Friday, October 31, 2008

[တင့်ထူးရွှေ] 1 New Entry: ကျွန်တော်အမုန်းဆုံးကျွန်တော်

ကျွန်တော်အမုန်းဆုံးကျွန်တော်

ငယ်ငယ်လေးကတည်းက
မျက်ရည်ကို မုန်းခဲ့တဲ့ကျွန်တော်
သူများတွေငိုရင်တောင်
နှစ်သိမ့်ပေးတတ်တဲ့ကျွန်တော်
အထူးသဖြင့်
မိန်းကလေးကြောင့် မျက်ရည်ကျတဲ့
ယောင်္ကျားလေး
ယောင်္ကျားလေးကြောင့်မျက်ရည်ကျတဲ့
မိန်းကလေး
ကျွန်တော်မုန်းခဲ့တယ်
တစ်ကယ်တော့
ကျွန်တော်က မုသာဝါဒီတစ်ယောက်ပါ
ခုတော့
ကျွန်တော်မျက်ရည်ကျခဲ့ရပါပြီ
လောကကြီးကပြောသမျှ
ကျွန်တော်ခေါင်းညိတ်နာခံပါ့မယ်
ကြိုက်သလိုစီရင်ပါတော့
ကျွန်တော်အမုန်းဆုံးကျွန်တော်

သီဟညိမ်း
(ဒီဘ၀ကျေပါစေတော့နော်)

You received this email because you are subscribed to the real_time feed for http://tinthtooshwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.