Friday, October 31, 2008

[mAunG mYo's Heartfelt] 2 New Entries: ရင်ဘတ်ထဲ ထည့်သွားတယ်..။

ရင်ဘတ်ထဲ ထည့်သွားတယ်..။


အချိန်က ည ၉ ကျော်ကျော် နယ်မြို့ လေးတစ်မြို့ရဲ့ အင်္ဂါရပ်နဲ့  အညီ လူရှင်းနေပါပြီး ။ အဲ့ဒီညက အိမ်ကလေးမှာ ငိုသံတွေ ရယ်သံတွေ ပျောက်ဆုံးနေတယ် ။
" ပစ္စည်းတွေ ကျန်မယ်နော် ခလေး နင် ဘာယူသွားအုံးမလဲ "
"ဟင်အင်း...တော်ပြီးနေပါစေတော့ " အငယ်လေးတွေက သူ့ ကိုကြည့်နေတယ် ဒီနေ့ အိမ်ကလေးမှာ ထူးဆန်းနေတယ်ဆိုတာကို သူတို့ လည်းသိကြတယ်ထင် တယ်။ လူကြီးတွေကတော့ ၀မ်းနည်းစိုးရိမ် တဲ့ မျက်နှာတွေနဲ့ ပေါ့ ။တစ်ခါခါ မိုးတွေ ရွာတက်တဲ့ ပူပြင်းတဲ့မေလထဲမှာပါ ဘုရားဦးသုံးကြိမ်ချ ပြီးတော့ အဖေ နဲ့  အမေ့ ကို ကန်တော့တယ် ။ ဟန်မပျက်ပဲ ဆုပေးနေတာက အဖေ အသံမထွက်ပဲ မျက်လုံးတွေနဲ့ ပဲစကားပြောနေတဲ့ အမေ ။
"သား ...ကားသွားစောင့်တော့မယ် လိုက်မပို့ ကြနဲ့ တော့ "
အမေက အိမ်နောက်ဖေးထွက်သွားတယ် သူသိတာပေါ့ ကြိတ်ငိုနေမယ်ဆိုတာ ဆိုနင့်နေတဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေ အားမာန်တွေ ရည်ရွယ်ချက် တွေ စုထားတဲ့ အထုတ်ကြီးကြီးတစ်ထုတ် မလှည့်ကြည့်ဘူးး ခြေလှမ်းတွေကို ရပ်တန့် စေနိုင်တဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ရဲလို့ ပါ။

လမ်းမှာ အိပ်ငိုက်မှာစိုးလို့  ကော်င်္ဖီခါးခါးတစ်ခွက် သောက်လိုက်တယ် ရှေ့ဆက်ဖို့ အတွက် ခါးသက်မှုတွေရဲ့ အရိပ်ယောင်တွေကို ကော်ဖီခါးခါးက ဘာသာဗေဒတစ်ခုနဲ့  ပြောပြလိုက်တာပါ။ ကွာတာဘောင်းဘီတိုလေး နဲ့ ရှပ်အကျီင်္လေးကတစ်ထည် ကိုဝတ် စာရွက်အပိုင်းစလေးတစ်ခု ၁၂ နှစ်ပါးဒုက္ခတွေနဲ့ ၇င်းထားရတဲ့ စာရွက်လေးပေါ့ ပြီးတော့ ၅ စုံလောက်ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးကို ထမ်းပြီး စွန့် စားခန်းထွက်ခဲ့တာ ကြောက်တယ် ဘာကိုလဲမသိ ။တစ်ယောက်တည်းနဲ့  တစ်ခါမှမရောက်ဖူးတဲ့ အရပ်ဒေသကို မျှော်လင့်ချက်ရောင်ခြည်သဲ့သဲ့လေးနဲ့  စွန့်စားခန်းတစ်ခု ဘယ်သူက သူရဲကောင်းဖြစ်မလဲဆိုတာ မသိသေးပါဘူးး။ အသက်ကလေးက ၂၀ စွန်းစ လူကြီးစိတ်နဲ့  ခလေးကိုယ် ယောင်ဝါးဝါးနဲ့ ဆန်အိတ်တစ်အိတ်ကိုတောင်မ မနိုင်သေးတဲ့ သူ ။

မမြင်ဖူးတာတွေ မြင်ရ မစားဖူးတာတွေ စားရ တစ်ခါမှ မကိုင်ဖူးတဲ့အသပြာအနည်းငယ်ကို ရွှေတုံးကြီးကောက်ရသလို ပျော်နေလိုက်တာ ။ ဒီတစ်လစာ အမေ ဖွားလေးမြ ဆီက ချေးထားတဲ့ အတိုးနဲ့ ပိုက်ဆံလေးဆပ်ဖို့  ငါပို့ လိုက်အုံးမှပဲ တစ်ဆယ်တိုးတောင်ဆိုတော့ မသက်သာဘူး အမေ၀မ်းသာမှာ ပျော်လိုက်တဲ့ဖြစ်ချင်း သူက သိပ်ကိုတော်တဲ့သားတစ်ယောက်ဖြစ်ချင်တာလေ ။ နောက်တစ်လ အစ်ကိုသူများကို ရိုက်လိုက်ပြန်ပြီး လျှောရအုံးမယ် စိတ်ညစ်ပါတယ်နော် "လူကြုံလာရင် ၀င်လာခိုင်းလိုက် အမေ " အားနာတဲ့အသံနဲ့  အမေက " အေး ငါ့သား " တဲ့ ။ အ၀တ်စားတွေထပ်လာတော့ အလုပ်နားတာနဲ့  လျှော် ချွေစောနံ့ နေပြီး " ဒါပဲ ..ရှိတာလား" ဆိုတဲ့ ခနဲ့ တဲ့စကားတွေကို မြေမြှုပ်ခဲ့တဲ့ မာနတွေက မော်မကြည့်ရဲခဲ့ဘူး ။ ဗိုက်ဆာလိုက်တာ ဟင်းလည်းမရှိ မေ့နေလိုက်တာ မြေပဲနဲ့  ငါးပိရည်စပ်စပ်လေးနယ်စားလိုက်လည်းဖြစ်တာပဲ ရွာမှာတုန်းကလည်း ဒီလိုပဲစားခဲ့တာပဲ အားလုံးကိုမေ့ အစာအိမ်ကိုအားဖြည့်လိုက်တယ် ။

ဒီလတော့ အ၀တ်စားလေးတစ်စုံလောက်ဝယ်မှပဲ ပါလာတာလေးတွေလည်းတော်တော်ဟောင်းနေပြီး ။ ကြည့်ပဲကြည့်ခဲ့ရတဲ့ကြွရွနေတဲ့ ကွပ်စိပ်အင်္ကျီလေးတွေ အကောင်းစားတံစိပ် ဘောင်ဘီးတွေ ပိုက်ဆံပြန်တွက်ကြည့်တော့ ဘုရားတရတဲ့အဖြစ် တော်ပါပြီလေ ရှိတာလေးနဲ့ ပဲလှအောင်ဝတ်တော့မယ် တစ်ရာဖိုး ၃ ထည်ရတဲ့ ဘောင်ဘီတွေ ပြီးတော့ အဖြူရောင်ရှပ်ကလေးတွေ စွန့် စားပြီးဝယ်လိုက်တယ် ။အော်ခံရတာလား အော်ပါစေပေါ့ သူအာညောင်းရင် တိတ်သွားလိမ့်မယ် ။ မနာလိုတဲ့သူတွေများတာလား မသိဟန်ဆောင်လိုက်တယ် ထမင်းရှင်ကြည်ဖြူရင်တော်ပြီး ကျန်တာတွေ ခေါင်းထဲမထည့်တော့ဘူးး။ ကျော်ခွခဲ့တဲ့ ချိုက်ခွက်တွေ အများကြီး အပ်ထိုးခံရသလို နာလှတဲ့ စကားတွေ အမျာကြီး ခုနေပြန်ပြော ပါစပ်ရာဇ၀င်ထက် ဘာမှမပိုလာတော့ဘူး ။ဖျက်လတ်နေတယ် ခေါ်သံကြားတာနဲ့  တက်ကြွနေတက်တယ် ။

ရက်တွေကို လစား လတွေကိုနှစ်စားလာတော့ ပြောင်းလဲသွားလိုက်တာ သူ့ ကိုယ်သူတောင်မသိတော့ဘူး မှန်ကြည့်လိုက်တိုင်း မျက်နှာသေနဲ့  လူတစ်ယောက် ၊ ပြုံးလိုက်တိုင်း မပီပြင်တော့တဲ့ မဲ့ပြုံး၊ ပြောလိုက်တဲ့စကားတွေမှာ ဖော်ရွေမှုတွေ မရှိတော့ဘူး ၀တ္တရားကြေ ပုံစံက မသင်ပဲနဲ့ တက်သွားတယ်။ တစ်ခွန်းပဲ ခေါ်ရတဲ့ ခေါ်သံတွေကို မလှုပ်တစ်လှုပ် သူက ၃ ခွန်းလောက်နေမှ ကြားသလိုလို မကြားသလိုလိုနဲ့  အရွဲ့ တွေလည်းတိုက်တက်လာတယ် ။ ရက်ပေါင်း ၇၃၀ မှာ စီးခဲ့တဲ့ ဖိနပ်တစ်ရံကိုလည်း ခဏခဏ လွှင့်ပစ်မိတယ် ။ဘယ်ဘက်လက်က ဖြစ်သင့်တဲ့ ရေပုံးထဲမှာလည်း ရေပါအောင်မခပ်ခဲ့တော့ဘူး ။ မာနတွေကို ထုတ်ပိုးဖို့  ကျန်ကျောင်း ကျွတ်ကျွတ်အိတ် ကိုလည်း ဆွဲစုတ်ပစ်လိုက်တယ် မုန်းလွန်းလို့  ။သွားစမ်းပါ ခဏတော့ အားလုံးကို လွှင့်ပစ်တော့ မနေ့ ကလည်းမသိ မနက်ဖြန်ဆိုတာ မရှိပဲ ဒီနေ့ မှပဲ သူပျော်အောင် နေချင်တယ် သေတဲ့အထိနေလို့ ရရင်ပိုတောင်ကောင်းသေး။

မျှော်လင့်ချက်တွေ အားမာန်တွေ ရည်ရွယ်ချက် တွေ စုထားတဲ့ အထုတ်ကြီးကြီးတစ်ထုတ်အစား အခုတော့ အရှုံးတွေကိုရင်ဝယ်ပိုက် ၊ ပျက်စီးနေတဲ့အစာအိမ်တစ်ခုတည်း ကို မူးယစ်စေတဲ့ အရည်တွေ မြိုချပစ်လိုက်တယ်။ ထုံအအဖြစ်သွားတဲ့ ပုံစံနဲ့ ပေတေတေ ဖြစ်ချင်တာဖြစ်ပေါ့ လုပ်တာတွေမဖြစ်တော့ ဖြစ်တာတွေ လုပ်လိုက်တာ အကောင်းဆုံးပဲ ။တစ်ချို့ တွေက ပြန်ထစမ်းပါဆိုပြီး လက်ကမ်းကြတယ် ၊ စကားတွေနဲ့  အားဆေးတွေတိုက်ကြတယ် ၊ တစ်ချို့က လူနာသတင်းမေးသလို
ဟန်ဆောင်ခြင်းအနုပညာတွေနဲ့  ။ ဒီနေရာ လမ်းခွဲလေးက ပျော်ခဲ့ရတဲ့ အပေါင်းသင်းတွေနဲ့  ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးဆီ အခွင့်ကြုံရင်လာပြန်ထိုင်ပြီး စကားတွေတစ်ဝကြီးပြောတာပေါ့ ခုတော့ လမ်းခွဲလေးကိုရောက်တော့မှာမို့  အိပ်စက်အနားယူဖို့ အရိပ်ကောင်းကောင်းတစ်ခုကို ရှာလိုက်အုံးမယ် ။ လက်ဖက်ရည်ဆိုင်လေးက အမှတ်တရတွေကို ရင်ဘတ်ထဲ ထည့်သွားတယ် လေးသလားဆိုတော့ မပြောပါရစေနဲ့ တဲ့ ။





ကုလားကား နဲ့  တရုတ်ကား

'ဒီပို့ စ်က မရွှေပြည်သူ ရဲ့ဘာသာပြန်ပို့ စ်လေးပါခင်ဗျာ Forward mail ကရလို့ ဆိုပြီးတင်လိုက်တာ Sorry ပါ အစ်မရေ့ အခုမှသိလို့  နောက်ဆိုတင်တော့ဘူးး) စိတ်ရှုပ်ရတယ် ပို့ တဲ့သူတွေကလည်းနော် ဘယ်သူ့ ဆီကလို့ လည်းမပြောဘူးး အစ်မ ဘာသာပြန်ထားတဲ့ပို့ စ်ကို ဒီမှာ ဖတ်နိုင်ပါတယ် ကျေးဇူး မရွှေပြည်သူ........။

ကုလားကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့

* မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင် နာကျင်ပုံမပြပေမယ့် မင်းသမီးက အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့ အခါမှာတော့ နာကျင်ပြီးတွန့်သွားတတ်ပါတယ်။
* မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ"က"ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။
* မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒီအတိုင်းပဲရှိနေပါတယ်။
* မင်းသားနဲ့မင်းသမီး ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာ ကနေတုန်း ရုတ်တရက် (ဘယ်ကရောက်လာသလဲဆိုတာ ဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက် ထွက်လာပြီး သူတို့နဲ့အတူ ၀င်ကလေ့ရှိပါတယ်။
* ဇာတ်သိမ်းခန်းကျရင် မင်းသားဟာ သူနဲ့တိုက်ခိုက်နေတဲ့လူဆိုးက သူ့အစ်ကိုဖြစ်ကြောင်း၊ သူ့ကိုကြည့်ရှုစောင့်ရှောက်နေတဲ့ အိမ်ဖော်မိန်းမကြီးက သူ့အမေဖြစ်ကြောင်း၊ ရဲအရာရှိကြီးက သူ့အဖေဖြစ်ကြောင်း၊ တရားသူကြီးက သူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့် ဖော်ထုတ်သိရှိသွားတတ်ပါတယ်။
* ရုပ်ရှင်ထဲက စကားတွေကြားမှာ ခပ်ကျယ်ကျယ်ပြောပြီး အများဆုံးညှပ်သုံးတတ်တဲ့ အင်္ဂလိပ်စကားလုံးတွေကတော့ "No Problem", "My God!", "Get Out!", "Shut Up!", "Impossible" နဲ့ "Please forgive me!" တို့ဖြစ်ပါတယ်။
* မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီး လူးလှိမ့်နိုင်သလို အ၀တ်အစားတွေလဲ အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။
* သူတို့တွေဟာ အုန်းပင်တွေကြားမှာ ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ဖြတ်ကနဲ အကြည့်ချင်းဖလှယ်ခြင်း၊ အ၀တ်အစားလဲခြင်းများကို တပြိုင်ထဲမှာ လုံးဝမမောမပန်းဘဲ လုပ်နိုင်ကြပါတယ်။


တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့


* မင်းသားရဲ့ မိဘဖြစ်ရတဲ့သူတွေဟာ ကံမကောင်းတတ်ကြပါဘူး။ မင်းသားငယ်စဉ်ဘ၀မှာ ရန်သူတွေသတ်တာခံရပြီး မင်းသားက မိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။
* ဒဏ်ရရပြီး သေလုမျောပါးဖြစ်နေတဲ့ လူတွေဟာ အသက်ကိုရအောင်ရှုပြီး သူ့ကိုဘယ်သူသတ်သလဲဆိုတာ ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ (သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းကျသွားပါတယ်။
* သိုင်းပညာရှင်တွေဟာ ခေါင်မိုးတွေ သစ်ပင်တွေပေါ်မှာ အဝေးကြီးကို ချွေးလုံးဝမထွက်ဘဲ ပျံနိုင်ပါတယ်။ ဒါပေမယ့် တခြားမြို့တွေရွာတွေကို ခရီးထွက်တဲ့ အခါတွေမှာတော့ လမ်းလျှောက်ပြီး (ဒါမှမဟုတ်) မြင်းစီးပြီး သွားကြရရှာပါတယ်။
* မင်းသားသူရဲကောင်းတွေဟာ ပိုက်ဆံရဖို့အတွက် အလုပ်မလုပ်ပေမယ့် ၀ယ်စားတဲ့ အစားအစာတွေအတွက် ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲ ရှိနေတတ်ပါတယ်။
* တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲ ရောက်နေနေ မင်းသားနဲ့လူဆိုးတွေဟာ မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။
* အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။ တင်ပလင်ခွေထိုင်၊ ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ ပျောက်ပါပြီ။
* သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး (အထူးသဖြင့် ရွှေတုံးငွေတုံးတွေ) ထည့်နိုင်ပြီး ဘယ်တော့မှလည်း ပြုတ်မကျကြပါဘူး။







You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.