Tuesday, November 18, 2008

[We Fight We Win. -- " More than Media "] 7 New Entries: ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်နဲ့ ဇနီးပိုဂျမန်တို့ ကွဲပြီ

ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်နဲ့ ဇနီးပိုဂျမန်တို့ ကွဲပြီ


-မြတ်စိုး-

ရာထူးကဖြုတ်ချခြင်းခံခဲ့ရတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်တယောက်၃၂နှစ်လောက်ကြာအတူပေါင်းသင်းခဲ့သော ဇနီးပိုဂျမန်နဲ့သောကြာနေ့ကဟောင်ကောင်ထိုင်းကောင်စစ်ဝင်ရုံးမှာတရားဝင်ကွာရှင်းပြတ်စဲလိုက်ပါပြီ။
ဟောင်ကောင်မှာပြုလုပ်တဲ့ထိုင်းအာဏာရပါတီ၏လွှတ်တော်အမတ်တွေရဲ့ညစာစားပွဲမှာတပ်စင်ကဒီလိုကွာရှင်းပြတ်စဲမှုကို
ထုတ်ဖော်ပြောဆိုခဲ့တာပါ။သူရဲ့ပြောရေးဆိုခွင့်ရှိသူ(ပေါင်တစ်သက်ကမ်ဂျာနာ)ကလည်းအတည်ပြုပြောဆိုခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်နဲ့ဇနီးပိုဂျမန်ဟာဗြိတိန်အစိုးရကပြည်ဝင်ခွင့်ကိုရုတ်သိမ်းခံခဲ့ရပြီးနောက်တရုတ်နိုင်ငံ၊
ဟောင်ကောင်မြို့မှာအိမ်သစ်တလုံးဝယ်ယူဖို့ရှာဖွေနေကြပါတယ်။

တရားဝင်ကွာရှင်းပြတ်စဲခြင်းဟာသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုအကာအကွယ်ပေးနိုင်အောင်ပြင်ဆင်တဲ့ခြေလှမ်းတရပ်သပ်သပ်သာ
ဖြစ်တယ်လို့အကဲခက်လေ့လာသူတွေကပြောဆိုနေကြတယ်။ထိုင်းအာဏာရပါတီ၏အဖွဲ့ဝင်တဦးကတော့၊ထိုင်းဝန်ကြီးချုပ်ဟောင်း
တပ်စင်ဟာထိုင်နိုင်ငံနဲ့ရာဇ၀တ်သားများကိုလွှဲအပ်ပေးရမှုကိုသဘောတူလက်မှတ်ရေးတိုးထားခြင်းမရှိသောဒူဘိုင်းနိုင်ငံသို့
ထွက်ခွာပြီး၊ခေတ္တခိုလှုံနေထိုင်ဖို့ရှိနေတယ်လို့ဆိုတယ်။

နိုင်ငံတော်တော်များများဟာအခြားတစ်နိုင်ငံတွင်ပြစ်မှုကျူးလွန်မှုကိုယင်းနိုင်ငံ၏တောင်းဆိုချက်အရသက်ဆိုင်ရာသို့ လွှဲအပ်ပေးရမည့်သဘောတူလက်မှတ်ထိုးထားမှုတွေရှိထားတာကြောင့်ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်နဲ့ ဇနီးပိုဂျမန်တို့အတွက်လုံခြုံတဲ့နေရာသစ်တခုရှာနိုင်ဖို့ဟကတော့တော်တော်ကိုခက်ခက်ခဲခဲရှိနေပါတယ်။

သူ့အကြောင်းကိုလေ့လာနေတဲ့သူတွေကတော့ဒီလိုလင်မယား
တရားဝင်ကွာရှင်းပြတ်စဲမှုဟာတပ်စင်ရဲ့ ဒုတိယခြေလှမ်းမှားတခုကိုထပ်မံလှမ်းခဲ့တာလို့ဆိုတယ်။ပထမခြေလှမ်းမှားကတော့ရာထူးဖြုတ်ချခံခဲ့ရပြီးနောက်၊ထိုင်းနိုင်ငံကို
ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ရရှိခဲ့ပေမဲ့၊စွပ်စွဲခံရတဲ့အမှုတွေကိုထောင်ချခံပြီးမရင်ဆိုင်ဘဲ၊ထွက်ပြေးခဲမှုကြောင့်ပိုင်ဆိုင်မှု
ဒေါ်လာသန်းပေါင်းများစွာကိုထိုင်းတရားရုံးတော်ကထိမ်းသိမ်းခြင်းခံနေရပါတယ်။

တချိန်ကထိုင်းနိုင်ငံမှာနေထိုင်ခဲ့ကြတဲ့မြန်မာကျောင်းသားဒုက္ခသည်တွေနေစရာမရှိအောင်အမိန့်အာဏာတွေသုံး၊
ဖမ်းဆီးမှုတွေကိုစေခိုင်းခဲ့တဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်တယောက်အခုတော့ပြေးစရာနေရာမရှိအောင်ဖြစ်နေပါပြီ။

Rest of your post

ဂျပန်သတင်းထောက် မိုတို ကီ တယောက် ပါကစ္စတန် နယ်စပ်မှာ ဒဏ်ရာရခြင်း



ဒီနေ့ မနက် အင်တာနက်မှာ သတင်းတွေဖတ်နေတုံး ကျနော် မိတ်ဆွေ ဂျပန် သတင်းထောက် မိုတိုကီ တယောက် ပါကစ္စတန် မှာ အတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်း ကို အေပီသတင်းမှာ ဖတ်လိုက်ရတယ်။ ( http://www.google.com/hostednews/ap/article) ။ သူဒဏ်ရာ အကြီးအကျယ်မရ တဲ့အတွက် စိတ်အေးသွားတယ်။

မိုတိုကီ ကို ကျနော်ပထမဆုံးတွေ့ တာက သီဘောဘိုးစခန်းမှာဖြစ်ပါတယ်။ တိုကျိုတက္ကသိုလ်မှာ သတင်းစာပညာလေ့လာနေတဲ့ ကျောင်းသားတဦးဖြစ်ပြီး ၈၈ အရေးတော်ပုံအပြီးမှာ ကျနော်တို့ ကျောင်းသားတွေ ထိုင်းမြန်မာ နယ်စပ်ကိုရောက်လာတဲ့သတင်းကို ကြားလို့  သူဆင်းချလာပါတယ်။ ဒီတုံးက သူလည်း ၂၀ ကျော်ဝန်းကျင် လူငယ်တဦးမျှ သာ။

ဒီတုံးက ကျနော်တို့ နဲ့ အတူ ဂျပန် လူငယ်အတော်တော်မျာ တောထဲကိုလာကြတယ်။ ကျနော်တို့ ကိုလာရောက်ကူညီကြတယ်။ ဒီထဲမှာ မိုတိုကီက တယောက်ပါတယ်။ အတော်များများက သတင်းထောက်တွေမဟုတ်ကြဘူး။ ကျောင်းသားတွေ ကျနော်တို့ ဆီမှာစစ် သင်တန်းတွေ ပါတက်ပြီး ကျနော်တို့ နဲ့ အတူ စစ်ကြောင်းတွေမှာ လိုက်ပါခဲ့ကြတယ်။ ဂျပန်ကျောင်းသားလူငယ်နဲ့ မြန်မာ လူငယ်တွေသွေးစည်ညီညွတ်မှုကို သူတို့ ပြသခဲ့ကြတယ်။ မိုတိုကီဟာ ကျနော်တို့ နဲ့  နစ်ပေါင်းအတော်ကြာအောင်နေထိုင် ပြီး မြန်မာပြည် အခြေအနေတွေကို ဂျပန်သတင်းစာတွေမှာ ရေးသားခဲ့တယ်။ မြန်မာ ပြည် မှာ ဖြစ်နေတဲ့ လူအခွင့်အရေးချိုးဖေါက်ခံရတဲ့ ဒီမိုကရေစီဆိပ်သုဉ်းနေတဲ့ သတင်းတွေကို ဂျပန်အစိုးရနဲ့  ဂျပန်လူမျိုးတွေသိအောင် သူတစိုက်မတ်မတ်ရေးတော့တယ်။

တောထဲမှာနေစဉ်ဟာ အေဘီအက်စ်ဒီအက် ယူနီဖေါင်းကို ၀တ် လေ့ရှိတယ်။ ရေပြောင်းမြေပြောင်းကြောင့်အသားမဲ လာပြီး ရုတ်တရက်ကြည့် ရင် ကရင်လူငယ်တယောက်လို ဖြစ်နေတယ်။ ပြုံရွင်နေတတ်ပြီး အင်မတန် အားနာတတ်တယ်။

၂၀၀၃ ခုနစ်မှာ ကျနော် ဂျပန်ကို ရောက် သူက အဆာဟီ သတင်းဌာန မှာ အယ်ဒီတာတယောက်ဖြစ်နေပြီ။ မိန်းမရပြီ့း ကလေးတယောက်ရနေတယ်။ ခုတော့သူက အဆာဟီ သတင်းဌာနမှာ ဗျူရို လူကြီးတယောက်ဖြစ်လာတယ်။ သူကိုနောက်ဆုံးတွေ့ တာက ၂၀၀၄ ခုစနစ် ဂျပန်ကို တခေါက်ထပ်ရောက် တဲ့အချိန် ဖြစ်တယ်။ သူနဲ့ အတူ တခြား ဂျပန်သူငယ်ချင်း ၃ ယောက်လည်းပါတယ်။ သူတို့ လည်းတောထဲမှာ အကြာကြီးနေသွားခဲ့သူတွေ ။ ကျနော်တို့ ဘားတခု မှာ ဆာကေး သောက်နေတုံး ဂျပန် တီဗွီက သတင်းကို ကြည့်နေကြတယ်။ ရုတ်တရက် ဂျပန် တီဗွီက ကြားဖြတ်သတင်း တခုကြေညာတယ်။ သတင်းမှာ မြန်မာသံရုံးမှာ ဂျပန်ရဲတွေ ၀ိုင်းအုံနေတယ်။ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးမှာ ဗုံးတွေ့ လို့ ဆိုတယ်။ ဗုံးဖေါက်ဖို့ စီစဉ်တာက ကျနော် လို့ စွပ်စွဲထားတယ်။ ကျနော်လည်း အံအားသင့်သွားကြတယ်။ သူတို့ က ကျနော်ကို ဂျပန်လို ဘာသာပြန်ပေးတာ။ မြန်မာ စစ်အစိုးရက ကျနော် ဂျပန်ရောက်နေတုံးမှာ ပြသာနာပေးတာပေါ့လေ။ သူတို့ စွပ်စွဲချက်က အခြေအမြစ်မရှိပါဘူး။ သတင်းပြီးတော့ ကျနော်တို့  ရီကြတယ်။ ဂျပန်ထုံးစမ်အတိုင်း ဘားတခုနဲ့ မပြီး နောက်ထပ် ၂ ခုပြောင်းသောက်ကြပြန်တယ်။ ကျနော်နဲ့ မိုတိုကီ နစ်ယောက်ပဲကျန်တယ်။ ဘားလာတဲ့ ဂျပန်တယောက်က ကျနော်ဖိနပ်ကို မှားစီးသွားတယ်။ သူဖိနပ်က ကျနော်နဲ့သေးနေတယ်။ ဖိနပ်မှားဆီးသွားတဲ့သူ တကယ်လို့ များပြန်လာရင် ပြန်လဲနိင်ဖို့  ကျနော် ဖုံးနံပတ်ကို မိုတိုကီက ဆိုင်ရှင်ကိုပေးခဲ့တယ်။ ကျနော် တည်းတဲ့နေရာကိုသူလိုက်ပို့ တယ်။မိုတိုကီက တော်တော် အားနာနေတယ်။ တောင်းပန်နေတယ်။ ဂျပန်တွေ က တော်တော် ရှက်တတ်တဲ့လူမျိုးတွေ။ ကျနော်တို့ က မနပုလောမှာ ဖိနပ်မှားနေကြ ပျောက်နေကြတွေဆိုတော့အရေထူနေပြီ။ မိုးလင်ခါနီးမှာ တယ်လီဖုန်းလာတယ်။
ကိုင်လိုက်တော့ ဖိနပ်မှားဆီးသွားတဲ့သူ။ စောစောစီးစီးကြီး လာပေးနေတယ်ဗျာ။ သူလည်းအဝေးကြီးကနေ ကျနော်နေရာကိုရအောင်လာခဲ့ရပုံရတယ်။ လမ်းထိပ်မှာချိန်းပြီး ဖိနပ်ခြင်းလဲလိုက်ကြတယ်။ ဒီလူက တောင်းပန်လို့ ကိုမပြီးတော့ဘူး။

ကျနော် တိုကျိုကနေ အမေရိကန်ကို ပြန်တော့ မိုတိုကီလိုက်ပို့ တယ်။ ဖိနပ်ကို ကြည့် ပြီး နောက်တခါလာရင် မပျောက်စေရပါဘူးလို့ သူက နောက်တယ်။

ဒီနေ့ မနက်တော့ မိုတိုကီသတင်းကို အေပီ သတင်းမှာ ပြန်ဖတ်မိတယ်။ တာလီဘန်တွေအခြေစိုက်နေတဲ့ ပါကစတန်နယ်စပ်ကို သတင်းသွားလိုက်ရာ က သေနပ်နဲ့ အပြစ်ခံထိပြီး ခြေထောက်ကို ဒဏ်ရာရတယ်လို့ သိရတယ်။ အေဘီအက်စ်ဒီအက်ဖ် က မိုတိုကီ ရဲ့ သူငယ်ချင်းတွေ အတွက် သူသတင်းကို ဝေမျှ လိုက်ပါတယ်။ ခင်ဗျားတို့ မိတ်ဆွေ မိုတိုကီတယောက် သက်စွန့် ဆံဖျား သတင်းတွေ လိုက်လျက်ရှိနေတုံးပါပဲ။

Rest of your post

မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကြောင့် ဒုက္ခရောက်ရတဲ့ မြေသြဇာ အဖွဲ့  ၀င် လူငယ် ခေါင်းဆောင်


မိတ်ဆွေတို့ အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးအဖွဲ့အစည်းတွေကိုတိုင်ကြားကြပါ။

-The Best Manure-

ရန်ကုန် အင်းစိန်ထောင်တွင်း၌ စစ်အစိုးရက ဖမ်းဆီးအကျဉ်းချထားသော ဒေါင်းမာန် (ခေါ်) လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ မှ ကဗျာဆရာ ကိုအောင်သန်း သည် အိပ်ခ်ျအိုင်ဗီ ကူးစက်ရောဂါ ခံစားနေရပြီး ၎င်း၏ လက်ရှိကျန်းမာရေးအခြေအနေမှာ ဆိုးဝါးနေကြောင်း သိရှိရ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် တဦးဖြစ်ပြီး အသက် ၃၆ နှစ်ရှိ ယင်း ကဗျာဆရာ ကိုအောင်သန်းသည် လွန်ခဲ့သည့် ၂ နှစ် ခန့်တွင် အင်းစိန်ထောင် ဆေးရုံက ၎င်းအား အဓမ္မ ဆေးထိုးပေးခဲ့ပြီး နောက်ပိုင်း အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်း သမားများ(RSF)အဖွဲ့နှင့် ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂ(BMA)အဖွဲ့တို့က ကိုအောင်သန်း၏ မိခင်နှင့် မိတ်ဆွေ တချို့ကို ကိုးကား၍ နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

"အခုကြားရတဲ့ ဖြစ်ရပ်ဆိုး သတင်းမျိုးဟာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့လုပ်ရပ် တခုတည်း ကြောင့် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့ အခြေအနေ ကြောင့်လည်း ဖြစ်ပါတယ်၊ ဒါ ကြောင့် အခုထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးဝါးစွာခံစားနေရတဲ့ ကိုအောင်သန်းကို အမြန်ဆုံး ပြန်လွှတ်ပြီးတော့ ဆေးကုသခံယူခွင့်ပေးဖို့ တောင်းဆိုပါတယ်"ဟု RSF နှင့် BMA အဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင်"ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲ သွားရောက်ကူညီခွင့်ရအောင် နိုင်ငံ တကာ အသိုင်းအ၀န်းက ဖိအားပေးဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းတောင်းဆိုပါတယ်"ဟုလည်း ၎င်းအဖွဲ့ နှစ်ဖွဲ့ က ထည့်သွင်း ဖော်ပြထားသည်။

ယင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့(ICRC)ကို မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအကျဉ်းထောင်များ အတွင်း သို့သွားရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။ ICRC သည် ၁၉၉၉ ခု နှစ်မှစတင်၍ အကျဉ်းထောင်များအတွင်း သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက"ကျနော်တို့ သိရသလောက် မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုက အတ်ာညံ့ဖျင်း ပါတယ်၊ အထူးသဖြင့် ICRC ထွက်သွားပြီးတဲ့နောက်မှာ ပိုဆိုးလာပါတယ်၊ ဒါကြောင့် ICRC လို့အဖွဲ့ကြီးအနနဲ့ ဒီအကျဉ်းထောင်တွေထဲကို သွားရောက်ခွင့်ရရင် ကောင်းပါမယ်"ဟု ပြောဆို သည်။

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆ ခုနှစ် အောက်တိုဘာလ အတွင်းက အမျိုးသား ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာနှင့် ပတ်သက်ပြီး အင်းစိန်ထောင်ဆေးရုံတွင် ကုသမှုခံယူရာ ယင်းထောင်ဆေးရုံမှ ၀န်ထမ်းတဦးက တာဝန်ရှိ ဆရာဝန် ညွှန်ကြားချက်အရ မဟုတ်ဘဲ ဆေးထိုးပေးခဲ့ကြောင်း၊ ထောင်ဆေးရုံတွင် မသန့်ရှင်းသော ဆေးထိုးအပ်များ အသုံးပြုသည်ကို မကြာခဏ တွေ့ရသောကြောင့် ကိုအောင်သန်းက ဆေးထိုးခံရမည်ကို ငြင်းဆိုသော်လည်း ဆေးရုံ ၀န်ထမ်းက အဓမ္မ ဆေးထိုးပေးခဲ့ကြောင်း ကိုအောင်သန်း၏ မိခင် ဒေါ်ခင်စီနှင့် မိတ်ဆွေတဦး က ပြောပြသည်ဟုလည်း RSF နှင့် BMA တို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လ အနည်းငယ်ကြာပြီးနောက် ကိုအောင်သန်း၏ ကိုယ်ခံအားကျဆင်းလာပြီး မကြာခဏအဖျားတက်၍ အရေပြား များ အမြဲတမ်းကဲ့သို့ အေးနေကာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်လာသောကြောင့် ကိုအောင်သန်းက ၎င်းအား ဆေးစစ်ပေးရန် တောင်းဆိုခဲ့သော်လည်း ထောင်အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ဖြစ်ပေါ်နေသော လက္ခဏာများသည် အေအိုင်ဒီအက်စ် ဝေဒနာရှင် တဦးဖြစ်သည့် ရောဂါလက္ခဏာများ ဖြစ်ကြောင်း ဆရာဝန်များက မှတ်ချက်ပေးသောကြောင့် ကိုအောင်သန်းမှာ ထောင်တွင်း၌ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံခဲ့ရသည်မှာ သေချာကြောင်း RSF နှင့် BMA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ အဓမ္မဆေးထိုးခံရမှု များစွာရှိကြောင်းနှင့် BMA အဖွဲ့ဝင် တဦး၏ မိတ်ဆွေ တဦးသည်လည်း အဓမ္မဆေးထိုးခံရပြီးနောက် အေအိုင်ဒီအက်စ် ရောဂါဖြင့် ထောင်တွင်း၌ပင် သေဆုံးခဲ့ ဖူး ကြောင်းလည်း သိရသည်။

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၄ ခုနှစ် ကုန်ပိုင်းတွင် အောက်မြန်မာပြည်/အထက်မြန်မာပြည် ကို ဒေါင်းမာန်(ခ)လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာ အဖွဲ့ အောက်မြန်မာပြည်တာဝန်ခံ ကိုကျော်ကျော်နှင့်တွဲပြီး ဖွဲ့စည်းခဲ့ပြီး ၂၀၀၆ ခုနှစ် ဇွန်လအတွင်းက ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံရေးသားထား သော"ဒေါင်းမာန်"အမည်ရှိ ကဗျာစာအုပ်များ ရေးသားထုတ်ဝေမှုဖြင့် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၉ နှစ် ချမှတ် ခံထားရသူဖြစ်သည်။ ၎င်းနှင့် အတူ ပဲခူးမြို့ရှိ ယင်းကဗျာများကို ပုံနှိပ်ပေးသူ ကိုမောင်မောင်ဦး၊ ကိုဇေယျ အောင်(ကျောင်းသား) နှင့် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ ကိုစိန်လှိုင်တို့သည်လည်း ထောင်ဒဏ်များ အသီး သီး ချမှတ်ခံခဲ့ရသူဖြစ်တယ်။






Rest of your post

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကွန်ဂို ကိုစေလွတ်


ကုလသမဂ္ဂ က အထူးကိုယ်စားလှယ် ကို ကွန်ဂိုသမတနိင်ငံမှာဖြစ်ပေါ် နေတဲ့ပဋိပက္ခတွေကို အဆုံးသတ်ရန် စေလွတ်လိုက်ပါတယ်။ ကိုယ်စားလှယ်က အဓိက ကျတဲ့ သူပုန် အုပ်စု ကြီး တခုနဲ့ တွေ ဆုံဆွေးနွေး ပြီး ပြည်တွင်းစစ်နဲ့  လူ့ အခွင့်အရေး ချိုးဖေါက်မှုတွေ ကို အဆုံး သတ် နိုင်မဲ့နည်းလမ်းတွေကိုရှာဖွေမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် နိက် ဂျီးယီးယားနိင်ငံသမတ ဟောင်း အိုဆောင်ဂန်အိုဘာဆန်ဂျို ( Olusegun Obasanjo) ကိုစေလွတ်ခဲ့တာပါ။ သူက သူပုန်တို့ ရဲ့ ဌာနချုပ် ကို ဟယ်လီကော်ပတာနဲ့ သွားခဲ့ပါတယ်။ ဌာနချုပ်က ကွန် အရှေ့ ပိုင်းမှာ တည်ရှိပြီး ယူဂန်ဒါနိင်ငံနဲ့  နယ်နမိတ်ခြင်းထိဆပ်နေပါတယ်။ ကွန်ဂို အစိုးရကို တော်လှန်နေတဲ့ သူ နကန်ဒါ (Nkunda ) သူပုန်အုပ်စုမှာ အင်အား ၂သိန်း ၅ သောင်းခန့့် ရှိနေပါတယ်။ လူ၈ သိန်းလောက်က ဒုက္ခသည်တွေအဖြစ်နဲ့  နယ်စပ် အိမ်နီးခြင်း နိင်ငံများ မှာ ခို လှုံနေကြရပါတယ်။

သူက ကွန်ဂို အစိုးရ သမ္မတ ဂျိုလ်ဇက် ကပီလာ ကိုလည်း မြို့ တော် ကင်ရှာဆာ မှာတွေ့ ဆုံမှာ ဖြစ်ပါတယ်။ ကပီလာက သူပုန်တွေနဲ့ ဆွေးနွေးပွဲကို အလေးအနက် သိပ်တော့ ထား ပုံမရသေးပါဘူး။ သူက ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပန်းမှု ကို လေ့လာရေးအဆင့်( Exploratory Stage ) အဆင့်မှာပဲ ထားဦးမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် က သူပုန်တွေကို အဆို ပြုမှာ ကတော့ လူအခွင့်ရေး ချိုးဖေါက်မှု နဲ့  ကြေကွဲဖွယ်ရာ များကိုအဆုံးသတ်မဲ့  ငြိမ်းချမ်းရေးနဲ့  တည်ငြိမ်းရေး ကို ရေရှည်တည်တန့် မဲ့  အပြစ်အခပ်ရပ်စဲမှု ကိုပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ကွန်ကိုနိင်ငံက လူမျိုးစုများနဲ့  ဖွဲ့ စည်းထားတဲ့ နိင်ငံဖြစ်တယ်။ သူပုန်အုပ်စုတွေများတယ်။ ပြည်တွင်းစစ်ကြောင့်  ရ၀မ်ဒါနဲ့  အင်ဂိုလာမှာ ကွန်ဂို ဒုက္ခသည် တွေ ပြည်နှက်နေ ပါတယ်။ ( ဓါတ်ပုံ - ကုလသမဂ္ဂ ကိုယ်စားလှယ် ( ၀ဲ) နဲ့  သူပုန်ခေါင်းဆောင် ( ယာ) )

၈ လေးလုံး ကျောင်းသားခေါင်းဆောင်တွေကို ထောင်ပြောင်းနေပြီ။


မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ ချုပ် ဒီနေ့ နံနက် ၅ နာရီက နအဖ စစ်အစိုးရက ၈ လေးလုံးမျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေကို နစ်ရှည် ထောင်ဒဏ် တွေချမှတ်ပြီး လူစုခွဲ ကာ ထောင်အသီးသီး သို့  ပြောင်း ရွေ့ လိုက်
ကြောင်း သတင်းရရှိပါတယ်။ ပြောင်း ရွေ့ လိုက်တဲ့ ထောင်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁- ကိုမင်းကိုနိင် နှင့် ကိုကိုကြီး - ကျိုင်းတုံ ထောင်
၂- ကိုဌေးကြွယ် - ဘူးသီးတောင်ထောင်၊
၃- မစုစုနွေး - မန္တလေးထောင်
၎- ကိုပြုံးချို - ကော့သောင်းထောင်
၅- ကိုမြအေး- လာရှိုးထောင်
၆- ကိုလှမျိုးနောင်နဲ့ ကိုအောင်နိင် - ကလေးထောင်
၇- ကိုအောင်သူနဲ့  ကျောင်းသားခေါင်းဆောင် ၈ ယောက် - ပူတာအိုထောင်

အသီးသီး သို့ ပြောင်းရွေ့ လိုက် ကြောင်း သတင်းရရှိပါတယ်။ ဒီလိုပြောင်းရွေ့ တာကတော့ ၈၈ မျိုးဆက်ခေါင်းဆောင်များ အား စိတ်ဓါတ်ကျဆင်းအောင် ရည်ရွယ်တာဖြစ်တယ်လို့  ၈လေးလုံး မျိုးဆက် အဖွဲ့ ဝင်တဦးဖြစ်တဲ့ ကိုအောင်မျိုးတင့်ကပြော ပါတယ်။

မစုစုနွေး အပါအ၀င် သူရဲကောင်း ၃၀ ကို မန္တလေးထောင် ကို သန်းရွေ မှ ရွေ့ ပြောင်းလိုက်ပြီ ။


စုစုနွေး အပါအ၀င် ၃၀ မန္တလေး ထောင်သို့ ဒီနေ့မနက် ၅း၀၀ ပြောင်းရွှေကြောင်းသတင်းရရှိပါတယ်။ အသေးစိတ်ကို ဆက်လက်တင်ပြပေးပါမယ်။ ( ဓါတ်ပုံ - မစုစုနွေးနဲ့  ရဲဘော်များ ဒီမိုကရေစီရေးအတွက်ရဲရဲတောက် တိုက်ပွဲဝင်ခဲ့စဉ် )Source: AMT-

နအဖ က ၀ ခေါင်းဆောင် စရင်း ကို စီအိုင်အေ ကို ပေးပို့ ခဲ့ခြင်း

မူယစ်ဆေးဝါး ထုတ်လုပ်နေတဲ ၀ အဖွဲ့ ခေါင်းဆောင်းတွေကို
အမေရိကန် က ခုမှာဖမ်းဝရမ်းထပ်မံထုတ်တာ ကထူးဆန်းနေပါတယ်။ သူတို့ ကိုအရင်ကလည်းထုတ်ဖူးပါတယ်။ အမေရိကန်က ၀ ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထပ်မံထုတ်လာတာကတော့ နအဖ က ၀ ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် ဖိုင်လ်တွေကို စီအိုင်အေ ကို ပေးပို့ လိုက်တယ်လို့ ဝါရှင်တန် သတင်းရပ်ကွက် က ဆိုပါတယ်။

ပေးပို့ တဲ့စာရင်းထဲမှာ ခွန်ဆာအဖွဲ့ မှာ ရှမ်းခေါင်းဆောင်များ၊ ရလလဖ ၊ ကလလတ ခေါင်းဆောင်များ စရင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

နအဖ က တိုင်းရင်းသားအဖွဲ့ တွေကို ၂၀၁၀ မတိုင်မှီ အပြီးတိုင်လက်နက်ချ ဖိအားပေးမှုတွေပြုလုပ်နေပါတယ်။ ၀ သဖ က နဲ့ တိုင်းရင်းသားအဖွဲ့ ချို့ က အကြောင်းအမျိုးမျိးပြပြီး အချိန် ဆွဲ နေတဲ့ အတွက် နအဖ က တဖက်လှည့် နဲ့  စီအိုင်အေ ကိုသတင်းပေးလာခြင်းဖြစ်တယ်လို့ ယူဆနိင်ပါတယ်။ ဒီတော့ ၀ခေါင်းဆောင်တွေရဲ့ အနေအထား က Prisoners Dilemma - သီအိုရီလို ဖြစ်လာပါတယ်။ သူတို့ ဟာ အကြပ်တည်းက လွတ်မြောက်ဖို့ အတွက် အခွင့်လန်း ၄ ခုဖြစ်လာပါတယ်။

၁- နအဖ နဲ့ ပူးပေါင်းမလား ( လက်နက်ချရခြင်း)
၂- နအဖ ကိုပြန်တိုက်မလား
၃- ၀ ခေါင်းဆောင်တွေ တယောက်ကိုတယောက် ချကြွေးမလား
၎- ထွက်ပြေးမလား

ဆိုတာဖြစ်လာပါတယ်။ အဖြေကို Game Theory နဲ့ တွက်ထုတ်မလား။ ဘာနဲ့ တွက်မလဲ။ ဖြစ်နိင်ချေရှိတဲ့အဖြေကတော့
၂၀၁၀ မတိုင်မှီ နအဖ က ၀တွေကို လက်နက်ချဖို့ ဖိအားပေးလာရင် ၀တွေ လက်နက်ချလိမ့်မယ်ဆိုတာပဲဖြစ်ပါတယ်။
Summary

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.