မွေးနေ့ မင်္ဂလာ...

မင်္ဂလာပါ။ ဒီနေ့ ကျွန်တော့်ရဲ့ အင်္ဂလိပ်လို မွေးနေ့ပါ။ မြန်မာရက် မွေးနေ့ကတော့ တန်ဆောင်မုန်းလပြည့်နေ့ပါ။ လပြည့်နေ့ နံနက်ခင်းမှာ ရွှေတိဂုံ ဘုရားဖူးသွားရင်း ကုသိုလ်ကောင်းမှုပြုဖြစ်ခဲ့ပါတယ်။ မွေးနေ့အမှတ်တရ အဖြစ် ပို့စ်လေးကို တင်ဖြစ်ပါတယ်ဗျာ။

မွေးနေ့ပွဲလေးကို အလည်လာကြတဲ့ ဘလော့ဂ်မောင်နှမများအားလုံးကို မကြာသေးခင်က အလည်သွားခဲ့တဲ့ မြန်မာပြည်ခရီးစဉ်မှ အမှတ်တရ စားသောက်ဖွယ်ရာများနဲ့ ဧည့်ခံပါရစေလား...
ရန်ကုန်ရောက်တိုင်း မစားမဖြစ်တဲ့ ဒံပေါက်ပေါ့... (ဒံပေါက်ကြိုက်တဲ့ မမဝါ ရေ.. အားမနာတမ်း များများသုံးဆောင်ပါနော်..)
နိုဝင်ဘာ ၂၂ ရက်၊ မွေးနေ့တူ ဘလော့ဂါ မောင်နှမတွေဖြစ်တဲ့ ညီလေး အလှတရား နဲ့ ညီမလေး Megumi တို့လဲ မွေးနေ့မှာ ရွှင်လန်းချမ်းမြေ့ကြပါစေနော်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။