Tuesday, November 18, 2008

[ကိုတိုးလေး..............] 1 New Entry: ခေါင်းစဉ်မဲ့

ခေါင်းစဉ်မဲ့

မရေရာတဲ့အခြေအနေတစ်ခုကို ကျော်ဖြတ်ရတာ
အတွေဝေဆုံးပဲ။
မလေးနက်တဲ့ လူတစ်ယောက်ကိုချစ်ရတာ
အပင်ပန်းဆုံးပဲ။
မသေချာတဲ့အဖြေတစ်ခုကို ရလိုက်တာဟာ
စိတ်အရှုပ်ထွေးဆုံးပဲ။
ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ကိုချစ်ရတာ
အပူလောင်ဆုံးပဲ။
မဖြစ်နိုင်တဲ့အရာကို မျှော်မှန်းရတာ
စိတ်အပင်ပန်းဆုံးပဲ။
မင်းအကြောင်းတွေးမိတိုင်း
ရင်အမောဆုံးပဲ။
လိုချင်တဲ့အရာတစ်ခုကို ရခါနီးအချိန်ဟာ
အချိုမြိန်ဆုံးပဲ။
မင်းနဲ့ဆုံတွေ့ချိန်ဟာ
ရင်အခုန်ဆုံးပဲ။ ။
ဘယ်လိုလည်း
မင်းကို ရင်ခုန်နေသင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
မင်းကို သတိရသင့်လားလို့ ကိုယ့်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
မင်းကို ချစ်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
မင်းကို ဂရုစိုက်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
မင်းကို စောင့်စားနေသင့်သလားလို့ ကိုယ်ကိုတိုင် ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်။
အဲ့ဒီ့အဖြေက ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့တဲ့။ ။

ပေးချင်တဲ့ခေါင်းစဉ်းလေးပေးနော် ခေါင်းစဉ်မတပ်တတ်လို့ပါဗျာ။ အားလုံးသောညီအကိုမောင်နှစ်မတွေပျော်ရွှင် အဆင်ပြေပါစေဗျာ။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.