Tuesday, November 18, 2008

[ပန်းခရမ်းပြာ] 1 New Entry: Kranji Reservoir Park

Kranji Reservoir Park

ရေပြင်ကျယ်ကို ကြည့်ရတာ စိတ်ချမ်းသာတယ်။ အရင်ဘဝပေါင်း များစွာက ရေသတ္တဝါဖြစ်ခဲ့ ဘူးသလား မသိ….။ ဒီတစ်ခါ ရောက်သွားတာက Kranji Reservoir Park …။ မလေးရှားကို လှမ်းမြင်နေရတယ်။ ကားလမ်း ကျဉ်းကျဉ်း၊ ငါးများနေသူ ဟိုတစ်စု ဒီတစ်စု၊ ရွှံ့နွံတွေ ရှိနေတဲ့ သောင်ပြင်သေးသေး လေးမှာ လူတစ်ချို့ ....။ စကာင်္ပူနဲ့ မတူ၊ တကယ့်ကို တောမြို့လေး တစ်မြို့ရောက်နေသလိုပဲ။

စကာင်္ပူနဲ့ မလေးရှား ကူးတဲ့ တံတားကို ခပ်ဝါးဝါး မြင်နေရတယ်။ သဘောင်္လေးရှိတဲ့နေရာက တံတားပေါ့။ ညာဘက်က အနီရစ် ခေါင်းတိုင်တွေ ရှိတဲ့ဘက်က စကာင်္ပူ ၊ နောက်တစ်ဖက်က မလေးရှား ….။

ပျော်ပျော်ပါးပါး ရေကူးနေကြသူများ၊ နောက်ခံက မလေးရှားဘက်ကမ်း …။

သစ်ပင် တစ်ပင်တည်းက သစ်မြစ်တွေ သဘာဝ အတိုင်း ဝိုင်းဖြာထွက်နေပုံက လှလိုက်တာ။

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.