International Cartoons (5)
နိုင်ငံတကာ ကာတွန်း (၁) သို့
နိုင်ငံတကာ ကာတွန်း (၂) သို့
နိုင်ငံကကာ ကာတွန်း (၃) သို့
နိုင်ငံတကာ ကာတွန်း (၄) သို့
နိုင်ငံတကာ ကာတွန်းတွေ လျှောက်လျှောက် ကြည့်မိသလောက် အပိုင်း (၅) အထိ ရောက်လာ ခဲ့ပြီ ဖြစ်ပါတယ်။ ကျနော် အဲလို နိုင်ငံတကာ ကာတွန်းတွေ လျှောက်ကြည့်ဖြစ်ရာမှာ ဒီဖက် မြန်မာပြည် ပြင်ပမှာဆို အဲလို ကာတွန်းတွေ ရေးနေတာ ဧရာဝတီက ပင်တိုင် ကာတွန်းဆရာ ဟန်လေး ကိုပဲ တွေ့မိပါတယ်။ တော်တော်လည်း သဘောကျမိပါတယ်။
ကာတွန်းအတွက် ကိုယ်တိုင်က ငပြောင်လုပ်ရတာ ၀ါသနာပါတော့ အိုင်ဒီယာ ထွက်ပေမဲ့ အရုပ် မရေးနိုင်လို့ မဖြစ်နိုင်ပါဘူး။ ကျနော့် အဖေ စောစော ဆုံးသွားတော့ ကျနော်လည်း သူ့ဆီက ပညာတွေ မသင်လိုက်ရပါဘူး။
ဒါပေမဲ့ ကျနော် ငယ်ငယ်က ကျောင်းမှာ စာသင်နေရင် နားမထောင်ချင်ပဲ ပျင်းလာရင် ဘေးတစောင်းပုံ စက်ရုပ် လူသား မျက်နှာတွေ ထိုင်ဆွဲပြီး ဇာတ်လမ်းဆင် စိတ်ကူးယဉ်နေ တတ်ခဲ့ပါတယ်။ အခုတော့ စိတ်ပါ ၀င်စားမှု မရှိတဲ့ စာတွေ သင်နေရပြီဆို အခုကျတော့ ဘေးတစောင်းပုံ လူမျက်နှာတွေ ထိုင်ဆွဲနေတတ်ပါတယ်။ အဲဒါတွေနဲ့ ကာတွန်းတွေကို (အဖြစ်) လုပ်လို့ ရပေမဲ့ ကျနော် လက်ရာက အထက်ပါ မြင်ရတဲ့အတိုင်း အရမ်းရှုပ်ပါတယ်။
ကိုယ့်ဟာကိုယ် ဆွဲရင်း ဆွဲရင်း ရလာတာ ဆိုတော့ စံနစ်လည်း မကျပါ။ တစ်ကြောင်းဆွဲ ဆွဲချင်သော်ငြားလည်း ဆွဲတဲ့ တစ်ကြောင်းကို မကျေနပ်လို့ ပြန်ပြင်ရင် ပြန်ပြင်ရင်းနဲ့ အကြောင်း ၁၀၀ ဆွဲဖြစ်သွားပါရောလား... အဟီး။ စကင်နာ နီးနီးရှိနေလို့ တင်ပေး လိုက်ပါတယ်။
ကဲ... ဒီတစ်ခါ နိုင်ငံတကာ ကာတွန်း (၅) ကတော့ ငြိမ်းချမ်းရေးနှင့် အကျဉ်းထောင်၊ အကြောင်းအရာ နှစ်ခုကို ပေါင်းထားပါတယ်။ Credit to cartoonists ပါ။
ပစ္စည်းအမည် - ငြိမ်းချမ်းရေး
အမျိုးအစား - စည်သွတ်ဘူး
ထုတ်လုပ်သည့် နိုင်ငံ- အမေရိကန် ပြည်ထောင်စု
ရောင်းချမည့် နိုင်ငံ - အစ္စရေးလ်

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.