Sunday, November 23, 2008

[ထုဆစ်ပြီးသောရင်ခွင်အပိုင်းအစလေးများ] 1 New Entry: ပိုက်ဆံအိတ်ပျောက်ခြင်း

ပိုက်ဆံအိတ်ပျောက်ခြင်း

မနေ့ညက ကောင်မလေး ပိုက်ဆံအိတ်ပျောက်သွားပါတယ်.. ဘယ်လိုပျောက်သွားတယ်ဆိုတာ ပြောပြမယ်နော်... ကောင်မလေးက ညတိုင်း ကောင်မလေးတို့အိမ်နားက beach park တစ်ခုမှာ သွားသွားထိုင်လေ့ရှိပါတယ်.. မနေ့ညကလည်း ထုံးစံအတိုင်းပေါ့.. ကမ်းစပ်မှာသွားထိုင်ပြီးတော့ တွေးချင်ရာတွေးနေတာ.. အိမ်မှာရောက်နေတဲ့ အစ်ကိုက ဖုန်းဆက်လှမ်းခေါ်တာနဲ့ ခဏဆက်ထိုင်ပြီးတော့ အိမ်ပြန်မယ်ဆိုပြီး အေးအေးဆေးဆေးပဲ လျှောက်လာတယ်.. လူက နည်းနည်းအိပ်ချင်နေပေမယ့် အားယူပြီး ဆက်လျှောက်လာပါတယ်.. စိတ်ထဲမှာ ခြောက်ကပ်ကပ်ဖြစ်နေတာလည်း ပါလို့ အိမ်ပြန်ဖို့က သိပ်စိတ်မပါဘူး.. အဲ့ဒါနဲ့ တစ်ပတ်လောက် လမ်းလျှောက်လိုက်ပါဦးမယ်ဆိုပြီးတော့ တစ်ပတ်လျှောက်တယ်.. ဆော့လိုက် လျှောက်လိုက်နဲ့ လျှောက်နေတာ.. ဖြစ်ချင်တော့ ကောင်မလေး ပိုက်ဆံအိတ် ကျပျောက်သွားပါတယ်... ဒီအသက်အရွယ်ရောက်နေပြီ.. ပိုက်ဆံအိတ်ကျပျောက်တယ်ဆိုတော့လည်း ကောင်မလေး တော်တော်ထူပူသွားတယ်.. ဘာဆက်လုပ်ရမှန်းလည်းမသိဘူး.. အဲ့ဒါနဲ့ ရလိုရငြား တစ်ပတ်ရှာကြည့်တယ်. မတွေ့ဘူး.. နောက်တစ်ပတ်ပြန်ရှာတယ်.. မတွေ့ပြန်ဘူး.. တစ်ယောက်တည်းလေ. ဘာလုပ်ရမှန်းမသိဘူး... ဖြစ်ချင်တော့ ရဲနှစ်ယောက်က park ထဲမှာ ပြဿနာတစ်ခုတက်လို့ ရောက်လာတယ်.. အဲ့ဒါနဲ့ ကောင်မလေးလည်း မရဲတရဲပေါ့နော်.. ပြောပြရတယ်.. သူတို့ကတော့ ပြောပါတယ်. အနီးဆုံးရဲစခန်းတစ်ခုမှာ အကြောင်းကြားလိုက်ပါတဲ့.. တကယ်လေသွားတယ်.. ကောင်မလေးက ရဲဆို ကြောက်တတ်တယ်.. :D


နာရီလည်းမကြည့်မိတော့ဘူး.. လူကလည်း ငိုချင်နေပြီ.. park က အပြန်လမ်းမှာ ကောင်မလေး အစ်ကိုတစ်ယောက်လို ခင်ရတဲ့ အစ်ကိုဆီကို ဖုန်းဆက်ဖြစ်ပါတယ်.. ပိုက်ဆံအိတ်ပျောက်သွားတယ်ပေါ့.. သူနေတဲ့နေရာနဲ့ ကောင်မလေးနေတဲ့နေရာနဲ့က တော်တော်ဝေးပါတယ်.. ဒါပေမယ့် သူချက်ချင်းပဲ taxi နဲ့ရောက်လာတယ်.. ကောင်မလေး ထိုင်တောင်မထိုင်နိုင်ဘူး.. ရင်တွေတုန်နေတာ... ဘယ်လိုဖြစ်တာလဲမေးတော့ အကြောင်းစုံပြောပြနေတုန်းမှာပဲ ညီမလေး သူ့ဖုန်းလေးကိုကိုင်ပြီးတော့ ရောက်လာပါတယ်.. ကောင်မလေးကိုလည်း ပြောတာပေါ့.. ဖုန်းဆက်တာဘာလို့မကိုင်တာလဲဆိုပြီးတော့ .. အဲ့ဒီအချိန်ကျမှ ကောင်မလေးဖုန်းကို ကောင်မလေးပြန်ကြည့်မိပါတယ်.. ဖုန်းက auto power-off ဖြစ်နေတယ်.. သိတယ်မလား sony ericcson W910i လေ.. စုတ်ပြတ်သတ်နေတာပဲ.. နာရီကိုကြည့်လိုက်တော့လည်း နာရီကမပါ.. :D ကောင်မလေးက အိမ်ပြန်ရောက်ရင် နာရီချွတ်ထားတတ်တယ်.. ညီမလေးက ပြောပြီးတော့ ခပ်ဝေးဝေးမှာ ခဏစောင့်နေတယ်.. ကောင်မလေးက အကြောင်းစုံပြောပြပြီးတော့မှ ညီမလေးနဲ့အတူတူ အိမ်ပေါ်ကိုတက်ပါတယ်.. ဓာတ်လှေကားထိပ်မှာ ကောင်မလေးအစ်ကို ရပ်စောင့်နေတယ်... " ဘယ်လိုဖြစ်တာလဲ" တဲ့.. အမှန်အတိုင်းပြောရရင် ကောင်မလေး အဲ့ဒီအချိန်တုန်းက စကားလုံးဝမပြောနိုင်ပါဘူး.. ဒါပေမယ့် ဧည့်ခန်းမှာပဲ ခဏထိုင်.. စိတ်ကိုလျှော့ပြီးတော့ အဖြစ်အပျက်တွေ အကုန်လုံးကို ပြောပြဖြစ်ပါတယ်.. အဲ့ဒီအချိန်မှာ. ကောင်မလေး ဘာဖြစ်နေလဲသိလား.. အသံတွေတော်တော်တုန်နေတယ်. ဒါပေမယ့် ကောင်မလေးအသံတုန်နေတာ သူတို့မသိဘူး..။
ဲကောင်မလေးပြောသမျှ စကားတွေကို အကိုနှစ်ယောက်နဲ့ အစ်မရဲ့အဖေတို့ နားထောင်ပြီးတဲ့အချိန်မှာ ထွက်လာတဲ့ မှတ်ချက်က ဘာဖြစ်မယ်ထင်ပါသလဲ.. :) " နင်ပြောတာတွေအကုန်လုံးက လုံးဝ ယုတ္တိမရှိဘူး " တဲ့ . ကောင်မလေးစိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်.. ကောင်မလေးခေါင်းထဲမှာလည်း အတွေးတွေတော်တော်များပါတယ်.. ပိုက်ဆံအိတ်ထဲမှာပါသွားတဲ့ ငွေပမာဏက ကောင်မလေးလို ကျောင်းသူတစ်ယောက် အနေနဲ့ တော်တော့်ကိုများပါတယ်.. ဒါကို ဖေနဲ့မေမသိဘဲ ဘယ်လိုပြေလည်အောင် ဖြေရှင်းရမလဲလို့ ခေါင်းစားနေတုန်းမှာ အဲ့လိုမှတ်ချက်ကြီးတစ်ခု ထွက်လာတော့ ကောင်မလေး စိတ်ဓာတ်တော်တော်ကျသွားတယ်. ဘယ်လိုပြောရမှန်းလည်းမသိဘူး.. သူတို့ ဘယ်လိုထင်နေလဲဆိုတာ ကောင်မလေးသိပါတယ်..း) ကောင်မလေး ရည်းစားနဲ့သွားချိန်းတွေ့တယ်၊ ရည်းစားက ပိုက်ဆံလိုလို့ ကောင်မလေးက ထုတ်ပေးလိုက်တယ်.. အဲ့လိုသဘောမျိုး ထင်နေကြတာကို သူတို့ထုတ်မပြောလည်း ကောင်မလေး သိပါတယ်.. ဒါပေမယ့် လောလောဆယ် ကောင်မလေး ခေါင်းထဲမှာရှိတာက အင်္ဂါနေ့ သွေးလှူဖို့အတွက် ကျောင်းသားကဒ်လည်း ပါသွားတယ်၊ ပြီးတော့ ကောင်မလေး IC လည်း လည်းပါသွားတယ်.. ကျောင်းသားကဒ်ပါသွားတာက ပြန်လုပ်ဖို့ ကိစ္စမရှိပေမယ့် IC ပြန်လုပ်ရင် fine အနေနဲ့ $100 ပေးရပါမယ်.. :( ပိုက်ဆံကို ဘယ်ကရှာရမှန်းလည်းမသိဘူး.... ဖေနဲ့မေကို ပြန်မပြောပါနဲ့ဆိုတာကို မပြောလို့ကိုမဖြစ်ဘူးဆိုတာချည်းပဲ.. စိတ်ပိန်တယ်.. ဖေနဲ့မေကို ပြန်မပြောစေချင်တာက ဆူမှာကြောက်လို့မပာုတ်ပါဘူး.. ကိုယ်လုပ်ထားတာပဲ.. ကိုယ်ခံရဲရမှာပေါ့.. ဒါပေမယ့် ဖေနဲ့မေပြန်သွားတာက ဖေ့ရွာမှာ သက်ကြီးပူဇော်ပွဲသွားလုပ်တာပါ.. အလှူရက်ကလည်း လိုသေးတယ်.. ဒီကြားထဲမှာ ဒီကိစ္စကြီးသိသွားရင် အလှူလုပ်ရတာ စိတ်မဖြောင့်မှာစိုးလို့ပါ.. အလှူရက်ပြီးမှပြောဖို့ကိုလည်း မနည်းကို တောင်းပန်ထားရတယ်.. ဒါပေမယ့် ကောင်မလေးတစ်ခုတော့ ပြောလိုက်ပါတယ်.. ဖေသိသွားလည်း ဒီကိစ္စကို ကောင်မလေးကိုယ်တိုင်ပဲရှင်းမယ်လို့... အဲ့ဒါကို ရယ်ကြတယ်သိလား.. ဒီငချွတ်လေးက ဒီကိစ္စကို ဘယ်လိုရှင်းမှာလဲဆိုပြီးတော့လေ.. တကယ်ဆို သူတို့အားပေးရမှာမပာုတ်ဘူးလား..

ကောင်မလေးအတွက် သင်ခန်းစာတစ်ခုပါ.. လောလောဆယ် ကောင်မလေးအလုပ်ရှာနေတယ်.. part-timer လေးများလိုရင် လက်တို့ခဲ့ဦးနော်.. :P :P :P police report နဲ့ ကျောင်းသားကဒ် သွားလုပ်ပြီးလို့ အင်္ဂါနေ့ သွေးလှူဖို့ကိစ္စအတွက် စိတ်အေးရပါပြီ.. သာဓုခေါ်ကြပါဦးနော်... တစ်ခါတည်းနဲ့မှတ်သွားတယ်ဆိုတာ ဒီလိုကိစ္စမျိုးဖြစ်လိမ့်မယ်.. ကောင်မလေး နောက်ဆို အဲ့ဒီ park ထဲကို မသွားတော့ဘူး.. :D

You received this email because you are subscribed to the real_time feed for http://kaungmalayptt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.