Sunday, November 23, 2008

[NYI LYNN SECK 18+ DEN] 1 New Entry: Global Trends 2025

Global Trends 2025



US National Intelligence Council ရဲ့ ၂၀၂၅အတွက် ခန့်မှန်းသုံးသပ်ချက် စာတမ်း ထွက်လာတာ တွေ့ရပါတယ်။ ဒီ စာတမ်းတွေကို ၅နှစ်တစ်ခါ ပြုစုလာခဲ့တာ အခုဆိုရင် ၄ကြိမ်အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။ နောင်လာမယ့် ၁၆နှစ်အတွက် ဆိုလို့ အဝေးကြီး ရှိသေးတယ်လို့ ထင်ရပေမယ့် တိုင်းပြည်တွေ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါဟာ ခဏလေးအတွင်း ဖြစ်လာမယ့် အရေးကြီး ကိစ္စတွေ ဖြစ်နိုင်ပါတယ်။ အဲဒီကာလမှာ အမေရိကန်ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ဆက်လက် တည်ရှိဦးမယ်လို့ ခန့်မှန်းထားပြီး အနောက်အုပ်စုရဲ့ အင်အားတွေဟာ အာရှရဲ့ တရုတ်နဲ့ အိန္ဒိယတို့ဆီကိ ရွေ့သွားလိမ့်မယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။ မြန်မာပြည်နဲ့ ပတ်သတ်တာ ဘာများ ပါမလဲလို့ ကျွန်တော် ရှာကြည့်တော့ တစ်ခုပဲ တွေ့ပါတယ်။ အိန္ဒိယဟာ သူလိုအပ်တဲ့ စွမ်းအင်တွေအတွက် မြန်မာပြည်ကနေ ပိုက်လိုင်းတွေ သွယ်တန်းပြီး ရယူလိမ့်မယ်ဆိုတာပါပဲ။ စိတ်ဝင်စားစရာ စစ်တမ်းနဲ့ဟောကိန်းတစ်စောင် ဖြစ်ပါတယ်။ အောက်ပါ နေရာတွေကနေ တိုက်ရိုက် ရယူနိုင်ပါတယ်။


Source: NIC
Download: Global Trends 2025: A Transformed World


You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.