Sunday, November 23, 2008

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်] 2 New Entries: တိုး၍သာ ကြံကြကုန်လော့

တိုး၍သာ ကြံကြကုန်လော့







အင်တာဗျူး အစီအရင် အနေနဲ့ 










အင်း. . .

လက်ဆန်း ၀ိဇ္ဇာကတော့ မသိသူကျော်သွား သိသူဖော်စား လို့  . . ချွန်တွန်းလုပ်ပြီး ပြန်ကြွသွားလေရဲ့ ။ အိပ်ကောင်းချင်း မအိပ်ရ . . အဲလေ ပုတီးလေးတောင် ဖြောင့်အောင် မစိပ်ရဘူး ။

နှံစုတ်ဖားစား၊ ဖားကိုမြွေမြို၊ မြွေနီဒေါင်းပေါက်၊ ဒေါင်းနောက်မုဆိုး၊ မုဆိုးကျားချောင်း၊ ကျားကိုဆရာဂုရုနိုင်၏၊ ဂုရုဆရာကို နှံပြည်စုတ်က မထီမဲ့မြင်ပြု၏ လို့ လည်း လင်္ကာတွေ ရွတ်ပြသွားသေးတယ်. . .

တော်သေးတာပေါ့ . . ဘလော့ပေါ်မှာ လင်္ကာလေး ချရေးသွားလို့  . . . အင်္ဂ၀ိဇ္ဖာ သာ သင်ထားတာ။ ဘာလင်္ကာမှ အလွတ်ရတာမဟုတ်ဘူး။ ဟိုတစ်နေ့ ကလည်း အင်္ဂ၀ိဇ္ဖာ ကျမ်းရင်း လင်္ကာ ထဲက အပိုဒ် ၃၉ နဲ့ ၄၀ ကို ဒေါင်းဒေါင်းပြေးအောင် ရွတ်ပြပြီး ၀က်ကင်တပ်ရအုံးမယ်တဲ့ ။ ဘာမှ လည်း သေချာ မသင်သွားဘူး ။

ဟော . . . ဒီနေ့ လည်း ပေါက်ချလာပြန်ပြီ ။ နှံစုတ်ဖားစား တဲ့ ။ ဘယ့်နှယ်လုပ်ပြီး နှံပြည်စုတ်ငှက်ကို ဖားက စားရမှာလဲ . . ဖား က ဧရာမ ဖားလား . . ဖိလစ်ပိုင်က ဖားမတွေလား တော့ မသိဘူး ။ မဟာဘုတ်ကိန်းရဲ့ လျှို့  ၀ှက်ချက် တွေ ပညာပေးခဲ့တယ် ဆိုပါလား . . အောင် လံ နဲ့  ပြည်ကြား မှာ ၂ နဲ့ ၃ မြုပ်နေတယ်တဲ့ .. အဲလေ.. အောင် နဲ့ လံ ကြားမှာ . . . ဒီအတိုင်းတော့ မဖြစ်ဘူး .. တိုင်လေးထူကြည့်လိုက်အုံးမယ်. . . တိုင်မထူရတာတောင် ကြာလှပြီ .. အောင်လံထူမဲ့ စစ်သူကြီး ခေါင်းကွဲ သွားလို့  .. အဟင်းဟင်း .. လာထား တနင်္ဂနွေတိုင် အရင်ထူကြည့်မယ် . . . အောင် လံ ထူ စစ် သူ ကြီး ပွဲ ...

၅ ပွဲ
၂ ကြီး
၆ သူ
--
၁ အောင်
--
၎ လံ
ဝ ထူ
၃ စစ်

၁နွေ နှံပြည်စုတ်ကို အနိုင်ရချင်ရင် ၄ဟူးဖားကို အနိုင်ဓာတ် အဖြစ် စီရင်ရမယ်လို့  လက်ဆန်း ၀ိဇ္ဖာကြီးက လမ်းကြောင်းဟသွားတယ်။ နှံစုတ် ဖားစား ဆိုတဲ့ လင်္ကာအရ ဖားစားတာက နှံစုတ်ဖြစ်သွားတာပေါ့ ။ အင်း .. နိုင်သွားတယ်ပေါ့.. အမယ် .. ဟုတ်နေပါလား အဲဒီတော့ ၁နွေကို နိုင်ချင်ရင် ၄ ဟူး ကို ကိုယ်က ဆောင်သွားရမယ်လို့  ပညာပေးသွားတာပေါ့လေ ...

အင်း . . . ဘလော့လာဖတ်တဲ့သူတွေကို အင်တာဗျူး အစီအရင် အနေနဲ့ . . . အဲဒါလေး ရေးလိုက်ရရင် မဆိုးဘူး . . . အင်တာဗျူးမဲ့ သူရဲ့  အမည်ကို သိရင် ဆောင်သွားရမဲ့ ဟာလေးတွေ ကို ချရေးကြည့်အုံးမှပဲ. . အင်တာဗျူးတင်မကပါဘူး . နိုင်ချင်ရင် ဒါလေး တွေ သိထားတော့ အဆင်ပြေတာပေါ့ . . အဲ မိဘကိုတော့ သွားမလုပ်နဲ့ နော် .. လုပ်ကောင်းတဲ့ အရာမဟုတ်ဘူး ဆိုတာ ပါ ထည့်ရေးအုံးမှ .. တော်ကြာနေ ဆီပူအိုးထဲ ကိုယ်ပါ အချောင်နေရင်း အကြော်ခံနေရအုံးမယ် .. အဲဒီတော့

တနင်္ဂနွေ အမည် ဆိုရင် . . ၄ဟူး ။ အင်း . . ရွက်လှ တို့ ရွှေ တို့ ပေါ့ ။ ရွက်လှမရှိရင် ဘယ့်နှယ်လုပ်ရမလဲ ။ အဲ . . ဓာတ်သဘော ဆိုရင် လေကို တစ်ဝကြီး ၄ ခါ ရှူသွားမယ် .. အဟက်အဟက် ။ အင်း လွယ်လွန်းတော့ ပေါ့ရွှတ်ရွှတ် ထင်နေအုံးမယ် ။ အ၀ါရောင် လက်ကိုင်ပ၀ါ လေး ဆောင်သွားမှာပေါ့ အဟိ...

တနင်္လာ အမည် ဆိုရင် . . ၅တေး ။ မြေပဲ စားမယ် ။ ပေါက်ပေါက်ဆုပ် စားမယ် ။ မရှိရင် အပြာရောင် ပန်းပေါ့ . . . အမယ် .. ဟုတ်နေပါလား ။

အင်္ဂါ အမည် ဆိုရင် . .. ၆ကြာ ။ သောကြာဆိုတော့ သရက် ၊ သီဟိုဠ်ပေါ့ ။ မရရင် သကြားစားမယ် ။ သကြားလုံးစားမယ် ။ ဆောင်သွားချင်ရင် သံလိုက်တုံး ပေါ့ ။ ဆွဲငင်အား ကောင်းအောင် ။ သံပုရာသီးတော့ မဆောင်သင့်ဘူးထင်တယ်။ တော်ကြာ ကိုယ့် ကို ချဉ်နေအုံးမယ်။

ဗုဒ္ဓဟူး အမည် ဆိုရင် . . . စနေ ။ တ၊ ထ ၊ ဒ ၊ ဓ ၊ န ဆိုတော့ကာ ထညက် တို့ နှမ်းတို့ ပေါ့ ။ မဖြစ်နိုင်ရင် အနက်ရောင် ထီး ပေါ့ ။

ကြာသပတေး အမည် ဆိုရင် . . ၁နွေ ။ အင်း ဒါကတော့ လွယ်မယ်ထင်တယ် ။ အင်္ကျီ အနီရောင်လေး ၀တ်သွားမယ်။

သောကြာ အမည် ဆိုရင် . . ၂င်္လာ ။ ဆိုတော့ကာ . . ခွေးအစာကျွေးတာကော ရမလား မသိဘူး ။ ကျောက်စလစ်ခဲ ဖြူဖြူလေး ၂လုံး။

စနေ အမည် ဆိုရင် . . ၃င်္ဂါ ပေါ့ .. ဆီးသီး ၊ ဇီးသီး ။ အင်း ကုသိုလ်ပါ ရအောင် ဆိုရင်တော့ ဆေး ၃ ပုလင်း ဂီလာနသံဃာကို ကပ်လိုက်မယ်။


ဟုတ်တော့ ဟုတ်နေပြီ .. နောက်တစ်ခါလာရင်တော့ ကတ္တား ရှိရာ ကံမလာနဲ့ ဆိုတာလေး မေးလိုက်အုံးမှပဲ။ ကတ္တား ဆိုတာက အခါတိုင်ရဲ့ အောက်က ဂဏန်းတွေ ၊ ကံ ဆိုတာကတော့ အလည်ခြာလား . . . ၀ါးတားတားပဲ ။ တနင်္ဂနွေ တိုင်အရ ဆိုရင်တော့




--
၁ ကံ
--
၎ ကတ္တား




ကတ္တားရှိရာ ကံ မလာနဲ့ ဆိုတဲ့ လင်္ကာအရဆိုရင် ၁ နွေက ၄ ရှိရာကို မသွားရဘူးတဲ့ ။ ခုနက လက်ဆန်းဝိဇ္ဖာကြီး ပြောသွားတာက နှံစုတ် ဖားစား ဆိုတော့ ၄ ဆိုတဲ့ ကတ္တားက ၁ကို နိုင်တယ်။ အဲဒီ ၂ ခု အချိတ်အဆက် မိနေသလား မသိဘူး . . . ပြန်လာမှ မေးကြည့် လိုက်အုံးမှ ။ တော်ကြာ . . မဖြေဘဲနဲ့ " တိုးလို့ သာ ကြံကြကုန်လော့ " ဆိုပြီး ဖြေနေမှ ဟုတ်ပေ့ ဖြစ်နေအုံးမယ်။ လိပ်စာလည်း ခုထိမမေးရသေးဘူး .. အမယ် ဘယ်ရမလဲ .. နောက်တစ်ခါလာရင် ဘလော့ဆိုက်ဘားနားက FEEDJIT Live Traffic Feed မှာ လှမ်းရှိုးလိုက်မယ် .. .သူလာလို့ သရဏဂုံ ၃၀ စိပ်နေတာလေးတောင် ပျက်သွားပြီ . . ပြန်စိပ်လိုက်အုံးမှ။ လုပ်ငန်းကိုင်ငန်း ဟောခန်းလေး အဆင်ပြေအောင် . .

ဇာတိပရိယန္တံဗုဒ္ဓံသရဏံဂစ္ဆာမိ
ဇာတိပရိယန္တံဓမ္မံသရဏံဂစ္ဆာမိ
ဇာတိပရိယန္တံသံဃံသရဏံဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
z z z z z z z z z z z z z z z z z
z z z z z z z z z z z z z z z z z
z z z z z z z z z z z z z z z z z

ဝိဇ္ဇာကို လိပ်စာမမေးနဲ့ (၂)

နှံစုတ်ဖားစား၊ ဖားကိုမြွေမြို၊ မြွေနီဒေါင်းပေါက်၊ ဒေါင်းနောက်မုဆိုး၊ မုဆိုးကျားချောင်း၊ ကျားကိုဆရာဂုရုနိုင်၏၊ ဂုရုဆရာကို နှံပြည်စုတ်က မထီမဲ့မြင်ပြု၏လို့ နိုင်ရာနိုင်ရာ အနိုင်ဓါတ်ကို ပြခဲ့တယ်ကွ . . .



ဇာတိပရိယန္တံဗုဒ္ဓံသရဏံဂစ္ဆာမိ
ဇာတိပရိယန္တံဓမ္မံသရဏံဂစ္ဆာမိ
ဇာတိပရိယန္တံသံဃံသရဏံဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဘောဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
z z z z z z z z z z z z z z z z z
z z z z z z z z z z z z z z z z z
z z z z z z z z z z z z z z z z z

ဟေ့ကောင် . . . ဟေ့ကောင် . . .
မင်းက ပုတီးစိတ်တာလား၊ အိပ်ငိုက်နေတာလား မင်းကြည့်လိုက်ရင် ဒီလိုချည်းပဲ
လူမြင်ကောင်းအောင် ဘာဝနာပွားတာကနည်းနည်းရယ်၊ အိပ်ငိုက်နေတာက ပိုများတယ်
ပေါက်မြောက်ပါလိမ့်မယ်၊ ဒီလိုပုံ ဒီအချိုးနဲ့ . . .


အာ . . . အနှောက်အယှက်တွေ ၀င်ပြီထင်တယ်၊ အင်း . . . ကုသိုလ်လုပ်ရင် အဖျက်အစီးရှိတယ် ဆိုတာ ဒါမျိုးဖြစ်မယ်

ဟာဟ . . . ငါ့ကိုများ အနှောက်အယှက် အဖျက်အဆီးတဲ့ ၊ ပိဋကတ်အိုးကွဲလေးရဲ့ ၊ မျက်စိလေးဘာလေး ဖွင့်တော်မူပါဦး

အော် . . . ရက်ပါဝိဇ္ဇာကြီး . . . အဲလေ ယောင်လို့ . . . လက်ဆန်းဝိဇ္ဇာကြီး ကြွလာတော်မူသကိုး
ဟဲ . . . ဟဲ

ဟေ့ကောင် . . . လူကြီးကို မလေးမစား မလုပ်နဲ့ . . . ပေါက်တယ်နော်

ဟုတ် . . . ပေါက်ပါတယ်ခင်ညာ . . .
ဘလော့ဂါတွေ ရက်ပါတွေတောင် နှစ်ကြီးကျနေတဲ့ ခေတ်ကြီးမှာ အားလုံးကို ကြောက်ပါတယ် ခင်ညာ

မင်းပြောလိုက်ရင် ဒီလိုချည်းပဲ . . . ကြောက်တယ်ဆိုတာ နေရာတိုင်းမကောင်းဘူးကွ . . . ကြောက်တဲ့စိတ်က ကိုယ့်ကြမ္မာကို ကိုယ်တိုင်ပြန်ချည်ထားတာနဲ့ အတူတူပဲကွ . . . တကယ်ကြောက်ရမှာ တခုတည်းကွ၊ မကောင်းတဲ့စိတ်ဦးစီးမှုနဲ့  မကောင်းတဲ့ကိုယ် မကောင်းတဲ့နှုတ်က မကောင်းတဲ့ အကုသိုလ်အမှုတွေ ပြုရမှာကိုပဲ မင်းတို့ ကြောက်ရမှာကွ . . . ငါ့လူရ

အင်းပါ . . . မကြောက်တရားဟောပါ၊ ဟောနိုင်မှာပေါ့၊ သူကလွတ်လပ်ပေါက်မြောက်နေတာကိုး

အေး . . . လွတ်လပ်မှုဆိုတာ အလကားမရဘူးကွ၊ ငါကိုယ်တိုင်လည်း ဒီလို ဒီအဆင့် ဖြစ်လာဖို အနှစ်နှစ် အလလ ကျင့်ကြံအားထုတ်မှုတွေနဲ့ ရင်းနှီးတည်ဆောက်ထားခဲ့ရတာ၊ မင်းလည်း သိမှာပါကွာ . . . ဘိုလိုဆိုရင်တော့ ဖရီးဒဲမ်းအစ်စ် နဲဗားဖရီး ပေါ့ကွာ

ကဲပါဗျာ . . . စကားတွေက တောရောက်တောင်ရောက် ဖြစ်ကုန်ပီ

အေးပါကွာ . . . မင်းပြောလို့ ငါကပြောရတာပါ၊ လောကီဘုံက ပရိယာယ်မာယာ တယ်များသကိုးကွ၊ မင်းဆီကို ငါလာရတဲ့ အကြောင်းရင်းက အင်း . . . ဘယ်လိုပြောရမလဲ မသိဘူး . . .

ဘယ်လိုပြောရမယ်မှန်း မသိရင်လည်း မပြောနဲ့ တော့ဗျာ၊ အရေးထဲ သူကဓါတ်ရှင်မင်းသမီးတွေလို ပဲများနေပြန်ပီ

အဟီး . . . စတာပါကွာ
ဒီလိုကွ . . . ရှေ့ လဒီဇင်ဘာကုန်ရင် ဟတ်ပီနယူးရီးယား ရောက်တော့မယ်ကွ၊ တူးသောင်ဇဲန်နိုင်းပေါ့ကွာ


အင်းလေ . . . တနှစ်ကုန်လို့ ရှေ့ တနှစ်ပြောင်းတာ ဘာဆန်းလဲ၊ ဒါကဖြစ်ရိုးဖြစ်စဉ် နိယာမပဲဟာ။

မင်းကလည်း စိတ်ရှည်စမ်းပါကွာ . . . သက္ကရာဇ်တွေမှာ ဂမ္ဘီရစွမ်းအားတွေ ရှိတယ်ကွ၊ ကမ္ဘာသုံးပြက္ခဒိန်ဖြစ်ဖြစ်၊ ပါရှန်း၊ အစ္စလမ်၊ တရုပ်၊ ဟီးဘရူး၊ ဂျူလီရန်၊ ဟိန္ဒူ ပြက္ခဒိန်တွေပဲဖြစ်ဖြစ် နေလနက္ခတ်တာရာတွေကို အခြေခံပြီး တိုင်းတာတွက်ချက်တဲ့ အချိန်ပြကိန်းဂဏန်းတွေမှာ ပါဝါတွေ ရှိတယ်၊ နူမရော်လော်ဂျီဂဏန်းဗေဒင်တို့ ၊ တရုပ်ဘုတ်ကြီးငါးပါးဗေဒင်တို့  ဆိုတာ အဲဒီ သက္ကရာဇ်တွေ ပြက္ခဒိန်တွေကို အခြေခံပြီး တွက်ချက်တာပေါ့ကွာ

အင်း . . . လင်းစမ်းပါဦး . . . စိတ်ဝင်စားဖို့ တော့ ကောင်းသားပဲ . . .

အဲသလိုပဲ . . . မင်းတို့ ငါတို့ သုံးနေတဲ့ မြန်မာပြက္ခဒိန် ကောဇာသက္ကရာဇ်ဆိုတာလည်း ကိုယ်ပိုင် ဂမ္ဘီရစွမ်းအားတွေ ရှိတယ်ကွ၊ လက်ရိုးဗေဒင်မှာ သုံးနေတဲ့ အဓိပတိနက္ခတ်တို့ ၊ ရတနာပုံနက္ခတ် တို့ ၊ ပြည့်စန်းနက္ခတ်တို့ တွေဟာ ကောဇာသက္ကရာဇ်ကို အခြေခံပြီး တွက်ရတာ မင်းလည်း သိမှာပေါ့။ အခု မင်းတို့ သုံးနေတဲ့ ဗေဒင်အချုပ်မဟာဘုတ်ဆိုတာ အဲဒီကောဇာကို အခြေခံ တွက်ချက် ထားတဲ့ကိန်းပေါ့ကွာ။ ပြောရရင်တော့ ကျယ်ပြန့် တယ်ကွ၊ မုန့် လေပွေပေါ့ငါ့လူရာ

အင်း . . . ဟုတ်မယ် ဟုတ်မယ် . . . ကောဇာသက္ကရာဇ်မှာ မဟာဘုတ်ကိန်း တွက်ကိန်းကို သကြားမင်းနဲ့ ဗြဟ္မာမင်း ငြင်းခုံကြတာ ဗြဟ္မာမင်းရှုံးလို့ ခေါင်းဖြတ်ပေးလိုက်ရတာလေ၊ ဒါကြောင့် နှစ်သစ်ကူးမှာ ဗြဟ္မာခေါင်းကို နတ်သမီးတွေ အလှည့်ကျတာဝန်ယူကိုင်ထားရတယ်ဆိုပဲ . . .

အေး . . . အဆိုအရတော့ ဗေဒင်ပညာမှာ တဖက်ကမ်းခတ်တဲ့ မုနိညာဏရသေ့ဝိဥာဏ် ကိန်းအောင်းနေတဲ့ ဆရာ က၀ါလမိုင်းက သက္ကရာဇ်ကို နေ့ ခုနှစ်နေ့ နဲ့ စားပြီး အကြွင်းနေ့ ကို ရက်သုဉ်း မင်္ဂလာအခါမပေးကောင်းလို့ ဆုံးဖြတ်ပေးလိုက်တယ်လို့ ကျမ်းမှာရှိတယ်ကွ

မဟာဘုတ်ကိန်းက စတုရန်းကိန်းဗျ၊ ဓါတ်ကြီးလေးပါးကိုယ်စားပြုပြီး ဖွဲ့ စည်းထားတာလို့ သိရတယ်၊ ကျနော့်အတွေ့ အကြုံအရတော့ လက်ဆန်းဗေဒင်မှာ မဟာဘုတ်ကိန်းက အသဲနှလုံးပဲဗျို့ 

အေးကွ . . . လေ့လာသူရဲ့ ပါရမီပေါ်မူတည်ပြီးတော့ ကိန်းဂဏန်းတွေရဲ့ လှို့ ဝှက်ချက်တွေကို ဆွတ်ယူစားသုံးခွင့်ရကြမှာပါကွာ . . . မင်းကိုတော့ မဟာဘုတ်ကိန်းရဲ့ လှို့ ဝှက်ချက်ကို ငါပညာပေးခဲ့မယ်ကွ . . .

အောင်လံတေဇသကျမှီအုံး နန္ဒိသေနထုံးဆိုပြီးတော့ မှတ်သားဖူးပါတယ်ခင်ဗျာ၊ ကျနော်တို့ ကတော့ အောင်လံထူစစ်သူကြီးပွဲလို့ သုံးတာပဲလေ

အေး . . . ဟုတ်တယ်ကွ . . . သေခြာနားထောင်
နှံစုတ်ဖားစား၊ ဖားကိုမြွေမြို၊ မြွေနီဒေါင်းပေါက်၊ ဒေါင်းနောက်မုဆိုး၊ မုဆိုးကျားချောင်း၊ ကျားကိုဆရာဂုရုနိုင်၏၊ ဂုရုဆရာကို နှံပြည်စုတ်က မထီမဲ့မြင်ပြု၏လို့ နိုင်ရာနိုင်ရာ အနိုင်ဓါတ်ကို ပြခဲ့တယ်ကွ၊ အလွယ်ပြောရင်တော့ကွာ ၁နွေ နှံပြည်စုတ်ကို အနိုင်ရချင်ရင် ၄ဟူးဖားကို အနိုင်ဓါတ်အဖြစ် စီရင်ရမယ်ပေါ့


အင်း . . . ဆက်ပါဦး . . . စိတ်ဝင်စားဖို့ ကောင်းပါတယ်

အေး . . . မင်းတို့ က အိုင်တီခေတ်က ဘလော့ဂါတွေဆိုတော့ သချာင်္နည်းနဲ့ ပဲ သက်သေပြခဲ့မယ်ကွာ . . . မဟာဘုတ်ကိန်းက စတုရန်းကိန်းဆိုတော့ ဒီလိုချမယ်ကွာ၊ သုညဆိုတာက ၇ ကို ကိုယ်စားပြုတယ်လို့ မှတ်ထားကွာ . . .

အောင် လံ ထူ စစ် သူ ကြီး ပွဲ
၁ ၄ ၀ ၃ ၆ ၂ ၅

စတုရန်းကိန်းဆိုတော့ ဂဏန်းတွေကို လေးကြိမ်လေးခါတို့ သွားတယ်မဟုတ်လား၊ အောင်နဲ့ လံ အကြားက အပြေးကလေးတခုကိုပဲ မင်းကြည့်လိုက်ကွာ . . .

(၁) ၂ ၃ (၄)
အောင် လံ

တွေ့ လား၊ အောင်နဲ့ လံနဲ့ ကြားထဲမှာ ၂ နဲ့ ၃ က မြုပ်နေတယ်ကွ . . . ဒီတော့ အောင် (၁) နဲ့ လံ (၄)ကို ပေါင်းလိုက်ကွာ၊ ၅ ရလိမ့်မယ် . . . အေး . . . ကြားထဲမှာ မြုပ်နေတဲ့ ၂ နဲ့ ၃ ကို ပေါင်းလိုက်ရင်လည်း ၅ ပဲ ရမယ် မဟုတ်လား၊ ဘဲလဲန့် စ်လိုခေါ်တဲ့ အစွန်းနှစ်ခုကို ပြန်ချိန်ညှိထားတာပေါ့ ငါလူရာ


ဒါဆိုရင် . . . လံနဲ့ ထူအကြား၊ ထူနဲ့ စစ်အကြား အဲလိုတွေကရော ဒီလိုပဲလားဆရာ

ဒီလိုပဲပေါ့ကွာ . . . စတုရန်းကိန်းအပြေးကို ကြားမှာ မြုပ်နေတဲ့ ဂဏန်းနှစ်လုံးက ပြန်ထိမ်းထားတယ်ဆိုတာ မင်းတွေ့ ရလိမ့်မယ် . . .

အောင် (၁) နဲ့ လံ (၄) ပေါင်းရင် ၅ = ကြားမှာမြုပ်နေတဲ့ ၂ နဲ့ ၃ ပေါင်းရင် ၅
လံ (၄) နဲ့ ထူ (၀) ပေါင်းရင် ၁၁ = ကြားမှာမြုပ်နေတဲ့ ၅ နဲ့ ၆ ပေါင်းရင် ၁၁
ထူ (၀) နဲ့ စစ် (၃) ပေါင်းရင် ၃ (၁၀ကို ၇နဲ့ စားရင် ၃) = ကြားမှာမြုပ်နေတဲ့ ၁ နဲ့  ၂ ပေါင်းရင် ၃
စစ် (၃) နဲ့ သူ (၆) ပေါင်းရင် ၉ = ကြားမှာမြုပ်နေတဲ့ ၄ နဲ့  ၅ ပေါင်းရင် ၉
သူ (၆) နဲ့ ကြီး (၂) ပေါင်းရင် ၈ = ကြားမှာမြုပ်နေတဲ့ ၀ နဲ့ ၁ ပေါင်းရင် ၈
ကြီး (၂) နဲ့ ပွဲ (၅) ပေါင်းရင် ၇ = ကြားမှာမြုပ်နေတဲ့ ၃ နဲ့ ၎ ပေါင်းရင် ၇
ပွဲ (၅) နဲ့ အောင် (၁) ပေါင်းရင် ၆ = ကြားမှာ မြုပ်နေတဲ့ ၆ နဲ့ ဝ ပေါင်းရင် ၆ (၁၃ကို၇နဲ့ စားရင် ၆)


ဟာ . . . တယ်ဟုတ်တဲ့ကိန်းပါလား၊ ဒီလိုမျိုး တခါမှ မတွေးခဲ့မိဘူး

ဒါပေါ့ကွ . . . ဟုတ်ရမယ်လေ . . .
မင်းမယုံရင် ဒီဂဏန်း ၇ လုံးရဲ့ အညွန့် ကိန်း၊ တြိရန်းကိန်း၊ ပဉ္စပွတ်ကိန်း၊ ဆပွတ်ကိန်း၊ အမြစ် တွေကို အဲလိုမျိုး ချကြည့်လို့ ရမလားလို့ စမ်းကြည့်ပါလား . . . မရဘူးကွ
စတုရန်းကိန်းတခုပဲ အဲသလိုမျိုး အပြန်အလှန်ထိမ်းညှိထားတဲ့ ကိန်းဖွဲ့ စည်းပုံရတာကို မင်းတွေ့ ရလိမ့်မယ်


ဒါကြောင့် . . . မဟာဘုတ်ကို စတုရန်းကိန်းနဲ့ ချတာကိုး၊ လောကနိယာမ သဘောကို အခြေခံထားတဲ့ သဘောမဟုတ်လား၊ ဥပမာ - ဖို နဲ့ မ၊ အလင်းနဲ့ အမှောင်၊ ကောင်းကင်နဲ့ မြေကြီး၊ ဣဌနဲ့ အနိဌ၊ ကုသိုလ်နဲ့ အကုသိုလ် ဆန့် ကျင်ဘက်တွေနဲ့ အပြန်အလှန် အထောက်အကူပြု ဖွဲ့ စည်းထားတာ

သိတ်ဟုတ်တာပေါ့ ငါလူ့ ရာ . . . ဟားဟား . . . ကိုယ့်လူသိတ်ဒုံးမဝေးတော့ဘူး၊ ညဏ်တူရင် ယူပေတော့ကွာ . . .

ဒါဆိုရင်လည်း . . . စဉ်းစားလို့ ရအောင် ထပ်ရှင်းပြဦးလေ . . . အားကိုးပါတယ်ဆရာရယ်

ငါက မင်းကို ကောက်ကြောင်းဆွဲပေးလိုက်ပီ၊ အွန်လိုင်းပေါ်မှာတော့ သိတ်အသေးမစိတ်ချင်ပါနဲ့ ကွာ၊ မင်းဆီကို အချိန်တန်ရင် ငါအပြည့်အစုံ ပို့ ပေးထားပါမယ်၊ မသိသူကျော်သွား၊ သိသူဖော်စားတဲ့ ငါ့လူရေ . . . မသိသူကျော်သွား၊ သိသူဖော်စားတဲ့ကွ . . . သွားပီဟေ့

You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.