Friday, October 31, 2008

[Nine Nine SaNay] 1 New Entry: သစ်နီပင် (Sequoia)

သစ်နီပင် (Sequoia)


Sequoia အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်တွင် ပေါက်နေသော သစ်ပင်နီကြီးမျိုး (တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓာန်)

ကာလီဖိုးနီးယားပြည်နယ်ရှိ နာမည်ကြီး သစ်နီပင် တောအုပ်ရှေ့တွင် ကမ္ဘာလှည့်ခရီးများက မိုးယံထက်သို့ ထိုးထောင်မြင့်တက်နေသော ဧရာမသစ်ပင်ကြီးများကို ကြည့်ပြီး အံ့သြနေကြသည်။

"ကာလီဖိုးနီးယားမှာရှိတဲ့ ဒီသစ်နီပင်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး သစ်ပင်ဖြစ်တယ်။ အမြင့်က ၉ဝမီတာရှိပြီး တိုက်အထပ် ၃ဝလောက်ရှိတယ်" လမ်းညွှန်ဂိုက်က ရှင်းပြသည်။

"သစ်ပင်က ဒီလောက်မြင့်ရင် သူ့အမြစ်လည်း တော်တော်ရှည်မှာပဲနော်" ခရီးသည်က မေးသည်။

"မဟုတ်ဘူး။ ဒီသစ်နီပင်တွေက အမြစ်တိုတဲ့ အပင်မျိုးတွေဖြစ်တယ်"

"ဒါဆိုရင် လေပြင်းမုန်တိုင်း ကျတာနဲ့ အမြစ်ကနေ အလွယ်တကူ လှန်ထွက်နိုင်တာပေါ့?"

"ဒီအပင်တွေမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကာလီဖိုးနီးယား သစ်နီပင်တွေက တစ်စုတစ်စည်းထဲ ပေါက်ရောက်ကြတယ်။ မြေအောက်မှာရှိတဲ့ သူတို့ရဲ့ အမြစ်တွေကလည်း အချင်းချင်း ချည်နှောင်ကြတယ်။ ကွန်ယက်သဏ္ဍာန် ချည်နှောင်ထားကြတဲ့ တစ်ချို့အမြစ်တွေရဲ့ ဧရိယာ အကျယ်အဝန်းက ထောင်ပေါင်းများစွာ ကျယ်ဝန်းတယ်။ လေပြင်းမုန်တိုင်းက ဒီမြေကြီးတစ်ခုလုံးကို မလှန်နိုင်သမျှ သူတို့ဘယ်လိုမှ လဲနိုင်မှာ မဟုတ်ဘူး"

လမ်းညွှန်ရှင်းပြနေသော သဘာဝ၏ ဆန်းပြားမှုထဲ ကမ္ဘာလှည့်ခရီးသည်များ စီးမြောနစ်ဝင်ကုန်ကြသည်။

"အမြစ်တွေ ရှည်လျှားအောင် ထိုးစိုက်ဖို့ မလိုတဲ့အတွက် သစ်နီပင်တွေဟာ မြေကြီးထဲ ထိုးစိုက်မယ့်အားကို အပင်ကြီးမြင့်ဖို့ အသုံးပြုခဲ့ကြတယ်။ အမြစ်တိုတဲ့အတွက် လိုအပ်တဲ့ အာဟာရကိုလည်း အလျှင်အမြန် စုတ်ယူနိုင်တယ်။ ဒါဟာ ဒီသစ်နီပင်တွေ ကြီးထွားရခြင်းရဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်တယ်"

လူ့အသိုင်းအဝိုင်းလည်း သစ်နီပင်ကဲ့သို့ပင်။ လူတိုင်းနှင့် မိတ်ဆွေဖွဲ့ခြင်းဖြင့် သတင်း၊ အကူအညီများကို အလျှင်အမြန် ရယူနိုင်သလို သစ်နီမြစ်ကဲ့သို့ စုပေါင်းညီညွှတ်ခြင်းဖြင့် အလွယ်တကူ မလဲပြိုနိုင်ဘဲ အင်အားကြီးထွားစေသည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မူရင်း Wang Yi-chia (文/王溢嘉,2000年 ,收錄於《智慧的花園》一書)

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.