Tuesday, November 18, 2008

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်] 1 New Entry: အကြောင်းမဲ့ မဟုတ်သော

အကြောင်းမဲ့ မဟုတ်သော







" ဟ- ငါးကြီးတွေ အကြီး . . . ကြီး . . . တွေနော် အစ်ကိုကြီး "
" အေး - မင်းလက်နဲ့  ကိုင်ကျွေး၊
စားတယ်တွေ့ လား"











" ဟာ... ဘယ်လိုကြီး ဖြစ်လာတာလဲ"

" နေ... နေလို့ မကောင်းလို့ အစ်ကိုကြီး"

လေသံယဲ့ယဲ့သာ ပြောနိုင်ပြီး မျက်နှာဖြူဆုတ်ဆုတ်ဖြစ်နေသော ညီလေး မောင်စိုးဝင်းကို ကြည့်လိုက်ရင်း ထိုင်ရာမှ ထ၍ ခေါ်လိုက်၏။

" လာ.. ညီလေး။ လာထိုင်။ ဒါလောက်ကြီးတောင် ဘယ်လိုတွေ ဖြစ်နေတာလဲ"

" မ... မ...သိပါဘူး အစ်...ကိုကြီးရာ ။ ဒီ ညာလက် လ...လ...လ...လက်တစ်ဖက်ဆိုရင် ဘောလ်ပင်တောင် မ... မကိုင်နိုင်တော့ဘူး။ ဘာဖြစ်မှန်းလဲ မသိဘူး။ ဆေးလည်း စုံ...စုံ....စုံ...စုံနေပြီ"

" အေး - ဟုတ်ပါရဲ့ ၊ လက်တောင် သိမ်သွားသလားလို့ ။ သေးသွားသလိုပဲ"

" သိမ်... သိမ်သွားသလား မဟုတ်ဘူး။ သိမ်ကို သွား...သွား...သွား သွားတာကြည့်"

"အေးကွာ၊ ဟုတ်ပါရဲ့ ။ မင်းနှယ် ဒါလောက်ကြီးဖြစ်မှ လာရလားကွာ၊ စောစောစီးစီးများ"

"လ... လ... လ.... လာမလို့ ပဲ အစ်ကိုကြီး ၊ မ..... ထနိုင်လို့ ... အ.... အခုထလည်း ထနိုင်တာနဲ့ ရအောင် လ...လ...လာတာ"

ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။ အလွန် ပျော်ပျော်နေတတ်ပြီး အနောက်အကျီစားသန်လွန်းသူ ဖြစ်သော်လည်း ဝေဒနာ ခံစားရေရှာသည့်အခါ အသံပင် မထွက်တော့ ။ အရုပ်ကျိုးပြတ် ဖြစ်နေရှာ၏ ။ သူ့ ညာဘက်လက်ကို ဘယ်ဘက်လက်နှင့် ဆုပ်နယ်နေ၏ ။ မြင်ရ တွေ့  ရသည်မှာ စိတ်မကောင်း၊ မျက်နှာမှာ ဖြူဆုတ်ဆုတ်ဖြစ်နေ၏ ။ သူ၏ ကံကို အကဲခတ် လေ့လာလိုက်သည့်အခါ ကျင့်ကြံကြိုးကုတ်အားထုတ်မှု ရွတ်ဖတ်သရဇ္ဈာယ်မှု များရမည့် လောကုတ္တရာနှစ် ဖြစ်နေ၏။ သို့ မှသာ ကုသမှုများကို ထိရောက်စွာ ခံယူနိုင်မည် ဖြစ်၏။

မောင်စိုးဝင်းသည် ကျွန်းကလေးတောင်တွင် နှစ်စဉ် ဒုလ္လဘ ရဟန်းဝတ်၍ ကုသိုလ်ကောင်းမှုကြီးများ ပြုခဲ့သည်မှာ နှစ်နှင့်ချီနေပြီ ဖြစ်၏။ နှုတ်မှလည်း မပြတ် ရွတ်ဖတ်သရဇ္ဈာယ်နေသူ ဖြစ်၏ ။ ပုတီးနှင့် လက်နှင့် မပြတ်ရုံမက မိဘနှစ်ပါးကို လုပ်ကျွေးနေသော လူပျိုကြီးလည်း ဖြစ်၏။ ဤကောင်းမှု ကုသိုလ်ကြီးများကြောင့် ပိုးစိုးပက်စက် မဖြစ်နိုင်ဟု ယုံကြည်ထားပြီးသားဖြစ်ရာ ..

"မင်း .. လမ်းလျှောက်ရင် မောလား "
" မ... မ.... မောတယ် အစ်ကိုကြိး"
"မောပေမယ့် ဖြည်းဖြည်းတော့ လျှောက်ပေါ့ကွာ။ လာ - နေလေးသာ မိုးလေးသာတုန်း သွားလိုက်ရအောင်"

ကျွန်ုပ်၏ အကြောင်းကို သိထားသော ညီလေးများဖြစ်၍ အစ်ကိုကြီး ဘယ်ကိုသွားမှာလဲ ၊ ဘယ်ကိုခေါ်သွားမှာလဲဟူ၍ မမေး။ ငေါက်ခနဲ ထလိုက်လာလေတော့၏။

လမ်းထိပ်ထွက်၍ အငှားကား ငှားလိုက်ပြီး ဦးဆုံးရောက်သွားသော နေရာမှာ ထူးဆန်းသော ဝေဒနာကြီးများပင် ပျောက်သွားကြသည်ဟု ရှေးယခင်ကတည်းက နာမည်ကြီးသော နာဂလှိုဏ်ဂူဘုရား ဖြစ်၏ ။ တံတားလေးလမ်းဝမှ သွားရသော ဘုရား ဖြစ်၏။ မောင်စိုးဝင်းသည် ဘုမသိ ဘမသိ လိုက်လာ၏။

" ကဲ - ဖူး ။ တို့ ခပ်ငယ်ငယ်ကတည်းက ရောဂါပေါင်းစုံ ဝေဒနာပေါင်းစုံ ပျောက်ကြတယ် ဆိုပြီး နာမည်ကြီးတဲ့ ဘုရားပဲ။ နာဂလိုဏ်ဂူ အဘိုးကလေးဝ ဆရာတော်ဘုရားကြီး ရဲ့  မေတ္တာဓာတ်တွေ ဘယ်လောက်ကြီးမားသလဲဆိုရင် မင်းကိုယ်တွေ့ ကြုံတာက ပိုကောင်းပါတယ်ကွာ ၊ ငါ မပြောလိုပါဘူး"

နာဂလိုဏ်ဂူ ဘုရားအတွင်း လှည့်၍ ဖူးမြော်ကြ၏ ။ ဆရာတော်ဘုရားကြီးကိုလည်း ရည်မှန်းကန်တော့၍ မေတ္တာဓာတ်ကို ခံယူကြ၏ ။

အတော်လေး နှံ့ စပ်အောင် ဖူးပြီးသော် -

" ကိုင်း - သွားစို့ ။ ဒီလမ်းအတိုင်း လျှောက်မယ် ။ မင်းလျှောက်နိုင်မလား "
" လျှောက်ရမှာပေါ့ အစ် . . . ကိုကြီးရယ်"
" ဖြည်းဖြည်းလျှောက် ၊ ဟိုရှေ့ နားကျရင် ငါးအကြီးကြီးတွေ ရှိတဲ့ကန်ပဲ ။ အဲဒီမှာ ငါးစာကျွေး "

စွယ်တော်စေတီတော်မြတ်ကြီး နောက်ဘက်မှ ငါးကန်ကြီးဖြစ်၏ ။ အတော်ကြီးသော ငါးကြီးများ ရှိ၏ ။ ကျွန်ုပ်သည် မကြာခဏ ငါးစာသွားကျွေးလေ့ရှိ၏ ။ ကျွန်ုပ်တို့  ညီအစ်ကိုများက မြိုင်ရာဇာကြီးဟု ချစ်စနိုးခေါ်ကြသော ဦးသန်းထွန်းအောင်သည် ဤကန်ကြီးတွင် ငါးစာများ အားရပါးရကျွေးရင်း ထူးခြားသော အောင်မြင်မှုကြီးတစ်ခုကို လက်ငင်းဒိဋ္ဌ ရခဲ့ဖူးသူဖြစ်၏။

" ဟ- ငါးကြီးတွေ အကြီး . . . ကြီး . . . တွေနော် အစ်ကိုကြီး "
" အေး - မင်းလက်နဲ့  ကိုင်ကျွေး၊ စားတယ်တွေ့ လား"

ငါးကြီးများ မြိန်ရည်ယှက်ရည် စားနေကြသည်ကို ကြည့်ပြီး မောင်စိုးဝင်း မထတော့ ။ ဆက်တိုက်ကျွေးပြီး မေတ္တာများ ပို့ နေလေတော့၏။ ကျွန်ုပ်ကလည်း ၀ိုင်းကျွေးရင်း ကြည့်နေလိုက်လေတော့၏။

အတန်ကြာသော် -
" ကဲ -လာ ဒီလမ်းလေးအတိုင်း လျှောက်မယ်၊ ဟိုဘက်ထိပ် အေ၀မ်းခြံဘက်ကို ထွက်မယ် "

ရပ်ကွက်တွင်းမှ ဖြတ်၍ တဖြည်းဖြည်းချင်း လျှောက်လာလိုက်တော့၏ ။ (၉) မိုင်ဘက် ထွက်ခါနီး ကုန်းတက်တွင် မောင်စိုးဝင်း ဇောချွေးပြန်နေလေတော့၏။ မျက်နှာမှာ ဆွတ်ဆွတ်ဖြူလျက်။

"ဖြည်းဖြည်းလျှောက် ညီလေး ။ မင်းမှတ်နေကျ အတိုင်း အရဟံ-ဗုဒ္ဓေါ ကို ၀င်လေထွက်လေနဲ့  မှတ်ပြီးလျှောက်"

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးပုံတူ ကျိုက်ထီးရိုးစေတီတော်အား ကန်တော့ပြိး ကြားလမ်းများမှ ဖြတ်၍ နဂါးရုံဘုရားဆီသို့  ခေါ်သွားလိုက်၏ ။ မောင်စိုးဝင်းကလည်း လိုက်၏ ။ ဘယ်ခေါ်လို့ ခေါ်နေမှန်း သူမသိသော်လည်း တကောက်ကောက်နှင့် လှုပ်လီလှုပ်လဲ့ လိုက်၏။

" ကဲ - ဖူး ။ ဒါ နဂါးရုံဘုရားပဲ ။ ဆေးဝိဇ္ဇာကြီးတွေရဲ့  မေတ္တာဓာတ် ဟိတ်၊ ပညာဟိတ် တွေကို ရလို့ ရောဂါတွေ ကင်းပျောက်သွားကြတယ်ဆိုပြီး နာမည်ကြီးတဲ့ ဘုရားပဲ ၊ ဖူး "

မောင်စိုးဝင်းကို ပြောပြီး ကျွန်ုပ်လည်း ဖူး၏။ ဖူးပြီးသော် မောင်စိုးဝင်းကို တံမြက်စည်း လှည်းခိုင်းလိုက်၏ ။ သူကလည်း လှည်း၏ ။ အစ်ကိုခိုင်းသမျှ ပေါ့ပါးစွာ ပြုလုပ်၏ ။ နှုတ်မှလည်း ပွစိ ပွစိ ရွတ်၏။

" ကောင်းတယ် ၊ ရှေ့ က ရောဂါသည်တွေ ကျန်းမာ ချမ်းသာ သွားကြပါတယ်ဆိုတာ အလကား မဟုတ်ဘူး ။ ရတနာမြတ် သုံးပါး ဂုဏ်ကျေးဇူးတော်ကြီးတွေဟာ ဘယ်လောက် ထူးခြား ထင်ရှား ထက်မြက်သလဲ ဆိုတာကတော့ မင်းရော အစ်ကိုကြီးပါ ပုံစံအမျိုးမျိုး နဲ့ ကြုံခဲ့ရပြီးပြီ။ အောင်မြင်ခဲ့ကြရပြီးပြီ။ အောင်လည်း အောင်မြင်နေကြတာပဲ။ အောင်မြင်နေဦးမှာပဲ "

" ဟ . . . ဟုတ်ကဲ့ အစ်ကိုကြီး "

ဘုရားရှင်ကို ကြာရှည်စွာ ဖူးမြော်ပြီးသော် မောင်စိုးဝင်း တံမြက်စည်းလှည်း ၊ အမှိုက်ကောက် လုပ်နေပြန်၏။ သူနှင့်အတူ ကျွန်ုပ်ကလည်း အမှိုက်ရှင်းခြင်းကို ပြုလုပ်ပြီးသည်နှင့် -

" ကဲ ဖြည်းဖြည်းချင်း ကုန်းပေါ်တက် ။ အငှားကားနဲ့ ပေါက်စေတီ သွားမယ် "
" ဗျာ - အစ်ကိုကြီး ၊ ဘ . . . ဘ . . . ဘယ်သွားမယ် "
" ပေါက်စေတီလေကွာ၊ ရှစ်မိုင် မရမ်းကုန်းထဲက ပေါက်စေတီ"
" သွ . . . သွ ... သွားလေ"

ရောက်ရပြန်ပြီ။
အလွန် တိတ်ဆိတ်ငြိမ်သက် ငြိမ်းချမ်းသော ပေါက်စေတီသို့ ရောက်ခဲ့ရပြန်ပါပြီ။

" ကဲ - ဖူးကွာ၊ ဒါ ပေါက်စေတီပဲ ။ နာတာရှည်ရောဂါကြီးတွေတောင် ဆေးတိုးပြီး ပျောက်သွားကြတယ်ဆိုတဲ့ ပေါက်စေတီပဲ ။ ဖူးပေတော့ "

ထုံးစံအတိုင်း အာရုံပြု၍ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို မောင်စိုးဝင်းပြုပြန်၏ ။ သူ့ ကို ကြည့်ရသည်မှာ အားနည်းနေသယောင် ရှိသော်လည်း လန်းဆန်းတက်ကြွနေ၏ ။ အိမ်ကိုရောက်လာခါစကကဲ့သို့ လေးလံခြင်း ၊ မှိုင်တွေခြင်း မရှိတော့ ။ ပြုံးရွှင်လာ၏ ။ ဘုရားရှင်၏ တုနှိုင်းဖွယ် မရှိသော တန်ခိုးတော်များသည် လက်ငင်းဒိဋ္ဌ အကျိုးပေးလေပြီ။

" ထွက်ရပ်စခန်း နိဗ္ဗာန်လမ်းကို မြန်းကြွတော်မူသွားတဲ့ ပရိယတ္တိ ပဋိပတ္တိ သာသနာပြု ဆရာတော်ဘုရားကြီး ဘိုးပေါက်ဆိန် လို့ ခေါ်တဲ့ ဘုန်းဘုရားကြီး ဦးဝိဇ္ဇာဓရ ရဲ့  မေတ္တာတန်ခိုးတွေပေါ့ကွာ ။ ရောက်လာတဲ့ ရောဂါဝေဒနာသည်တွေ ထူးထူးခြားခြား သက်သာပျောက်ကင်းသွားကြတာ မင်းလည်း ကြားဖူးနေမှာပဲ ။ အေး - အခု ရောက်ပြီ ။ ဖူးပေတော့ "

အတော်လေးကြာသွားသည့် အခါ ပေါက်စေတီ ၀င်းထဲမှ ညီအစ်ကို နှစ်ယောက် အေးဆေးစွာ ပြန်ထွက်လာလိုက်လေတော့၏ ။

" ကဲ- မင်းရောဂါတွေ ပျောက်ပြီ ။ ဘာမှ မပူနဲ့ တော့"

စကားကို ခဏရပ်ထားလိုက်ပြီး ညီလေး မောင်စိုးဝင်းကို စောင်းငဲ့၍ ပြုံးကြည့်လိုက်၏ သူလည်း ပြုံး၍ ကျွန်ုပ်ကို ကြည့်နေ၏ ။

" ဘာလဲ ၊ မင်းစိတ်ထဲမှာ ဘ၀င်မကျသေးလို့ လား ။ အစ်ကိုကြီးပြောတာကို လိုနေသေးတယ် ထင်လို့ လား ။ ဒါမှ မဟုတ် ယုံကြည်မှု လိုနေသေးလို့ လား "
" မ . . . မ . . . ဟုတ်ပါဘူး အစ်ကိုကြီး ၊ ယ . . . ယုံပါတယ် "
" အေး - မင်းရောဂါတွေ ပျောက်ပြီ ဘာမှ မပူနဲ့ တော့ ၊ ဒါ ငါထပ်ပြောလိုက်တာပဲ ။ ညီလေး ပြန်ချင်ပြန်လို့ ရပြီ ။ ရှစ်မိုင် ကားဂိတ်ကနေပြန်တော့ "

နှစ်လ မရှိတရှိ အကြာတွင် -
တစ်နေ့ -

" အစ်ကိုကြီး "

စာရေးနေရင်းမှ အသံကြား၍ လှည့်ကြည့်လိုက်၏ ။

" အမယ် - အောင်မြင်ထည်ဝါတဲ့ အသံနဲ့ ပါလား ။ ကြည့်စမ်း ၊လူကလည်း ပြည့်လို့ ဖြိုးလို့  ချောလို့  မောလို့ "
" ဟ . . . ဟ . . . ဟုတ်ကဲ့ အစ်ကိုကြီး ၊ အစ်ကိုကြီး ကျေး . . . ကျေး . . . ကျေး ကျေးဇူးတွေကြောင့်ပါ "

ပြောရင်းနှင့် ဘုရားဝတ်ပြုပြီး ကျွန်ုပ်ကို ဂါရ၀ပြု၍ ထိုင်လိုက်၏ ။ ကျွန်ုပ်သည် ညီဖြစ်သူ ကျန်းမာပြီး စိုပြည်ဝဖြိုး လှပနေခြင်းကို ကြည့်ပြီး ပီတိတွေ ဖြစ်လွန်း၍ ဘာစကား စပြောရမှန်းပင် မသိတော့ ။

" အ. . . အစ်ကိုကြီး ကျေး . . . ကျေးဇူးကြောင့် ကျ . . . ကျ ကျန်းမာသွားပြီ။ ဆေး . . . တ . . . တ ... တ ... တိုးသွားပြီ။ အခုဆို စားချင်တာ စ . .. စား ဘာမှ မဖြစ်တော့ဘူး "
" ဟ - တယ်ဟုတ်ပါလား ၊ ၀မ်းသာလိုက်တာကွာ ။ ဒါ ဘုရား သုံးဆူ လှည့်ဖူးလိုက်တဲ့ အကျိုးပဲကွ "
" ဟ . . .ဟုတ်ကဲ့"
" ဒီလိုပဲ ၊ မမာမကျန်းဖြစ်ကြတဲ့ သူတွေကို အစ်ကိုကြီးကတော့ အဲဒီ ဘုရားသုံးဆူကို သွားဖူးခိုင်းလိုက်တာ များတယ်။ အံ့သြလောက်အောင်ကို ကောင်းသွားကြတာ များတယ်။ လက်တွေ့ ကောင်းသွားတဲ့ သူတွေ အများကြီးပဲ။ သွားဖူးကြတဲ့သူတိုင်းကလည်း ဖူးပြီးတာနဲ့  ဆေးတိုးသွားကြတာကို အရမ်း အံ့သြလို့ တဲ့ကွာ။ သူတို့  သောက်နေကျ ဆေးတွေပဲ သောက်တာနော်။ ထူးထွေပြီး ဘာမှ သောက်ကြတာ မဟုတ်ဘူး ။ ဒါပေမဲ့ ကောင်းသွားတာကိုတော့ အတော့်ကို အံ့သြနေကြလေရဲ့ ။ အစ်ကိုကြီးကောတ့ ရတနာသုံးပါးထဲက အမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓရတနာရဲ့ အရိပ်တော်ကို ခိုလှုံခိုင်းလိုက်တာပဲ ညီလေး ။ ဒိပြင် ထူးထူးထွေထွေ ဘာမှ မရှိဘူး။ ဘာအစီအရင်မှလဲ မဟုတ်ဘူး ။ ဆေးဝိဇ္ဇာကြီးတွေရဲ့  မေတ္တာဟိတ်တွေရယ် ၊ ဘုရားရှင်ရဲ့  ခြေတော်ရင်းမှာ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ကောင်းမှု ကုသိုလ်တွေ ပြုတာရယ်က ဆေးတွေ တိုးသွားကုန်တာနဲ့  တူပါရဲ့ ကွာ "

" အစ်ကိုကြီး ၊ ဒီအကြောင်းကို မမာမကျန်း ဖြ. . . ဖြ . . . ဖြစ်နေတဲ့လူတွေ သ . . . သ . . . သ . . . သိပ်ပြီး သိစေချင်တာပဲ။ ကျွန် . . . ကျွန်တော် ကိုယ်ချင်း သိပ်စာလို့ "

" အေးပေါ့ ၊ အစ်ကိုကြီးလည်း သိစေချင်တာပေါ့ ။ ဝေဒနာခံစားနေရတဲ့သူတွေ ဒီဘုရားသုံးဆူ လှည့်ဖူးတာနဲ့  ဘာလို့ ဆေးတွေ တိုးသွားရသလဲ ၊ ဘာလို့ ရောဂါတွေ ပျောက်သွားရသလဲ၊ ဘာလို့ ထူးဆန်းမှုတွေ ဖြစ်ရလဲ သိပ်သိစေချင်တာပေါ့ ။ အေး - တစ်ခုတော့ ရှိတယ်။ ရတနာမြတ်သုံးပါးဂုဏ်ကျေးဇူးတော်ကြောင့် သဘာဝတရားကြီးက ကိုယ့်ကို တစ်ရာဖိုး ကောင်းကျိုးပေးလာပြီဆိုရင်တော့ ကိုယ်က တစ်ရာဖိုး ခံယူနိုင်တဲ့ စွမ်းအားရှိသူတော့ ဖြစ်သင့်တာပေါ့ကွာ ။ ကိုယ့်ရဲ့ ခံယူနိုင်စွမ်းအားက တစ်ဆယ်ဖိုးလောက်ဆိုရင်တော့ မဖြစ်သေးဘူးပေါ့။

ဒါလေးပါ ပဲ၊ ဒါလေးကို သဘောပေါက်ထားလိုက်ရင် ဘာလို့ ရောဂါတွေ ပျောက်သွားရသလဲဆိုတာ . . . "

ဆရာ ဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား)

* * * နရသုခိမဂ္ဂဇင်း * * *

You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.