Thursday, January 29, 2009

[NYI LYNN SECK 18+ DEN] 8 New Entries: ခရီးသွားမည်

ခရီးသွားမည်


လွန်စွာ ထူးဆန်းသော၊ ကြောက်မက်ဖွယ်ရာများ ပြည့်လျှမ်းနေသော၊ မမြင်ရသည့် အံ့ဩဖွယ်ရာများ လွှမ်းခြုံနေသော၊ မထိတွေ့နိုင်သည့် အစောင့်အကျပ်များဖြင့် ပြည့်နှက်နေသော၊ လူသူ အရောက်အပေါက် ခက်ခဲလှသည့် မြန်မာပြည် အထက်ပိုင်း တောကြီးတစ်ခု အတွင်းမှ လျှို့ဝှက်ဆန်းကြယ် ဂမ္ဘီရ နေရာတစ်ခုသို့ အင်္ဂါနေ့တွင် သွားရောက်မည် ဖြစ်သည်။ မည်သည့်ရက်တွင် ပြန်ရောက်မည်ကို အတိအကျ မပြောနိုင်သော်လည်း ကျွန်ုပ် ပြန်ရောက်သောအခါတွင် အားလုံးအတွက် စိတ်ဝင်စားစရာ ဓာတ်ပုံများ၊ ရင်သပ်ရှုမောဖွယ်ရာ အဖြစ်အပျက်များ၊ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းများကို တပါတည်း ယူဆောင်လာခဲ့ နိုင်လိမ့်မည်ဟု ယုံကြည်မိလေသည်။ 


သူဘယ်သူလဲ

Edouard Manet - Le Déjeuner sur l'herbe, 1863

Bow Wow Wow - See Jungle! See Jungle! Go Join Your Gang, Yeah, City All Over! Go Ape Crazy! (1981, RCA)


ကျွန်တော်ပဲ ဒီမှာစာတွေရေးနေရတာ ပျင်းလာပြီ။ ဒီတော့ Web Research ကို စိတ်ဝင်စားတဲ့ သူတွေနဲ့ အတူတူ Research လုပ်ကြည့်ရအောင်။ အထက်ကပုံက မနေးရဲ့ နာမည်ကျော် ပန်းချီကားတစ်ချပ်၊ အောက်ကပုံက ဒါဒါပုံစံ လုပ်ထားတဲ့ Vow Wow Wow ရဲ့ နာမည်ကျော် အခွေကာဗာ။ ဒါကို အကြောင်းမဲ့ တင်ထားတာ မဟုတ်ပါဘူး။ အိုကေ စိတ်ဝင်စားတဲ့သူတွေ Research လုပ်ကြည့်လိုက်ကြပါဦး။ ဒါဆိုရင် စိတ်ဝင်စားစရာ လူတစ်ယောက် အကြောင်းကို သိလာရမယ်လို့ အာမခံတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင် ဒီပုံကို 2004 Art Theory သင်တုန်းက မြင်ခဲ့ဖူးပေမယ့် အမှတ်တမဲ့ပဲ သဘောထားခဲ့တာ။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် အဘိဓာန် စာအုပ် တစ်အုပ်ထဲက အကြောင်းအရာလေး တစ်ခုနဲ့ ဆက်စပ်ပြီး ရှာဖတ်ဖြစ်လိုက်တာ။ အိုကေ  ဒီပုံမှာ ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး လူတစ်ယောက် ဘယ်သူဖြစ်မလဲ ဆိုတာ ရှာဖွေကြည့်လိုက် ကြပါဦး။ အဖြေသိရင် တခြားသူတွေကိုလည်း ကွန်မန့်မှာ မျှဝေပေးလိုက်ပါဦး။ 


ခရစ္စတီးနားရဲ့ကမ္ဘာ


Christina's World

ခရစ္စတီးနားရဲ့ကမ္ဘာ (Christina's World) လို့ အမည်ရတဲ့ ကမ္ဘာကျော် ပန်းချီကားကို ရေးဆွဲခဲ့သူ အမေရိကန် ပန်းချီကျော် အင်ဒရူးဝိုင်းယတ် ဟာ ၁၆ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၉၁နှစ် ရှိနေပြီ ဖြစ်ပါတယ်။ [news]  



ခရစ္စတီးနားရဲ့ကမ္ဘာ


စကြဝဠာတစ်ခုလုံး
ဖူးပွင့်သွားတာကိုတောင်
မသိလိုက်တဲ့ကောင်ပါ
နွေရာသီတစ်ခုလုံး ငါ့အပေါ်ပြုတ်ကျ
မိုးဦးရနံ့တွေနဲ့ တမ်းတနှုတ်ဆက်စကား ဆိုမိတော့မှ
ငါဟာ ရွက်ကိုတပ်လို့
အရှေ့ဘက် မြစ်ဖျားတွေဆီ ထွက်ခဲ့တယ်

ငါရရှိခဲ့တယ်... အားသွင်းထားတဲ့ ဓာတ်ခဲတွေ
ငါရရှိခဲ့တယ်... သေသေပ်တဲ့ လေပန်ကာတွေ
ငါရရှိခဲ့တယ်... ရေခဲထဲမှာ သေနေတဲ့ငါးတွေ
ငါရရှိခဲ့တယ်... နေကြာပန်းတွေ
ငါရရှိခဲ့တယ်... ဆွဲအားလွတ် လေဟာနယ်တွေ
ငါရရှိခဲ့တယ်... မသိသေးတဲ့ နံနက်ခင်းနေရောင်တွေ
ငါရရှိခဲ့တယ်...
ငါရရှိခဲ့တယ်...

ကလေးတစ်ယောက် ချော်လဲသွားတယ်
အိပ်နေရင်းနဲ့ ချစ်သူဆိုတာကို မျှော်လင့်လို့...။



အဲဒီပန်းချီကားလေးရဲ့ နာမည်နဲ့ နောက်ခံ အကြောင်းကို နှစ်သက်လို့ 2001 လောက်က ရေးခဲ့တဲ့ ကဗျာလေးပါ။ 


လူ့ဘောင်သမိုင်းသစ်


ဒီစာအုပ်လေးကလည်း ကျွန်တော် ငယ်ငယ်က ဖတ်ခဲ့ရ၊ နှစ်သက်ခဲ့ရတဲ့ စာအုပ်ကလေးပါ။ အိမ်မှာရှိတဲ့ စာအုပ်က ခြကိုက်လို့ တဝက် မရှိတော့ဘူး။ အဲဒါ တစ်ရက်က အဟောင်းတန်းမှာ မမျှော်လင့်ဘဲ တွေ့လို့ ၂၅၀၀ ပေးပြီး ဝယ်လာခဲ့တယ်။ အိမ်ရောက်တော့ စာအုပ်ကို တစ်ရွက်ချင်းဖြုတ် စကန်နာထိုင်ဆွဲပြီး ပြန်သန့်ထားလိုက်ပါတယ်။ လူကြီးတွေ ဖတ်ဖို့ မဟုတ်ပါဘူး။ ကလေးတွေ ဖတ်ဖို့ပါ။ 

စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ [Download PDF: 6Mb ]

--
Every secret of a writer's soul, every experience of his life, every quality of his mind is written large in his works. (Virginia Woolf)

Myanmar Ban Blogspot Again


ဘလောဂ်မှာ အရင်ကလို စာတောင် တင်လို့ မရတော့ပါဘူး။ ပရောက်ဆီ ဆောဖ့်ဝဲတွေ သုံးရင်လည်း ပိုစ့်တင်လို့ မရတော့ပါဘူး။ အနည်းဆုံး Save in Draft တောင် လုပ်လို့ မရတော့တာ တွေ့ရပါတယ်။ ပိုစ့်တင်မယ်လို့ နှိပ်လိုက်ရင် အောက်ကလို စာသားတွေ ထွက်လာပါတော့တယ်။ အရင်က ဘလော့ကို မူရင်း www.blogger.com ကိုပိတ်ထားပေမယ့် https://www2.blogger.com ကနေဝင်ရင် အေးအေးဆေးဆေး စာဝင်ရေးလို့ရတယ်။ ပြင်လို့ရတယ်။ အခုတော့ ဒါတွေအားလုံးပါ ပိတ်သွားခဲ့ပြီ။ အခုလည်း ဘယ်လိုမှ တင်မရလို့ Mail to Blogger ကိုအသုံးပြုပြီး တင်လိုက်ပါတယ်။ မနေ့ညကမှ ဪ ဘလောဂ်တွေ ဖွင့်ပေးနေပြီလို့ ဝမ်းသာအားရ ဆိုလိုက်မိတာ မှားသွားမှန်း သိလိုက်ရတယ်။ ကျွန်တော်ကိုယ်က အမှတ်မရှိတာ။


The requested URL could not be retrieved

Please double check or try again later.
Celebrity Secrets To Staying Young
Adventure Sailing Vacation
Activities for the Youth
Accountancy Career
Making Chocolate
The History of Acupuncture
Tai Chi Techniques and Training
Organic Vegetable Gardening
A Simplified Look at Composting
What are Hydrogen Fuel Cells?
Top 5 Reasons Why to Raise Chickens


ရှေးဟောင်းလူ နှင့် ဝက်သား


တစ်နေ့က စာအုပ်တွေရှင်းရင်း  ကျွန်တော် ငယ်ငယ်က ဖတ်ခဲ့ရတဲ့ သမိုင်းစာအုပ်လေးကို ပြန်တွေ့တယ်။ တော်တော်လည်း ပျော်သွားတယ်။ ဒီစာအုပ်လေးကို ကျွန်တော်တို့ ခေတ်မှာ မသင်ခဲ့ရပါဘူး။ ကျွန်တော့် အကိုတို့ လက်ထက်ကတော့ သင်ခဲ့ရပုံ ပေါ်တယ်။ ကျွန်တော်ကတော့ အဲဒီစာအုပ်လေးကို ငယ်ငယ်ထဲက အတော် စွဲလမ်းခဲ့တာ။ အဲဒီအထဲက ဇာတ်လမ်းလေးတွေဟာ သိပ်ကောင်းတယ်။ အခုခေတ် စာအုပ်တွေနဲ့ မတူဘူး။ နဲနဲ မြည်းကြည့်လိုက်ပါဦး။ 




ရှေးဟောင်းလူနှင့် ဝက်သား


ရှေးအခါက တရုတ်ပြည် အနောက်ဖက်ပိုင်း တာရင်ချိုင့်ဝှမ်း ဒေသတွင် ရှေးဟောင်းလူများ နေခဲ့သည်။ ယင်းဒေသ လူများသည် တိရစ္ဆာန်များကို မွေးမြူ၍ အသက်မွေးတတ်သည်အထိ ယဉ်ကျေးနေကြပြီ ဖြစ်သည်။

တောင်စောင်းတခုအနီး ရွာငယ်တခုတွင် တဲငယ်တခု ဆောက်၍နေသည့် မိသားစု အိမ်ထောင်တစု ရှိ၏။ အမိ၊ အဖ၊ အစ်ကို၊ အစ်မ တို့အားလုံး သိုးကျောင်း၊ သစ်သီးရှာ၊ ငါးမျှား စသော အလုပ်များလုပ်ရန် ထွက်သွားကြစဉ် ဘိုဘိုဟုခေါ်သော သူငယ်တယောက်တည်းသာ တဲစောင့်နေခဲ့၏။

ဘိုဘိုသည် အိမ်တွင် ပျိုးထားသော မီးဖိုထဲမှ မီးတစကို ယူ၍ ကလေးဘာဝ မီးနှင့် ကစားစဉ် တဲငယ်ကလေး မီးလောင်သွားတော့၏။ မီးလောင်နေသော တဲကိုကြည့်ပြီး ဘိုဘိုသည် စိတ်ပူနေသည်။ မကြာမီ တဲကလေး မီးကျွမ်းသွားသောအခါ တဲထဲတွင် နေသည့် ဝက်ကလေး ငါးကောင်တို့မှာလည်း မီးလောင်၍ သေနေကြသည်။ မီးလောင်ပြီး သေနေသော ဝက်ငယ်များ အနီးသို့ ဘိုဘို သွားကြည့်သည်။ 

ဝက်ကလေးများမှာ မီးသင်းထားသဖြင့် ကား၍ တောင့်၍ နေကြသည်။ မီးသင်းထားသော ဝက်ကလေးများမှ ဝက်နံကင် အနံ့ကဲ့သို့ အမွှေးနံ့များ သင်းနေသည်။ ဘိုဘိုက ဝက်နံကင် အနံ့ကို ရသဖြင့် သဘောကျပြီး အနီးသို့ ချဉ်းကပ်လျက် ကလေးတို့ဘာဝ ဝက်ကလေးတကောင်အား လက်ညှိုးဖြင့် ထိုးကြည့်လိုက်ရာ ဝက်သားသည် နူးနပ်နေပြီ ဖြစ်၍ ဘိုဘို၏ လက်ညှိုးကလေးသည် ဝက်သားထဲမြုပ်၍ ဝင်သွားသောအခါ အလွန်ပူလောင်သွားသည်။

ဘိုဘိုသည် လက်ညှိုးတွင် အပူထိသဖြင့် အမြန်ဆွဲနုတ်လိုက်ပြီး သက်သာရာ သက်သာကြောင်း လက်ညှိုးကို သူ့ပါးစပ်ကလေးဖြင့် စုတ်မိလေသည်။ ထိုသို့ စုတ်မိလိုက်သည်နှင့် တပြိုင်နက် မိမိခံစားနေရသော အပူကို မေ့လောက်အောင်ပင် လျှာတွင် အရသာ တွေ့သွားသည်။ ဘိုဘို အလွန်သဘောကျသွားသည်။ နောက်တကြိမ် ဝက်ကလေးကို လက်ညှိုးဖြင့် ထိုးပြီး လက်ကို စုတ်မိပြန်သည်။ အရသာ တွေ့လှသဖြင့် လက်ညှိုးဖြင့် ထိုးရုံမျှမကဘဲ လက်နှင့် ကော်၍ကော်၍ ဝက်သားကို စားလေတော့သည်။

ထိုခဏတွင် အဖဖြစ်သူ ရောက်လာပြီး၊ တဲမီးလောင် ပြာကျနေသည်ကို မြင်သောအခါ အလွန်ဒေါသဖြစ်လျက် အော်ငေါက်ပြီး အိမ်ဆီသို့ ပြေးလာသည်။ အိမ်မီးလောင်ရုံမျှ မကေသေး၊ ဘိုဘိုသည် ရွံစရာကောင်းသော ဝက်၏ အသားကို လက်ညှိုးဖြင့် ကော်ကာ စားနေသည်ကို တွေ့ပြန်သဖြင့် ဘိုဘို၏ အပေါ်သို့ သူ့အဖေကြီးက လက်သီးမိုး ရွာချလိုက်တော့သည်။

ဘိုဘိုလည်း သူ့အဖေအား ဝက်၏အသားသည် အလွန်မွှေး၊ အလွန် အရသာရှိကြောင်း လက်သီးထိုးခံရင်း ရှင်းပြသည်။ မယုံကြည်လျှင် တတို့မျှ တို့၍ မြည်းကြည့်ရန် ပြောလိုက်သောအခါ အဖိုးကြီးက ပထမ ငြင်းဆန်ပြီး ဘိုဘိုအား ပြစ်တင်ရှုံ့ချလျက်ပင် နေသေးသည်။ သို့သော် ဘိုဘိုက လက်ညှိုးဖြင့် ကော်ကာကော်ကာ စားပြရင်း သူ့အဖေကြီးအား အနည်းငယ်မျှ မြည်းကြည့်ရန် တိုက်တွန်း၏။

အဖိုးကြီးလည်း ဝက်ငယ်တကောင်ကို လက်ညှိုးဖြင့် ထိုးလိုက်ရာ အလွန်ပူလှသဖြင့် ဘိုဘိုကဲ့သို့ပင် လက်ညှိုးကို ပါးစပ်ဖြင့် စုတ်လိုက်မိလေသည်။ အဖိုးကြီးလည်း ဘိုဘိုနည်းတူ အရသာ တွေ့သွားသဖြင့် ဘိုဘို၏ ကျောကို သပ်လျက် ချော့မြှူရင်း မီးသင်းဝက်သားကို ကော်ကာကော်ကာ စားလေသည်။ နောက် အခြားအိမ်သားများ ပြန်လာသော အခါတွင်လညး မီးသင်းဝက်သားကို မြိန်ရှက်စွာ စားကြလေသည်။

ထိုအခါမှစ၍ အသားကို မီးသင်း၍ စားသော အလေ့အထသည် ကျန်ဒေသများသို့ ပြန့်နှံ့ သွားလေသတည်း။



တတိယတန်း ကမ္ဘာ့သမိုင်းပုံပြင်၊ စာ ၈၇၊ ၁၉၇၈


မှတ်ချက်။ အစ္စလာမ် စာဖတ်သူတွေ ဒီပိုစ့်တော့ ခွင့်လွှတ်ကြပေါ့ဗျာ။

Blogger and Blogspot are unbanned in Myanmar


Blogger and Blogspot are unbanned in Myanmar (False News!)

Yangon, 
11pm, Jan 14, 2009.


What a beautiful day!!! Our lovely Google's Blogger and Blogspot are released from ban in Myanmar. 

Blogspot, the most popular blogging platform among burmese bloggers was banned in Myanmar since last two years ago. Blogging is interested as one of the most famous tech revolution and media explosion in myanmar youths and, it reached its highest popularity at 2007. Actually it(blogging) doesn't mean as most people thought as just writing something on web, but it has more meaningful characteristics and can be doing as professional. At least, it can earn some extra bucks for survive. Now, it is released from ban and we bloggers hope to build more meaninful myanmar blogosphere for community, and wishing not to be banned again. Cheer!


Update!


ဒီဟာ ရေးပြီးမှပဲ မနက်မိုးလင်းချိန်မှာ ပြန်ပိတ်တာ ခံလိုက်ရပါတော့တယ်။ ကိုယ်တောင် တော်တော် ကြောင်သွားတယ်။ တကယ်တမ်း မသိလိုက်ရင် အကောင်းသား။ :( ယုံကြည်မိတာကိုက ကျွန်တော့် အမှားပါ။

ငရဲခွေးကြီးလွတ်နေပြီ


ငရဲခွေးကြီးလွတ်နေပြီ

The Hell-Hound at Large



Escaped from Awizi, a devil in the form of a black dog. Had been during his brief span on earth a base object of universal odium and execration, - sentenced to Eternal Damnation for Treachery, Theft, Presumption, Intrigue, Pettifogging, Sadism, Churlishness, Vulgarity, etc. A pimping knave with avuncular pretensions to some cheap wiggling wenches from a well-known Hostel, he was also a hectic popularity-hunter, shamming interest in Games, Concerts, Associations etc., menacing the public placed with his unwanted presence though generally welcomed everywhere as small-pox. His only distinguishing marks have been the abominable V.D. ulcers on his neck and buboes due to copulation with his own wife. 

Will finder please kick him back to Hell?


Yamamin.


From: Oway or The Voice of the Peacock, Voice of the RUSU, Jan. 1936; Vol. 5, No. 1, p.56. Points from Letters.

အိုးဝေမဂ္ဂဇင်း အတွဲ (၅) အမှတ် (၁) တွင်ပါရှိသည့် ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါး။ 



You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.