Friday, October 31, 2008

[EverGreen] 1 New Entry: ကြယ်စင် ည ..။

ကြယ်စင် ည ..။

You received this email because you are subscribed to the real_time feed for http://www.nnai.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: လူငယ်များ ပြန်လည် ၀င်ရောက်လာကြပြီ

လူငယ်များ ပြန်လည် ၀င်ရောက်လာကြပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလက်မှတ်ရေးထိုးပြီး နုတ်ထွက်စာ တင်ခဲ့သောလူငယ်များသည်ယုခု အချိန် တွင်
ပါတီဦးဆောင်သူများ၏ လူငယ်များအနာဂါတ်အရေး အတွက်ဆောင်ရွက်နေမှု့  များကို နားလည်သဘော ပေါက်
လာကြပြီး ပါတီတွင်းသို့  တဖြည်းဖြည်း ပြန်လည်ဆက်သွယ်ဝင်ရောက်လာနေပြီဖြစ်ပါသည် ။

အချို့ မြို့ နယ်များမှ လုငယ်များသည် အမျိုးသားဒီမိုကရေစီ ရုံးချုပ်သို့ စာဖြင့် သော်လည်းကောင်း ၊အချို့ လူငယ်
များသည် လူကိုယ်တိုင် တဦးချင်းသော် လည်းကောင်း ၊ နီးစပ် ရာလူငယ်အချင်းချင်း နှင့် သော် လည်း ကောင်း
ပြန်လည် ဆက်သွယ်ဝင်ရောက် လာနေကြပြီဖြစ်ပါသည် ။လက်ရှိလူငယ်ရေးရာ တာဝန်ရှိသူများ မှလည်းလူငယ်
များ အပေါ်နားလည်ခွင့် လွှတ်ထားပြီးဖြစ်သည့် အတွက် ၎င်းတို့ အားနွေးထွေးစွာဖြင့်ပြန် လည်ပြီး ယခင်ရှိရင်းစွဲ
တာဝန်များအတိုင်း ပြန်လည်ထမ်း ဆောင် နေကြပြီဖြစ်ပါသည် ။ ဆက်လက် ပြီး ပြန်လည်ဝင်ရောက်လာကြမည့် 
လူငယ်များအားလည်း လက်ရှိလူငယ်တာဝန်ခံ များမှ ကြိုဆိုလျှက် ရှိနေ ကြောင်းလည်းသိရှိရပါသည် ။

ယခုကဲ့သို့ လူငယ်များ ပြန်လည်ဝင် ရောက်လာသည်မှာ မကြာမှီကာလ အတွင်း ရပ်တည် ချက် မှန်ကန်သော လူငယ်များအားလုံးနီးပါးပြန်လည် ၀င်ရောက်လာမည်ဟုခန့် မှန်းရပါသည် ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နှင့်
မြန်မာပြည်သူတို့  ၏ အနာဂါတ်အရေ့း တွင်ဦးစီးဦးဆောင် ပြုရမည့်  လူငယ်များ ပြန်လည် အင်အား တောင့်တင်း
လာခြင်းသည် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့်  မြန်မာပြည်သူတို့  အတွက်မင်္ဂလာသတင်းကောင်း အဖြစ်တင်ပြလိုက်ရပါသည်

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 2 New Entries: ဒီပဲယင်း (၆၅) လပြည့်

ဒီပဲယင်း (၆၅) လပြည့်

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,31st,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )လေဘေးသင့် လယ်သမားများအတွက် FAO မှ ကျွဲနွားများ ထောက်ပံ့

( 2 )thousands face a water crisis

( 3 )လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီးများအတွက် UNHCR စိုးရိမ်

( 4 )SOS from Starving Rohingyas in Bangladesh-Burma border

( 5 )နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေကိုယ်တိုင် ထောင်ဒဏ်ချမှတ်ခံရ

( 6 )Indian help sought on Burma

( 7 )စစ်အစိုးရဘက်က မပြောင်းလဲလျှင် ပိတ်ဆို့အရေးယူမှုရပ်မည်မဟုတ် ချက်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမေးမြန်းချက်

( 8 )နိုင်ငံရေးရှေ့နေ ၂ ဦးကို ထောင်ဒဏ် ၆ လ ချမှတ်

( 9 )မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်မှု စတင်

( 10 )ရသေ့တောင်မြို့နယ်တွင် ကြွက်များသောင်းကျန်း၍ စပါးစိုက်ခင်း အများအပြားပျက်စီး

( 11 )ကေအဲန်ယူကို နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

( 12 )Save the Children Warns Of New Risks

( 13 )Villages linked to Nalanda university located

( 14 )ကော်ဖီမစ်များတွင် မယ်လမင်းပါလျှင် ကြေညာမည်

( 15 )Information Minister's plan for censorship (excerpts)

( 16 )Myanmar six months-on: Nway's Story

( 17 )9 Myanmar activists punished with jail terms

( 18 )၈၈ ခေါင်းဆောင်များကို မအူပင်ထောင်သို့ ပြောင်းရွှေ့

( 19 )ဘောလုံးပွဲမှရသည့် နာဂစ်လေဘေးရန်ပုံငွေ ဖျာပုံမြို့နယ်မှာစာသင်ကျောင်းများဆောက်မည်

( 20 )ကေအန်ယူ တပ်မဟာ (၆) ခလုန်လောင်ချယ် စခန်းကို ဒီကေဘီအေသိမ်းပိုက် ကေအန်အယ်အေတပ်သားနှစ်ဦးကျဆုံး

( 21 )အကူအညီလိုအပ်နေသူ လယ်သမားများ FAO မှ ကျွဲများ ရရှိ

( 22 )Burmese authorities testing instant coffee for contamination

( 23 )နအဖ၀န်ကြီးများအား တိုင်းဒေသကြီး လွှတ်တော်ဝန်ကြီးချုပ်များအဖြစ် လျာထား

( 24 )ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၈ ဦးကိုထောင်ပြောင်း

( 25 )Crime on the Increase in Rangoon, Mandalay

( 26 )Water Shortage Threatens Thousands in Delta

( 27 )ကရင်စခန်းတခုကို စစ်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက်

( 28 )Min Ko Naing Transferred

( 29 )အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံရေးပိုမိုတင်းကျပ်

( 30 )Major milestones reached, but more humanitarian work still to be done

( 31 )ဒေါ်စု လွတ်လာမည်အထင်ဖြင့် ပါတီလူငယ်များ ရုံးချုပ်ကို သွားကြ

( 32 )profiles of village recovery

( 33 )Detained 88 student leaders transferred

( 34 )နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းးပန်းမှုများပြုလုပ်၍အကြမ်းဖက်သမားအဖြစ် ထွက်ဆိုခိုင်းနေ

( 35 )Chin State's army Captain prohibits patrolling of Chin area ( 36 )ရှေ့နေရော အမှုသည်ပါ နအဖက ထောင်ချ

( 37 )At least two large companies halt rubber purchases; prices continue to drop

( 38 )လွှတ်တော်ကိုယ်စားလှယ် ညီလာခံခေါ်ပေးဖို့ အဖွဲ့ချုပ် ပဲခူးတိုင်းက ဗဟိုကို တောင်းဆို

( 39 )Chin people plagued with disease with onset of famine

( 40 )ထိုင်းနယ်စပ်မှာ KNU နဲ့နအဖတိုက်ပွဲဖြစ် တရုတ်နယ်စပ်မှာ ငြိမ်းအဖွဲ့တွေ စစ်ပြင်

( 41 )Karen rebel outpost seized

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[မိုးလှိုင်ည] 2 New Entries: ကျိန်စာများ

ကျိန်စာများ


ကောင်းကင်ရဲ့

ရင်ညွှန့်တွေဟာ ဒဏ်ရာနဲ့ညွတ်နေခဲ့

ရာသီတွေလွှဲချော်ခဲ့တယ်

မခေါ်ပဲလာခဲ့တဲ့ မုန်းတိုင်းတွေနဲ့

အခင်းအကျင်းကိုက ဝေဒနာဆန်တယ်

မသေချင်သေးဘူးလား

ဆူးခက်နဲ့ မနက်ခင်းတွေမှာ

ထူးစရာ နာမည်တစ်ခုနဲ့

မထူးခြားတဲ့ဘ၀တစ်ခု….

သက္ကရ်ဇ်တွေခြစားတာထက်

သမိုင်းကို ဖွတ်တက်တာပိုဆိုးတယ်

မငိုနဲ့အမေ…

ဝဠ်နာကံနာအရ ပေးဆပ်လိုက်ရတာ

သံသရာ ကိုလက်ကျန်အကြွေးကုန်အောင်လို့

ဒီဘ၀ ကျိန်စာကိုပဲခုံခုံမင်မင်စုံမက်မိခဲ့တယ်

မိုးလှိုင်ည

လှိုင်သာယာ(၂)

ဘာထူးလဲ

လမ်းပေါ်ထွက်လိုက်တာနဲ့

ငါလည်း လက်လုပ်လက်စားပဲ

(အညှီနံ့က နောက်ကားပါလာတာကို သိတယ်)

ကျော်မတက်စေနဲ့တဲ့

စပယ်ယာအသံမှာ ဆူးတွေအပြည့်နဲ့

ခေတ်တစ်ခေတ်

လူရှစ်ဆယ်ကို

သစ်သားဘတ်(စ်)ကားကြီးထဲထည့်ခလောက်တော့

၁၉၄၀ ခုနှစ်တွေဆီ ပြန်ရောက်သွားကြတယ်

နေတတ်ရင် ဘ၀ဟာ ပျော်ရွှင်ဖွယ်ရာပါ

ပန်းခင်းကြီးမဖြစ်လည်း ခြုံပုတ်ကလေးပေါ့

ဒါပေမယ့် သတ္တိရှိတဲ့ခြုံပုတ်ကလေး….။…။

မောင်ဖီလာ

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. အတုံးအရုံးတွေကြားမှာ ရွတ်ရွတ်ချွံ ချွံခုခံနေတဲ့ ဘလောက်] 3 New Entries: ဒီအပတ် ဟာသ

ဒီအပတ် ဟာသ

သန်းေ ရွှသမီးနဲ့  အလယ်ပိုင်းတိုင်းမှုးကတော်တို့ေ ရွှတွေကိုလိုက်လံဝယ်ယူနေပြီ။

ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ်နေတဲ့အတွက် ရွှေဈေး၊ အိမ်ဈေး၊ ဓါတ်ဆီဈေးတွေ ထိုးကျလျက် ရှိပါတယ်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ဒီလို မြန်မာပြည်မှာ ပြည်သူလူထုတွေ စီးပွားပျက်နေချိန်မှာ သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်တို့ဟာ စိန် နဲ့ေ ရွှ တွေကို နေ့စဉ်လို လို အ၀ယ်ထွက်လျက်ရှိ နေတယ်လို့ ရန်ကုန်မြို့ခံ ရတနာကုန်သည်များက ဆိုပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ ကလည်း မန္တလေး ၂၂ လမ်းမပေါ်က အောင် သမာဓိရွှေဆိုင်က နေ့ ဝယ်ယူသွားခဲ့ပါတယ်။ သန်းရွှေသမီး တယောက်ဖြစ်တဲ့ သန္တာရွှေ မင်္ဂလာဆောင်စဉ်ကလည်း တိုင်းပြည်ဘဏ္ဍာတွေကိုခိုးယူပြီး ဒေါ်လာ ၅၅ သန်းဖိုးမျှ တန်ဖိုးရှိတဲ့ စိန်တွေကို ၀တ်ဆင်ခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်ဗီဒီယိုကို မြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေက ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့ရပါတယ်။

နိင်ငံရေးအကျဉ်းသား များအစာငတ်ခံဆန္ဒပြ နေတာ ၈ ရက်ရှိသွား ပြီ

အင်းစိန်ထောင်ထဲမှာ နိင်ငံရေးအကျဉ်းသား ၃ ဦး အစာငတ်ခံဆန္ဒပြနေတာ ၈ ရက်ရှိသွားပြီ ဖြစ်ပါတယ်။ သူတို့ ကတော့ မောင်သော်ဇင်မင်း၊ မောင်း ဝေလွင်မျိုး နဲ့  အရှင် စန္ဒိမာ တို့ ဖြစ်ပါတယ်။ သူတို့ကို စစ်ခွေးတိုက်ကို ပို့လိုက်တယ်လို့ သိရပါတယ်။ သူတို့ တောင်းဆိုချက် ကတော့ နိင်ငံရေးအကျဉ်းသားတွေကို လူလို ဆက်ဆံဖို့နဲ့ သူတို့ရဲ့လုံခြုံရေးကို အာမခံဖို့ ဖြစ်ပါတယ်။ ဒီသတင်းကို မီဒီယာတွေက ဆက်လက်စုံစမ်းဖေါ်ထုတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[.: Ko Moe's Electronics Notes :.] 1 New Entry: LDU ၏နောက်ဆက်တွဲ

LDU ၏နောက်ဆက်တွဲ

LDU နဲ့ ပါတ်သတ်ပြီး ပြောစရာလေးတွေ ကျန်နေလို့ ဆက်ရေးတာပါ။ ပုံက LDU Wiring Diagram ပါ။ ပြောမှာက Weigher နဲ့ LDU ချိတ်မည့် ကိစ္စပါ။ ကျွန်တော့် အရင်သုံးထားတဲ့ LDU က 4 wire ပဲချိတ်စရာ လိုပါတယ်။ Exc+, Exc-, Sig+, Sig- တွေပေါ့။ နောက်အသစ်က 6 wire ချိတ်ရပါတယ်။ အမှန်က 6 wire ချိတ်ရတာပေါ့။ ဘာကြောင့် Sen+, Sen- ပိုပါလည်းဆိုတော့ Compensate လုပ်ဖို့အတွက်ပါ။ ပထမ LDU ရဲ့ Firmware မှာ Sen+/ - ကို checiking လုပ်ထားတာမပါပါဘူး။ နောက် LDU ကျတော့မပါမဖြစ်အောင် စစ်ထားတဲ့အတွက် Sen (2 wire) ထည့်ကို ထည့်ပေးရပါတယ်။ တစ်ကယ်လို့ Weigher မှာ 4 wire ပဲထွက်ရင်တော့ Exc+ နဲ့ - ကို loop ပြန်ပါတ် ထည့်ပေးလိုက် (short) ပါ။

အောက်ဆုံးက နောက်တစ်ပုံက LDU အဟောင်းနဲ့ ချိတ်ထားတဲ့ 4 wire ပုံပါ။ ညာဘက်က ကြိုးတွေက Power နဲ့ Rs-232C ကြိုးတွေပါ။

You received this email because you are subscribed to the real_time feed for http://komoeyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: လူမှုဂရုဏာအကူအညီနှင့်မြန်မာနိုင်ငံ

လူမှုဂရုဏာအကူအညီနှင့်မြန်မာနိုင်ငံ

နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးနောက်ပိုင်းမှာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များနဲ့ မြန်မာအစိုးရအကြား ထိတွေ့ ဆက်ဆံမှုတွေ ပိုများ လာခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းများရဲ့ အစပိုင်းမှာ အစိုးရဘက်က နိုင်ငံတကာ အဖွဲ့အစည်းများဟာ လူမှုဂုရုဏာအကူအညီကို ဗန်းပြပြီး နိုင်ငံရေးနွယ်တဲ့ အလုပ်တွေကို လုပ်မယ်လို့ သံသယရှိခဲ့သလို နိုင်ငံတကာ အဖွဲ့အစည်းများဘက်ကလည်း နအဖဘက်က အကူအညီများကို အလွဲသုံးစားလုပ်မှာကို စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နိုင်ခဲ့ပြီး မြန်မာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအကြားမှာ ကောင်းမွန်တဲ့အလုပ်သဘော ဆက်ဆံရေးတစ်ရပ် ထူထောင် နိုင်ခဲ့တယ်ဆိုတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၊ INGO များရဲ့ ပြောကြားချက်များမှာ တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ICG, CMI (Crisis Management Institute) စတဲ့ အဖွဲ့အစည်းများက နာဂစ်ကရတဲ့ အခွင့်အရေးကို တိုးချဲ့ပြီး မြန်မာနိုင်ငံကို လူမှုဂရုဏာ အကူအညီတွေ တိုးချဲ့ပေးဖို့ ပြောဆိုလာတာတွေ ကြားရပါတယ်။ ဥရောပကော်မရှင်ထဲမှာလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုတွေကို ပြန်လည်သုံးသပ်ဖို့ဆိုတာကို ဒိန်းမတ်လို နအဖအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ နိုင်ငံတွေကပါ ပြောလာပါတယ်။ ဒီအယူအဆတွေကို သဘောမတူဆန့်ကျင်တဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအပေါ် လူမှုဂရုဏာအကူ အညီပေးရေးနဲ့ ဖွံ့ဖြိုးရေး အကူအညီပေးရေးဟာ မြန်မာ့နိုင်ငံ ဒီမိုကရေစီ ပေါ်ပေါက်ရေးလုပ်ငန်းမှာ အလေးထားဆွေးနွေးရမယ့် ကိစ္စဖြစ်လာ နေပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ Failed State အဆင့်ကို မရောက်သေးပေမယ့် Fragile State လို့ ဆိုရမယ့် အကိုင်အတွယ်မှားရင် ပြဿနာပေါ်နိုင်တဲ့အဆင့်မှာ ရှိပါတယ်။ ဒီတော့ နိုင်ငံရေးနဲ့ လူမှုဂရုဏာ အကူအညီပေးမှုတွေ၊ ဖွံ့ဖြိုးရေးအကူအညီပေးမှုတွေကို ဘယ်လို ဟန်ချက်ညီအောင် ကိုင်တွယ်မယ်ဆိုတာ ပြန်စဉ်းစားဖို့ လိုနေပါပြီ။ ဒီတော့ ဒီပြဿနာကို စဉ်းစားသူလိုသူများအတွက် OECD ( Organization for Economic Co- operation and Development) ရဲ့ PRINCIPLES FOR GOOD INTERNATIONAL ENGAGEMENT IN FRAGILE STATES & SITUATIONS ဆိုတဲ့ အခြေခံမူများကို ကိုးကားတင်ပြချင်ပါတယ်။

OECD အဖွဲ့က Fragile State များနဲ့ ထိတွေ့ဆက်ဆံပြီး ဆင်းရဲနွမ်းပါးမှုများပပျောက်အောင်၊ လုံခြုံ တည်ငြိမ်တဲ့ အခြေအနေဖြစ်အောင် အကူအညီပေးရာမှာ နိုင်ငံတကာအနေနဲ့ လိုက်နာသင့်တဲ့ အခြေခံမူများကို ၂၀၀၇ ခုနှစ်တုံးက ချမှတ်ခဲ့တယ်။ OECD က အဲဒီနိုင်ငံတွေလက်ရှိအခြေအနေက နေရုန်းထွက်နိုင်ဖို့အတွက် အဲဒီနိုင်ငံကခေါင်းဆောင်တွေနဲ့ ပြည်သူတွေကပဲ လုပ်ရမှာဖြစ်တယ်။ နိုင်ငံတကာက အဖြေရှာပေးဖို့ မဟုတ်ဘူး။ နိုင်ငံတကာအကူအညီဆိုတာက အခြေအနေကောင်းတွေ ပိုကောင်းလာအောင်၊ မကောင်းတဲ့အကျိုးဆက်တွေ လျော့ကျသွားအောင် လုပ်ပေးဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ချမှတ်တဲ့ အခြေခံမူများဟာ ယိုယွင်း အားနည်းနေတဲ့ အုပ်ချုပ်မှုစနစ်၊ ပဋိပက္ခများနဲ့ ရင်ဆိုင်နေရတဲ့နိုင်ငံများနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့ ဖြစ်တယ်လို့လဲ ဆိုပါတယ်။ OECD က သူတို့ရဲ့ အခြေခံမူများဟာ အောက်ပါအခြေခံအုပ်မြစ်နှစ်ခုပေါ်မှာ တည်တယ်လို့ ဖော်ပြထား ပါတယ်။

တစ်။ လက်ရှိအခြေအနေကို အခြေခံပြီး စတင်ရန်။ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ နိုင်ငံတစ်ခုခြင်းရဲ့ ထူးခြားတဲ့ အခြေအနေတွေကို သိပြီး သင့်တော်တဲ့ တုန့်ပြန်မှုမဟာဗျူဟာကိုချမှတ်ရမယ်။ နိုင်ငံတိုင်းမှာ မတူညီတဲ့ စွမ်းဆောင်မှု၊ နိုင်ငံရေး သံဓိဌာန်ချထားမှု၊ တရားဝင်မှု အခြေအနေတွေ ကွာခြားတယ်ဆိုတာ သတိထားဖို့ အရေးကြီးတယ်။ အဲဒီနိုင်ငံဟာ ပဋိပက္ခလွန်ကာလ သို့မဟုတ် အသွင်ကူးပြောင်းရေး ကာလမှာ ရှိနေတာလား၊ အစိုးရပြိုကွဲနေတဲ့အဆင့်မှာ ရောက်နေတာလား၊ တစ်ဖြေးဖြေးချင်းတိုးတက် ပြောင်းလဲ နေတဲ့ အဆင့်မှာရှိနေတာလား၊ ပဋိပက္ခနဲ့ အကြာကြီး ရင်ဆိုင် နေရပြီး ရှေ့မတိုး၊ နောက်မဆုတ် အခြေအနေကို ရောက်နေတာလား ခွဲခွဲခြားခြားသိရမယ်။ နိုင်ငံနဲ့ ဒေသ အခြေအနေပေါ် မူတည်ပြီး ခိုင်မာတဲ့ နိုင်ငံရေးအကဲဖြတ်ချက်လုပ်ဖို့ အရေးကြီးတယ်။ ပြဿနာအားလုံးကို ကြိုတင်ဆွဲထားတဲ့ အစီအစဉ်နဲ့ ဖြေရှင်းလို့ မရနိုင်ဘူး။

နှစ်။ ထိခိုက်နစ်နာမှုများမဖြစ်စေရန်။ ပဋိပက္ခအကြောင်း၊ အုပ်ချုပ်မှုပြဿနာများအကြောင်းကို ဂဃဏန လဲမသိဘူး၊ ခိုင်မာတဲ့ သုံးသပ်ချက်လဲ မလုပ်ဘူး၊ ပြဿနာပေါ်ရင် ဘယ်လိုဖြေရှင်းမယ် ဆိုတာလဲ ကြိုတင်စီမံမထားဘူးဆိုရင် နိုင်ငံတကာက ၀င်ရောက် အကူအညီပေးရာမှာ မရည်ရွယ်ဘဲနဲ့ လူမှုရေးအရ သဘောထားကွဲမှုတွေဖြစ်အောင်၊ အဂတိ လိုက်စားမှုနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုလာအေင် လုပ်ပေးသလိုဖြစ်နိုင်တယ်။ ဒီလိုပဲ အဂတိလိုက်စားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အကူအညီပေး နေတာတွေကို ရပ်လိုက်ရမလား၊ ဆက်ပေးရမလား ဆုံးဖြတ်မယ်ဆိုရင်လဲ ဆင်းရဲနွမ်းပါးမှု၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း၊ ပဋိပက္ခအခြေအနေနဲ့ လူတွေရဲ့ လုံခြုံမှုစတာတွေကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး ဆုံးဖြတ်ရမယ်။ အကူအညီတွေအတွက် ဘတ်ဂျက် လျာထားချက် ဖြတ်တောက်ဖို့ ဆိုတာကို အလွန်အရေးကြီးတဲ့ အခြေအနေတွေမှသာ နောက်ဆုံးနည်းလမ်းအဖြစ် စဉ်းစားရမယ်။ အကူအညီတွေနဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှုကာကွယ်ဖို့၊ ထင်သာ မြင်သာ ရှိဖို့ ငွေကြေးခ၀ါချတာတွေကို ကာကွယ်ဖို့အတွက် အလှုရှင်နိုင်ငံများက စောင့်ကြည့်တာဝန်ယူရမယ်။

OECD အဖွဲ့က အခြေခံမူတွေကိုလည်းအခုလို သတ်မှတ်ထားပါတယ်။

တစ်။ နိုင်ငံတည်ဆောက်ရေးကို အဓိကရည်မှန်းချက်အဖြစ်သတ်မှတ်ရန်။

နှစ်။ ရေတိုကုသခြင်းသာမက ပြဿနာ၏ အရင်းအမြစ်များကို ဖြေရှင်းနိုင်ရေးအတွက် ဦးစားပေး လုပ်ငန်းများ ခွဲခြား သတ်မှတ်ရန်။

သုံး။ နိုင်ငံရေး၊လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအကြားဆက်စပ်နေမှုကို အသိအမှတ်ပြုရန်။

လေး။ အားလုံးပါဝင်နိုင်ပြီး တည်ငြိမ်သည့်လူ့အဖွဲ့အစည်း ဖြစ်စေရေးအတွက် ခွဲခြားဆက်ဆံမှုများ မရှိရေးကို အလေးထား ဆောင်ရွက်ရန်။

ငါး။ နိုင်ငံအလိုက်ထူးခြားတဲ့အခြေအနေ၊ ကွဲပြားတဲ့လုပ်နည်းများ၊ ဦးစားပေးမှုများနဲ့ ကိုက်ညီအောင် ဆောင်ရွက်ရန်။

ခြောက်။ နိုင်ငံတကာ အဖွဲ့အစည်းများကြား လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုစနစ်ကို ထူထောင်ရန်။

ခုနှစ်။ အမြန်ဆုံး ၀င်ရောက်ကူညီနိုင်အောင် ဆောင်ရွက်ရန်။ သို့သော် အောင်မြင်မှုအခွင့်အလမ်း သေချာစေရန်အတွက် ရေရှည် ဆောင်ရွက်ရန်။

ရှစ်။မျှမျှတတအကူအညီပေးရန်။ နိုင်ငံအချို့အားချန်ထားခဲ့ခြင်း၊ နိုင်ငံအတွင်းတွင် အချို့အုပ်စုများ ကျန်နေခဲ့ခြင်းမျိုး မဖြစ်အောင် သတိပြုရန်။

နိုင်ငံတကာက လူမှုဂရုဏာအကူအညီများ၊ ဖွံ့ဖြိုးရေးအကူအညီများပေးရာမှာ လိုက်နာသင့်တဲ့ အခြေခံမူများကို လေ့လာမိသလောက် ဝေမျှပေးလိုက်တာပါ။

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Nine Nine SaNay] 1 New Entry: သစ်နီပင် (Sequoia)

သစ်နီပင် (Sequoia)


Sequoia အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်တွင် ပေါက်နေသော သစ်ပင်နီကြီးမျိုး (တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓာန်)

ကာလီဖိုးနီးယားပြည်နယ်ရှိ နာမည်ကြီး သစ်နီပင် တောအုပ်ရှေ့တွင် ကမ္ဘာလှည့်ခရီးများက မိုးယံထက်သို့ ထိုးထောင်မြင့်တက်နေသော ဧရာမသစ်ပင်ကြီးများကို ကြည့်ပြီး အံ့သြနေကြသည်။

"ကာလီဖိုးနီးယားမှာရှိတဲ့ ဒီသစ်နီပင်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး သစ်ပင်ဖြစ်တယ်။ အမြင့်က ၉ဝမီတာရှိပြီး တိုက်အထပ် ၃ဝလောက်ရှိတယ်" လမ်းညွှန်ဂိုက်က ရှင်းပြသည်။

"သစ်ပင်က ဒီလောက်မြင့်ရင် သူ့အမြစ်လည်း တော်တော်ရှည်မှာပဲနော်" ခရီးသည်က မေးသည်။

"မဟုတ်ဘူး။ ဒီသစ်နီပင်တွေက အမြစ်တိုတဲ့ အပင်မျိုးတွေဖြစ်တယ်"

"ဒါဆိုရင် လေပြင်းမုန်တိုင်း ကျတာနဲ့ အမြစ်ကနေ အလွယ်တကူ လှန်ထွက်နိုင်တာပေါ့?"

"ဒီအပင်တွေမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကာလီဖိုးနီးယား သစ်နီပင်တွေက တစ်စုတစ်စည်းထဲ ပေါက်ရောက်ကြတယ်။ မြေအောက်မှာရှိတဲ့ သူတို့ရဲ့ အမြစ်တွေကလည်း အချင်းချင်း ချည်နှောင်ကြတယ်။ ကွန်ယက်သဏ္ဍာန် ချည်နှောင်ထားကြတဲ့ တစ်ချို့အမြစ်တွေရဲ့ ဧရိယာ အကျယ်အဝန်းက ထောင်ပေါင်းများစွာ ကျယ်ဝန်းတယ်။ လေပြင်းမုန်တိုင်းက ဒီမြေကြီးတစ်ခုလုံးကို မလှန်နိုင်သမျှ သူတို့ဘယ်လိုမှ လဲနိုင်မှာ မဟုတ်ဘူး"

လမ်းညွှန်ရှင်းပြနေသော သဘာဝ၏ ဆန်းပြားမှုထဲ ကမ္ဘာလှည့်ခရီးသည်များ စီးမြောနစ်ဝင်ကုန်ကြသည်။

"အမြစ်တွေ ရှည်လျှားအောင် ထိုးစိုက်ဖို့ မလိုတဲ့အတွက် သစ်နီပင်တွေဟာ မြေကြီးထဲ ထိုးစိုက်မယ့်အားကို အပင်ကြီးမြင့်ဖို့ အသုံးပြုခဲ့ကြတယ်။ အမြစ်တိုတဲ့အတွက် လိုအပ်တဲ့ အာဟာရကိုလည်း အလျှင်အမြန် စုတ်ယူနိုင်တယ်။ ဒါဟာ ဒီသစ်နီပင်တွေ ကြီးထွားရခြင်းရဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်တယ်"

လူ့အသိုင်းအဝိုင်းလည်း သစ်နီပင်ကဲ့သို့ပင်။ လူတိုင်းနှင့် မိတ်ဆွေဖွဲ့ခြင်းဖြင့် သတင်း၊ အကူအညီများကို အလျှင်အမြန် ရယူနိုင်သလို သစ်နီမြစ်ကဲ့သို့ စုပေါင်းညီညွှတ်ခြင်းဖြင့် အလွယ်တကူ မလဲပြိုနိုင်ဘဲ အင်အားကြီးထွားစေသည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မူရင်း Wang Yi-chia (文/王溢嘉,2000年 ,收錄於《智慧的花園》一書)

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကာရန်မဲ့ အတွေးစများ] 1 New Entry: ဦးနာအောက်၏ အတ္ထုပ္ပတ္တိ

ဦးနာအောက်၏ အတ္ထုပ္ပတ္တိ



ဦးနာအောက်နှင့် ကျွန်မရဲ့ အမြင်
ဆိုပြီး ကိုရွက်ဝါနဲ့ ကိုယ့်အမြင်၊ သူ့အမြင်တွေ အပြန်အလှန် ရေးထားတဲ့ပို့စ်ကို ဖတ်မိရင်း ဦးနာအောက်ရွာမှ ကိုဟံင်ဂကူ နဲ့ ကျွန်မ သိခဲ့ပါတယ်။ မွန်အမျိုးသား ဦးနာအောက်ကို အထင်မှား၊ အမြင်မှားဖြစ်တဲ့အတွက် စိတ်မကောင်းကြောင်း၊ ဦးနာအောက်ဘက်က ကာကွယ်ပြီး ရေးပေးတာ ကျေးဇူးတင်ကြောင်းပြောရင်း သူ့အတ္ထုပ္ပတ္တိကို မြန်မာနိုင်ငံပြန်မှာပြီး ရေးပေးမယ်လို့ ပြောပါတယ်။ ခုတော့ ကိုဟံင်ဂကူဘလော့ဂ်မှာ တင်ထားတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်။ အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုဟံင်ဂကူကိုလည်း ကျေးဇူးတင်ပါတယ်လို့။

&&&&& &&& &&&&&


၁၁၉၄-၁၂၇၅

၁၉ ရာစုတွင် ကျော်ဇောထင်ရှားသော မွန်တိုင်းရင်းသားများတွင် ဘုရားဒကာ ဦးနာအောက်သည် တစ်ယောက်အပါအ၀င် ဖြစ်ခဲ့သည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ၊ မွန်ကျေးရွာကလေးဖြစ်သော ခရဲကျေးရွာတွင် ကောဇာသက္ကရာဇ် ၁၁၉၄ ခုနှစ်၊ ကဆုန်လဆုတ် ၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားသည်။

မိဘနှစ်ပါးသည် အလွန်ဆင်းရဲပြီး မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက် သားဖြစ်လေသည်။

ဦးနာအောက်အား မွန်ဘာသာဖြင့် "အအက်" ဟု ခေါ်တွင်လေသည်။ မွန်ဘာသာ အအက်ဟူသည် မြန်မာဘာသာ အဓိပ္ပါယ်မှာ အရုပ်ဆိုး အကျည်းတန်ဟု ဆိုနိုင်သည့်အပြင် သူတစ်ပါးအပေါ် နိုင်ထက်စီးနင်း မလုပ်ခြင်း၊ ဒေါသကို ထိန်းသိမ်းခြင်းနှင့် နှိမ့်ချ၍ နေတတ်ခြင်းဟုလည်း အဓိပ္ပါယ်ဖေါ်နိုင်သည်။

လူလားမြောက် အရွယ်ရောက်လာသောအခါတွင် မောင်အောက်အား ပညာသင်ကြားရန် ကော့မယ်ခရ ဘုန်းတော်ကြီးထံ၌ မိဘနှစ်ပါးက အပ်နှံလေသည်။ ဘုန်းတော်ကြီးကျောင်းတွင် ပညာကို ကောင်းစွာ မသင်ကြားနိုင်ဘဲ ကျောင်းမှထွက်ကာ ကျွဲကျောင်းသား၊ နွားကျောင်းသားဘ၀ဖြင့် ဆင်းရဲသော မိဘနှစ်ပါးကို ကူညီရလေသည်။ စာသင်ကြားရမည့်အရွယ်တွင် မောင်အောက်သည် ကျောင်းလွယ်အိတ် လွယ်ပြီး ကျောင်းတက်ရမည့်အစား ကော့မယ်ခရရွာ၌ လောက်လေးကိုကိုင်ကာ လောက်စာလုံးအိတ်လွယ်ပြီး ကျွဲစားကျက်၌ ကျွဲစီးပြီး ကျွဲကျောင်းသားဘ၀ ဖြစ်ခဲ့ရသည်။

မောင်အောက်သည် အလွန်ဆင်းရဲလှသော်လည်း လုံ့လ၊ ၀ိရိယနှင့် ဇွဲရှိသူ ဖြစ်သည်။ ရောင့်ရဲတင်းတိမ်သူလည်း ဖြစ်သည်။ ဟင်းလျာအဖြစ် ဆားရလျှင် ဆားနှင့် စားပြီး ငါးပိဖုတ်နှင့်လည်း ကျေနပ်သူဖြစ်သည်။

မောင်အောက်သည် ရှေးဘ၀က ပုပ္ပစေတနာ အကျိုးမပေးသဖြင့် ပထမအရွယ်၌ ဒုက္ခ၊ သုက္ခံ လောက လှိုင်းတံပိုးအောက်၌ မြုပ်တစ်ခါ၊ ပေါ်တစ်လှည့်ဖြင့် ခရီးကြမ်းကြီးပေါ်တွင် လျှောက်နေရသူဖြစ်၏။ သို့ကျွဲကျောင်းသားဘ၀နှင့် ဘ၀ကို ရင်ဆိုင်နေရစဉ် ကတိုးရွာသူဌေးကြီး ဦးမွန်ထော်၏ ကိုးဆောင်အိမ်ကြီး၊ ကော့နှတ်ရွာရှိ သူဌေးဦးထော်အာနှင့် အခြားအိမ်ကြီးအိမ်ကောင်းများကို တွေ့ရှိသောအခါ ယင်းတို့ကဲ့သို့ ကြီးပွားချမ်းသာလိုသော စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။

ဘုန်းကံရှိသော ယောကျာ်းပီပီ ဘ၀ကို အရှုံးမပေးတတ်သူ၊ ဇွဲရှိသောသူ၊ လုံ့လ၀ိရိယရှိသူဖြစ်သည့်အလျောက် ကျွဲကျောင်းသား၊ နွားကျောင်းသားဘ၀တွင် ကျရောက်လင့်ကစား ကတိုးကော့နှတ်ရွာများသို့ ရောက်ရှိစဉ်က မြင်တွေ့ရသော လူချမ်းသာတို့၏ ကြီးပွားချမ်းသာ တိုးတက်နေသည်ကို အားကျကာ ၎င်းတို့ကဲ့သို့ ဖြစ်လာရန် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ချထားလေသည်။

လူလားမြောက်အရွယ်သို့ ရောက်ရှိလာသောအခါတွင် မိဘနှစ်ပါးလည်း ကွယ်လွန်ပြီး ဖြစ်သောကြောင့် မိမိ၏အကြံအစည် အောင်မြင်ရန်အတွက် ကတိုး၊ ကော့နှတ်ရွာနှင့် တဆက်တည်းဖြစ်သော သံလွင်မြစ်ပေါ်ရှိ သံဃာပိုင်ရွာရှိ မိမိ၏ အစ်မကြီး ဒေါ်ထောဂေ့ (မိထ၀်ဂွံ) ရှိရာသို့ လာရောက်နေထိုင်ကာ အစ်မ၏ လယ်မြေတွင် လယ်သမားအဖြစ် ၀င်ရောက်လုပ်ကိုင်လေသည်။

အချိန်တန်အရွယ်ရောက်သောအခါ ဖူးစာရှင်ဖြစ်သော မိရွှေမှုန်နှင့် လက်ထပ် ထိမ်းမြှားလေသည်။ မိရွှေမှုန်သည် အိမ်တွင်းမှုအပြင် ကောက်စိုက်ခြင်း၊ ကိုင်းလုပ်ခြင်းတို့၌လည်း ယောကျာ်းများနှင့် ရင်ဘောင်တန်းပြီး ပစ္စည်းဥစ္စာရှာဖွေတတ်သူ ဖြစ်လေသည်။ တက်ညီလက်ညီဖြင့် ဘ၀ခရီးကို စတင်လျှောက်စဉ်မှာပင် မိရွှေမှုန်သည် မိမိ၏ ချစ်လှစွာသော ခင်ပွန်းသည်ကို လက်တွဲဖြုတ်ပြီး သေမင်းခေါ်ရာ နောက်သို့ ပါသွားရရှာလေတော့သည်။

ချစ်ဇနီးကွယ်လွန်ပြီးနောက် ၀မ်းနည်းဖွယ်ရာ၊ အားနည်းဖွယ်ရာများကို ဖယ်ရှားပြီး ဘ၀ကို အရှုံးမပေးသော ယောကျာ်းပီပီ မိမိ၏အဓိဋ္ဌာန် အောင်မြင်ရေးအတွက် မင်းဖြစ်လိုက မင်းနားခစား၊ သူဋ္ဌေးဖြစ်လိုက သူဋ္ဌေးနားမှာ ခစားမှဖြစ်မယ်ဟု စိတ်ကူးပြီး ကော့နှတ်ရွာရှိ သူဌေးကြီးဦးထော်အာထံတွင် အလုပ်ဝင်လုပ်လေသည်။

ဦးထော်အာ၏ စည်းစိမ်ချမ်းသာ ပစ္စည်းကြွယ်ဝမှုကို အားကျ၍ ဦးထော်အာကဲ့သို့ ကြွယ်ဝချမ်းသာရန်
(၁) အလုပ်ကို ကြိုးစားလုပ်မည်။
(၂) ရဲရဲဝံ့ဝံ့ နောက်မတွန့်ဘဲ လုပ်ရမည်။
(၃) ရိုးသားရမည်။
(၄) ဝေဖန်ထောက်ရှု မိမိမှုကို ဝေဖန်ရမည်ဟူသော စည်းကမ်းလေးချက်ကို ချမှတ်လေသည်။

ထိုသို့ သူဌေးကြီးဦးထော်အာထံတွင် ၀င်ရောက်အလုပ်လုပ်နေစဉ် မောင်အောက်၏ ယောက္ခမတို့က ၎င်းတို့၏ သမီးငယ် မိရွှေမှုန်၏ညီမ မိရွှေအုပ်နှင့် ပြန်လည် လက်ဆက်ပေးလေသည်။ မိရွှေအုပ်နှင့် ကြာရှည် မပေါင်းလိုက်ရဘဲ အစ်မမိရွှေမှုန်နည်းတူ မိရွှေအုပ်လည်း သေဆုံးသွားလေသည်။

ဒုတိယဇနီးသေဆုံးပြီးနောက် ရှိသမျှပစ္စည်းများကို အစ်မကြီးအား အပ်နှံခဲ့ပြီး သူဌေးကြီးဦးထော်အာထံတွင် ခြေစုံပစ်၍ အလုပ်ဝင်လုပ်တော့သည်။

သူဌေးကြီး ဦးထော်အာနှင့်ဇနီး ဒေါ်ခမာနားတို့သည် ထိုအချိန်တွင် ကော့နှတ်ရွာ၌ အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီးဟု ကျော်ကြားလျက်ရှိသည်။

ရန်ကုန်မြို့တွင် သားဖြစ်သူ မောင်ရွှေအိုးအမည်ဖြင့် ရွှေအိုးဘရားသားကုမ္ပဏီ တစ်ခုကိုလည်း တည်ထောင်ထားလေသည်။ သစ်တောပိုင်ရှင်သူဌေးကြီးလည်း ဖြစ်သည်။ ကော့နှတ်ဘုရားကျောင်းဝင်းရှိ တိုက်ကျောင်းကြီး မဟာမြတ်မုနိ ပိဋကတ်တိုက်နှင့် မီးလောင်သွားသော ဇရပ်ကြီးတစ်ဆောင်၏ အလှူရှင်လည်း ဖြစ်၏။

မောင်အောက်သည် သူဌေးကြီး ဦးထော်အာထံ၌် အလုပ်ဝင်လုပ်ရာတွင် ရေတွေ့သောငါးကဲ့သို့ စိတ်အားငယ်မှု၊ ၀မ်းနည်းမှုများကို ဖြေဖျောက်၍ စိတ်ချမ်းသာစွာဖြင့် အလုပ်ကိုကြိုးစားခြင်း စည်းကမ်းသေ၀ပ်ခြင်းတို့ကြောင့် အလုပ်သမားအပေါ် ခေါင်းဆောင်မှု ရရှိလာသည်။ သူဌေးကြီးဦးထော်အာသည် ရိုးသားသော မောင်အောက်အား အလုပ်သမားခေါင်းဆောင်ခန့်ပြီး သစ်တောကြိုးဝိုင်းသို့ မိမိ၏ လူယုံအဖြစ်နှင့် စေလွှတ်၍ သစ်လုပ်ငန်းကို လုပ်ကိုင်စေသည်။ မောင်အောက်သည် သစ်တောကြိုးဝိုင်းတွင် သူဌေးကြီးအလိုကျ သစ္စာရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးသဖြင့် အတော်ဆုံးနှင့် သစ္စာအရှိဆုံး အလုပ်သမားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကာ ဆုငွေများချီးမြှင့်ပြီး သူကောင်းပြုလေသည်။ ထိုသို့ ဥစ္စာပစ္စည်းနှင့် ချီးမြှင့်ခြင်းခံရသော်လည်း မောင်အောက်မှာ ဘ၀င်မြင့်ခြင်းမရှိဘဲ မိမိ၏ရောက်လိုသော ပန်းတိုင်ကိုပင် စွဲမြဲစွာထားပြီး အလုပ်ကိုကြိုးစား၍ လုပ်ကိုင်လေသည်။

ထိုသို့ အလုပ်ကြိုးစားမှု၊ စည်းကမ်းရှိမှုတို့ကြောင့် ပစ္စည်းဥစ္စာများ စုဆောင်းမိလာ၏။ စုဆောင်းမိလာသော ဥစ္စာပစ္စည်းများကို ထိန်းသိမ်းရန် ဘ၀ကြင်ဖော် လိုလာ၏။ တတိယမြောက်ဇနီးအဖြစ် မိဂျာဥနှင့် လက်ထပ်ထိမ်းမြှားပြန်လေသည်။

မိဂျာဥနှင့် ထိမ်းမြှားပြီးနောက် စုဆောင်းထားသောငွေအပြင် သူဌေးကြီး ဦးထော်အာထံမှ ချေးယူထားသော ငွေအရင်းအနှီးဖြင့် သူဌေးကြီးဦးထော်အာထံမှ အလုပ်ခွဲထွက်ကာ မိမိကိုယ်ပိုင်သစ်လုပ်ငန်းကို စတင် လုပ်ကိုင်လေတော့သည်။

မောင်အောက်သည် မိမိကိုယ်ပိုင်သစ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် သစ်တောသို့ မထွက်မီ တစ်နေ့တွင် "ငါသည် ငယ်စဉ်အချိန် ဆင်းရဲသားအချိန်၌ ငါရည်မှန်းထားသော ချမ်းသာရမည့် ရောင်ခြည်ဦးဘ၀သို့ ငါတက်လှမ်းရတော့မည်။ သို့သော်ကံတရားသည် ဆန်းကြယ်ပါ၏။ ဥာဏ်နှင့်ဝီရိယသည် ကံတရား၏ အခြံအရံမျှသာ ဖြစ်သည်။ ထို့ကြောင့် ငါ့ကောင်းမှုကံပြည့်အောင် ရတနာသုံးပါးသည် ငါ၏ကိုးကွယ်ရာ ဖြစ်ပါသည်" ဟု စိတ်ကူးမိလေသည်။

ထိုစိတ်ကူးခံစားချက်ကို နှလုံးသွင်းလျက် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များကို ကိုင်ဆောင်လျှက် ဘုရားကျောင်းဝင်းအတွင်းသို့ ၀င်သွားလေသည်။ ဘုရားကျောင်းဝင်းအတွင်းရှိ ဘုရားငုတ်တို စေတီအနီးသို့ ရောက်သောအခါတွင် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များဖြင့် ဘုရားအားပူဇော်ကာ သူ၏လိုအင်ဆန္ဒကို ဆုတောင်း၍ အိမ်သို့ပြန်သွားလေသည်။

ယင်းဆုတောင်းချက်နှင့်အညီ အောင်မြင်မှုသည် မဝေးသောကာလတွင် ရှိနေပြီးဖြစ်သည်ကို မောင်အောက်သည် ယုံကြည်မှုအပြည့်နှင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမိလေသည်။

မှတ်ချက် … (ကော့နှတ်ဟူသော ဝေါဟာရမှာ မွန်ဘာသာ "ကံဟနှာတ်" ဟူသော အသံမှ ဖြစ် ပေါ်လာသော အမည်ဖြစ်သည်။ "ကံ" ဟူသောအဓိပ္ပါယ်မှာ ကုန်းမြင့် မြေနေရာကို ဆိုလိုပြီး "ဟနှာတ်" မှာ ပက်ခွံ့ဟူသော အဓိပ္ပါယ်ရသည်။ ကော့နှတ်ရွာ မဖြစ်ပေါ်လာမီ ထိုနေရာကို ရေလွှမ်းမိုးသောအခါ ပက်ခွံ့လာက်ရှိသော ကုန်း မြင့်ကလေးသာ ပေါ်ထွန်းလျှက်ရှိပြီးနောက် ပက်ခွံ့မျှလောက်သာ ရှိသောမြေနှင့် ပတ်ဝန်းကျင်နေရာတွင် ရွာတည်သောအခါ ထိုရွာကို "ကော့နှတ်" "ပက်ခွံ့ကုန်း" ဟူ၍ ခေါ်တွင်လေသည်။)

မောင်အောက်သည် ယုံကြည်မှုအပြည့်အ၀ဖြင့် သစ်တောသို့ တက်သွားသည်။ ထိုအချိန်၌ တနင်္သာရီတိုင်းသည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး မြန်မာပြည်အထက်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေသော အချိန်အခါဖြစ်လေသည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ သီပေါမင်းပါတော်မူပြီးနောက် ရှမ်းပြည်နှင့် ကယားပြည်နယ်တွင် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ကြသည်။ ထို့ကြောင့် တိုင်းရင်းသားရှမ်းနှင့် ကယားတို့ကို အင်္ဂလိပ်တို့က ဆက်လက်နှိမ်နင်းနေရလေသည်။ နောက်ဆုံးတွင် တိုင်းရင်းသားများတို့သည် အားမတန်၍ မာန်လျှော့ကာ အင်္ဂလိပ်တို့နှင့် စေ့စပ်ပြေငြိမ်း ရလေသည်။ သို့သော် ကယားစော်ဘွားတို့က မိမိတို့ပိုင် သစ်တောများဖြစ်ကြသော လွယ်ကော်၊ မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်းသစ်တောများကို ဈေးပေါပေါဖြင့် တိုင်းရင်းသား ညီအစ်ကိုတော်ဖြစ်သည့် မွန်လူမျိုးဦးနာအောက်အား သစ်ထုတ်ခွင့် ပေးလိုက်လေသည်။ ရှမ်းစော်ဘွားများကလည်း မိမိတို့ပိုင် သစ်တောများမှ နန်းဖဲတောကိုလည်း ဦးနာအောက်အား ဈေးနှုန်းချိုသာစွာဖြင့် လုပ်ကိုင်ခွင့်ပေးလေသည်။ အရေးကြီးသွေးနီးဆိုသကဲ့သို့ တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီမှုကြောင့် နေ့ချင်းညချင်းဆိုသလို ဦးနာအောက်၏စီးပွားရေးမှာ အံ့သြဖွယ် ကောင်းလောက်အောင် တိုးတက်လာတော့သည်။

ဦးနာအောက်၏ သစ်တံဆိပ်မှာ (၃၃၃) ဖြစ်သည်။ ယင်းတို့သည် ရတနာသုံးပါး၊ ပိဋကတ်သုံးပုံ၊ ဘုံသုံးပါးဟူ၍ အဓိပ္ပါယ်ရသည်။ ထိုတံဆိပ်ကို မှတ်ပုံတင်ပြီး မိမိပိုင်သစ်တောမှ သစ်များကို ယင်းတံဆိပ်ဖြင့် ခတ်နှိပ်လေသည်။ ကုသိုလ်ကံ အကျိုးပေးလာမှုကြောင့် ထုတ်လုပ်ရန်အလွန်ခက်သော မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်းသစ်တောများရှိ သစ်များသည် ထိုနှစ်တွင် မိုးသည်းထန်စွာရွာပြီး ရေလျှံမှုကြောင့် သံလွင်မြစ်အတွင်းသို့ အလွယ်တကူ ရောက်ရှိလာကာ မြစ်တလျှောက် မျောပါလာကြပြီး ကတိုး၊ ကော့နှတ်သစ်ဆိပ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်လာကြလေသည်။

ထိုအချိန်တွင် သံလွင်မြစ်ကမ်းပေါ်ရှိ သံဃာပိုင်ရွာမှ မော်လမြိုင်သို့ စီးဆင်းသော သံလွင်မြစ်တစ်လျှောက် ငါးမိုင်လောက်အကွာအဝေးအထိ သစ်ဖောင်များဖြင့် ပြည့်နှက်နေတော့၏။ ထိုသစ်အားလုံး၏ တံဆိပ်မှာ (၃၃၃) ဖြစ်လေသည်။ သစ်ထုတ်လုပ်ရေးစခန်းမှ ကော့နှတ်ရွာအရောက် သစ်တစ်လုံးအတွက် ကုန်ကျစရိတ်ငွေသည် ငွေဒင်္ဂါး ၂၀ ဖြစ်သည်။ မော်လမြိုင်တွင် ရောင်းရသော ဈေးနှုန်းမှာ ငွေဒင်္ဂါး ၉၀-၁၀၀ ထိ ရောင်းရသဖြင့် ထိုနှစ်ဦးမှာပင် ဦးနာအောက်သည် စုစုပေါင်းအမြတ်ငွေ ၁၀ သိန်းခန့် ရရှိလေတော့သည်။

မောင်အောက်၏ ဆုတောင်းခန်းသည် ပြည့်စုံပြီး ဥာဏ်နှင့် လုံ့လ၊ ၀ီရိယသာ ကျန်တော့သည်။ ဆင်းရဲသားဘ၀မှ နေ့ချင်းညချင်း ချမ်းသာလာသော်လည်း မိမိ၏ဘ၀ဟောင်းကို မမေ့ဘဲ မိမိ၏ အလုပ်သမားများအပေါ် ဘကြီးအရွယ်ကို ဘကြီး၊ ဖခင်အရွယ်ကို ဖခင်လိုသဘောထားပြီး ချီးမြှင့်ထိုက်သူကို ချီးမြှင့်၍ ဆုံးမသင့်သူကို ဆုံးမလေသည်။ ထို့ကြောင့် အလုပ်သမားများက ဖခင်လိုသဘောထားပြီး ဘကြီးအောက်လို့ အမွှန်းတင်ခေါ်ကြလေသည်။ မွန်ဘာသာအားဖြင့် "အနဲာအံက်" "ဘကြီးအောက်" ဟူ၍လည်း အမွှန်းတင်ပြီး ခေါ်ကြသည်။ "အနဲာ" ၏ အဓိပ္ပါယ်မှာ "ဘကြီး" ဖြစ်သည်။

ထိုသို့ကြီးပွားချမ်းသာလာသော အနိုင်အောက်သည် ပက်ခွံ့မျှလောက်သာ ရှိသော အောင်မြေပေါ်တွင် ရပ်တည်ပြီး ဘုရားငုတ်တိုစေတီငယ်ထံတွင် အဓိဋ္ဌာန်ဝင်ကာ ဆုတောင်းခဲ့သဖြင့် ယခုအခါ ဆုတောင်းသည့်အတိုင်း ပြည့်စုံလာသည်ကို အဖန်ဖန်သတိရသဖြင့် အလုပ်အားသည့်အခါတိုင်း သစ်တောကြိုးဝိုင်းမှ ကော့နှတ်သို့ ပြန်လာသည်။ ဘုရားငုတ်တိုငယ်ကို စေတီကလေးကို စေတီအကြီးအဖြစ် ပြည်လည်တည်ကာ ဇနီးသည် ဒေါ်ဂျာဥနှင့်အတူ ရေစက်သွန်းချ အမျှပေးဝေခဲ့လေသည်။

ဇနီးသည် ဒေါ်ဂျာဥမှာလည်း နိုင်အောက်နှင့် ကြာရှည် လက်မတွဲလိုက်ရဘဲ သေမင်းခေါ်ရာနောက်သို့ လိုက်ရပြန်သည်။

ဦးနာအောက်သည် ထိုအချိန်တွင် အသက် ၄၀ ကျော်မျှသာ ရှိသေးသည်။ ဇနီးသည် သေဆုံးသည့်အတွက် တရားနှင့်ဖြေကာ အံကြိတ်၍ အလုပ်ကို ဆက်လုပ်လေတော့သည်။

ထိုအမြတ်ငွေ ဆယ်သိန်းဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့လိုက်လေသည်။

သံလွင်မြစ်အရှေ့ဘက် ယိုးဒယား (ထိုင်း) ပြည်တွင် မယ်ဟောင်ဆွန် သစ်တော ကြိုးဝိုင်းကို အခွန်ဆောင်ပြီး မိမိကိုယ်တိုင်ကြီးကြပ်၍ ဆင်ပေါက်အစီး (၄၀) နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ရာ အမြတ်အစွန်းများစွာ ရလာပြန်၏။

ဦးနာအောက်သည် အလုပ်ကို ထကြွစွာလုပ်၏။ နိုးနိုးကြားကြား အမြဲတမ်းရှိ၏။ ငယ်သားအပေါ် သနားကြင်နာမှုရှိ၏။ အမြင်မတော်သည်များကို သည်းခံပြီး ပြုပြင်ပေး၏။ လုပ်ငန်းတစ်ခုကို ကိုယ်တိုင် ကျင့်ကြံထောက်ရှုပြီးမှ လုပ်တတ်၏။ ထိုကဲ့သို့သော ထကြွနိုးကြား သနားသည်းခံ၊ ဝေဖန်ထောက်ရှုဟူသော နာယက ဂုဏ်ခြောက်ပါးကို လက်ခံထားပြီး လုပ်ငန်းကို လုပ်ဆောင်သောကြောင့် သူ၏လုပ်ငန်းသည် လျင်မြန်စွာ တိုးတက်ခြင်းဖြစ်လေသည်။

လုပ်ငန်းကိုတွင်ကျယ်လာအောင် မယ်ဟောင်စွန်သစ်တောကို တူဖြစ်သူ (ဇနီးမိဂျာဥ ဘက်မှ) နိုင်ထွန်းရင်နှင့် နိုင်တွတ်တို့အား ဆင်အစီး ၄၆ စီးနှင့် ကြီးကြပ်ခိုင်းစေပြီး မိမိမှာမူ ရှမ်းပြည်ရှိ မောင်းမဲသစ်တောနှင့် ကယားပြည်နယ်ရှိ ဖားစောင်းသစ်တောကို ဆက်လက်လုပ်ကိုင်ပြန်သည်။

ဦးနာအောက်သည် သစ်တောလုပ်ငန်းတွင် များစွာအောင်မြင်မှုရပြီးနောက် ကော့နှတ်ရွာသို့ ပြန်လာသောအခါတွင် ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများအား မတန်မဆသော အတိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ချယ်လှယ်နေသည်ကို တွေ့မြင်ရသဖြင့် ထိုချစ်တီးကုလားနှင့် ဘာဘူကုလားများကို တိုက်ရန်အတွက် ငွေတိုးချစားခြင်းနှင့် စပါး ရောင်းဝယ်လုပ်ငန်းကို တိုးချဲ့စမ်းသပ်လုပ်ကိုင်လေတော့သည်။

နိုင်ငံခြားပွဲစား ချစ်တီး၊ ဘာဘူကုလားများသည် သူတို့၏စီးပွားရေး ဈေးကွက်ထဲသို့ မွန်တိုင်းရင်းသား ခေတ်ပညာမဲ့ ဘုန်းကြီးကျောင်းထွက် အရင်းရှင်ပေါက်စ တစ်ယောက် ၀င်ထွက်လာသည်ကို အထူးမလိုလား၍ ဦးနာအောက်၏လုပ်ငန်း ပျက်ဆီးရာပျက်စီးကြောင်းအတွက် နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်လာကြ၏။ ထိုသို့တိုက်ခိုက်ခံရမှုအပြင် ဦးနာအောက်အလုပ်သမားများ၏ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ပထမတွင် အရှုံးနှင့်သာ ရင်ဆိုင်ရလေတော့သည်။ သို့သော်လည်း ဦးနာအောက်မှာကား "ဘဲအုပ်တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း၊ မဗေဒါ အံကိုခဲ ပန်းပန်လျှက်ပဲ" ဟူသော စာဆိုနှင့်အညီ အရင်းရှင်နိုင်ငံခြားသားတို့ ၀ိုင်းပြီး တိုက်ခိုက်ကြသည်ကို အပြုံးမပျက် အံကြိတ်လျှက် ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

"ခုခံဝံ့သူ အောင်ပွဲရ၏" ဟူသော ဆောင်ပုဒ်ကို လက်ခံယုံကြည်ပြီး မိမိ၏ အားနည်းချက် ဟာကွက်ပျော့ကွက်များကို လေ့လာရာတွင် မိမိ၏ပွဲစားများနှင့် အလုပ်သမားများ မကျွမ်းကျင်မှုကြောင့် လုပ်ငန်းမအောင်မြင်သည်ကို တွေ့ရသဖြင့် သစ်တောလုပ်ငန်း၌ အားထားရသော လူယုံတော်ဦးငယ်ကိုဆင့်ခေါ်ပြီး စပါးလုပ်ငန်းတွင် တာဝန်ယူထမ်းဆောင်စေသည်။ ငွေကြေးဘက်တွင်မူ မိမိ၏လူယုံတော်ဦးဘိုးခင်အား တာဝန်ချထားလေသည်။ စာရေးကြီးဦးဘိုးခင်သည် နေ့စဉ် ၀င်ငွေထွက်ငွေစာရင်းနှင့် ဘဏ်သွင်းငွေ ထုတ်ငွေစာရင်းများကို ဦးနာအောက်အား တင်ပြအစီရင်ခံရလေသည်။

ကော့နှတ်ဘုရားဝင်း အရှေ့မြောက်ထောင့်၌ ဟောင်းနွမ်းယိုယွင်းနေသော ရုပ်ပွားတော်လေးဆူ တည်ရှိနေသည်။ တစ်နေ့တွင် လယ်သူမ မမိဗျူသည် ကော့နှတ်ရွာတွင်းမှ လယ်တောသို့အသွား ထိုရုပ်ပွားတော်လေးဆူ တည်ရှိရာနေရာသို့ ဖြတ်သွားစဉ် ရုပ်ပွားတော်လေးဆူအား ၀င်ဖူး၍ အဓိဋ္ဌာန်ပြု ဆုတောင်းလေသည်။ "တပည့်တော်မသည် ဆင်းရဲသူတစ်ဦး ဖြစ်ပါသည်။ တပည့်တော်မသည် ချမ်းသာခဲ့သော် မွန်မြတ်သော စေတီတစ်ဆူ တည်ဆောက်လှူဒါန်းပါမည်ဘုရား" အဓိဋ္ဌာန်ပြု၏။
ထိုသို့ ဆုတောင်းပြီးနောက် မကြာမီသော ကာလတွင်ပင် သူဋ္ဌေးကြီးမုဆိုးဖို ဦးနာအောက်သည် ထိုလယ်သူမအား မိမိ၏ စတုတ္ထမြောက်ဇနီးအဖြစ် လက်ထပ် ထိမ်းမြားလိုက်လေသည်။

မိဗျူသည် သူဋ္ဌေးကြီးဦးနာအောက်၏ ဇနီးအဖြစ်သို့ ရောက်သွားသောအခါတွင် သူမဆုတောင်းခဲ့သည့်အတိုင်း ရုပ်ပွားတော်လေးဆူနေရာတွင် စေတီတစ်ဆူ တည်ပြီး ဆုတောင်းပြည့်စေတီဟု ခေါ်တွင်စေလေသည်။ ထိုစေတီသည် ယနေ့ တိုင်အောင် ဆုတောင်းပြည့်စေတီဟုခေါ်တွင်ပြီး တင့်တယ်စွာဖူးမြော်နိုင်ပါသည်။

ကောင်းမှုကုသိုလ်တို့မည်သည် အကျိုးပေးလျှင် မနှေးအမြန် အကျိုးခံစားရသည် မဟုတ်ပါလော။

ဦးနာအောက်သည် ဆင်းရဲသားဘ၀မှ ချမ်းသာလာသူပီပီ ဘ၀တူဆင်းရဲသားများအား ကူညီလေ့ရှိ၏။ မိမိကဲ့သို့ ချမ်းသာလာနိုင်အောင် ထာဝရ ဂရုဏာရှေ့ ထားပြီး ထောက်ပံ့ခြင်း၊ သွန်သင်ဆုံးမခြင်းနှင့် ချီးမြှင့်မြှောက်စားခြင်းတို့ကို အစဉ်တစိုက်ပြုလုပ်သည်။ တစ်လလျှင် ငွေဒင်္ဂါး ၂၀ ရသော အလုပ်သမားတစ် ယောက်သည် လတိုင်းလတိုင်းမထုတ်ဘဲ တစ်နှစ်ပြည့်မှ ငွေဒင်္ဂါး ၂၄၀ ထုတ်ယူလျှင် အထူးချီးမြှင့်ငွေအဖြစ် ငွေဒင်္ဂါး ၅၀၀ ထပ်ဆောင်းပေးရုံတွင်မက အ၀တ်အစားများပါ ထောက်ပံ့လေသည်။

အလုပ်သမားတို့အား မိမိတို့၏ ချွေးနှဲစာတို့ကို စုဆောင်းတတ်စေခြင်းနှင့် ဘ၀တိုးတက်ရေးအတွက် အချိန်ပိုလုပ်အားပေးခြင်းကို အားပေးသည့် သဘောပင်။

ထို့ကြောင့် ဦးနာအောက်၏ အလုပ်သမားများသည် သူ၏နောက်ကွယ်တွင် မည်သူမျှ ခိုးယူသုံးစွဲ အလွဲသုံးစားမှု မပြုလုပ်ကြချေ။ ထိုကြောင့်လည်း သူ၏စီးပွား ဥစ္စာသည် ဒီရေအလား တိုးတက်လာ၏။ ကလွီ၊ ဒရယ်၊ သဲကုန်း၊ ကျုံတော်၌ လည်းကောင်း၊ ဟံသာဝတီ ပဲခူး ဘက်၌လည်းကောင်း၊ ခရမ်းသုံးခွ တို့၌လည်း ကောင်း၊ သံလွင်မြစ်တစ်လျှောက် လက်ပံတော၊ မှော်ဘီ၊ ထုံးအိုင်ဘက်၌လည်းကောင်း၊ ဂျိုင်းမြစ်ဘက် ကရနာ၊ ကော့တက်၊ ကော့ဘိန်း၊ ကော့လမု၊ ဇာသပြင်၊ ဂျိုင်း၊ သရက်တော၊ ဂန္ဓီတိုင်အောင် တို့၌လည်းကောင်း၊ ကျိုက်မရော၊ အတ္ထရံမြစ်ကမ်းရှိ ရွာတို့၌လည်းကောင်း စပါးများ ၀ယ်ယူလေတော့သည်။

ဦးငယ်သည် အခြားပွဲစားများထက် ငွေနှစ်ကျပ် သုံးကျပ် အပိုပေးခြင်းဖြင့် စပါးကို အလွယ်တကူ ၀ယ်ယူရရှိလေသည်။ ထို့ပြင် လယ်သမားတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံသွားမှုကြောင့် နိုင်ငံခြားပွဲစားများထက် အခွင့်အ ရေးရကာ မကြာမီအတွင်း၌ စပါးတင်းပေါင်း ၂၅၀၀၀၀ အထိ ၀ယ်ယူရရှိသည်။

ဝယ်ယူရရှိသော စပါးများကို တုန်ကင်း၊ လှေများဖြင့်တင်ပြီး "အောင်ခေမာ"၊ "အောင်ပန်း" တစ်ထပ်သင်္ဘောများဖြင့်ဆွဲကာ အောင်မောင်းကြီးများကို တီးခတ်၍ မောင်းတဒူဒူနှင့် အသံပေးပြီး မော်လမြိုင်သို့ သယ်ဆောင်သွားလေသည်။ ဦးငယ်သည် မော်လမြိုင်တွင် စပါးသွင်းပြီးနောက် ကော့နှတ်ရွာသို့ ပြန်လာခဲ့လေသည်။

ဦးငယ်သည် မိမိအနေဖြင့် သူများထက် ငွေပိုပေးပြီး ၀ယ်သည်ဖြစ်သောကြောင့် ငွေဒင်္ဂါး ၈၀၀ မျှ စာရင်းကွာခြားလျော့နည်းသည်ကို ဦးနာအောက် ဆူပူတော့မည်ဟု ယူဆထားသော်လည်း ဦးနာအောက်က "ငါအရင်းရယင်ပြီးတာပဲ၊ အ မြတ်မရယင် နေပါစေ တို့တိုင်းရင်းသားတွေ မနစ်နာယင် ပြီးတာပဲ" ဟု ပြောရင်း တဒုန်းဒုန်းနှင့် ထောင်းနေသော ကွမ်းဆံမှ ကွမ်းကိုယူစားပြီး ဦးငယ်အား လူယုံတော်စာရေးကြီး ဦးဘိုးခင်ထံ စားရင်းရှင်းပြီး ပွဲခထုတ်ယူရန် စေလွှတ်လိုက်လေသည်။

စာရေးကြီး ဦးဖိုးခင်သည် စပါးတစ်ရာနှင့် ပွဲခ ၂၀ နှုန်း စပါး ၂ သိန်းခွဲအတွက် ပွဲခ ငွေပေါင်း ၅၀၀၀ ကျသင့်သော်လည်း မောင်ငယ်စာရင်းအတွက် ငွေ ၈၀၀ လျော့နေသည်အတွက် စာရင်းစာအုပ်ကိုကိုင်ပြီး ဦးနာအောက်ထံသွား၍ လျော့နေသည့်ငွေအတွက် နှုတ်ယူရမည်၊ မနှုတ်ယူရမည်ကို သိလို၍သွားမေးလေ၏။

ဦးနာအောက်သည် စာရင်းစာအုပ်ကိုယူပြီး ကြည့်ရာတွင် စာရင်းဟောင်းတွင် ယခင်က ပွဲစားတစ်ယောက်သည် စပါးတင်း ၉၀၀၀၀ ၀ယ်ရာ၌ ငွေ ၁၄၀၀ လျော့၍ လည်းကောင်း၊ နောက်ပွဲစားတစ်ယောက်သည် စပါးတင်းပေါင်း ၆၀၀၀၀ ၀ယ်ရာ၌ ငွေ ၈၀၀ လျော့၍လည်းကောင်း၊ ကျန်ပွဲစားတစ်ဦးသည် စပါးတင်းပေါင်း ၃၀၈၀၀ ၀ယ်ယူရာတွင် ငွေပေါင်း ၈၀၀ လျော့၍လည်းကောင်း တေ‎ွ့ရှိသောအခါတွင် ပွဲစားသုံးယောက်ဝယ်သော စပါးစုစုပေါင်း တင်း ၁၈၀၀၀၀ တွင် လျော့ငွေ ပေါင်းက ကျပ် ၃၀၀၀။ မောင်ငယ်ဝယ်သည့်စပါးက တင်းပေါင်း ၂၅၀၀၀၀၊ ငွေလျော့သည်က ၈၀၀၊ စပါးတင်း ဆယ်တင်းတွင် ဆယ်ပြားလောက် လျော့သည့်သဘော မှတ်ချက်တွေ့ရှိသဖြင့် ချီးမြှင့်သည့်အနေနှင့် လျော့ငွေကို ပွဲခမှ မနုတ်သည့်အပြင် နောက်ထပ်ငွေ ၁၀၀၀ ကျပ် ထပ်ဆောင်းပေးလိုက်သည်။

ဤတွင် ဦးနာအောက်သည် ချီးမြှင့်ထိုက်သူအား ချီးမြှင့်ပြီး ဆုံးမသင့်သူကိုလည်း ဆုံးမတတ်ကြောင်း ပြသလိုက်ခြင်း ဖြစ်၏။

ဦးနာအောက်သည် ငွေတိုးချလုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ ချစ်တီးကုလားထံ လယ်သမားများ အဆမတန်သော အတိုးဖြင့် ငွေချေးရသည်ကို မိမိသည်လည်း လယ်သမားဘ၀မှ တက်လာသူ ဖြစ်သည်နှင့်အညီ တွေ့မြင်ရသည့်အတွက် ချစ်တီးကုလားကို ပြန်တိုက်သည့်သဘောဖြင့် အတိုးနှုန်းသက်သက်သာသာဖြင့် လယ်သမားများအား ငွေချေး၏။ လယ်ယာလုပ်ငန်းကိုလည်း တိုးချဲ့သည်။ ၎င်း၏ လုပ်ငန်းများတွင် တိုင်းရင်းသားများကိုသာ လုပ်ကိုင်စေလေသည်။

မီးသင်္ဘောသူဋ္ဌေး ဖြစ်လာခြင်း...
ဦးနာအောက်သည် အင်္ဂလန်နိုင်ငံ စကော့တလန်ပြည်၊ ဂလာစဂိုမြို့ရှိ မက္ကီအင် ဘက္ကစတာ ကုမ္ပဏီထံမှ သင်္ဘောများနှင့် စက်ပစ္စည်းများကို ဦးရွှေလေးအား စေလွှတ်၍ မှာကြားဝယ်ယူလေသည်။

သင်္ဘောလွန်းတင်ရန်အတွက် သင်္ဘောကျင်းကို မုတ္တမမြို့၊ ဆီဆုံရပ်၌ တည် ဆောက်လေသည်။ ထိုသင်္ဘောကျင်းသည် သက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးပြီး ကုန်ကျစရိတ်မှာ တစ်သိန်းကျော်ဖြစ်သည်။

ဦးနာအောက် ပိုင်ဆိုင်သော သင်္ဘောများမှာ (၁) အောင်စင်္ကြာ၊ (၁) အောင်မင်္ဂလာ၊ (၃) အောင်တပ်၊ (၄) အောင်သိန်း၊ (၅) အောင်ဒီပါ၊ (၆) အောင်သီတာ၊ (၇) အောင်မင်္ဂလာဖြစ်ပြီး နှစ်ထပ်သင်္ဘောများဖြစ်သည်။ တစ်ထပ်သင်္ဘောများမှာ (၁) အောင်ဇေယျနှင့် (၂) အောင်နိဗ္ဗာန်ဟု ခေါ်သော်လည်း နောင်တွင် အောင်ခေမာနှင့် အောင်ပန်းဟူ၍ အသီးသီးပြောင်းလဲ ခေါ်တွင်စေခဲ့သည်။

ဦးနာအောက်ပိုင် မီးသင်္ဘောတို့သည် ကိုးစီးဖြစ်ကာ နှစ်ထပ်မီးသင်္ဘော၏ ကျသင့်ငွေသည် တစ်စီးလျှင် ကျပ် ၆၀၀၀၀ ဖြစ်ပြီး တစ်ထပ်မီးသင်္ဘော၏ ကျသင့် ငွေသည် တစ်စီးလျှင် ကျပ် ၃၅၀၀၀ ဖြစ်လေသည်။

သင်္ဘောများ၏ ကိုယ်ထည်နှင့် အမိုးများကို ငှက်ပျောညွန့်အရောင် ဆေးချယ်ထားပြီး သင်္ဘော၏ ပြောင်းတိုင်များကို အညိုရောင်အခံထား၍ အဖြူရောင်ဖြင့် ရစ်ပတ်ထားလေသည်။ သင်္ဘောသားအားလုံးတို့သည် တိုင်းရင်းသားများသာ ဖြစ်လေသည်။ ထိုသင်္ဘောများသည် သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတွင် ပြေးဆွဲ၏။

သင်္ဘောခများကို အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက သင်္ဘောခများထက် လျှော့ပေါ့စေပြီး ဘုန်းတော်ကြီး၊ ရှင်သာမဏေ၊ သီလရှင်၊ လူအိုနှင့် ကလေးငယ်များအား အခမယူဘဲ နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်၏။ ထို့ပြင် ဦးနာအောက်သည် နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လဆုတ် (၃) ရက်နေ့မှစ၍ အောင်နိဗ္ဗာန် တစ်ထပ် သင်္ဘောပေါ်တွင် ကုနိသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ တင်ဆောင်ပြီး သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတို့၏ ၀ဲယာရှိ ကျောင်းများနှင့် ဘီလူးကျွန်းဘက်ရှိ ကျောင်းများတွင် တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်အလှူများအဖြစ် သွားရောက် လှူဒါန်းလေ၏။ ယင်းအပြင် နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်လှူဒါန်းထားသော အလှူဒါနအတွက်လည်း တစ်ခါနှစ်ခါ ရေစက်ချ အမျှပေးဝေလေ့ရှိသည်။

ထိုသို့ ရွာစဉ်လျှောက်ပြီး တစ်လပတ်လုံး ကထိန်အလှူကို လှူဒါန်းသည့်အတွက် ထိုဒေသတွင် "ကထိန်လှူဒါန်းခြင်းအစ ဦးနာအောက်က" ဟု ယခုတိုင် ပြောစမှတ်ပြုကြလေသည်။

ဧရာဝတီ သင်္ဘောကုမ္ပဏီနှင့် တိုက်ပွဲ...
ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသော အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ပိုင် ဧရာဝတီကုမ္ပဏီကြီးသည် သူ၏စီးပွားရေး ကွက်ထဲသို့ ၀င်ရောက်လာသော တိုင်းရင်းသားအရင်းရှင် ဦးနာအောက်ပိုင် သင်္ဘောများကို မလိုလားမနှစ်သက်ချေ။

ထို့ကြောင့် ဦးနာအောက်သင်္ဘောက တစ်ကျပ်နှုန်းယူလျှင် ဧရာဝတီကုမ္ပဏီက တစ်ဝက်လျှော့ကာ ငါးမူး (၅၀ ပြား) နှုန်း ယူလေ၏။ ဦးနာအောက်က တစ်မတ် (၂၅ ပြား) နှုန်း လျှော့လိုက်၏။ ဧရာဝတီက တစ်မူး (၁၀ ပြား) ဧရာဝတီက တစ် ပဲ (၅ ပြား) နောက်ဆုံးတွင် အခမဲ့တင်လာသည့်အထိ တိုက်ပွဲဆင်လာကြ၏။

ဦးနာအောက်၏ သင်္ဘောများဆိပ်ကမ်းတွင် မဆိုက်ကပ်နိုင်အောင် သင်္ဘောဆိပ် ကမ်းမှန်သမျှ မိမိတို့သင်္ဘောများသာ ဆိုက်ကပ်ခွင့်ရရန် ဧရာဝတီသင်္ဘော ကုမ္ပဏီသည် အခွန်ဆောင်၍ ၀ယ်ယူလေသည်။ ဦးနာအောက်၏ သင်္ဘောများ ဆိုက်ကပ်ရန် သင်္ဘောဆိပ်ကမ်းမရှိသဖြင့် အခက်အခဲတွေ့ရလေ၏။ ထိုအခါ ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင်လည်းဖြစ် ကတိုးရွာရှိ တိုင်တစ်လုံးအိမ်ပိုင်ရှင်လည်းဖြစ်သော ဦးရွှေလေးက ဧရာဝတီကုမ္ပဏီသည် ဆိပ်ကမ်းကို အခွန်ဆောင်၍ ကုမ္ပဏီပိုင်ဖြစ်အောင် လုပ်နိုင်သကဲ့သို့ မြစ်ချောင်းအားလုံးကို ဦးနာအောက်ပိုင်ဖြစ်အောင် အကြံပေးသဖြင့် သူ၏အကြံပေးချက်အရ မြစ်ချောင်းအားလုံးကို အခွန်ဆောင်လိုက်သောကြောင့် ဧရာဝတီကုမ္ပဏီမှ သင်္ဘောများသည် မြစ်ချောင်းတို့တွင် ပြေးဆွဲနိုင်ခြင်းမရှိတော့ချေ။ ဧရာဝတီက ဆိပ်ကမ်းများပိုင်ပြီး ဦးနာအောက်က မြစ်ချောင်းများပိုင် ဖြစ်လေသည်။ ခရီးသည်များသွားလာရေး ခက်ခဲလာတော့၏။ တရားရုံးသို့ ရောက်သွားကြ၏။ တရားရုံးမှ ဆုံးဖြတ်လိုက်သည်မှာ ဧရာဝတီ သင်္ဘောသည် ခရီးတစ်ခုခုအတွက် ဆိပ်ကမ်းမှ ဦးနာအောက် သင်္ဘောထက်အချိန်စောစွာ ထွက်စေပြီး ဦးနာအောက် သင်္ဘောထက်ဦးစွာ ဆိုက်ရောက်ရမည်ဟု ဆို၏။

တိုင်းရင်းသားအရင်းရှင် ဦးနာအောက်သည် နယ်ချဲ့အရင်းရှင်ကို မီးသင်္ဘော သယ်ယူပို့ဆောင်ရေးအတွက် ယှဉ်ပြိုင်သတ္တိပြလိုက်သည်မှာ မော်ကွန်းတင်သွား လေတော့၏။

ဘ၀ကိုမမေ့သော ဦးနာအောက်...
ဦးနာအောက်သည် ဆင်းရဲသားဘ၀မှ လာသည်နှင့်အညီ မိမိဘ၀ကို မည်သည့် အခါမှ မမေ့ချေ။ အစားအသောက်၌လည်း ကြေးမများချေ။ တောအစားအစာများသာ နှစ်သက်စားသောက်ပြီး ကွမ်းကိုတဒုန်းဒုန်းနှင့် ထောင်း၍ အမြဲတမ်းစားလေ့ရှိ၏။

နာမည်ကြီးသော ဦးနာအောက်အား တွေ့လို၍ တစ်နေ့တွင် အင်္ဂလန် ဘိလပ်မှ အင်္ဂလိပ်လူမျိုးတစ်ဦးသည် ကော့နှတ်ရွာသို့ ရောက်လာ၏။ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်၊ အခြွေအရံနှင့် တွေ့ရတော့မည်ဟု ထင်မှတ်ခဲ့သော်လည်း အ၀တ်ဖြူဝတ်ကာ နှီးဖျာနေသော ဦးနာအောက်အား တွေ့ရသောအခါ အထင်နှင့်အမြင် လွဲမှားခဲ့လေသည်။

ဦးနာအောက်သည် လယ်သမားဘ၀ကို မမေ့သည့်အလျှောက် လယ်ယာနှင့် ကိုင်းလုပ်ငန်းများကို အားပေးမှုပြု၏။ အချိန်ရတိုင်း နှီးဖျာ၊ ပလိုင်း၊ တောင်းများ ရက်လုပ်နေတတ်ပြီး ကျွမ်းကျွမ်းကျင်ကျင်လည်း ရှိလှ၏။ ရတနာသုံးပါးကို ကိုင်းရှိုင်းသူဖြစ်သည့်အလျှောက် ရွာရှိကျောင်းကန်ဘုရားသို့ နံနက်တစ်ခေါက်၊ ညနေ တစ်ခေါက် မှန်မှန်သွားပြီး ၀တ်ပြုလေ့ရှိ၏။

တစ်နေ့တွင် ဘုရားကျောင်းဝင်းတွင် ဘုရားရှိခိုးဝတ်ပြုစဉ် ဓါးပြသုံးယောက်တို့သည် ဦးနာအောက်အား မိမိတို့သည် စားစရာမရှိ၍ တစ်ယောက်လျှင် ၅၀၀ ကျပ် နှုန်းဖြင့် ၁၅၀၀ ကျပ် တောင်းခံ ဓါးပြတိုက်လေသည်။ ဦးနာအောက်သည် တုန်လှုပ်မှုမရှိဘဲ ၎င်းတို့သည် တကယ်စားစရာမရှိ၍ ဓါးပြတိုက်သည်ကို အဖြစ်မှန် သိသည့်အတွက် ဓါးပြတိုက်သည်ကို အဖြစ်မှန်သိသည့်အတွက် ဓါးပြတို့ကို အစောင့်ခိုင်းထားပြီး အိမ်သို့ပြန်၍ ငွေ ၁၅၀၀ ယူကာ ဓါးပြတို့အား ပေးကမ်းလိုက်လေသည်။ အလှူတစ်ခု ပြုလုပ်လိုက်သည့် သဘောပင်။

ကောင်းမှုကုသိုလ် ပြုခြင်း...
ဦးနာအောက်သည် မိမိ၏ဘ၀ကံအကျိုးပေး၍ ချမ်းသာလာသည်ကို လက်တွေ့ယုံကြည်သူဖြစ်၍ ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင် သူမတူအောင် သမိုင်းတွင်ရစ်အောင် လှူဒါန်းသွားသည်ကို ယနေ့တိုင် မြင်တွေ့ရလေသည်။ ထိုသို့ လှူဒါန်းနိုင်ရန်လည်း ဦးနာအောက် အတွက်…

(၁) သင့်တင့်လျှောက်ပတ်ရာ နေရာအရပ်၌ လူဖြစ်ခြင်း။
(၂) ရှေးက ပြုဖူးသော ကောင်းမှုကုသိုလ် အကျိုးပေးခြင်း။
(၃) သူတော်ကောင်းကို မှီဝဲခြင်း။
(၄) မိမိကိုယ်ကို ကောင်းအောင် တည်ဆောက်နိုင်ခြင်းတည်းဟူသော သမ္ပတ္တိလေးပါးနှင့်လည်း ပြည့်စုံခဲ့လေသည်။

အထက်ပါသမ္ပတ္တိလေးပါးနှင့် ပြည့်စုံသော ဦးနာအောက်သည် ၁၂၄၀ ခုနှစ်တွင် မန္တလေး မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၌ ပရိယတ္တိစာပေများကို လေ့လာသင်ကြားနေကြသော မွန်ဆရာတော် ဦးပညာဓမ္မကို ကော့နှတ်ရွာတွင် ပရိယတ္တိစာသင်တိုက် ဖွင့်လှစ်ရန် မန္တလေးမှ ကော့နှတ်ရွာသို့ ပင့်လာလေသည်။ ဦးပညာဓမ္မခေါ် ဦးပဉ္ဇင်းမိုးသည် ပရိယတ္တိစာပေအပြင် ခေတ်ပညာဖြစ်သော အင်္ဂလိပ်-မြန်မာ၊ သက္ကတ စသော စာပေများကိုလည်း တတ်မြောက်သူ ဖြစ်လေသည်။ ဦးပညာဓမ္မသည် မန္တလေးမြို့တွင် ၁၂၃၇ ခုနှစ်မှ ၁၂၄၀ ခုနှစ်အထိ ပရိယတ္တိစာပေများကို သင်ကြားခဲ့သည်။

ဦးပညာဓမ္မသည် မင်းတုန်မင်း၏ မိတ်ဆွေ ရွှေတိဂုံရင်ပြင်ပေါ်ရှိ နောင်တော်ကြီး စေတီတော်၏ ထီးတော်ဒါယကာ နေမျိုးရာဇာသင်္ခရာဘွဲ့ခံ ဦးမွန်ထော်၏ ယောက်ဖ (မိန်းမ၏မောင်) တော်သူ ဖြစ်ပါသည်။ ဦးပညာဓမ္မကို ဦးထောာ်အာ-ဒေါ်ခမနား၊ ဦးထွန်းကျော်-ဒေါ်မိထော်၊ ဦးနာအောက်-ဒေါ်ဗျူ ၊ သူဋ္ဌေးကြီး သုံးဦးတို့က ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာသို့ ပင့်ဆောင်လာသည်။ ကော့နှတ်ရွာသို့ ဦးပညာဓမ္မ ရောက်လာသည့် ၁၂၄၀ ခုနှစ်သည် တနင်္သာရီတိုင်းနှင့် မွန်ဒေသအားလုံးတွင် မွန်ပရိယတ္တိသာသနာ ဆိတ်သုဉ်းနေသည့် အချိန်အခါ ဖြစ်သည်။

မွန်ပရိယတ္တိသာသနာသည် ကွယ်ပျောက်ဆိတ်သုဉ်းနေရာမှ ပထမဆုံး မွန်ပရိယတ္တိသာသနာကို စတင်ထူထောင်သော နေရာဖြစ်သည်။ ဇာသပြင်ရွာတွင် မွန်ပရိယတ္တိသာသနာကို စတင်ပြီးအားထုတ်နေစဉ် ဦးနာအောက်နှင့် ဦးထော်အာ၊ ဦးထွန်းကျော်တို့က မွန်ပရိယတ္တိ သာသနာကို အားပေးလိုသဖြင့် ကော့နှတ်ရွာတွင် စာသင်တိုက်ကြီး ဖွင့်လိုသောကြောင့် ဇာသပြင်ကျောင်းမှ စာသင်သား အပါး ၆၀ ကျော်ကို ကော့နှတ်ရွာသို့ပင့်ကာ စာသင်တိုက်ကို စတင်ထူထောင်လေသည်။ စာသင်တိုက် စတင်ဖွင့်လှစ်သောနှစ်မှာ ၁၂၄၆ ခုနှစ် ဖြစ်လေသည်။ ဦးပညာဓမ္မ ဦးစီးအုပ်ချုပ်သော စာသင်တိုက်သို့ မွန်ဒေသအရပ်ရပ်မှ မွန်သံဃာတော်တို့သည် ဆရာတော် ဦးပညာဓမ္မထံသို့ ခိုလှုံ၍ ပရိယတ္တိ၏ ချိုမြိန်သော နို့ရည်ကို လာရောက် သောက်စို့ကြလေတော့သည်။

မွန်တို့၏ သာသနာသည်…
(က) မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တဖုဿနှင့်ဘလ္လိက မွန်ညီနောင်နှစ်ပါးတို့က ဂေါတမမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူကို ရာမညတိုင်းသို့ ပင့်ဆောင်လာခြင်းဖြင့် သာသနာတော်သည် မွန်ဒေသသို့ ပထမရောက်ရှိလာခြင်း။

(ခ) ဂေါတမမြတ်စွာဘုရား ၀ါတော်ရှစ်ဝါရစဉ်ကာလက သုဝဏ္ဏဘူမိ သထုံပြည် သို့ ကြွရောက်လာပြီးနောက် တရားရေအေးတိုက်ကျွေးခြင်းနှင့် ဆံတော်ဓါတ် များကို ပေးသနားတော်မူသဖြင့် သာသနာတော်သည် ဒုတိယအကြိမ် မွန်ဒေသ သို့ ဓါတ်တော်များကို ပေးသနားတော်မူသဖြင့် သာသနာတော်သည် ဒုတိယအ ကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(ဂ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် သောဏထေရ်-ဥတ္တရထေရ်နှင့် တပည့်သုံးပါးတို့သည် သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွရောက်လာပြီး သာသနာပြုကြသဖြင့် သာသနာတော်သည် တတိယအကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(ဃ) သာသနာသက္ကရာဇ် ၉၀၀ ခုနှစ်လောက်တွင် ရှင်မဟာဗုဒ္ဓဃောသသည် သီဟိုကျွန်းသို့ ကြွရောက်ပြီး ပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပြန်ဆိုရေးသားကာ သထုံပြည်သို့ ယူဆောင်လာသဖြင့် သာသနာတော်သည် စတုတ္ထအကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(င) ကောဇာသက္ကရာဇ် ၈၃၂ ခုနှစ်တွင် ဟံသာဝတီ နန်းတက်တော်မူသော ဓမ္မစေတီမင်းလက်ထက်တွင် သာသနာသန့်ရှင်းရေးခရီးကို ဆောင်ရွက်ပြီး မွန်ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြင့် သာသနာတော်သည် ပဉ္စမအကြိမ် ပေါ်ထွန်းလာခြင်း။

(စ) ကောဇာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် ဦးထော်အာ၊ ဦးထွန်းကျော်နှင့် ဦးနာအောက်တို့ ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာတွင် စာသင်တိုက်ကြီး စတင်ထူထောင်သဖြင့် မွန်ပရိယတ္တိသာသနာတော်သည် ဆဋ္ဌမအကြိမ် ပေါ်ထွန်း လာသည်ကို "သာသနာအစ ကော့နှတ်က" ဟု ရှေးဆရာတော်များ နှုတ်ဖျား၌ ပြောဆိုလေ့ရှိကြသည်။ ကော့နှတ်ပရိယတ္တိစာသင်တိုက်သည် ယနေ့တိုင် ရပ်တည်လျှက်ရှိလေသည်။

ထိုသို့ သူတော်ကောင်းကို မှီဝဲရသော သမ္ပတ္တိတရားနှင့် တွေ့ကြုံရသောအခါ ဆင်းရဲသားဘ၀အရသာကို ခံစားခဲ့ဖူးသော ဦးနာအောက်သည် ဆရာတော်ဦးပညာဓမ္မ၏ ဆုံးမသြ၀ါဒကို ခံယူကာ နံနက်လျှင် ၀တ်ဖြူကိုဝတ်ပြီး ဆွမ်းစားကျောင်းသို့ လာရောက်ကာ ဆွမ်းဟင်းများကိုကြည့်ပြီး လိုအပ်ပါက အမြဲဖြည့်ပေးကာ သံဃာတော်များကို ကြည်ညို၍ ညနေကြလျှင် ဖျော်ရည်နှင့်တကွ ဆေးများကို ယူဆောင်လျှက် သံဃာတော်များကို လှူဒါန်းလေ့ရှိသည်။ ကော့နှတ် ကျောင်းတိုက်သည် ထိုအချိန်အခါမှစ၍ စာသင်သား သံဃာတော်အပါး ၁၅၀-၂၀၀ တို့ဖြင့် အမြဲပြည့်လျှက်ရှိသော ကျောင်းတိုက်ဖြစ်လာသည်။ ဆရာတော် ဦးပညာဓမ္မသည် ပရိယတ္တိစာပေကို မွန်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း သင်ကြားလိုသော စာသင်သား သံဃာတော်များကို လက်ခံသည်။ မြန်မာဘာသာဖြင့် သင်ကြားလိုသော သံဃာတော်များအား ကော့နှတ်ကျောင်းတိုက်ပေါ်တွင် သီတင်းသုံးစေပြီး မွန်ဘာသာဖြင့် သင်ကြားလိုသော သံဃာတော်များအား ကျောင်းငယ်ပေါင်းများစွာရှိသော ဦးနာအောက်ကျောင်းခေါ် ကျောင်းများတွင် နေထိုင်စေကာ ပရိယတ္တိစာပေများကို လေ့လာစေသည်။ တိုက်ကျောင်းနှင့် အောက်ကျောင်းတွင် နေထိုင်သော စာသင်သားများကို ဆွမ်းစားချိန်တွင် တစ်နေရာတည်းဖြစ်သော ဆွမ်းစားကျောင်းသို့ တညီတညွတ်စုရုံးကြပြီး ဆွမ်းစားစေသည်။ ထိုသို့စည်းကမ်းကြီးစွာ အုပ်ချုပ်သော ဆရာတော်၏ ဓမ္မစာရိတ္တ ဂုဏ်ကျေးဇူးသည် အရပ်ရှစ်မျက်နှာသို့ မွှေးကြိုင်ပျံ့နှံ့ခဲ့လေသည်။

ဘုရား၊ ၀တ်ကျောင်း၊ တန်ဆောင်း ဒါယကာဖြစ်ခြင်း...
ဦးနာအောက်ကျောင်းသို့ ရောက်လာသော နေ့တစ်နေ့တွင် ဆရာတော် ဦးပညာဓမ္မသည် တန်ဆောင်းပြာသာဒ်ပုံကို ရေးဆွဲပြီး ဤပုံအတိုင်း ကော့နှတ်ကျောင်းဝင်းအတွင်း တစ်နေရာတွင် ဆောက်လုပ်လှူဒါန်းလျှင် ကောင်းမည်ဟု အကြံပေးသဖြင့် ဦးနာအောက်သည် "ဪ... ငါလာတုန်းက လက်ဗလာကြီး၊ ပြန်လျှင် အချည်းအနှီးမဖြစ်ရလေအောင် ကောင်းမှုမှတ်တိုင် စိုက်ထူမည်" ဟု စိတ် ပိုင်းဖြတ်ကာ လက်အုပ်ချီမိုးကာ ဆရာတော်ခြေရင်း၌ ဦးခိုက်လျှောက်ထားသည်မှာ " ဆရာတော် အရှင်မြတ်ဘုရား၊ လောကီလောကုတ်အကျိုး၊ ပစ္စုပ္ပန်အကျိုးကိုမျှော်ကိုးပြီး ဆရာတော်ဘုရား ညွှန်ကြားသည့်အတိုင်း အမွန်မြတ်ဆုံးသော စုလစ်မွန်းချွန်နှင့်တကွသော ပြာသာဒ်တန်ဆောင်း အဆောက်အအုံအတွက် တပည့်တော် စွန့်လွှတ်လှူဒါန်းပါမည် ဘုရား" ဟု လျှောက်တင်လေသည်။

ဆရာတော်လည်း ဦးနာအောက်အား " ဒကာတော်၏ လိုအင်ဆန္ဒကို ပြီးပြည့်ဝစေမည်" ဟု ပြောကြားပြီး မန္တလေးနေပြည်တော်ရှိ အရည်အချင်းနှင့် ပြည့်စုံသော ပန်းချီ၊ ပန်းပုစသော ပညာရှင်များကိုခေါ်ကာ နှစ်ကျိပ်ရှစ်ဆူ ၀တ်တန် ဆောင်းကို ဆောက်လုပ်စေသည်။ ထိုဝတ်တန်ဆောင်းကို ဘုံ ၁၂ ဆင့် ပြာသာဒ် အဆောင်ဖြင့် တည်ဆောက်ထားသည်။ ကနုတ်ပန်းနှင့် မှန်စီရွှေချ လက်ရာများမှာ ပထမတန်းဖြစ်သည်။ အတွင်းပိုင်း နံရံများတွင် ပန်းချီကားများအစား ရုပ်လုပ်၊ ရုပ်ကြွ ပန်းပုရုပ်များဖြင့် ဂေါတမမြတ်စွာဘုရား ပဋိသန္ဓေယူခန်းမှစ၍ ပရိနိဗ္ဗာန် စံတော်မူခန်း ဓါတ်တော်၊ မွေတော်ဝေခန်းတိုင် ဗုဒ္ဓ၀င်ဇာတ် လမ်းခင်းထားသည်။ အတွင်းပိုင်းနံရံတွင်လည်း ရုပ်လုံး၊ ရုပ်ကြွ ပန်းပုလက်ရာများဖြင့် မနူဟာမင်း၊ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏ အတ္ထုပ္ပတ္တိများကို ထုလုပ်ထားသည်။ ထိုတန်ဆောင်းကို ၁၂၆၄ ခုနှစ်တွင် ရေစက်ချလှူဒါန်းခဲ့သည်။ ယင်းနောက် ဘုံ ၁၂ ဆင့် ဒီပင်္ကရာ ၀တ်တန်ဆောင်းကို တည်ဆောက်လှူဒါန်း ပြန်လေသည်။ ထိုဝတ်တန်ဆောင်းတွင် ပင်စည်တစ်ခုတည်း တစ်သားတည်းမှရသော ကျွန်းသားဖြင့် မြတ်စွာဘုရားရပ်တော်မူ ဆင်းတုနှစ်ဆူ ထုလုပ်ထားသည်။ အမြင့်ပေ ၂၀၊ မြေ စိုက် ၂၀ ပေ၊ စုစုပေါင်း ပေ ၄၀ ရှည်သည်။ အတွင်းနံရံများတွင်လည်း ရုပ်လုံးရုပ်ကြွ ပန်းပုလက်ရာများဖြင့် ဇာတ်နိပါတ်တော်များကို ထုလုပ်ထားသည်။ အပြင်နံရံများတွင် မဟောသဓာဇာတ်တော်ကို ပန်းချီဖြင့် ရေးဆွဲထားသည်။ ၀တ်တန်ဆောင်းတွင် ကျောက်သားဖြင့်ထုလုပ်ထားသော မြတ်စွာဘုရားခြေတော်ရာ ရပ်တော်မူနှစ်ဆူအား ပူဇော်ကန်တော့နေသော သစ်လုံးဖြင့်ထုလုပ်ထားသော ရဟန်းတော်ရုပ်နှင့် ရဟန္တာရုပ်များကို တွေ့မြင်နိုင်ပါသည်။ ယင်းဝတ်တန်ဆောင်းကို ၁၂၆၅ ခုနှစ်တွင် ရေစက်ချနိုင်ခဲ့လေသည်။ ထို့နောက် ၁၂၆၇ ခုနှစ်တွင် ရဟန်းသံဃာတော်များ ဥပုသ်စောင့်တည်နိုင်ရန်အတွက် မဟာဝိဇယသိမ်တော်ကြီးကိုလည်း တည်ဆောက်လှူဒါန်းလေသည်။

သိမ်တော်ကြီး၏ ကြမ်းခင်း၊ နံရံများ၊ မျက်နှာကြက်တံခါးတိုင် စသည်တို့ကို အကောင်းဆုံး ကျွန်းသားများဖြင့် ပြုလုပ်ထားသဖြင့် ယခုတိုင်အောင် သစ်သားများမှာ ကောင်းမွန်တုန်းပင် ဖြစ်လေသည်။

ဇနီးဒေါ်ဂျာဥနှင့်အတူ ရေစက်ချလှူဒါန်းခဲ့သော စေတီကြီးကိုလည်း အထူး ထပ်မံ တည်ဆောက်လှူဒါန်းပြီး နှစ်စဉ်တန်ခူးလ သင်္ကြန်ရက်များအားတွင် ဇာတ်ပွဲ၊ လှေပွဲ၊ လက်ဝှေ့ပွဲနှင့် ကပွဲမျိုးစုံတို့ဖြင့် (၇) ရက်၊ (၇) ညတိုင်တိုင် ဘုရားပွဲကို ကျင်းပလေသည်။ ဘုရားပွဲကျင်းပသည့်နေ့များတွင် ရပ်ဝေးမှလာသည့် ဧည့်သည်များအား ကျွေးမွေးရန် ကော့နှတ်ရွာရှိ ဆင်းရဲသားအိမ်များတွင် ဆန်နှင့်စားစရာရိက္ခာများကို ထောက်ပံ့ပေးဝေထားပြီး ချက်ကျွေးစေသည်။ ဘုရားပွဲစတုဒိသာမဏ္ဍာပ်တွင်လည်း ဧည့်သည်များအတွက် မလောက်မင မရှိစေရန် တစ်နေ့ လျှင် ထမင်းအိုးကြီး ၅၀ ကျော်မျှ ချက်ပြုတ်ကျွေးမွေးစေသည်။

ထို့နောက် ဆုတောင်းပြည့်စေတီအနီးတွင် ၀တ်တန်ဆောင်း တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းပြီး တန်ဆောင်း၏ အမိုးနံရံပေါ်တွင် ဦးနာအောက်၏ ကောင်းမှုကုသိုလ်ဖြစ်သော အဆောက်အအုံများ၏ ရုပ်ပုံများကို ပန်းချီရေးဆွဲပြီး မှတ်တမ်းတင်စေခဲ့သည်။

ပရိယတ္တိစာပေများကို လေ့လာသင်ကြားနေကြသော ကော့နှတ်ကျောင်းမှ သံဃာတော်များနှင့် ရှင်သာမဏေများအတွက် သင်္ကြန်သုံးရက်တွင် စာပြန်ပွဲကျင်းပစေပြီး ကျမ်းအလိုက် အာဂုံပြန်နိုင်သူ ရဟန်းနှင့် ရှင်သာမဏေများအား ငွေဒင်္ဂါး ဆုများဖြင့် အားပေးထောက်ပံ့ လှူဒါန်းခြင်းပြုလေသည်။

ထိုသို့ကောင်းမှုပြုစဉ် ချစ်ဇနီးဒေါ်ဗျုတစ်ယောက်သည် လက်တွဲဖြုတ်ပြီး လူ့စည်း စိမ်ကို စွန့်လွှတ်ကာ ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့လေသည်။

ဒေါ်ဗျုသေဆုံးပြီးနောက် ရှုမငြီးသော ပဉ္စမမြောက်ဇနီးဖြစ်သူ ဒေါ်ငြိမ်းမေနှင့် ဆက်လက်ပြန်လေသည်။

ဦးနာအောက် ဆောက်လုပ်လှူဒါန်းခဲ့သော အဆောက်အအုံများ...
(၁) မွေးရပ် ကော့မယ်ခရရွာတ‎ွင် ကျောင်း၊ သိမ်နှင့် ဇရပ်များ။
(၂) ခရုံရွာတွင် ကျောင်းတစ်ကျောင်း။
(၃) မော်လမြိုင်တောင်ဝိုင်းရပ်တွင် " ပန်းဥယျာဉ်ကျောင်း" သိမ်ကျောင်းကြီး။
(၄) ကော့နှတ်ရွာ စာသင်တိုက်၊ ဆွမ်းစားဆောင်နှင့် ဘုရားတန်ဆောင်း။
(၅) အတုမရှိ ကျောင်း၊ ရက်ကန်းစင် ကျောင်း (ယခုပျက်စီး) ။
(၆) နှစ်ကျိပ်ရှစ်ဆူ ၀တ်တန်ဆောင်း။
(၇) ဒီပင်္ကရာ ၀တ်တန်ဆောင်း။
(၈) မဟာဝိဇယ သိမ်တော်ကြီး။
(၉) ဆုတောင်းပြည့် ၀တ်တန်ဆောင်း။
(၁၀) မဟာစေတီကြီးနှင့် ဆုတောင်းပြည့်စေတီ။

ဦးနာအောက်ပိုင်ဆိုင်သော မီးသင်္ဘောများ
(၁) အောင်ခေမာ (အောင်ဇေယျ)
(၂) အောင်ပန်း (အောင်နိဗ္ဗာန်)
(၃) အောင်သိန်း
(၄) အောင်တပ်
(၅) အောင်စင်္ကြာ
(၆) အောင်မာလာ
(၇) အောင်ဒီပါ
(၈) အောင်သီတာ
(၉) အောင်မင်္ဂလာ

သာသနာတော်ကို အားပေးချီးမြှောက်လှူဒါန်းသော ဘုရားဒါယကာကြီး ဦးနာအောက်သည် မည်သူမျှ မလွန်ဆန်နိုင်သော သင်္ခါရတရားကြောင့် သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ နယုန်လဆုတ် (၁၂) ရက်၊ မွန်းလွဲ (၁၂) နာရီ (၃၅) မိနစ်အချိန်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ ဦးနာအောက်၏ အလောင်းကို (၇) ရက်၊ (၇) ညထားကာ နေ့စဉ် လှူဒါန်းကျွေးမွေးပြီး (၇) ရက်ပြည့်သည့်နေ့တွင် သင်္ဂြိုဟ်လိုက်သည်။ နောင်လာနောက်သားများ လေ့လာမှတ်သားနိုင်အောင် ဦးနာအောက်၏ရုပ်ပုံကို ခရစ်သက္ကရာဇ် ၁၉၂၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ထုလုပ်ပြီးစီးခဲ့သည်။ ထုလုပ်ခမှာ ကျပ် ၅၀၀၀ ဖြစ်လေသည်။ ယင်းကျောက်ရုပ်တုအောက်တွင် မွန်ဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် "ကော့နှတ်ရွာနေ ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ မြန်မာပြည် မီးသင်္ဘောသူဋ္ဌေးကြီး၊ ဘုရားဒယကာကြီး ဦးနာအောက်သည် သက္ကရာဇ် ၁၁၉၄ ခု ၊ ကဆုန်လဆုတ် ၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားပြီး သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ နယုန်လဆုတ် ၁၂ ရက်နေ့၊ ၁၂ နာရီ၊ ၃၅ မိနစ်အချိန်တွင် ကွယ်လွန်လေသည်" ဟု ကမ္ပည်းထိုးထားပေသည်။

နိဗ္ဗာန်န ပစ္စယော ဟောတု ။ ။

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုတိုးလေး..............] 1 New Entry: ကျွန်တော်တက်နေတဲ့ကျောင်း

ကျွန်တော်တက်နေတဲ့ကျောင်း

အခုရေးတာကတော့ ကျွန်တော်အခုတက်နေတဲ့ ကျောင်းအကြောင်းပါပဲခင်ဗျာ။ ကျွန်တော်တက်နေတဲ့ကျောင်းကို အင်္ဂလိပ်လို Kamphaeng Phet Rajabhat University(มหาวิทยาลัยราชภัฏกำแพงเพชร) လို့ခေါ်ပါတယ်။ ကျောင်းမှာတော့လေ
1. Faculty of Education
2. Faculty of Industrial Techology
3. Faculty of Science and Technology
4. Faculty of Humanities and Social Sciences
5. Faculty Science Administration
........ရယ်ဆိုပြီး ၅ ခုရှိတယ် တစ်ခုစီမှာတော့ မေဂျာတွေ အများကြီးရှိပါတယ်။ ကျွန်တော်အခုသင်နေတာက ထိုင်းဘာသာနဲ့သင်ကြားနေတာပါ အင်္ဂလိပ်စာနဲ့ သင်ကြားနေတာမဟုတ်ပါဘူး......... ကျွန်တော်သင်နေတဲ့ဌာနကတော့ Faculty of Science and Technology ပါပဲဗျာ။ ပျော်စရာလည်းကောင်းပါတယ် ထိုင်းလူမျိုးတွေနဲ့နေရတော့ ထိုင်းစာနဲ့ ထိုင်းစကားတော့ တတ်တာပေါ့နော်။ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု လူနေမှုတွေကိုလည်း လေ့လာလို့ရတာပေါ့။ အားလုံးကိုသိစေချင်တဲ့ စိတ်လေးနဲ့ ဝေမျှပေးလိုက်တာပါဗျာ အားလုံးသော ညီအကို မောင်နှစ်မများ ပျော်ရွှင် ကျန်းမာကျပါစေဗျာ.




You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Htoo La Minn's bloG] 1 New Entry: Halloween Post

Halloween Post

The 2nd MBBS marks distribution in our medical university...

Class work 30%
Final theory paper 50%
Final Practical test 20%

You must have more than 50% to pass the exam.

Now I've done final theory paper and waiting for the practical test...

Hoping I could get good grades...

HAPPY HALLOWEEN EVERYONE!!!

You received this email because you are subscribed to the real_time feed for http://htoolaminn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[NYI LYNN SECK 18+ DEN] 1 New Entry: မြစ်ကြီးနား (၂)

မြစ်ကြီးနား (၂)

မြစ်ကြီးနား အထက (၃)မှာ ကျွန်တော်ဟာ အညတြ တစ်ဦးပါပဲ။ သိပ်စာတော်တဲ့ သူတွေကြားထဲမှာ ကျွန်တော့် အဆင့်ဟာ နောက်ဆုံးမှာ ရောက်နေခဲ့ရတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက စာစီစာကုံးရေးတာမှာ ကျွမ်းကျင်ခဲ့သူ ကျွန်တော်ဟာ ပထမဆုံး စာစီစာကုံး ပြိုင်ပွဲမှာ မြို့နယ် ဒုတိယ ရလိုက်တော့ အတန်းသားတွေရဲ့ ဂရုစိုက်မှုကို အနည်းငယ် ခံခဲ့ရပါတယ်။ ကျွန်တော်တို့ အတန်း မော်နီတာက အဟောက်နဲ့ မီမီတဲ့။ ခွန်းအောင်ဆိုတဲ့ ကချင် သူငယ်ချင်းလည်း ပါသေးတယ်။ အဟောက်နာမည်က အောင်နိုင်လင်း။ ဒီကောင်က နောက်ပိုင်း ၁၀တန်းမှာ ၃ဘာသာနဲ့ သွားဘက်ဆရာဝန် ဖြစ်သွားတယ်။ အခုတော့ အိမ်ထောင်ကျလို့ ရာထူးတောင် တက်တော့မယ်။ ကျွန်တော်နဲ့ ကျောင်းမှာ တွဲမိတဲ့ သူငယ်ချင်းတွေက ယဉ်ထွန်း၊ ခွန်းအောင်၊ လအောင်၊ အဟောက်၊ ကျော်ကျော်ထွန်း၊ မြင့်ဆွေ၊ နိုင်လင်းထွန်း၊ စောစိုးနေဝါး ဒီလောက်ပဲ။ မိန်းခလေးထဲကဆိုရင် ကျားညိ၊ အကျား၊ အတူး၊ ပြုံးချို၊ မိစံ ဒါအကုန်ပဲ။ ကျွန်တော်ကျောင်းဝင်ချိန်မှာ ရန်ကုန်ကို ပြောင်းသွားတာ တစ်ယောက်ကို မှတ်မိသေးတယ်။ ထက်ထက်လင်းတဲ့။ သူ့ကို ဒဂုံတစ် ဆုပေးပွဲမှာ တစ်ခါတွေ့လိုက်သေးတယ်။ အခုဆို သူလည်း ဆရာဝန် ဖြစ်နေပြီထင်တယ်။

ကျွန်တော်တို့ ကျောင်းကြီးက ရေနံချေးတွေနဲ့ ဝနေတဲ့ကျောင်းကြီး။ ဒါပေမယ့် ကျွန်တော်တို့ ကိုးတန်းအေ အခန်းက ကျောင်းဝင်ဝင်ချင်း တံခါးပေါက်နားမှာ သီးသန့်လေး ရှိနေတယ်။ သူ့ရဲ့ဘေးမှာ စက်ဘီးထားတဲ့နေရာ ရှိတယ်။ ရာသီချိန်ဆို ရဲနေအောင် ပွင့်တတ်တဲ့ စိန်ပန်းပင်ကြီး ရှိတယ်။ ကျောင်းမှာ သူ့နေ့အလိုက် စက်ဘီးတွေကို အဖွဲ့လိုက် ညီနေအောင် စီပေးရတယ်။ ကျွန်တော့် စက်ဘီးလေးက အစိမ်းရောင် ပြိုင်ဘီးလေး။ အဲဒီဘီးလေးကို ကျွန်တော် တော်တော်ချစ်တယ်။ ကျောင်းကို ဆိုင်ကယ်နဲ့ လာတဲ့သူက တော်တော်နည်းပါတယ်။ အားလုံးလိုလို စက်ဘီးနဲ့ လာကြတဲ့ သူတွေချည်းပဲ။ ရေခပ်တော့လည်း အသင်းလိုက် ခပ်ကြရတယ်။ ရေတွင်းကနေ သွားခပ်ရတာ။ အဲဒီရေတွင်းကနေ ဆက်သွားရင် ကျောင်းဈေးတန်းရှိတယ်။ အဲဒီကနေ ဆက်သွားရင် မြို့နယ်ပညာရေးမှူးရုံးကို ရောက်သွားရော။ 

ဆယ်တန်းရောက်တော့ ကျွန်တော်တို့ အတန်းမှာ နာမည်ကြီး ဝိုင်းနှစ်ဝိုင်းရှိတယ်။ တစ်ဝိုင်းက ကျားညိတို့အိမ်ကဝိုင်း၊ နောက်တစ်ဝိုင်းက Sunflower ခေါင်နောတို့ အိမ်ကဝိုင်း။ သူတို့ နှစ်ဝိုင်းစလုံးက စာတော်သူတွေချည်းပဲ စုနေတာမို့ အခြားသူတွေကိုလည်း လက်ခံတာ မဟုတ်ဘူး။ ဈေးကလည်း ကြီးသေးတယ်။ ပထမ ကျွန်တော့်မှာ သူတို့နဲ့လည်း သိပ်မခင်သေးတာမို့ ဘယ်ဝိုင်းကိုမှ မတက်နိုင်ခဲ့ဘူး။ ကျောင်းမှာတော့ စာစီစာကုံး ပြိုင်ပွဲတွေ အမြဲဝင်ပြိုင်ဖြစ်တယ်။ ကျောင်းမှာဆို ပထမ၊ မြို့နယ်ရောက်ရင် အထက(၁)က ခိုင်သက်အောင်က ပထမ ရရသွားတာနဲ့ ကျွန်တော် ပြုတ်သွားတာပဲ။ ကြာတော့ သူပဲရနေလို့ သံသယတောင် ဖြစ်လာတယ်။ ဘက်လိုက်တယ်ပေါ့။ နောက်ပိုင်း သူနဲ့လည်း တော်တော် ရင်းနှီးသွားတယ်။ သူက ခေါင်နောတို့ဝိုင်းမှာ တက်တယ်။ အထက(၁)မှာ သိတာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။ သူ့အိမ်နဲ့ ကျွန်တော့်အိမ်က နီးတာကြောင့်လည်း ပါတယ်။ သူတို့က မြို့တော်ခန်းမ ရှေ့ကတိုက်၊ ကျွန်တော်က သီတာ ဆက်သွယ်ရေးရုံး ထဲမှာဆိုတော့။ ဆယ်တန်း နှစ်ဝက်လောက်မှာ သူရန်ကုန်မှာ သွားဖြေဖို့ ပြောင်းသွားတယ်။ သူထွက်သွားတော့မှပဲ ကျွန်တော့်မှာ မြို့နယ်ပထမ ဖြစ်လာတော့တယ်။ ရန်ကုန်မှာ ဆုတွေဘာတွေ သွားယူလိုက်ရသေးတယ်။ ဒီလိုနဲ့ ဝိုင်းတွေတက်ဖို့ အဆင်မပြေသေးခင်မှာ ဆရာတွေသင်တဲ့ တချို့ အချိန်ပိုင်း Class တွေကို လိုက်တက်ရတယ်။ အမှတ်တရ တစ်ခုကတော့ သင်္ချာဆရာ ဦးဝင်းစိန်ဆီမှာ စာမေးပွဲငါးခုဖြေတာ အမှတ် ၄၉၅ကျော် ရလို့လား မသိဘူး နာရီတစ်လုံးရတယ်။ နောက်ပိုင်း ဈေးနားက နန်းမြအေးတို့ အိမ်မှာ ဝိုင်းပုံစံ တက်လိုက်သေးတယ်။ ခဏပါပဲ။ အဲဒီနောက်ပိုင်းကျမှ ကျားညိတို့ဝိုင်းကို ရောက်တော့တယ်။ သူ့မိဘတွေနဲ့ ကျွန်တော့်ဦးလေးနဲ့က သူငယ်ချင်းတွေတဲ့။ ဒီဝိုင်းကိုရောက်မှ အခုသူငယ်ချင်းတွေနဲ့ အရမ်းခင်သွားကြတော့တယ်။ 

အဟောက်က ဝီရိယ အရမ်းကောင်းတယ်။ ကျောင်းမှာဆို အချိန်ရှိသရွေ့ အော်ကြီးဟစ်ကျယ် စာကျက် နေတတ်တယ်။ ဒီကောင်က သဘောကောင်းတယ် ဒါပေမယ့် ပေပေတေတေ နေတဲ့ကောင်။ စကားပြောချင်ရင်လည်း စိတ်လိုလက်ရတွေ လာပြောနေတတ်တယ်။ တခါတလေ ကိုယ်ကပြန်ပြောရင် မသိသလို လုပ်နေတတ်သေးတယ်။ Family ဆိုတဲ့ စာရေးကိရိယာဆိုင် ဖွင့်ထားတယ်။ သူ့အိမ်မှာ စာမေးပွဲ ဖြေခါနီး စာသွားကျက်တော့ သူ့မားသားကြီးက တရုတ်အားတိုးဆေးလုံးကြီး တိုက်လိုက်လို့ တမေ့မော အိပ်ပျော်သွားတာ မှတ်မိသေးတယ်။ ယဉ်ထွန်းက စာသိပ်တော်တယ်။ မှတ်ဉာဏ်လည်း ကောင်းတယ်။ ဒီကောင်နဲ့ စာပြိုင်ဆိုရင် ကျွန်တော် ပြတ်ကျန်ခဲ့တာချည်းပဲ။ လျှာကလည်း မြန်သလားမမေးနဲ့။ တွတ်တွတ်တွတ်တွတ်နဲ့ တရစပ် ပြန်ဆိုနိုင်တာ။ သင်္ချာတွက်ရင်လည်း အဲဒီလိုပဲ ပါးစပ်ကနေ အရင်တွက်သွားလိုက်တာ မြန်မှမြန်။ ဒီကောင်က အသံကောင်းတယ်။ အဲဒီဝိုင်းမှာ ရှောက်ချမ်းဆိုတာ တစ်ကောင် ရှိသေးတယ်။ သူနဲ့ကတော့ ကျွန်တော်တို့ သိပ်အဖွဲ့မကျလိုက်ဘူး။ ဒီကောင်လည်း အသံကောင်းတာပဲ။ လေးဖြူတို့လို အသံမျိုး။ အဲဒီတုန်းက လေးဖြူရဲ့ ကမ္ဘာသစ်တေး၊ မျိုးကြီးရဲ့ ကျောက်စာများနဲ့ ကျွန်တော်က ဂစ်တာတီး ယဉ်ထွန်းကအော်နဲ့ တော်တော်ပျော်ဖို့ကောင်းတယ်။ ကျော်လှက ကျွန်တော့်ရဲ့ တရုတ်ဘာသာဆရာ။ သူက ကျွန်တော့်ကို တရုတ်စာရေးနည်း အသံထွက်တွေ သင်ပေးဖူးတယ်။ ဒီကောင်က ကျွန်တော်တို့ အခန်းကတော့ မဟုတ်ဘူး။ ဒါပေမယ့် ယဉ်ထွန်းတို့နဲ့ ပတ်သတ်ပြီး တော်တော်ခင်သွားကြတာ။ ကျော်ကျော်ထွန်းရဲ့ တရုတ်နာမည်က အားနုံတဲ့။ ကျွန်တော်တို့က ဦးနုံပဲ ခေါ်တယ်။ ထူအအ ပုံစံပေါက်နေလို့။ တကယ်တမ်းက သူလည်း စာသိပ်တော်တယ်။ ယဉ်ထွန်းလိုပဲ။ ဒီကောင်က အားလုံးထက် ပိုငြိမ်တယ်။ ကျွန်တော်တို့ ညဘက်တွေ သောင်းကျန်းကြပြီဆို သူမပါတတ်ဘူး။ ဒီကောင်လည်း စာပဲလုပ်နေတော့ အဲဒီကတည်းက ဘိုးတော်ရုပ် ထွက်နေတယ်။ အခုတော့ မန္တလေး ဆေးတက္ကသိုလ်မှာ သမီးလေးတွေရဲ့ ဆရာလုပ်နေလေရဲ့။ ထွေးအောင်ဆိုတဲ့ အားနိမ့်နဲ့က ဆယ်တန်းမှခင်တာ။ ဒီကောင်ကမင်းသား။ Heskey ဆိုတဲ့ ဆိုင်ကယ်ကြီးစီးပြီး ကောင်မလေးတွေကို ဖမ်းစားတတ်တယ်။ ဒါပေမယ့် အချစ်ရေး ကံမကောင်းဘူး ဘာညာနဲ့ ကျွန်တော့်ကို ပြောဖူးသလားပဲ သေချာတော့ မှတ်မိတော့ဘူး (ဟိ)။

ဆယ်တန်းနှစ်မှာ ကျွန်တော်နဲ့ အတွဲဆုံးက မြင့်ဆွေ။ မြင့်ဆွေတို့ဝိုင်းက ကောင်မလေးတွေ ချောလို့တဲ့ နာမည်ကြီးတယ်ဗျား။ ဒီကောင်ကလွဲပြီး ကျန်တဲ့သူတွေနဲ့ သိပ်မခင်ပါဘူး။ ဒီကောင်က စာထက် အတွေးအခေါ်ပိုင်းမှာ ပိုသန်တယ်။ အလုပ်လည်း ကြိုးစားတယ်။ သူတို့က အရင် ဈေးမြောက်ဘက်မှာ အိုးတွေ ရောင်းတယ်။ သမာဓိနဲ့ ကပ်လျက်ပဲ။ ကျွန်တော်နဲ့ ဒီကောင်နဲ့တွေ့ရင် ကြီးကြီးကျယ်ကျယ်တွေ စကြာဝဠာကစလို့ ပြောဖြစ်ကြတယ်။ ဒီကောင့် တရုတ်နာမည်က သာဖိန့်တဲ့။ ဒါပေမယ့် သူက သူ့ကိုယ်သူ ဂျွန်လော့ဒ်ကို အားကျပြီး ဂျွန်ဖိန့်လို့ ပြောတတ်တယ်။ ဒီကောင်ကအခု ထိုင်ဝမ်မှာ ကျောင်းမပြီးသေးဘူးနဲ့တူတယ်။ သူရအောင်ဦး ဆိုတဲ့ အားတီက မြင့်ဆွေနဲ့ ပတ်သတ်ပြီး ခင်လာတာ။ ဒီကောင်က အရင် ဆီလုပ်ငန်းလုပ်တယ်။ သူလည်း မင်းသားပဲ။ အခုတော့ အိမ်ထောင်ကျပြီး အီလက်ထရောနစ် ပစ္စည်းတွေကိုင်နေလေရဲ့။ သူ့မိန်းမကို ကျွန်တော်တို့က အပျိုကြီးလို့ခေါ်တာ မှတ်မိတယ်။ ကျော်လှတို့အိမ်နားက စတိုးဆိုင်က။ နာမည်တော့ သိပ်မမှတ်မိတော့ဘူး။ စောစိုးနေဝါးဆိုတာ ကျွန်တော်တို့ ကျောင်းတက်တုန်းက သူ့အဖေက ကချင်ပြည်နယ် ရဲမှူးကြီး။ ဒီကောင်ကလည်း တခါတလေ အူကြောင်ကြောင်။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ကျွန်တော်ရယ် ဒီကောင်ရယ် အဲဒီတုန်းက အညံ့ဆုံးပဲ။ ဒီကောင့်မှာ အမတစ်ယောက် ညီမတစ်ယောက်၊ အကိုတစ်ယောက် ရှိတယ်။ အားလုံး ချောကြတယ်။ ဒါပေမယ့် ဒီကောင်က ကျန်တဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ သိပ်မခင်ဘူး။ တွဲဖြစ်တာက ကျွန်တော်ရယ်၊ မြင့်ဆွေရယ် နှစ်ယောက်ပဲ ရှိတယ်။ အားယုံနာမည်က အောင်နိုင်မြင့်။ သူတို့ဆိုင်က မြစ်ကြီးနားဈေး အနောက်မြောက်ထောင့်မှာ။ နာမည်ကြီးပဲ။ သူနဲ့ အားနိမ့်နဲ့က အတွဲညီတယ်။ လုပ်ပုံကိုင်ပုံတွေ တူကြတယ်။ 

မိန်းခလေးတွေထဲက ကျားညိ၊ အကျားနဲ့ ပြုံးချိုက ပုံစံတူတယ်။ သူတို့ကို ကြည့်လိုက်တိုင်း သနပ်ခါး ဘဲကြားလေးတွေနဲ့။ စကားလည်း နည်းကြတယ်။ စာမှာတော့ ဆရာကြီးတွေပေါ့။ အတူးက သူတို့နဲ့ သိပ်မတူဘူး။ သူက သွက်တယ်။ ကျောင်းမှာ စတားပေါ့။ ကျားညိက မန္တလေးဆေးကနေ ဒေါက်တာဖြစ်နေပြီ။ ဒီအလုပ်နဲ့ သူနဲ့က လိုက်ပါတယ်။ သူက အေးလည်းအေးတယ်။ စာလည်းတော်တယ်ဆိုတော့။ အကျားက MIT ကနေ စင်္ကာပူ NTU မှာဘွဲ့လွန်တွေတက်ပြီး အခုတော့ ထောနေပြီ ကြားတယ်။ ကျွန်တော်နဲ့သူနဲ့ စင်္ကာပူမှာ တစ်ခါပဲ ကောင်းကောင်း ဆုံလိုက်တယ်။ ခင်ခင်ထွေးလည်း အဲဒီမှာပဲ။ အတူးက မန္တလေးကနေ Pharmacy နဲ့ကျောင်းပြီးတယ်။ အခုတော့ ဒီဇင်ဘာမှာ ဘာလုပ်မယ် ဆိုလားပဲ။ မိစံက ဖြူမိစံကနေ ဖြူမင်းစံလို့ နာမည်ပြောင်းလိုက်တယ်။ ကျောင်းတုန်းက သူနဲ့ အဲဒီလောက် မခင်ဘူး။ သူလည်း ၁၀တန်းမှာ ရန်ကုန်ကို ပြောင်းသွားတာ။ ဒါပေမယ့် ခင်သာမခင်တယ် သူ့နာမည်က အမြဲကြားနေရတာမို့ (?) လူချင်း သေချာမခင်သေးခင် ကတည်းက ရင်းနှီးနေတာ။ ၁၀တန်းပြီးတော့ သူတို့ မြစ်ကြီးနား လာလည်တော့မှ ကျွန်တော်တို့ တော်တော် ခင်သွားကြတော့တယ်။ သူလည်း ထိုင်ဝမ်သွားလိုက်သေးတယ်။ အခုတော့ စင်္ကာပူမှာ အခြေကျနေပြီပေါ့။ ပြုံးချိုက နာမည်နဲ့လိုက်အောင် အမြဲပြုံးနေတတ်တယ်။ ကျွန်တော် စင်္ကာပူမှာတုန်းက သူဓာတ်လိုက်ခံရတဲ့သတင်း ကြားလိုက်ရတော့ စိတ်တော်တော်မကောင်း ဖြစ်သွားတယ်။ မဟာဓာတ်အားလိုင်းကြီး ကိုယ်ပေါ်ကို ဖြတ်စီးတာ ကံကောင်းလို့ မသေဘဲ လွတ်သွားတဲ့သူပေါ့။ 

ကျွန်တော်တို့ ဝိုင်းတက်တာ သိပ်ပျော်ဖို့ကောင်းတယ်။ စာသင်ပြီးရင် ကျွန်တော်တို့တွေ အုပ်စုလိုက် မြို့သစ်ထဲက အသုတ်ဆိုင်လေးမှာ အမြဲသွားတီးကြတယ်။ တခါတလေလည်း လီဒိုလမ်းတလျောက် ဆိုင်ကယ်တွေ ပတ်စီးကြပေါ့။ တခါတလေလည်း ကာရာအိုကေတွေ သွားဆိုကြသေးတယ်။ အောင်စာရင်းတွေ ထွက်တော့ ကျွန်တော် မြစ်ကြီးနား တက်လာတဲ့အချိန်မှာ ဗလမင်းထင် တံတားကလည်း ပြီးနေပြီ။ ဆိုင်ကယ်တွေနဲ့ တရုတ်တောင်ဘက်ကို သွားလည်ကြတာ ကျွန်တော့် ဘဝမှာ သူငယ်ချင်းတွေနဲ့ ပျော်စရာအကောင်းဆုံး အမှတ်တရ တစ်ခုပါပဲ။ ဒါမျိုးဟာ နောက်တစ်ခါ ပြန်မရနိုင်တော့ဘူးလေ။ ဒီလူတွေအားလုံး ပြန်စုံဖို့ ဆိုတာလည်း မလွယ်တော့ဘူး။ တရုတ်သင်္ချိုင်း  ကန်တော့ပွဲမှာ သောက်ကြစားကြတာတွေလည်း ပြန်သတိရနေမိတယ်။ ဟိုးအရင်က ဆုတောင်းပြည့် ဘုရားရှေ့က လမ်းကြားလေးဟာ အခုဆို Lover Lane ဆိုပြီး နာမည်ကြီးနေပြီ။ ဧရာဝတီမြစ်တလျောက် ဆိုင်လေးတွေနဲ့ အတွဲတွေနဲ့ သာယာလို့နေတယ်။ အရင်ကျွန်တော်တို့ သွားတုန်းက တက္ကသိုလ်ရှေ့က ကျောက်ခင်းလမ်းကြီးလည်း အခုတော့ နိုင်လွန်ကတ္တရာတွေနဲ့ ဖြူးလို့။ ရေစင်ကြီးမှာတော့ ပျားအုံကြီးတွေ ရှိနေတုန်းပဲ။ အရင် ဘူတာတိုက်တန်းတွေ နေရာမှာ စတိုးဆိုင်တွေနဲ့ စည်ကားနေပြီ။ ညဈေးက ကြက်ဥကဇော်ကလည်း သောက်လို့ ကောင်းတုန်းပဲ။ ဒါပေမယ့် ညဈေးက အင်္ကျီဈေးတန်းကြီးလို ဖြစ်နေပြီ။ ညနေခင်းဆို နနွင်းတက်နံ့လေးတွေ၊ မီးခိုးနံ့လေးတွေကတော့ ရနေတုန်းပဲ။ ဟိုးတုန်းက ကျွန်တော် စားနေကျ ညီအမသုံးယောက်ရဲ့ အသုတ်ဆိုင်ကိုတော့ မတွေ့တော့ဘူး။ 

ဒီတစ်ခေါက် ၁၀နှစ်ကျော်အကြာမှာ ကျွန်တော် မြစ်ကြီးနားကို ပြန်သွားတော့ လူတွေ မစုံတော့ဘူး။ ကိုယ့်အလုပ်တွေနဲ့ကိုယ်လည်း ဖြစ်နေကြပြီ။ သူငယ်ချင်းဟောင်းတွေနဲ့ ကိုယ့်မြို့လေးမှာ ပြန်တွေ့တာ ဝမ်းသာမိပေမယ့် အရင်ကလို ကလေးဘဝ ပျော်ရွှင်မှုတွေကိုတော့ မရနိုင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ သူငယ်ချင်းတွေအားလုံး ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စီးပွားရေးသမားတွေ ဖြစ်ပြီး အောင်မြင်နေကြတာကို ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော်ကတော့ သူတို့တွေကို ဒီနေရာကနေပဲ အမှတ်တရ မှတ်တမ်းတင်နိုင်သူပေါ့။ 




You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်မြေ] 1 New Entry: ကမ္ဘာ့ဘာသာအယူဝါဒများ (၁)

ကမ္ဘာ့ဘာသာအယူဝါဒများ (၁)

ဘ၀ကိုဘယ်လို ရပ်တည်နေထိုင်ကြမလဲ၊
တစ်ပါးသူကို ဘယ်လို ဆက်ဆံပြုမူကြမလဲ၊
ဒုက္ခဆင်းရဲတွေကို ဘယ်လို ရှောင်ရှား ကြမလဲ ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့၊ ဘဝဆိုတာဘာလဲ၊

စကြဝဠာဘာကြောင့် တည်ရှိနေရသလဲ၊
လူတွေသေပြီးရင် ဘာဖြစ်ကြကုန်သလဲ စတဲ့ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေက လူသားတွေကို ဒီနေ့ထိ ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့ ဘာသာတရားအသီးသီးက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။ လူ့သမိုင်း အတွက် လူများစုရဲ့ ဘဝနေနည်းနဲ့ ဘဝအဓိပ္ပာယ်ကို ဘာသာရေးက ပေးခဲ့ပါတယ်။ အယူဝါဒချင်း တွေ့ကြတဲ့အခါ ဒါမှမဟုတ် အယူဝါဒနဲ့ ဘာသာမဲ့တို့ ဆုံကြတဲ့အခါမှာ ဒီနေ့ကမ္ဘာကြီးမှာရော၊ တိုးတက်မှုနှေးကွေးတဲ့ အတိတ်တုန်းကပါ အငြင်းအခုန်တွေ နှလုံးထိခိုက်ရတဲ့ အကြမ်းဖက်မှုတွေ စိမ်ခေါ်မှုနဲ့ အပြောင်းအလဲတွေ မကြာခဏ ကြုံတွေ့ကြရ ပါတယ်။

တစ်ဦးရဲ့ယုံကြည်မှုကို တစ်ဦးကပိုပြီး သဘောပေါက် နားလည်လာမယ်ဆိုရင် ယုံကြည်မှု စနစ်ချင်းမတူ ကွဲပြားမှုကြောင့် ပေါ်ထွက်လာတဲ့ ပြဿနာတွေကို ပိုပြီးလွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်လို့ လူအများက ယူဆလာကြ ပါတယ်။ ဒါပေမယ့် သိထားယုံနဲ့မလုံလောက်၊ အမှန်တကယ် နားလည်သဘောပေါက် ကြဖို့ လိုအပ်ပါတယ်။ ဘာသာအယူဝါဒတွေရဲ့ နောက်ခံသမိုင်းကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဖော်ပြချက်ကနေ နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် ဆက်လက် လေ့လာကြဖို့ ရည်ရွယ်ပါတယ်။ ကိုယ်လက်ခံထားတဲ့ အယူဝါဒနဲ့ မကိုက်ညီတဲ့ တင်ပြချက်တွေ တွေ့ရတဲ့အခါ ဒါတွေကို စတင်လေ့လာမှု တာထွက် အဖြစ် သဘောထားရပါမယ်။

ဘာသာဆိုတာ " ပြန်လည်ဆက်စပ်ခြင်း " လို့ အဓိပ္ပာယ်ရပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ လူသားတွေက ကမ္ဘာကြီးရဲ့ အထူးအဆန်း အံ့သြစရာတွေနဲ့ ထိတွေ့ခဲ့ရတိုင်း ဒီအဖြစ်အပျက်ရဲ့ အကြောင်းရင်းတွေကို သိရှိနားလည်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ဒီအဖြစ်အပျက်တွေရဲ့ မူလအရင်းအမြစ်နဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ခေတ်သစ် သိပ္ပံပညာရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းကြသလို ဘာသာရေး တရားတွေကလည်း ကမ္ဘာကြီးရဲ့ မူလအစနဲ့ ပြန်လည်ဆက်စပ်ဖို့ အားထုတ်ကြပါတယ်။

ဒီလို ပြန်လည် ဆက်စပ်ဖို့ နည်းနာနိဿယျ တွေကိုလည်း ဘာသာတရားတွေက ပေးပါတယ်။ မမျှော်လင့်ဘဲ အစစ်အမှန်နဲ့ တိုက်ရိုက် ထိတွေ့မှုရဖို့ ဓာတ်စီးသူနဲ့ အားကိုးရှာသူ၊ နတ်ဝင်သည်နဲ့ နတ်မေးသူ စတဲ့ ပုံသဏ္ဍာန်မျိုးစုံ နာမ်လောက လုပ်ငန်းတွေကို မြင်တွေ့ရပါ လိမ့်မယ်။ အစစ်အမှန်က လူသားတွေနဲ့ တသီးတခြား လွတ်လွတ်ကင်းကင်း တည်ရှိနေတာဖြစ်ပြီး စကားလုံးတွေကို ကျော်လွန်တဲ့ နောက်ဆုံးအပြီးသတ် အမှန်တရားပါ။ အစစ်အမှန်ကို ဘယ်လို နားလည် သဘောပေါက်သလဲ ဆိုတဲ့ အချက်က အစစ်အမှန်ကို ဘယ်လိုရောက်အောင် အဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ အစစ် အမှန်ဆီ ဘယ်လိုရောက်အောင် သွားမလဲဆိုတဲ့ အချက်တွေပေါ်မှာ တည်ပါတယ်။

ယဉ်ကျေးမှုမျိုးစုံ ရောယှက် ကူးလူးတိုးပွား ဖြစ်ထွန်းနေတဲ့ ကမ္ဘာကြီးမှာ ဘာသာတရားတွေ အားလုံး တစ်ခုနဲ့တစ်ခု အမှန်တကယ် ပဋိပက္ခ ဖြစ်ပွားနေကြပါသလား၊ ဒါမှမဟုတ် တစ်ခုတည်းသော အစစ်အမှန်ဆီ မတူကွဲပြားတဲ့ လမ်းအသွယ်သွယ် ကနေပြီး ရိုးရိုးသားသား လျှောက်လှမ်းနေကြတာလား။ အခု လက်ရှိအချိန်မှာတော့ ဒီမေးခွန်းတွေ အတွက် အဖြေတွေ မရှိသေးပါ။ အများမြင်နေကြတဲ့ အမျိုးအမည် ကွဲပြား ခြားနားနေတဲ့ ဘာသာတရားတွေရဲ့ နောက်ကွယ်မှာ အများနဲ့ အကြုံးဝင် ပတ်သက်တဲ့ ဘုံဝိသေသလက္ခဏာတွေ ရှိ-မရှိ ဆိုတာ ဆက်လက် လေ့လာကြည့် ရအောင်ပါ။
(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

You received this email because you are subscribed to the real_time feed for http://wwwsuye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: အဇ္ဈတ္တလောကီ

အဇ္ဈတ္တလောကီ

ကြီးမားကျယ်ပြန့်တဲ့
ကောင်းကင်ကြီးမှာ
မိုးတိမ်တွေ ရှုတ်ထွေးနေသလို

ခေါင်းတွေထဲမှာလည်း
အတွေးဆတွေ ဗလပွနဲ့
စိတ်မှာက
သောကတွေ ဒဏ်ရာရနေတယ်။

အမေရယ်
ညီလေးကိုမနှိုးလိုက်ပါနဲ့။ ။

ရိုး(ခေတ္တရာ)

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[K] 1 New Entry: ဧည့်ရိပ်သာ

ဧည့်ရိပ်သာ

ခုရက်ထဲ..ကဗျာ အရူးထနေတာ မဟုတ်ပါဘူး။ စာဖတ်သူ Hush က- ထပ်ပြီး ဝေမျှပေး လို့- အကြောင်းကလည်း တိုက်ဆိုင်တုန်း..၀ါသနာကလည်း မနေသာ သမို့- လျှောက် ပြီး စကားဖလှယ်ကြည့်နေတာပါ။ တော်ကြာ မောင်သာနိုးတို့မြင်ရင်..အိမ်မက်ဆိုးတွေ မက်နေမှာ လည်း စိုးရတယ်။း)

ကိုယ်က..စာကြီးပေကြီးလည်း သိပ်မဖတ်ဘူးတော့..အခုလို..တကူးတက..ဂန္ဓ၀င်စာပေ လင်္ကာတချို့ ကြုံကြိုက် ဖတ်ရှုရတာ..အတော့်ကို ကျေးဇူးလည်း တင်ပါတယ်။ Rumi ဆိုတာ..၁၁ ရာစု လောက်က..ပါရှန်း ကဗျာဆရာ ကြီး ဆိုတော့..အတော် ဂန္ဓ၀င် မြောက်နေပြီပဲ။ လောက သားကောင်..လူ့သဘာဝ..တွေကို လွတ်လွတ်လပ်လပ် ကြီး အခွင့်ပေး စပ်ဆို ထားတာတွေကိုး။ ဒါပေမဲ့.. ထိန်းချုပ်ခြင်း..စောင့်ထိန်းခြင်း..ကျင့်ကြံခြင်း ဆိုတဲ့ သီလတရား ကိုတော့..ခါးသက်လို့လားတော့မသိ- သူဘာလို့ ထဲ့ မစပ်ဆို ခဲ့သလည်း လို့လည်း တွေး မိတယ်။ ကြည့်ရတာ- ရှေးဦး အိပ်ဇစ် ဘိုးအေ ကြီး တယောက် ဖြစ်လိမ့်မည် ။ အိပ်ဇစ် ကတော့..လူဆိုတာ စဖြစ် ကတည်းက.. အိပ်ဇစ် ပဲလေ။ ဒါပေမဲ့..အကန့်အသတ် အတားအဆီး မဟုတ်ရင်တောင်..စည်းဘောင်တခု တော့ ရှိသင့်တယ် မဟုတ်လား။

ဘာပဲပြောပြော- ခံစားဘာသာပြန်ကြည့်လို့တော့ .. ကောင်းသားပါ။



The Guest House

This being human is a guesthouse.
Every morning a new arrival
A joy, a depression, a meanness,
Some momentary awareness comes
As an unexpected visitors.

Welcome and entertain them all !
Even if they're a crowd of sorrows,
Who violently sweep your house
Empty of its furniture,
Still, treat each guest honorably.

He may be cleaning you out
For some new delight.

The dark thought, the shame, the malice,
Meet them at the door laughing,
And invite them in.
Be grateful for whoever comes,
Because each guest has been sent
As a guide from beyond.

(Rumi)
++++++++
ဧည့်ရိပ်သာ-

ဒီခန္ဓာကိုယ် ကြီးက ဧည့်ရိပ်သာ ဆိုတော့
နေ့သစ်တိုင်းမှာ သူတို့ရောက်လာ ပေါ့-
ပျော်ရွှင်မူ- စိတ်ပျက်မူ- တွန့်တိုမူ တဲ့လား
တဒင်္ဂ အခိုက် သတိရှိရင်တောင်
မမျှောင်လင့်တဲ့ ဧည့်ယောင်ဆောင် လို့။

အားလုံးကို ကြိုဆို ဧည့်ဝတ်ပြုရဲ့-
နင့်ရိပ်သာထဲက..ရှိသမျှ-ပရိဘောဂ
သူတို့က-ဒလကြမ်း မွှေနှောက်-
မဖြေဖျောက်နိုင်တဲ့ ပူဆွေးမူ တထွေးကြီး ဆိုရင်တောင်-
တယောက်စီ တိုင်းကို- ဂုဏ်သရေ ရှိစွာ
လက်ဆွဲ နှုတ်ဆက် လိုက်ပါလေ။

ကျေနပ်ဝမ်းမြောက်ခြင်းတွေလည်း ခြင်းနင်းဝင်ရောက်-
ဖြေဖြောက်လို့ပေးဦးမတဲ့-

အတွေးညစ်ညစ်- ရှက်ရွံ့ခြင်း နဲ့ မလိုတမာ မာန်မာနတွေ-
တံခါးဝမှာ ပြုံးလို့ရောက်လာ-
ဖိတ်သာ ဖိတ်ခေါ်- ပျော်ချင်လည်း ပျော်ကြ-

ဘယ်သူတွေ ပဲလာလာ- ကျေနပ်ဝမ်းမြောက်ပါလေ
နင့်ဂေဟာကို စောင့်ကြပ်ဖို့ သူတို့တွေကို-
စေလွှတ်လိုက် တာ မို့ပါ။

++++++

ဤလူသား ခန္ဓာသည်- ဧည့်ဂေဟာတခု
တမိုးသောက်တိုင်း- ဧည့်သည်သစ်တို့ ရောက်လာစမြဲ
ပျော်စရာ- ၀မ်းနည်းစရာ- ရွံမုန်းစရာတွေနဲ့
တချို့သော တဒင်္ဂ အသိတရားများဟာ
မမျှော်လင့်ထားတဲ့ ဧည့်သည်များလို-

ဧည့်ခံ ကြိုဆိုလိုက်ပါ အားလုံးကို-

ဝမ်းနည်းပူဆွေးမူ ဧည့်သည် တသိုက်ဟာ
သင့်ဂေဟာကို အကြမ်းဖက်လို့-
ပရိဘောဂ တန်ဆာများကို
သုံးမရ အောင် ဖျက်ဆီးသည့်တိုင်
ဂုဏ်သရေ ရှိ ဧည့်သည်များ သကဲ့သို့
သင်ပြုစု စောင့်ရှောက်လိုက်ပါလေ။

ဧည့်သည်များဟာ သင့်ရဲ့ဂေဟာကို
အပျော်သစ်တွေနဲ့ နေရာချဖို့-
ရှင်းလင်းပေးတာ ဖြစ်နိုင်ကောင်းရဲ့။

မစ္ဆိရိယ- ဟီရိသြတပ-အာဂါတ
ရောက်ရှိလာသူ ဘယ်သူမဆို
ပရ၀ဉ်မှာ တွေ့ဆုံစည်းလို့
ရီမော ပျူငှါ ဖိတ်ခေါ်ပါလှည့်-

အကြောင်းဆိုသော်-
ဧည့်ကိုယ်စီကား- ကြမ္မာတံတိုင်း တနိုင်းဆီက
အကြောင်းဖန်ကာ ရောက်လာသူမို့။

( translated by Hush)

You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးဦးဝေလွင်] 1 New Entry: ခံစားချက်(၃)

ခံစားချက်(၃)

You received this email because you are subscribed to the real_time feed for http://moeoowailwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Khin Ma Ma Myo's Blog] 1 New Entry: Happy Halloween!

Happy Halloween!





You received this email because you are subscribed to the real_time feed for http://khinmamamyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 2 New Entries: ခဲတံများ

ခဲတံများ

Immediate release of AAPP Statement

Date: October 30, 2008

On October 29th 2008, nine leaders of the 88 Generation Students Group were sentenced to 6 months imprisonment by Northern Rangoon district court.
During the court hearing, Min Ko Naing and other defendants stood up and complained about the lack of a free and independent judiciary. The presiding judge accused them of interrupting court procedures and charged them under Section 228 of the Penal Code for contempt of court. He handed down a six-month sentence for nine student leaders - Min Ko Naing, Ko Ko Gyi, Mya Aye, Pyone Cho (aka) Htay Win Aung, Aung Thu, Htay Kywe, Nyan Lin, Myo Aung Naing, and Hla Myo Naung. The remaining defendants in court stood up and demanded that the judge sentence them too. The judge ordered security forces to remove the defendants from the court and adjourned the trial.
"Trials for political prisoners are grossly unfair," said Ko Tate, secretary of the Assistance Association for Political Prisoners (AAPP). "Judges and law officers are not operating independently of the ruling State Peace and Development Council. In this case 88 Generation leaders have been harshly punished simply for calling for their right to a free and fair trial to be respected."

- ENDS -

Back ground information
1. Min Ko Naing (Paw Oo Tun) was arrested on 22 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
2. Ko Ko Gyi was arrested on 22 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
3. Mya Aye (Thu Ya) was arrested on 22 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
4. Pyone Cho (Htay Win Aung) was arrested on 22 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
5. Aung Thu was arrested on 13 October 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
6. Htay Kywe was arrested on 13 October 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
7. Nyan Lin was arrested on 21 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
8. Myo Aung Naing (Aung Naing) was arrested on 23 October 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
9. Hla Myo Naung was arrested on 10 October 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.


AAPP
More information, please contact:
Ko Tate Naing on +66-(0)81-2878751
Ko Bo Kyi on +66-(0) 81-3248935

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.