခဲ့ပါတယ်။ ဒီ ဧရာဝတီ တိုင်း ဟာ တစ်ချိန်က ကမ္ဘာ့စပါးကျီလို့  တောင် တင်စား ခဲ့ရတဲ့ဒေသဖြစ်ခဲ့ပါတယ်။ (အခုတော့ထိုင်းဆန်ရဲ့  ခြေဖျား တောင်မမီတော့ပါဘူး)။

စူးအက်တူးမြောင်းကြီးဖွင့်လှစ်နိုင်ခဲ့တဲ့ ၁၈၆၉ နောက်ပိုင်းမှာတော့ဗမာနိုင်ငံက ဆန်စပါးတင်ပို့ မှုပို မိုအားကောင်းလာခဲ့ပီး ကိုလိုနီခေတ် ဗမာ့စီးပွားရေးကြီးလဲတိုးတက်ချင်တိုင်းတိုးတက်ပြီး အင်မတန် အားကောင်းလာပါတော့တယ်။ဒီ စူးအက်တူးမြောင်းဆိုတာ အရှေ့တောင်အာရှနဲ့  အိန္ဒိယ နိုင်ငံတွေကို ဥရောပတိုက်နဲ့ ပိုနီးသွားအောင်ဆက်သွယ်ပေးလိုက်တဲ့ ရေကြောင်းလမ်းကြီးဖြစ် ပါတယ်။ ဒိမတိုင်မီက အာရှကနေ ဥရောပတိုက် ကို ကုန်သယ်ပို့ ရေး ၊ခရီးသွားရေးမှာ ရေကြောင်းလမ်းအရ အာဖရိက တိုက်ကိုပတ်ပြီးမှရောက်ရှိပါတယ်။

အဲဒိ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကြီးကထုတ်လုပ်လိုက်တဲ့ ဆန်စပါးပို့ ကုန် တွေ အဓိကတင်ပို့  တာကတော့ ဥရောပတိုက်ဆီပါပဲ။ အကြောင်းက ဥရောပတိုက်မှာ စက်မှုခေတ်ပြောင်းဖွံ့ ဖြိုးလာခြင်း၊ မြို့  ပြများတိုးတက် လာခြင်း၊လူဦးရေသိပ်သည်းလာပြီး စားသောက်ကုန် လိုအပ်ချက်တိုးလာခြင်းတို့ ကြောင့် မြေဆီသြဇာ ကောင်းလှတဲ့ ဗမာနိုင်ငံရဲ့ အားကောင်းချက်ကို ဗြိတိသျှတို့ သတိပြုမိခဲ့တဲ့အတွက် ဒီမြစ်ဝကျွန်းပေါ် ဒေသကြီးတွေကို စားသောက် ကုန် ထောက်ပံ့ပေးရာ စပါးကျီကြီးတွေ အဖြစ် ပြောင်းလဲပစ်ခဲ့တာပါပဲ။

အမှန်ပါပဲ။ ဒီတူးမြောင်း ဖောက်အပြီးမှာ ဆန်စပါးတင်ပို့ မှုလဲ တစ်နှစ်ကို တန် ချိန် သုံးသန်း ကျော်နှစ်စဉ် တိုးတက်လာခဲ့ရာက ၁၉၃၀ ခုနှစ်ရောက်တဲ့အချိန် မှာ ဆန်စပါးတစ်ခုထဲက ပို့  ကုန်တန်ဖိုး ဒေါ်လာ သန်း ၈၀ကျော် (ကိုလိုနီခေတ်ငွေတန်ဖိုးအရ) အထိရှိခဲ့ပြီး၊ ဒီ ဧရာဝတီ-စစ်တောင်း မြစ်ဝကျွန်းပေါ်ဒေသကြီးဟာ ကိုလိုနီခေတ် အချိန်က ကမ္ဘာတလွှားလုံးဘယ်နိုင်င၊ံဘယ်ဒေသ မှ မယှဉ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ဆန်စပါးတင်ပို့ ရာ ဒေသကြီးဖြစ်လာခဲ့ပါတယ်။

ထူးအိမ်သင် ရဲ့ ဂန္ဓ၀င်သီချင်းထဲမှာတော့ ဒီဧရာဝတီဟာအစဉ်အလာကြီးမားခဲ့တဲ့ မြန်မာ ရာဇ၀င်များရဲ့ သတို့  သမီး ပါ။ ဒီလိုပဲသူက ကိုလိုနီ အစိုးရနဲ့ နေမ၀င်အင်ပါယာအတွက်လဲ သတို့ သမီးတင်မကဘဲ မိဖုရားနီးပါး လောက်မှတ်တမ်းတင်ရမယ့်နီးပါး အကျိုးပြုခဲ့ပုံကတော့ သမိုင်းမှတ်တမ်းများထဲမှာ ဒီ ဧရာဝတီ နဲ့ စစ်တောင်းမြစ်ဝကျွန်းပေါ်ဒေသကြီးတွေ ကို the world's leading rice exporter အဖြစ် မှတ်တမ်း တင်ခဲ့ ပါတယ်။

ပထမကမ္ဘာစစ်အပြီးကာလသမိုင်း မျိုးဆက် ကို ဗြိတိသျှကိုလိုနီ ခေတ်ရဲ့ နောက်ဆုံး အချိန် အဖြစ် သတ်မှတ် ခဲ့ပြီး ၊ဒီ မြန်မာနိုင်ငံက မြစ်ဝ ကျွန်းပေါ် စပါးကျီ ကြီးကပဲ ကိုလိုနီ စီးပွားရေးကို Global marketplace ထဲဝင်ရောက်သွားစေခဲ့တယ်လို့ လေ့လာသူများ မှတ်တမ်းတင်သုံးသပ်ခဲ့ကြပါတယ်။

ဒီလိုဆန်စပါးတင်ပို့ ပေးတဲ့ ကမ္ဘာ့စပါးကျီကြီးကနေ ထွက်လာ တဲ့ဆန်စပါးသန့် တွေ၊ တွင်းထွက်ရေနံ တွေ၊ ကျွန်းသစ်နဲ့ အခြားသစ်တွေကို ဗမာပြည်ကနေ အိန္ဒိယ၊ တရုတ်၊ အင်ဒိုချိုင်းနား နဲ့  ဥရောပတိုက်ဆီအရောက်တင်ပို့ ဖို့ အတွက် မရှိမဖြစ် အရေးပါတဲ့အခန်းကဏ္ဍကနေ ကစားခဲ့သူကဘယ်သူလဲဆိုတာ သိသာထင်ရှားခဲ့ပါပြီ။ ဧရာ၀တီ သေဘာၤကုမၸဏီပါပဲ။

စောင့်ဖတ်သူများအတွက် အပိုင်း (၅) ကို အမြန်ဆုံး ဆက်ပါတော့မည်…
မောင်ရင်
...


.

ဦးနာအောက်၊ အောက် မအောက် (၃)

အဲဒိခေတ်က မြန်မာပြည်ရဲ့ သယ်ယူပို့ ဆောင်ရေး ကို ပြန်ကြည့်ရင် မြန်မာပြည်ဒေသအချို့ မှာ မီးရထားလမ်းတစ်ချို့  ဖောက်ခဲ့ပြီး ဖြစ်ပေမယ့် ကုန်းလမ်းပို့ ဆောင်ရေး လမ်းကြောင်းတွေဟာ အင်မတန်မှ ကွေ့ ပတ်သွားလာရတဲ့အတွက် ခရီးရှည်တဲ့အပြင် နေရာတိုင်းကိုလဲလမ်းမပေါက်၊ပေါက်တဲ့လမ်းတွေက လဲမချောမွေ့ တဲ့အခြေအနေပါ။ ဒီအခြေအနေမှာ ရေလမ်းတစ်ခုတည်း သာ ပင်မ ပို့  ဆောင် ရေးလမ်းကြောင်းကြီးဖြစ်ခဲ့ပါတယ်။
.
..

တတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲအပြီးမှာ မြန်မာပြည်တွင်းရေကြောင်းခရီးသွားလာရေး ကထွန်းကားလာပြီဆိုပေမယ့် ဒီရေလမ်းခရီး နဲ့ သွားလားရေး ကလဲ သဘာဝဘေးအန္ထရာယ်တွေ နဲ့  လွယ်ကူလှတာတော့မဟုတ်ပါ။ အထူးသဖြင့် မြစ်ရေကြီး ရေစီးသန်တဲ့ မိုးဥတုမှာဆို အလွန် အန္ထရာယ်များပါတယ်။

စိုစွတ်တဲ့ရာသီမှာ မြစ်တွင်းခရီးသွားလာရေးဟာ နေရာအတော်များများကိုမပေါက်ပါဘူး။ ပေါက်ခဲ့ရင်လဲ ခက်ခဲရင်ခက်ခဲ၊ မဟုတ်ရင် ဘေးအန္တရာယ်များရင်များဖြစ်နေခဲ့ပါတယ်။ အကောင်းဆုံးကတော့ ခြောက်သွေ့ တဲ့ရာသီ (ပွင့်လင်းရာသီ)ပါပဲ။ မိုးတွင်းမှာ ခရီးသွားလာရေးခက်ခဲပြီး လမ်းမပေါက်တဲ့ဥပမာတစ်ခုအနေနဲ Sir George Scott ရဲ့ ရန်ကုန် - ထိုင်းခရီးစဉ်မှာ မန္တလေး ကနေ လားရှိုး အထိအရင် တက်ဖို့ အရေး ကိုပဲ ခရီးစဉ်တွက်ကြည့်တော့ ၁၈ ရက်တိတိကြာ ပါတယ်။

မြစ်ရေ ပြောင်းလဲမှု အခြေအနေ ပေါ် များစွာ မူတည်တဲ့အတွက် တချို့ သဘောင်္တွေတစ်လ ကိုးသီတင်း ခရီးမဆန့် ရဘဲ ကျောက်ချနေခဲ့ရသလို၊ ရေနွေးငွေ့ သဘောင်္မီးလောင်မှုတွေ လဲမကြာခဏဖြစ်ပွားခဲ့ပါတယ်။ အဆိုးဆုံးက ၁၉၀၄ ခုနှစ်မှာ ရိုးမသဘောင်္ကြီးမီးလောင်ကျွမ်းမှု၊ နဲ့ ကတ်ရှမိုင် နဲ့ ဇက်နှစ်တွဲ လောင်ကျွမ်းမှုတွေဖြစ်ခဲ့ပါတယ်။ (ဒီမီးလောင်ကျွမ်းမှုတွေနဲ့ သာမာန် ဧရာဝတီသဘောင်္ကုမ္ပဏီ ၀န်ထမ်းတွေ ရဲ့ အသက်အာမခံကိစ္စ အကြောင်း နောက်ပိုင်းမှာ အနည်းငယ် ထည့်ရေးပါမယ်) ဆိုရရင်မြစ်ရေခရီးသွားလာရေးဟာအဲဒိခေတ်က အန္တရာယ် အလွန်များခဲ့ပါတယ်။ ဒီလို ရာသီဥတု အခက်အခဲတွေအပြင် ငှက်ဖျားနဲ့ ကူးစက်ရောဂါ ဘေးတွေကိုလဲ သူတို့ အင်မတန် စိုးရွ့ံခဲ့ကြပါတယ်။

နောက်တစ်ခါ ၁၈၈၀ နှောင်းပိုင်း ကာလတွေ ကနေ ၁၉၀၀ လွန် ကိုလိုနီခေတ် ကာလကြီး ထဲ မှာ မြန်မာပြည်အတွင်း ဒေသတစ်ခုကတစ်ခုကိုခရီးသွားဖို့ အရေးဟာ အင်မတန် ခက်ခဲတဲ့ အရာတစ်ခု ဖြစ်ခဲ့ပါတယ်။အောက်မြန်မာပြည် အထက်မြန်မာပြည်ကူးသန်းခရီးသွားရဖို့ အရေး ခရီးသွား စာရွက်စာတမ်း၊ အထောက်အထား တွေတစ်ထပ်ကြီးနဲ့  ကိုလိုနီ အစိုးရဆီက ခရီးသွားလာခွင့် ထောက်ခံစာရယူရပါတယ်။ အကြောင်းက လူမျိုးရေး တင်းမာမှုတွေ၊ ပုန်ကန်ခြားနားမှုတွေကို လျော့ချဖို့ ပါပဲ။

ဥပမာအားဖြင့် စစ်တကောင်းသားတွေ ကို ရှမ်းပြည်နယ်အတွင်းသွားလာခွင့် ကို တင်းတင်းကျပ် ကျပ် ပိတ်ပင် ထားခဲ့ပါတယ်။ ဒါ့အပြင် အဖိုးတန် ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်း လာရောက် ခိုးယူတဲ့ နိုင်ငံခြားသားတွေကလဲဒုနဲ့ ဒေးပါ။ အနောက်ဂျာမဏီ လိုက်(ပ်)ဇစ် ပြတိုက်က ဂျာမန်လူမျိုး လိုမားကို ဒီသံသယနဲ့ ခရီးသွားခွင့်ပိတ်ပင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ဥရောပတိုက်သားတွေအပေါ် ကြိုကြားတိုက်ခတ်ခံရမှုကလဲရှိပါသေးတယ်။ ၁၉၀၉ ခုနှစ်မှာ သံလွင်မြစ်အထက် တောင်ကြားမှာ တိုင်းရင်းသားအုပ်စုတစ်စုက ဂျာမန် တွေကို လုပ်ကြံ ခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ (မျိုးချစ်ပျောက်ကျားတပ်များဖြစ်နိုင်မလားမပြောတတ်ပါ။ တရားခံမသိခဲ့ပါ။) ဒီဖြစ်ရပ်တွေကြောင့် ခရီးသွား ရော သဘောင်္ာတွေရော အားလုံး ဟာ အုပ်ချုပ်သူတွေ ရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းခံရပါတယ် ။ ရေနွေးငွေ့ သဘောင်္စက်မောင်းတွေဟာ မိမိ သဘောင်္ခုတ်မောင်းမယ့် ဦးတည်ရာကို တကယ်သွားမသွား၊ တခြား နေရာတွေကို မသွားဖို့  ကိုလိုနီ အရာရှိတွေထံမှာ အင်တာဗျူး အရင်ဝင်ရပါသေးတယ်။ ဒီ လို သဘာဝ ဘေးအခက်အခဲသာမက ၊ခရီးသွားခွင့်ရဖို့  ကိုလိုနီ အုပ်ချုပ်ရေးရုံး ကိုဖြတ်သန်းရတဲ့ အခက်အခဲတွေဟာ ကိုလိုနီ ရာစုနှစ် တလျှောက်လုံး ဖြစ်ခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ရေလမ်းခရီးဟာအတွင်ကျယ်ဆုံးအဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်နေခဲ့တဲ့အတွက် ဧရာဝတီသဘောင်္ကုမ္ပဏီ ဟာ အင်မတန် အင်အားကောင်းလာခဲ့ပြီး ၊ မြန်မာ့ ပြည်တွင်း မြစ်ကြောင်းခရီးသွားလာရေးမှာ လူရော၊ ကုန်ပါ သယ်ယူပို့ ဆောင်ရေးအတွက် ဗြိတိသျှတော်ဝင် ဗမာ နိုင်ငံတော် (သူတို့ အခေါ်) မှာ အဓိကအခန်းကဏ္ဍကနေ မြန်မာ့စီးပွားရေးကို အရေးပါတဲ့နေရာက ဦးဆောင် သူဖြစ်လာပါတယ်။ မြန်မာ့ ရေကြောင်းသွားလာရေးမှာလဲ ဒီ ဧရာဝတီသဘောင်္ကုမ္ပဏီဟာ နေ့ စဉ်ပြည်သူလူထုဘ၀အတွက်သွားလာရေးသာမက ကုန်စည်စီးဆင်းဖို့  အတွက် အသက်သွေးကြောကြီးပမာ ဖြစ်လာခဲ့ပါတယ်။

ဒီ ဧရာဝတီ ကုမ္ပဏီ ရဲ့ သဘောင်္တွေ နဲ့ ခရီးသွားသူတွေဟာစစ်သားတွေ၊ ဗြိတိသျှ အစိုးရအရာရှိမင်းတွေ၊ ကိုလိုနီခေတ် အရာရှိကြီးတွေ၊ စီးပွားရေးသမားကြီးတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေသာမက သာမာန် မြန်မာပြည်သူ ပြည်သားတွေ နဲ့ အလွှာပေါင်း စုံ ပါပါတယ်။

တစ်ချို့ ရေနွေးငွေ့ သင်္ဘောတွေမှာတော့ ဖလက်ခေါ်တဲ့ ဇက်လိုမျိုး တွဲပေါ်မှာ ကြက်၊နွား၊ ဆိတ်တွေ၊ ကတကန့် ၊ ခရီးသည်တွေ၊သင်္ဘောသားတွေအတွက်စားစရာတွေကတကန့်  သယ်ဆောင်ပါတယ်။

အဲဒိဧရာဝတီ သင်္ဘောကုမ္ပဏီပိုင် သင်္ဘောတွေမှာ ကုန်းပတ်သုံးခု Three Decker ရှိပါတယ်။ အန္တရာယ်များတဲ့ အနောက်ဖက်ကုန်းပတ် မှာ မြန်မာ၊ တရုတ်၊ကချင်နဲ့ ရှမ်းတွေကို နေရာချထားပေးပါတယ်။
ဒီဧရာဝတီသင်္ဘောကုမ္ပဏီမှာ ၁၀နှစ်ကြာ သင်္ဘောကပ္ပတိန် လုပ်သွားတဲ့ ဖရန့် (ခ)ဘရောင်းရဲ့ ဇနီး ပါဝဲ(လ)်ဘရောင်း ဆိုသူ က ဧရာဝတီမှာတစ်နှစ်ကြာ ဆိုတဲ့စာအုပ်ကိုရေးသားပြုစုခဲ့ပါတယ်။ အဲဒိမှာ မြန်မာလူမျိုးခရီးသွားများရဲ့ ဧရာဝတီ သင်္ဘောပေါ်စီးရတဲ့ ပုံကို ဒီလို ချယ်မှုန်း ခဲ့တယ်။

စဥ့်အိုးတွေ၊ ဒယ်အိုးတွေ၊ခင်းထားတဲ့ အိပ်ယာခင်းတွေ၊တောင်းတွေ၊ပလုံးတွေ၊ အိုးခွက်တွေ၊ ခရီးသည်တွေအပြည့်အသိပ်နဲ့ ကုန်းပတ်ဟာ လမ်းလျှောက်စရာနေရာမရှိတော့လောက်အောင်ကို ပြည့်ညပ်နေပါတယ်။ ဗမာရွာထဲက ဓလေ့စရိုက်တွေ အကုန်လုံးများ ဒီရေနွေးငွေ့ သင်္ဘောကုန်းပတ် ပေါ်ကို ရွေှ့ပြောင်း လာခဲ့လေသလား မှတ်တယ် လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။

မြန်မာ လူမျိုး ခရီးသည်များ ဟာ ကုန်းပတ်ပေါ်မှာ ဖင်ချစရာ၊ကျောချစရာတစ်နေရာရရင်ပြီးရော။ စပရင် မွေ့  ယာလေးခင်းပေးထားတဲ့အိပ်ခန်းခေါ် ကေဘင် ထဲမှာမှ သဘောင်္စီးတတ်တဲ့ ဥရောပတိုက်သားတွေလို မဟုတ်ပဲ လက်ဖြစ်ဖျာတစ်ချပ် နဲ့ စားစရာပါရင် ဒီနှစ်ပတ် ဆယ်ရက် သဘောင်္ခရီးရှည်ကြီးကို အင်္ဂလန်က ၁၀မိနစ်စာ ကားရထားကလေးများ စီးနေရတဲ့အတိုင်းပဲလို့  ပါဝဲလ်ဘရောင်းကမှတ်ချက်ချပါတယ်။ အောက်ဆုံးတန်းဖြစ်တဲ့ အဲဒိ အပြင်ဘက်ဆုံး ပဲ့ပိုင်းနဲ့ နီးတဲ့ တတိယ ကုန်းပတ်ပေါ်မှာ စီးတဲ့လူတွေက မြန်မာလူမျိုးတွေအပြင်အခြား လူမျိုးတွေလဲပါပါသေးတယ်။ သူတို့ ကတော့ကူလီတွေပါ။ မြန်မာလူမျိုးခရီးသွားတွေဟာ ဆန် စက်ရုံကအလုပ်ဆင်း ပြီး ပြန်လာကြတဲ့ ချွေးနံ့ တွေ ဟောင်နေတဲ့ ရာနဲ့ ချီတဲ့ အဲဒိ ကူလီသမားတွေနဲ့  ရောပြီး ကုန်းပတ်မှာ စီးနင်းရပါတယ်။ အဲဒိလူတွေအပြင် သဘောင်္ကုန်းပတ်မှာ စီးရတဲ့ နောက်လူတန်းစား တစ်မျိုးကတော့ ချစ်တီးကုလားတွေဖြစ်ပါတယ်။ သူတို့ ကတော့ ခုနက လူအုပ်ကြီးတွေကြားထဲမှာ မစီးရပဲ လူအုပ်နဲ့ ဝေးတဲ့ နေရာခပ်သန့် သန့် မှာ တသီးတခြား စီးခွင့်ပေးထားပါတယ်။

အဲဒိပဲ့ပိုင်းနဲ့ ဝေးတဲ့ နေရာမှာတော့ ဒုတိယတန်းစား အိပ်စင် ပါတဲ့အခန်းလေးတွေ ရှိပါတယ်။ အဲဒိ သင်္ဘောဦးက ဒုတိယကုန်းပတ် အတွင်း ကတော့ ဥရောပတိုက်သားခရီးသွား များ ၊အာရှ-ဥရောပ ကပြားလူမျိုးများ အတွက်သီးသန့်  နေရာ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ဒီ အတွင်းဘက်ကုန်းပတ်ခန်း တွေ ဟာ ဥရောပတိုက်သားများပဲစီးနင်းခွင့်ပေးတဲ့အထူးတန်းဖြစ်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေ အဲဒိလို ကျပ်ညပ်စီးနေရတဲ့ အချိန်မှာ ဒုတိယတန်းအိပ်ခန်းတွဲ နဲ့ မှန်လုံခန်းထဲမှာတော့ ဘိုကပြားတွေနဲ့  ဥရောပ တိုက်သား ငါးယောက်ခြောက်ယောက်က ခရီးစဉ်တစ်လျှောက် စိမ်ပြေနပြေကလေး စီးနင်းလိုက်ပါလို့  ဆိုပြီး ပါဝဲ(လ)က့ မှတ်တမ်းတင်ခဲ့ပါတယ်။

သဘောင်္အောက်ခန်းမှာတော့ သဘောင်္ အရာရှိတွေ၊ အင်ဂျင်နီယာတွေ၊ အတွက် အိပ်ခန်း နဲ့ ရေချိုးခန်း၊ အပြင်သဘောင်္အင်ဂျင်နီယာတွေအတွက် အရာရှိနားနေခန်းကြီးရှိပါတယ်။ အင်ဂျင်ခန်းနားက အောက်ဆုံး အဆင့်မှာတော့ သာမာန်သဘောင်္သားတွေအတွက်အိပ်စင်တန်းလျားရှိပါတယ်။ အဲဒိခေတ်က သာမာန် သဘောင်္သားအများစု ဟာ စစ်တကောင်းသား တွေပဲဖြစ်ပါတယ်။ သဘောင်္တစ်စီးမှာ အဲလို ဘင်္ဂါလီ စစ်တကောင်းသဘောင်္သား ၄၀ က နေ ၆၀ အထိ ပါပါတယ်။

အကောင်းဆုံး သဘောင်္ဦးပိုင်းကတော့ ပထမတန်းစား အိပ်စင်တွေနဲ့ အနားယူရာ ဧည့်ခန်းရှိပြီး ၊ ကိုလိုနီ အရာရှိကြီးတွေ ၊ ဗြိတိသျှသားတွေအတွက်ပဲ့ အထူးသီးသန့် နေရာအဖြစ် သတ်မှတ်ထားပါတယ်။ ဒီနေရာဟာ မြန်မာတွေ စီးခွင့်ရတဲ့ ဆူညံပွက်လောရိုက်ကျပ်ညပ် အန္တရာယ်များတဲ့ သဘောင်္ပဲ့ပိုင်းနဲ့ တကယ့်ကို ဆန့် ကျင်ဘက်ဖြစ်ပြီး၊ မြစ်ပေါ်ဖြတ်တိုက်လာတဲ့ လေတဖြူးဖြူးနဲ့ ၊ ဘာသံ မှ မကြားရဘဲ အင်မတန် မှတိတ်ဆိတ်ငြိမ်သက် ပြီး သန့် ရှင်း ခန်းနားလွန်းနေပါတယ်။

သဘောင်္ပဲ့ပိုင်းနဲ့ ဦးပိုင်း ကို ခေါက်ပြန်သွားကြည့်ရင်ပဲ ဆန့် ကျင်ဘက်ကမ္ဘာနှစ်ခုကို ရောက်သွားသလို ကိုလိုနီခေတ်က ဗြိတိသျှဘားမား ဆိုတဲ့ ဗမာနိုင်ငံ ရဲ့  ကွဲပြားခြားနားတဲ့အဆင့်အတန်း နဲ့ သရုပ်မှန် ကို ဒီသဘောင်္ပေါ်မှာ ပဲ မြင်နိုင်ပါတယ်။ ဒါ ခရစ်နှစ် ၁၈၉၇ က ဥရောပသားတစ်ယောက်ကိုယ်တွေ့  မှတ်တမ်းတင်ခဲ့တဲ့ မြင်ကွင်းပါ။ (Hart 1897)။

ဒီလောက် ရေလမ်း အန္တရာယ်၊ မြစ်ရေ၊ ၀ဲဂယက်အန္တရာယ်၊မီးလောင်ကျွမ်းနိုင်မှု၊ စတဲ့ ဖြစ်နိုင်ချေ အန္တရာယ်တွေ နဲ့ ပြည့်နေတဲ့ သင်္ဘောအပြင်ဆုံး ဟိုးပဲ့ပိုင်းနားက ပထမ ကုန်းပတ်မှာ ပဲ လိုက်ပါ စီးနင်းခွင့် ရတဲ့ မြန်မာလူမျိုးများရဲ့ အတွက် နေမ၀င်အင်ပါယာ သားတွေရဲ့  ဧရာဝတီ သေဘာၤကုမၸဏီ က သေဘာၤေတြေပၚက အဆင့်အတန်း ခွဲ ခြားခံရမှု ကို လှမ်းတွေ့ ကြည့်ရင် မြင်နိုင်ပါတယ်။

ဒီလို ကိုလိုနီ ခေတ် မြန်မာ သယ်ယူပို့ ဆောင်ရေး မှာ့  သဘောင်္ခရီးရဲ့ အရေးပါမှုကြောင့် ၊ ခရီးသည်ထဲမှာ သာမာန်လူတွေ တင်မကပဲ ကမ္ဘာသိနာမည်ကျော် သူများလဲပါပါတယ်။ ဥပမာ ပြရရင် ၁၉၀၆ ခုနှစ်မှာ ဝေလမင်းသားနဲ့ မင်းသမီး ( နောက်ပိုင်းမှာKing George V and Queen Mary ဖြစ်ခဲ့သူ)တို့ ရဲ့  ဖျာပုံသဘောင်္နဲ့ စုန်ဆင်းခဲ့တဲ့ မန္တလေးက နေ ရန်ကုန် မြစ်ခရီးစဉ်၊ ထိုင်းနိုင်ငံက Crown Princeဆိုတဲ့အိမ်ရှေ့ မင်းသား ရဲ့ Siam အမည်ရ သဘောင်္နဲ့  မြန်မာပြည်ခရီးစဉ် တို့ ဖြစ်ပါတယ်။ မြန်မာ့ မြစ်ရေကြောင်းနဲ့ ခရီးသွားခဲ့ဖူးတဲ့ နာမည်ကျော်တွေထဲမှာ နောက်ထပ်တွေ့ ရတဲ့ သူနှစ်ဦးကတော့ မြန်မာ နှစ်ဦး ပါပဲ။တခြားသူ တော့မဟုတ်ပါဘူး။ သီပေါမင်း နဲ့ သူ့  မိဖုရား ပါ။ သူရိယ သဘောင်္နဲ့ သွားတဲ့ သူ တို့ ခရီးကို မှတ်တမ်းထဲမှာ တင်ခဲ့တာကေ တာ့ အပျော်ခရီးမဟုတ်ပဲ ၊ အိန္ဒိယကို ပို့ ဆောင်ခံရတဲ့နန်းကျ မြန်မာဘုရင် နဲ့ မိဖုရား ပြည်နှင်ခရီး အဖြစ်နဲ့ ပါ။(ပါတော်မူလို့ ပဲ သမိုင်းမှာ တင်စားရေးကြပါတယ်။)

အဲဒိ လို IFC ခေါ်ဧရာဝတီသဘောင်္ကုမ္ပဏီ ဟာ ကိုလိုနီ ခေတ် ခရီးသွားလာရေးရဲ့ ပင်မ သွေး ကြောကြီး သဖွယ်ဖြစ်ခဲ့ရုံသာမက ဗြိတိသျှဘားမားနိုင်ငံတော်မှာ စီးပွားရေး ရဲ့ မဏ္ဍိုင် အသည်းနှလုံး တစ်ခု ဖြစ်ခဲ့ပါတယ်။

အပိုင်း (၄) ဆက်ပါမည်…..

မောင်ရင်
Photos adapted from www.irrawaddyflotilla.com without permission
..

.

You received this email because you are subscribed to the real_time feed for http://maungyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.