ခပ်ညစ်ညစ် ရယ်ကြရအောင်....
အားလပ်ရက် တနင်္ဂနွေနေ့ကို ကျွန်မတို့ ရယ်မောစရာတွေနဲ့ စလိုက်ကြရအောင်း) ရယ်စရာ မကောင်းခဲ့ရင်တော့ ဆောရီးပါလို့.. ဒီဘလော့ကို လာဖတ်နေသူတွေထဲက အဘိုး၊ အဘွား၊ ဦးလေး၊ ဒေါ်လေး၊ အစ်ကို၊ အစ်မ၊ ဘုန်းဘုန်းတို့ကို ကျွန်မအရေးအသား ရိုင်းခဲ့ရင် ခွင့်လွတ်နားလည်ပေးပါလို့ အရင်တောင်းပန်လိုက်ပါတယ်။ အားလုံး ပျော်ရွှင်ရယ်မောဖို့အတွက် ကြားဖူး၊ ဖတ်ဖူးတဲ့ ခပ်ညစ်ညစ် ဟာသတစ်ချို့ကို မျှဝေလိုက်ပါတယ်။ ခပ်ညစ်ညစ်ဆိုတဲ့အတိုင်း "စိတ်" မညစ်သွားကြပါနဲ့လို့...
၁)
ဒါက အစ်မပြောပြတဲ့ တစ်ကယ့်အဖြစ်အပျက်ပါ။
အားလုံးသိကြတဲ့အတိုင်း တောရွာမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေက မြို့သားတွေထက် ဗဟုသုတနည်းပါးကြတယ်။ စာတတ်တဲ့လူတွေလည်း သိပ်မရှိကြဘူး။ သူတို့က စာသာမတတ်တာ ကလေးမွေးတာတော့ တော်ကြတယ်။ တစ်နှစ်တစ်ယောက် မှန်မှန်မွေးကြတယ်။ ဒါနဲ့ ထိုင်းကျန်းမာရေးဌာနက တောင်ပေါ်ဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေကို (အခါ၊ လားဟူ၊ ရှမ်း) သားဆက်ခြားနည်း ဗဟုသုတပေးဖို့ ရောက်သွားခဲ့ကြတယ်။ မိန်းမ၊ ယောက်ျားတွေကို လူစုခွဲပြီး ငွေကုန်ကြေးကျနည်း၊ ခွဲစိတ်ဖို့လည်း မလို၊ ဆေးသောက်ဖို့လည်း မလိုတဲ့ ကွန်ဒုံးသုံးနည်းကိုသုံးဖို့ ပညာပေး သရုပ်ပြခဲ့ကြတယ်။ သရုပ်ပြတဲ့နေရာမှာ မော်ဒယ်လ်အရုပ်တွေ မပါခဲ့တာကြောင့် လက်ညှိုးထောင်ပြီး ဒီလိုစွပ်ပါ၊ ဒီလိုသုံးပါလို့ ပြပေးခဲ့တယ်။
ဗဟုသုတနည်းသူတွေကို အရိပ်အမြွက်ပြရုံနဲ့တင် မလုံလောက်နိုင်မှန်း ၂နှစ် ၃နှစ်ကြာမှ ထိုင်းကျန်းမာရေးက လူတွေသိခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂နှစ် ၃ နှစ်ကြာတော့ သူတို့ပညာပေးခဲ့တဲ့ သားဆက်ခြားနည်း ဘယ်လောက် တိုးတက်ခဲ့ပြီလဲဆိုတာကို စစ်ဆေးဖို့ တောင်ပေါ်ရွာကို ကျန်းမာရေးက လူတွေ ရောက်သွားခဲ့ကြပြန်တယ်။ ရွာထဲဝင်တာနဲ့ ပြေးလွှားကစားနေကြတဲ့ ပုစုခရုလေးတွေ၊ ကျောပေါ်ပိုးထားကြတဲ့ ကလေးတွေ ပိုများလာတာကို တွေ့လိုက်တယ်။
ဒါနဲ့ ယောကျာ်း၊ မိန်းမတွေကို လူစုခွဲပြီး သူတို့ပြောသလို ကွန်ဒုံးမသုံးကြဘူးလားလို့ မေးတော့ "သုံးတယ်.. ခင်ဗျားတို့ ဆေးက မစွမ်းဘူး" လို့ ယောက်ျားတွေက ပြန်ဖြေကြတယ်။ ဘယ်လိုသုံးလို့ မစွမ်းသလဲဆိုတော့ အားလုံးပြန်ဖြေလိုက်တာက... "ခင်ဗျားတို့ လုပ်ပြသလို မိန်းမနဲ့အိပ်တဲ့အချိန် ကျွန်တော်တို့ လက်ညှိုးမှာ စွပ်ထားကြတယ်လေ" တဲ့။
ကျန်းမာရေးကလူတွေ ငိုအားထက် ရယ်အားသန်ခဲ့ရတယ်။ နောက်မှ သစ်သားတုံးကို ယောက်ျားအင်္ဂါပုံစံ လုပ်ပြီး သရုပ်ပြခဲ့ရတယ်။
၂)
ဒီတစ်ပုဒ်က တရုတ်လို အင်တာနက်မှာ ဖတ်ဖူးတာပါ။
တစ်ခါက ရှဥ့်တစ်ကောင်နဲ့ ဖားတစ်ကောင်ဟာ မိန်းမရွှင်နဲ့ ပျော်ပါးဖို့ တည်းခိုခန်းတစ်ခုကို ရောက်သွားခဲ့ကြတယ်။ တည်းခိုခန်းက ဘေးချင်းကပ်ရက်အခန်းမှာ နေကြပြီး မိန်းမရွှင်နဲ့ ပျော်ပါးတော့တယ်။ အဲဒီမှာ ဖားအခန်းကနေ " အီး.. အီး.. အား.. အား" အသံတွေ တစ်ညလုံး ကြားနေရတယ်။ မနက်လင်းတော့ ရှဥ့်က ဖားကို "ကိုရွှေဖား ... ခင်ဗျား ကိုယ်ခံအား ကောင်းလှချည်လား၊ တစ်ညလုံး မနားခဲ့ဘူး" လို့ အားကျတဲ့အသံနဲ့မေးတော့ ဖားက စိတ်ပျက်ပျက် ပြန်ဖြေလိုက်တာက " ဘယ်ကလာ ကိုယ်ခံအားကောင်းမလဲ.. ကြိုးစားပြီး ခုန်ခဲ့ပေမယ့် တစ်ညလုံး ကုတင်ပေါ် ကျွန်တော် မရောက်ခဲ့ဘူးဗျ" ဟူတည်း။
ကိစ္စမရှိဘူး တင်ပေးပါလို့ တောင်းဆိုသူများ ပိုရီပေးကြပါ...
နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.