Sunday, November 23, 2008

[ဆိုးသွမ်း] 1 New Entry: မင်းမို့ ပြောရက်တယ်....ဒဏ္ဍာရီ

မင်းမို့ ပြောရက်တယ်....ဒဏ္ဍာရီ



မင်းအပေါ် ထားတဲ့အချစ်ကို
အသွေးအသားနဲ့ .....ထပ်တူပြု ကျိန်ဆိုဝင့်ပါတယ် " ဒဏ္ဍာရီ "

" ရှင်ရတဲ့ လခလေးနဲ့
ဒီခေတ်ကြီးမှာ ထမင်းမငတ်အောင်တော့
စားလို့ရတာပေါ့လို့ " မင်းပြောတော့

ငါ့လက်ထဲက ခြစ်ကုတ်ဝယ်ထားတဲ့
နှစ်ပဲတပြားတန် လက်ဆောင်လေးက
တုန်တုန်ရီရီနဲ့ င့ါကို မော့ကြည့်တယ်

မွေးကတည်းက စွဲကပ်ခဲ့တဲ့
ဆင်းရဲသား ကင်ဆာရောဂါကို
ဒီခေတ်ကြီးမှာ အမြစ်ပြတ်အောင်ကုချင်ပေမယ့်လည်း......

" ချစ်တာတခုတည်းနဲ့ ထမင်းတလုပ်စားလို့ရလားတဲ့ "
မိုက်ခနဲ့ တွေဝေသွားတဲ့ အသိကို
အတန်တန် ထိန်းရင်း
မင်းနုတ်ခမ်းတွေကို လူသေတစ်ယောက်လို
ငေးမောမိတယ်

ဘ၀ကို " ရှင် " ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
ဆက်လှမ်းရမှာပဲလို့ ပြောတော့
မျက်ရည်ဝဲရင်း ပြုံးမိတယ်

ပြုမိတဲ့ အပြုံးက
ငါချစ်တဲ့မင်းဟာ သိပ်ကို စိတ်ဓတ်မာတဲ့ မိန်းခလေးမှန်း သိလိုက်ရလို့
ဝဲမိတဲ့ မျက်ရည်က
ငါမပါဘဲ မင်းအနာဂတ်တွေ လှပနိင်မှန်းလည်း မှန်းဆမိလို့


အားလုံးမှန်တယ် " ဒဏ္ဍာရီ "
ဘ၀ဟာ အချစ်တခုတည်းနဲ့ မပြည့်စုံဘူး
ဒီကြားထဲမှာ ဆင်းရဲတဲ့ ငါက မင်းဘ၀အတွကိ ပိုမပြည့်စုံဘူး
မငတ်အောင်ပဲ ထားနိင်တဲ့ ဘ၀ကိုလည်း
ဘယ်သူမှ မလိုချင်ကြဘူး မဟုတ်လား


You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.