Thursday, January 29, 2009

[ဆောင်း] 1 New Entry: With IMAGINARY Spaceship 3

With IMAGINARY Spaceship 3


အတွေး ယာဉ်ကလေးနှင့် အတူ... အပိုင်း - ၃

Thank you for visiting to my blog and enjoy exploring with my IMAGINARY spaceship.


တနင်္လာနေ့ ရုံးတက်ပြီးလို့ နံနက် ၁၀နာရီလောက်မှာ ကျွန်မ အတွက် စာတစ်စောင်ရောက်လာတယ် ဆိုတာနဲ့ ရုံးခန်းသွား ယူဖတ်ကြည့် လိုက်တော့ ကျွန်မ တကိုယ်လုံး လေထဲမြှောက်တက်သွားသလို ခံစားလိုက်ရပါတယ်။ ပျော်လိုက်သည့် ဖြစ်ခြင်း ပထမအဆင့် အာကာသ သုတေသနစပါယ်ရှယ်လစ် အဖြစ် ရွေးထားကြောင်းပါ။ ရွေးထားတဲ့ လူနည်းစုတွေ လူတွေ့ စစ်ဆေးဖို့ နဲ့ ယာယီသင်တန်းတက်ဖို့ အကြောင်းတွေပါ။

ကျွန်မ ရဲ့ အိမ်မက်လေး တကယ်လက်တွေ့ ဖြစ်တော့မှာ ပေါ့နော်.....

ကျွန်မ လည်း အဲဒီနေ့မှာ အဖြူရောင် လက်ရှည် ၀တ်သွားမိတာ မှတ်မှတ်ရရပါ။ အဲဒီမှာ လူအယောက် ၄၀ လောက် ရွေးထား ပါတယ်။ နေရာ ၄နေရာ အတွက် လူ ၁၀ယောက်မှာ အရန်၂ဦးစီ ရွေးမယ်လို့ ယူဆမိ ပါတယ်။ သင်တန်းကို စုစုပေါင်း ၁၂ယောက်သာ တက်ခွင့်ရမယ် ထင်ပါရဲ့ ။ အဲဒီထဲမှာ ထူးထူးခြားခြား ထွေးလေး လို့ ခေါ်တဲ့ အမျိုးသမီး တစ်ဦးက တော့ အရပ်အတော်ရှည်ပြီး အာကာသယာဉ်မှုး အဖြစ် လျှောက်ထားကြောင်း သိရလို့ အံ့သြချီးကျူးမိ ပါတယ်။

ကျွန်မနဲ့ ထွေးလေးတို့လည်း စကာတင် အရွေးခံချင်လို့ အပြင်မှာ ကျူရှင်အရင်တက်ဖို့ စဉ်းစားလိုက်ပါတယ်။ ကျူရှင်သင်တန်း တွေ ကို နယ်တကာ လှည့် ရှာဖွေရပါတယ်။ ဟော .. ကိုးနတ်ရှင်ရဲ့ ကျေးဇူးကြောင့် အာကာသ ပညာရှင် လေ့ကျင့်ပေးရေး ကျူရှင် ဆိုတဲ့ ကြော်ငြာလေး တစ်ခုကို တွေ့ရပါတယ်။

မြန်မာ နာဆာ အာကာသ မှာရှိတဲ့ အောင်ဆန်း သင်တန်းကျောင်းကို ကျွန်မတို့ နှစ်ဦး သွားခဲ့ပါတယ်။ ပမာဏအဖြစ် သီးသန့် အာကာသပညာရှင်သင်တန်း ၁ရက် individual Astronaut Training Experience (ATX) ဒေါ်လာ $250/person ၊ မိသားစု အဖွဲ့သားများနဲ့ အပေးအယူမျှဖို့ လိုအပ်တဲ့ သင်တန်း၂ရက် Family ATX နဲ့ ကမ္ဘာ ပေါ်က အာကာသ စခန်းနဲ့ ဆက်သွယ်မဲ့ အတတ်ပညာ ရက်ကန့်သတ်မရှိ custom Corporate ATX အတွက် အိပ်ခန်းပါ ငှားရတဲ့အတွက် တည$625/person ပါ။ နောက်ဆုံး စာရင်းပေးဖို့ ဆုံးဖြတ် လိုက်ပါ တယ်။

ရုံးကိုလည်း ပမာဏ အရွေးခံရတဲ့ နေ့က စပြီး သင်တန်းတက် လေ့ကျင့်ဖို့ လစာမဲ့ ခွင့် လျှောက်ထား လိုက် ပါတယ်။ အာကာသပညာရှင် ကျူရှင်က ကြံ့ခိုင်မှု့ အတွက် သင်တန်းဖြစ်လို့ အားကစား ၀တ်စုံသာ ရွေးပြီး ယူသွား ရပါတယ်။

နောက်တပတ် နေ့လည်လောက်မှာ သင်တန်း သွားရောက်ပြီး တည်းရမဲ့ ဟိုတယ်မှာ check in အ၀င်စာရင်း ရေးကြပါတယ်။ ဟိုတယ်နေရာမှာ တဆင့် ဘတ်စကားစီးပြီး စစ်ဆေးဂိတ် တွေ အဆင့်ဆင့် ဖြတ်ကျော်လို့ ကျူရှင်သင်တန်း ရောက်ခဲ့ရပါတယ်။

အာကာသထဲမှာ ပတ်ချာလည် လွှင့်မျှောနေမှာ ဖြစ်တဲ့ အတွက် အဲဒီဒဏ်ခံနိုင်ရည် ရှိဖို့ လေ့ကျင့်ရပါတယ်။ ကမ္ဘာ့ ဆွဲငင်အားမရှိတော့တဲ့ အတွက် ကျွန်မတို့ တတွေ ခြေထောက်ပေါ်ရပ်တည်နိုင်တော့မှာ မဟုတ်ပါဘူး။ ဆွဲငင်အား မရှိတဲ့ ပုံစံမျိုးမှာအနေကျဖို့ လေ့ကျင့်ရပါတယ်။ အာကာသ၀တ်စုံများကို ၀တ်ပြီး ၀တ်စုံမှာ ပါဝင်တဲ့ အထူး ခလုပ်တွေ အကြောင်း သင်ကြားရပါတယ်။

(Ref: http://www.ehow.com/how_2179688_train-like-astronaut-day.html)

ပမာဏ အရွေးခံရတဲ့လူ အားလုံးဟာ တူညီတဲ့ ရည်ရွယ်ချက်တွေရှိနေလို့ သင်တန်းတစ်ခုလုံး အရွေးခံရတဲ့ လူတွေ အပြင် ပြင်ပ စိတ်ဝင်စားတဲ့ သူတွေလည်း ပါဝင်တာတွေ့ရပါတယ်။

ဟိုတယ် အခန်း ထဲရောက်တာနဲ့ တပြိုင်နက် ကျွန်မလည်း ၀မ်းသာမှု့ စိတ်မောမှု့ ပင်ပန်းမှု့ တွေကြောင့် အိပ်ယာ ထက် မှာ ခေတ္တခဏ လှဲချ အနားယူလိုက်ပါတယ်။..

သင်တန်းရောက်မှ အရွေးခံရတဲ့သူတွေအပြင် တခြားပရိုဂျက်တွေ အတွက်ပါ ရွေးချယ်ထားတဲ့သူတွေ ပါဝင်မှန်း သိရပါတယ်။ တချို့ ကျွန်မ သိတဲ့လူတွေကတော့ သူဌေးကြီးများ ဖြစ်ကြတဲ့ တချို့ ဘလော့ကာ မ...၊ ကို...၊ ဦး...၊ တို့က တော့ အာကာသကို ငွေပေးပြီး အလည်အပတ် သွားရောက်ဖို့ လာရောက် ကျူရှင် ယူနေကြောင်း သိရပါတယ်။ ချမ်းသာတဲ့သူများတော့ နော်.. ဘာမဆို... ဖြစ်နိုင်တာဘဲ....

သင်တန်းကာလ တစ်ပတ်လောက် ကြာတော့ အိမ်ကဌာနမှုးကြီး KMSL ကို လွမ်းလို့ ဆိုပြီး ဒေါက်တာခင်ဦးမေ ဆိုတဲ့ အမျိုးသမီးတစ်ဦး နုတ်ထွက်သွားပါတယ်။ ကျန်တဲ့သူတွေက တော့ ပြိုင်ဖက်တစ်ယောက် လျော့တဲ့ သဘော မထားဘဲ ၀မ်းသာအားရ နုတ်ဆက်ပွဲလေး လုပ်ပေးကြပါတယ်။

အဲဒီအခါမှာ ကိုရန်းဂေါင်(ကိုရောင်ဂန်း) က သူ ဓါတ်ဆင် ဓါတ်ရိုက် လုပ်လိုက်လို့ ပြိုင်ဖက် လျော့သွားတယ် ဆိုတဲ့ သတင်း တိုးတိုးတိတ်တိတ် ထွက်လာ ပါတယ်။ နောက်နစ်ရက် အကြာမှာ ဗိုလ်ပေါက် ဆိုတဲ့ ဗိုလ်ချုပ်မမ တစ်ယောက် တောင်ထိပ်က ပြင်ဦးလွင် ကို ပန်းခူးထွက်ချင်တယ် ဆိုပြီး နုတ်ထွက်ပြန်ပါရော....။ ကျွန်မ အပါအ၀င် ကျန်သူများ စတင် စိတ်ပူ လာကြပါတယ်။

အဲဒီမှာ ဗိုလ်မင်းသိန်းဦး.. အင်း ဗိုလ်သိန်းလို့ခေါ်ကြပါစို့ သူက ဓါတ်ဆင်တာတွေကို ဓါတ် ယမ်း နဲ့ အငွေ့ ဖြစ်အောင် လုပ်မယ်တကဲကဲ ဖြစ်နေလို့ အမျိုးသမီး အဖွဲ့ဝင်များ အတော်ထိပ်လန့် နေကြ ပါတယ်။

အဲဒီမှာ ကယ်တင်ရှင် မအိမ်လွမ်းသူ လည်း ဓါတ်စာနဲ့ ပြန်တွန်းလှန်နိုင်တယ်ဆိုလို့ ဓါတ်စာ အဖြစ် (အတွင်းကျကျ) မြေကြီး နက်နက် ထဲက အာလူးရှာကြရပါတယ်။ ကိုငရဲက မြေနက်တွင်း ရေနက်တွင်း ရေဒါ အထူးသုတေသနမှုး ဖြစ်တဲ့အတွက် သူ့ရဲ့ ရေဒါ ထောက်လှမ်းမှု့နဲ့ အာလူးပင်ကို ရှာကြပါတယ်။ မနန်းညီ က အတွင်းအား ပါပါ ပန်းချီငို လက်နဲ့ အာလူးပင်ကို ဆွဲလိုက်တာ အာလူးထွက်မလာဘဲ ပင်စည်က ပြတ်သွားလို့ မသိဂီနွယ် က ရေဒါ signal နဲ့ အမြစ်များမှ trace ဆန်းစစ်ပြီး အာလူးတူး ပေးပါတယ်။

အဲဒီတော့မှ ဓါတ်စာ အာလူးအစိမ်းသုပ် ကို မစုဘူးအိမ် ကတာဝန်ယူသုပ်ပေး လို့ အဖွဲ့သား အားလုံး စိတ်အေးရ ပါတော့တယ်။ ဓါတ်ဆင်ထားတာ အတွင်းရော အပြင်ပါ ကျော်နိုင်အောင် တွင်းပိုးပါ ကြော်စားရမယ် ဆိုလို့ ကိုတွင်းပိုးရဲ့ ကျစ်ကျစ်ပါအောင် ၀ှက်ထားတဲ့ နံမည်ကြော် တွင်းပိုးလေးတွေ ကို တစ်ဦးလျှင် အနည်းဆုံးတစ်ကောင် ဝေစုရအောင် မျှဝေ စားရပါ သေးတယ်။ အဲဒီနေ့ညက ကိုတွင်းပိုး မျက်နာကြီးနီပြီး မျက်ခွံတွေ မို့ယောင်နေတာ သတိထားမိပါတယ်။ ငိုထား တယ် လို့ မထင်ပါဘူး အာကာသထဲ ပတ်ချာလည် တဲ့ဒဏ် ခံနိုင်အောင် ကင်းမြီးကောက်ထောင် လေ့ကျင့်တာ များသွား လို့ ဖြစ်မှာပါ။

ဘယ်လိုဘဲ ဖြစ်ဖြစ် အာလူးအစိမ်းသုပ်နဲ့ တွင်းပိုးအရသာကို ဘယ်တော့မှ မမေ့နိုင် ဖြစ်ခဲ့ရတာ ပေါ့နော်။

လုပ်ငန်းကို အာရုံစိုက်ဖို့ အတွက် သံယောဇဉ်တွေ ပြတ်အောင် ပြင်ပနဲ့ ဆက်သွယ်ရေးကို ဖြတ်ထား တဲ့ အနေနဲ့ သင်တန်း ဟိုတယ်မှာ တယ်လီဖုံးတွေ မတပ်ထားပါဘူး။ အဲဒီအချိန်မှာ မသီတာ တစ်ယောက် က အလွန် ပျော်ရွှင်နေပါတယ်။ သားသားတို့ကို ကိုဧရာနဲ့ ထားခဲ့တဲ့ အတွက် စိတ်အေးလက်အေးဖြစ်နေပါတယ်။ ဖုံးပါ မသုံးရတော့ ကိုဧရာ တော့ အတော်ဝမ်းသာနေမှာ လို့ ကျွန်မတို့ကို မသီတာက ပြောပြ နေပါ သေး တယ်။

မသိဂီနွယ်၊ ကိုရှင်ရဲထွတ်နဲ့ ကိုသမိန်ဗရမ်းကတော့ သူတို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး သုတေသနအကြောင်း ဆွေးနွေး နေကြပါတယ်။ လောလောလတ်လတ် စားထားတဲ့ အာလူးရဲ့ Dimension ထုထည်၊ အခွံရဲ့ အထူ ပါဝင်တဲ့ အစာနဲ့ အာလူး အလေးချိန်တွေကို ဖော်မြူလာဖွင့် တွက်ချက် နေကြပါတယ်။

ကိုကိုမောင်က တော့ ငယ်ငယ်ရွယ်ရွယ်ဆိုတော့ ညဘက်ရောက်တာနဲ့ ဘုရား ရှစ်ခိုး နေလိုက်တာ တခေါခေါ နဲ့ပါဘဲ။

ကိုပြည့်ဖြိုးရယ်၊ ကိုအောင်သာငယ်ရယ်၊ ကိုဂင်ကြီးရယ်ကတော့ ဆက်သွယ်ရေး သုတေသန အထူး စပါယ်ရှယ်လစ်တွေ မိုလို့ သူတို့ ခိုးဝှက် ယူလာတဲ့ လက်ကိုင်ဖုံးလေး တွေနဲ့ မတ်စေ့ခ်ျပို့ ပြီး ဆက်သွယ်ရေး မပြတ်အောင် စမ်းသပ် လေ့လာနေပါတယ်။
Message Signal က ကမ္ဘာ့ပြင်ပက စင်္ကြာဝဌာ ထဲကို ပို့လွှတ် စမ်းသပ် ဆက်သွယ်နေတာ လို့ ပြောပါတယ်။ စမ်းသပ်အောင်မြင်တဲ့ သုတေသနဘဲ ထင်ပါရဲ့ ပြန်ဝင် လာတဲ့ Message Signal တွေ ကြည့်ပြီး တခါတလေ သက်ပြင်းကြီးချလိုက် တခါတလေ ပြုံးပြုံးကြီး ဖြစ်လိုက် နဲ့။

ကျွန်မနဲ့ နင်းလေးကတော့ environmental research ပတ်ဝန်းကျင် အထွေထွေ သုတေသန မှတ်တမ်းတင်ဖို့ အတွက် အဓိက ဖြစ်လို့ သင်တန်းသူသင်တန်းသား အားလုံးရဲ့ လှုပ်ရှားမှု့ကို မျက်ခြေမပြတ် ကြည့်နေရတာ ပေါ့။

အဲဒီမှာ ကိုငရဲနဲ့ ကိုခွန်းက တစခန်းထတော့တာပါဘဲ။ သူတို့ရဲ့ ထိပ်တန်းလျို့ဝှက် သုတေသန စာတမ်းတွေ ပျောက်တယ် ဆိုပြီး ကျွန်မတို့ကို အရစ် လုပ်နေပါ သေးတယ်။ ထိပ်တန်းလျို့ဝှက် သုတေသန စာတမ်းက တော့ ရေမွှေးပါတဲ့ ပန်းရောင် စာအိတ်လို့ ပြောပါတယ်။ အားနာတာနဲ့ ကျွန်မလည်း သုံးနေတဲ့ ရှယ်နယ်၅ ရေမွှေး ကို ပေးတာ အဲဒီအနံ့ကို နံတယ် ဆိုလို့ ကျွန်မ ၀ယ်ရကျိုး မနပ် ဖြစ်ရပါသေးတယ်။ ၀ယ်ထားတာ ၁၀နစ် လောက် ပဲ ရှိအုန်းမဲ့ဟာကို............ ဟင်း ........ တကထဲ.... ။

အဇ္ဈတ္တပြခန်း က ကွန်ထရိုး တာဝန်ခံမှုး ကတော့ ကျွန်မတို့ ဟိုတယ်အဆောင် အတွက် ခလုတ်နှိပ်တိုင်း အကူညီပေးမဲ့ဌာန ကို အကြောင်းကြားမဲ့ Bell ဘဲလ် တလုံးလာထားပေးပါတယ်။ အဲဒီခလုပ် နေရာမှာ တန်းစီ နေကြတာ ကတော့ ဒေါက်တာခွန်းနဲ့ ကိုငရဲပါဘဲ။ ထိပ်တန်းလျို့ဝှက်ချက်စာတမ်းကို ခေါင်းအုံးအောက် မှာ ထားမအိပ်ရရင် သူတို့ရဲ့ ဇီဝဦးနှောက်တွေ ဆက်သွယ်ရေး အလုပ်မလုပ်ဘူး လို့ ကွန်ပလိမ်း တက်နေကြ ပါတယ်။

ကွန်ပလိမ်းတက်နေတာကို ၀င်ဖြေရှင်းပေးတာက တော့ ကိုလောရှည်ပါ သူက ဇတ်ရုံမှုး ဆိုတဲ့ Theater တာဝန်ခံပါ။ သူ့ ဖြေရှင်းချက်လေး က တယ်လွယ်တာဘဲ ဒေါက်တာခွန်းနဲ့ ကိုငရဲကို အထူးစီမံ ပြုလုပ်ထားတဲ့ ဆေးရည် တစ်ပုလင်းစီ ပေးလိုက်တယ။် အဲဒီပုလင်းထဲမှာ ထိပ်တန်းလျှို့ဝှက် ဖော်မြူလာနဲ့ ဖော်စပ်ထားတဲ့ ဦးနောက် မှတ်ဥာဏ် ကောင်းစေတဲ့ ဆေးရည် ထဲ့ထားတယ် လို့ ဆိုပါတယ်။ အဲဒီညက သူတို့ အခန်းဘက်ကို အမျိုးသား အဖွဲ့ဝင် တွေ သွားရောက် လေ့လာတာ ၀င်လိုက်ထွက်လိုက်နဲ့ တညလုံးလိုလိုပါဘဲ၊ နောက်တနေ့ ရောက်တော့ ကိုကိုမောင် ဆိုတဲ့ အဖွဲ့သား တစ်ယောက် ခေါင်းကိုက်ပြီး မထနိုင် လို့ ဆေးရုံတင် လိုက်ရ ပါတယ်။ ခေါင်းမှာ ပတ်တီး အပြည့် နဲ့ တကိုယ်လုံးကို ဇောက်ထိုးမိုးမျှော် ထားပြီး ဆေးကုသလိုက်ရ ပါသတဲ့။

ဒေါက်.... ဒေါက်........ ဒေါက်..

အဖွဲ့ဝင် နံပါတ် ၁၀ တံခါးဖွင့်ပါ။ ညနေစာ လာပို့ပါတယ်။

ကျွန်မလည်း တံခါးခေါက်သံကြောင့် အိပ်ယာမှ လန့်နိုးသွားရပါတယ်။

.......
......
.........


သြော် ......... နွေခေါင်ခေါင် နေပူပူမှာ ထမင်းလုံး တစ္ဆေခြောက်သလို အိမ်မက် မက်နေပါပကောလား.... ညစာ မစားခင် မျက်နာ အပြေး သစ်လိုက် အုန်း မှ......

မှတ်ချက်။ ။ ဒီပို့စ်ထဲက အိမ်မက် ကတော့ နာမည်စာရင်း လာပေးသွားတဲ့ ဘလော့ကာ ကိုကိုမမများအတွက် အမှတ်တရ ပါ။ နောက်ပိုင်းမှာလည်း အဲဒီ ဇတ်လိုက်များကို ထည့်သွင်းရေးသားသွား ပါမည်။ နာမည် အသစ်များ လက်မခံနိုင်တော့တာ ခွင့်လွှတ်ပါ။ လူများသွားလျှင် တရုတ်သိုင်းဝတ္တုလို ဇတ်ကောင် နာမည်များ မမှတ်မိတော့မှာ စိုးလို့ပါ။

နာမည်စာရင်းလာပေးသွားသူများ နုတ်ဆက်သူ နုတ်မဆက်သူများ အားလုံးကို ကျေးဇူးတင်လျက်

ဆောင်း

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.