Sunday, November 23, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: အ၀ါမတိုင်ခင် အရင်က ဘာဖြစ်ခဲ့လဲ….. အပြာ

အ၀ါမတိုင်ခင် အရင်က ဘာဖြစ်ခဲ့လဲ….. အပြာ

လက်သဲခွံတွေဟာ အ၀ါရောင်စွန်းထင်းနေတယ်လို့
ပြောမယ်ဆိုပါတော့
ဆံပင် တစ်ချောင်းစီဟာ အ၀ါရောင် အပြိုင်ယိမ်းလို့
မျက်ခွံတွေက အ၀ါ
မျက်ဆံတွေကလည်း အ၀ါပဲ
ဝတ်ထားတာလည်း အ၀ါတောက်
လက်ကောက်ဝတ်နဲ့ လက်ဖ၀ါးတွေကလည်း အ၀ါ
နေရောင်နဲ့ထိပြီးကျလာတဲ့ အရိပ်တွေကလည်း အ၀ါပဲ
ပေါ့ပျက်သွားတဲ့ အ၀ါတော့ မဟုတ်ဘူး
စုစည်းနေတဲ့ ငြ်းပယ်မှုလည်း မဟုတ်ပြန်ဘူး
တစူးတစိုက်အ၀ါ
အပေါ်ယံ အသွင်သဏ္ဍာန်ဘက် တိမ်းစောင်းသွားခဲ့တဲ့
အ၀ါလည်းမဟုတ်ဘူး
အ၀ါကို လက်နဲ့သပ်လိုက်ရင်လည်း အ၀ါဟာ အ၀ါဖြစ်လို့
စံနမူနာတွေ ဘာတွေယူရမယ့် အ၀ါတော့မဟုတ်ဘူး
ဘာလို့သတ်မှတ်လိုက်ဖို့ မဖြစ်နိုင်တဲ့ အ၀ါပါ
အ၀ါ
အ၀ါပါပဲ။
အ၀ါမှာ တက်မက်မှုတွေကင်းနေတဲ့
အဲဒီအ၀ါကပဲ အမှတ်အ၀ါလေးကို ၀ါးမြိုထားတာ။
ရိုးစင်းစွာ နေထိုင်နေတဲ့အ၀ါတဲ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။
ရှိနေပြီးသား အ၀ါ အစား
အသစ်ပေါ်ထွန်းလာသကဲ့သို့ အ၀ါ မဟုတ်ဘူး။
အဲဒါဆို လျော့ပါး ပျောက်ပျက်ခြင်းမရှိတဲ့ အ၀ါလိုလား
ဖော်ကျူးခြင်းတို့ဖြင့် တောက်ပနေတဲ့ အ၀ါမျိုးလား
ပုံစံတစ်ခုဖြင့် ဆက်သွယ်နေတဲ့ အ၀ါများလား
ယခု အကြောင်းအရာများနဲ့ သုံးပိုင်းလေးပိုင်း
ဆက်စပ်နေတဲ့ အ၀ါများလား
သူမကို အထီးတည်းထား၊ ထားတဲ့ အ၀ါလား
အစစ်အမှန် အ၀ါတစ်ခုလိုလား၊
နောက်ဆုံးတော့ အ၀ါဟာ အ၀ါပါပဲ၊ သိပ်ရှင်းပြဖို့
ခက်နေတဲ့ အ၀ါတော့ မဟုတ်ဘူး
အခက်အခဲအကျပ်အတည်းတွေနဲ့တော့ အ၀ါဟာ
အ၀ါထဲမှာ ရင်ဆိုင်နေရ၊
အနှောင့်အယှက် ဖြစ်နေတဲ့ အ၀ါ တစ်ဝက်လိုပေါ့
အ၀ါတွေဟာ အ၀ါဖြစ်ပြီးသွားတဲ့နောက်လည်း အတိုးချပြီး အ၀ါဖြစ်လို့
အ၀ါဟာ ကိုယ့်ကိုကိုယ် ဘာမှန်းမသိပဲ ၀ါနေ
ရာခိုင်နှုန်းအတော်များများကြားသိထိ
အဖတ်အရှု့နည်းသွားတဲ့ အနေနဲ့ အပြာဖြစ်ခဲ့တယ်
အပြာဟာ အပြာကိုငြင်းပယ်ခဲ့တယ်၊ မစခင်ကတည်းက
အ၀င်အထွက်တွေကို ကြည့်ဖြစ်တော့ အပြာတွေဝင်လာတယ်
ပြန်ထွက်လာမှာကကော အပြာတွေပဲလား
သိဘူးလေ၊
အပြာရောင်ကြေငြာချက်တွေကတော့ ပြည့်လို့
ကျေနပ်ဝမ်းမြောက်မှုတစ်ရပ်ဟာ အပြာပဲ
နံရိုးစိုက်ခင်းတွေမှာပေါ်တော့ အပြာတွေပွင့်လို့
အဲဒီဘက်ထဲမှာလည်း အပြာတွေ အလှူလိုပြည့်လို့
ချွေးသီးချွေးပေါက် အပြာတွေ ချွေးပေါက်ထဲကနေ ထွက်လာတယ်
တံတွေးကို ထွေးလိုက်တော့ တံတွေးပြာတွေသာ ထွီကျလာ
ဒီအပြာတွေမှာ နက်ရှိုင်းတဲ့အမာအရွတ်တွေနဲ့
တကယ်အပြာဟာ တစ်ရက်တိတိပဲ
အပြာဟာ ပတ်ချာလှည့်သည်၊ သတ်မှတ်သည်၊ တည်းမှတ်ယူသည်
အရာရာတူနေတဲ့ အတိတ်ဆိုတာကို
အရင်းစစ်ကြည့်တော့လည်း ပြာနေတာပဲ
ဘယ်လိုပြာနေတာလည်းဆိုတော့တော့
ပုံပြညွှန်းဆိုမှု တစ်ခုလိုပြာလို့
ပျော့ပျော့လေး ပြာခဲ့တာ
ပြောင်လက်နေအောင် ပြာနေတာ
ထည့်စဉ်းစား စိတ်ကူးကြည့်ရမဲ့ ရွဲ့စောင်းပြောရမဲ့ အပြာ
ဗလာ ဗလာ ဗလာ ပြာ။

သည်မော်နိုင်
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် ဖော်ပြခဲ့)

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.