မိတ်ဆွေများရဲ့စကားလုံးများ
စိတ်ဝင်တစား ဘာသာ ၀ိုင်း ပြန်ပေး ထားကြတဲ့..မိတ်ဆွေများ ရဲ့ စာလုံး ရွေးချယ်မူလေး တွေပါ။
ဒါက- သူငယ်ချင်း ဆာဒူးကြီး က ပြန်ပေးတာပါ။
ဒါက- သူငယ်ချင်း ဆာဒူးကြီး က ပြန်ပေးတာပါ။
ငါကတော့ ဘာကောင်မှမဟုတ်ဘူးလကွယ့်
မင်းကရောဟေ့........
မင်းလဲဘာကောင်မှမဟုတ်ဘူးပဲလား
ကဲ ဘာမှမပြောလိုက်နဲ့တော့
ငါတို့ ကနှစ်ကောင်ဖြစ်ပြီပေါ့
သိတယ်မဟုတ်လား ဒင်းတို့ ကမောင်းထုတ်နှင်ခွာမှာပ။
တစုံတယောက်ဖြစ်ဖို့ 
ဘယ့်ဂလောက် ငြီးငွေ့ထိုင်းမှိုင်းစိတ်ကျဖွယ်ဖြစ်.........
ဘယ့်ဂလောက်လူမြင်သူမြင်လူပုံအလယ် ဖြစ်ရ......
တစ်နေ့တာရှည်လျှားလှ ...
မင်းဘယ်သူဆိုတာ
ဖားတကောင်လို နှစ်လိုတပ်မက်
စိမ့်မြေနုန်းလွှာကို နှုတ်ဟမြည်ကြွေးရပေါ့...။
+++++
ငါဘာကောင်မှ မဟုတ်ဘူး...
မင်းလည်း ဘာကောင်မှ မဟုတ်ဘူးလား...
ဒါဆို တို့ နှစ်ယောက်ရှိနေတယ်ဆိုတာ လျှောက်မပြောပါနဲ့...
ငါတို့ မောင်းထုတ်ခံရမယ်၊ သိလား။
တကောင်ကောင်ဖြစ်ရတာ ဘယ်လောက် စိတ်ညစ်ဖို့ကောင်းလဲ။
ရွှံ့နွံတွေ ကြည်ညိုမှုရအောင်
ဖားတကောင် မသေမချင်း
သူ့နံမည်သူ အတင်း အော်နေသလိုမျိုး... ....
( ကိုအောင်သာငယ်)
(တတ်နိုင်သမျှ ကဗျာဆန်အောင် ကြိုးစား ဘာသာ ပြန်ကြည့်ပါသည်။ bog မှာ သာမန်ကြည့်လျှင် မြေမာဟု ထင်ရသော ရွှံ့နွံဖြစ်သဖြင့် အနှစ်မရှိသူများကို တင်စားသည်ဟု ထင်ပါသည်။)
+++++
ကိုမောင်ရင် ကတော့..ခေါင်းစဉ်လေးပါ..ထဲ့ပေးသွားတယ်။ ( ညီမလေး မေ ကတော့.. လက်ခုပ်ထဲက..ဖားသူငယ် လို့ ပြောသွားပြန်တယ်)
"နာမည်ကြီး"
ငါ…...ဘာကောင်မှ မဟုတ်
မင်းလဲ……ဘာကောင်မှ မဟုတ်ဘူးတဲ့လား
ဒါဆို..တို့ နှစ်ယောက် တစ်စုံ ဖြစ်ကြောင်းလျှောက်ပြောမနေနဲ့ ဦး..
သိတယ်ဟုတ်
ဒင်းတို့ ပေးမှာက.. ငါတို့ အတွက် ပြည်နှင်ဒါဏ်..
နာမည်လေးတစ်ခု ရဖို့ ငြီးငွေ့ စရာကောင်းပုံများ
လူသိများတယ် ဆိုတဲ့အဖြစ်က
ကိုယ့်နာမယ်ကိုကိုယ် ချစ်တဲ့ ရွှံ့ ခွက်ကမ္ဘာလေးဆီ
တစ်သက်လုံး တိုင်တည် နေရတဲ့ဖားသူငယ်လိုပဲလေ…
-မောင်ရင်-


You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.