Thursday, January 29, 2009

[ဆိုးသွမ်း] 6 New Entries: Nine Words Women Use

Nine Words Women Use



(1) Fine : This is the word women use to end an argument when they are right and you need to shut up.

(2) Five Minutes: If she is getting dressed, this means a half an hour. Five minutes is only five minutes if you have just been given five more minutes to watch the game before helping around the house.


(3) Nothing: This is the calm before the storm. This means something, and you should be on your toes. Arguments that begin with nothing usually end in fine.


(4) Go Ahead : This is a dare, not permission. Don't Do It!


(5) Loud Sigh: This is actually a word, but is a non-verbal statement often misunderstood by men. A loud sigh means she thinks you are an idiot and wonders why she is wasting her time standing here and arguing with you about nothing. (Refer back to # 3 for the meaning of nothing.)



(6) That's Okay: This is one of the most dangerous statements a women can make to a man. That's okay means she wants to think long and hard before deciding how and when you will pay for your mistake.


(7) Thanks: A woman is thanking you, do not question, or faint. Just say you're welcome. (I want to add in a clause here - This is true, unless she says 'Thanks a lot' - that is PURE sarcasm and she is not thanking you at all. DO NOT say 'you're welcome'. that will bring on a 'whatever').


(8) Whatever: Is a woman's way of saying F-- YOU!


(9) Don't worry about it, I got it : Another dangerous statement, meaning this is something that a woman has told a man to do several times, but is now doing it herself. This will later result in a man asking 'What's wrong?' For the woman's response refer to # 3.


Send this to the men you know, to warn them about arguments they can avoid if they remember the terminology.

Send this to all the women you know to give them a good laugh, cause they know it's true.


From FW Mail....


ပါဝင်ဆင်နွှဲ.....မန္တလာ Chess ပွဲ




ရန်ကုန်မှာတော့ ဒီလိုပွဲမျိုး ၊ ဒီလို မြင်ကွင်းမျိုး ကျွန်တော်မွေးကတည်းက အခုအချိန်အထိ တခါမှ မတွေ့ခဲ့ရပါဘူး။ ဒီပုံကိုကြည့်စမ်းပါဦး ၊ စိတ်အေးလက်အေးနဲ့ စစ်တုရင်ကစားနေကြတာ ။ ဒီလို နေရာမျိုးမှာ ၀င်ရောက် ကစားတဲ့သူ အနေနဲ့ကတော့ တော်ရုံအရည်အချင်းနဲ့ မရနိင်ဘူးလို့ ထင်မြင်မိပါတယ်။ ပွဲရှိန်တယ်ခေါ်မှာပေါ့။ ကျွန်တော် ဆိုလည်း စစ်တုရင် ကစားနည်းကို သာမန်လောက်သာ ဆော့ကစားခဲ့သူမို့ သူများတွေ ကြည့်တာနဲ့တင် အယောင်အယောင် အမှားမှား ဖြစ်ပြီး ပေါက်ကရလုပ်မိမှာ သေချာတယ်။

ငယ်ငယ်တုန်းက ပတ်ဝန်းကျင်မှာ စာပေလိုက်စားတဲ့ ၊ စစ်တုရင် လိုက်စားတဲ့ အိမ်တစ်အိမ် ရှိခဲ့တာ အခုတော့ ကျေးဇူးတင်မိပါတယ်။ သူတို့တစ်အိမ်သားလုံး အံသြဖွယ်ရာ စစ်တုရင်ကို ကျွမ်းကျင်နေကြတယ်။ ကျွန်တော့် ၆ တန်းကတည်းက စစ်တုရင်ကို သူတို့မိသားစု ကျေးဇူးကြောင့် စပြီး ကစားတက်ခဲ့ရပါတယ်။ သူတို့ မိသားစု ကြောင့်လည်း စာတွေ အများကြီး ဖတ်ခဲ့ရပြီး ၊ စာအုပ်ဖတ်တဲ့ အကျင့် ၊ ၀ါသနာ စွဲမိခဲ့ရတာပါ။

ဒီပုံတွေမှာ ရှိတဲ့ စစ်တုရင် အရုပ်တွေကိုတော့ တော်တော်သဘောကျမိသား။ အားထည့်ပါပေတယ်လို့တောင် မန္တလေးသား တွေကို ဂုဏ်ပြုမိပါတယ်။ အားပေးတဲ့ လူကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်ဝင်စားမှု အပြည့်။ နေရာဒေသကလည်း တကယ့် အလှအပနောက်ခံကြားထဲမှာ။ မြန်မာပြန်ရင် အဲဒီလိုပွဲမျိုး လိုက်ရှာကြည့်ဦးရဦးမယ်။








ပုံတွေအတွက် ကိုရှမ်းကလေးကို ကျေးဇူးတင်ပါကြောင်း.....။



ဂျူး၏ ၀တ္တုတို စုစည်းမှု

စာဖတ်သူကို ဆွဲဆောင်အား ကောင်းလှတဲ့ စာရေးဆရာမ တစ်ယောက်ဖြစ်တဲ့ ဂျူးရဲ့ ၀တ္တုတို ၃၆ ပုဒ်ပါဝင်တဲ့ စာအုပ်တစ်အုပ် ကိုတော့ ဖိုရမ်တစ်ခုကနေ ကျွန်တော် မလာခဲ့ပါတယ်။ တင်ပေးတဲ့သူကိုတော့ ဒီနေရာကနေ ကျေးဇူးတင်ပါကြောင်း ပြောကြားလိုက်ပါသည်။ တိုလည်းတိုတယ် ၊ ထိထိမိမိလည်း ရှိလှတဲ့ ဆရာမဂျူးရဲ့ စာတွေကို ခံစားကြရအောင်။ ဖိုင်ဆိုက်ဒ်ကလည်း ၅ မက်ကျော်ကျော်လေးထဲပါ။


မိတ်ကပ်လူ......



နဂိုမလှပါဘူး
မိတ်ကပ်ကောင်းလို့ပါ

မနက်လင်းကတည်းက
မှန်ရှေ့မှာ
မိတ်ကပ်လိမ်းရင်း.....ကြီးပြင်းခဲ့သူ

ကျောင်းနေစဉ်က...စ
အလုပ်ခွင်ဝင်တဲ့...အလယ်
ပင်စင်ယူသည်အထိ

သူက
မိတ်ကပ်....တဖွေးဖွေးနဲ့
ဘ၀ကို........ တွေးခေါ်ခဲ့တယ်
မိတ်ကပ်....တပြင်ပြင်နဲ့
ဘ၀ကို........ ရင်ဆိုင်ခဲ့တယ်

မိတ်ကပ်တွေ....ခွာကြည့်
ပကတိအတိုင်း မြင်ရတဲ့အခါ
မလှတာ....သေချာတယ်

ဒါပေမဲ့
သူက....တစ်သက်လုံး မိတ်ကပ်သုံးခဲ့တော့
ဟော.....သေတော့လည်း
မိတ်ကပ်တွေ မှုန်လို့

သူ့ကို လိုက်ပို့သူတွေ မျက်နှာမှာလည်း
မိတ်ကပ်တွေ အဖွေးသားနဲ့ ။ ။

( မြ၀တီမဂ္ဂဇင်း )


Rendition

စိတ်ရှုပ်စရာတွေ ၊ စိတ်ညစ်စရာတွေ ၊ ခေါင်းပူစရာတွေ ရေးပြီးနောက်ပိုင်းမှာတော့ ဘလော့ဂ်ဂါတွေကို ပြန်လည် အနားယူဖို့ အတွက် ရုပ်ရှင်တစ်ကား ညွှန်းပြီး တင်ဆက်လိုက်ပါတယ်။ ဒီကားကို ကြည့်ပြီးတာတော့ တော်တော် ကြာပါပြီ။ ဇာတ်လမ်းက ၀ိုးတ၀ါးပဲ မှတ်မိတော့တယ်။ ဇာတ်လမ်းကတော့ တကယ့် ဇာတ်လမ်းကောင်းပါပဲ။ ဇာတ်ကားနာမည်က " Rendition " ပါ။




ဒီဇာတ်လမ်းမှာ အသေခံဗုံးကွဲမှု ဖြစ်စဉ်တွေကို စုံစမ်းဖို့ အာဖရိကကို စီအိုင်အေအရာရှိ တစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။ သူရောက်တော့ ၄င်းနယ်ပယ်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်ကို အကြမ်းဖတ် သမားများက လုပ်ကြံခြင်းကြောင့် မသေသော်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ရတယ်။

ထိုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးနေစဉ်မှာပဲ အကြမ်းဖတ်သမားတို့က ဇနီးနှင့် သားငယ်ရှိရာ အမေရိကန်သို့ ပြန်လာတဲ့ သူတို့နှင့် နာမည်တူ အီဂျစ်ပြည်ဖွား Chemical အင်ဂျင်နီယာ တစ်ယောက်ကို ဖုန်းဆက်ပြီး စီအိုင်အေက ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။




ထိုဘုမသိ ဘမသိ ဖမ်းဆီးခံရမှုအတွက် အိုမာဟာ အကျဉ်းထောင်ထဲမှာ တော်တော်လေးကို နှိပ်စက်ခံနေရသည်။



မခံနိင်တော့သည့် အဆုံး သူမလုပ်ပေမယ့် ၀န်ခံခဲ့သည်။ ထိုအခါ သူ့အားခိုင်စေသူများ၏ နာမည်ကို ချရေးခိုင်းရာ ကျောင်းသား ဘ၀တုန်းက ဘောလုံးအတူဆော့ခဲ့သည် နာမည်များကို ပေးခဲ့သည်။ ကံကောင်းချင်တော့ စီအိုင်အေ အရာရှိမှ သင်္ကာမကင်းဖြစ်ကာ သူ၏ နောက်ကျောင်းများကို လိုက်လံစုံစမ်းတော့ အကြောင်းစုံ သိရှိရသည့် အပြင် ၊ အပြင်းစား ဗုံးဖောက်ခွဲမှု့အတွက် သူရရှိမည့် ငွေပမာဏမှာ $40000 ဖြစ်ပြီး ၊ လက်ရှိ သူအလုပ်လုပ်နေသည့် လခမှာ $200000 ဖြစ်နေသည်ကို အံသြဖွယ် ရာ တွေ့ရှိရာမှ.......


မိမိချစ်သူ၏ ဖခင်မှာ သူသတ်မည့်လူဖြစ်သော်လည်း ၊ အစ်ကိုနှင့် ယုံကြည်မှုအတွက်
အသေခံဗုံးဖောက်ခွဲခဲ့သည့် သူအဖြစ်....... ခါလစ်



သားနှစ်ယောက်စလုံး အသေခံဗုံးဖောက်ခွဲမည်ကို သိရှိသော်လည်း မတက်နိင်သဖြင့်
မျက်ရည်ကိုသာ အဖော်ပြုနေရသူ


ကိုယ်ဝန်ကြီး တကားကားဖြင့် ယောင်္ကျားဖြစ်သူ ဖမ်းဆီးခံရမှုအတွက် လိုက်လံ
အကူအညီတောင်းနေသော သူအဖြစ်




အိုမာတစ်ယောက် မတရားမှုကနေ ပြန်လည် လွတ်မြောက်လာပါ့မလား.......

မိမိအသက်ကိုပါ ရန်ရှာခဲ့ပြီး ၊ မိမိ၏ သမီးကိုပါ ခိုးယူပေါင်းသင်းခဲ့သော
အသေခံဗုံးဖောက်ခွဲသမားအပေါ် မည်သို့သော် သဘောထားရှိမည့်...ရဲဌာန အကြီးအကဲ

အမှန်တရားကို သိသွားသော်လည်း....လက်မခံကြသည့် အတွက်
စီအိုင်အေ အရာရှိအနေနဲ့ မည်သို့ ကယ်တင်မလဲ......


အစရှိသည့် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက် အပြည့်ဖြင့် ရုပ်ရှင်ဇာတ်လမ်းကားကောင်း တခုဖြစ်ကြောင်း စီစဉ်တင်ဆက်လိုက်ရပါသည်။

Download Links

http://rapidshare.com/files/84921961/rip123.part1.rar
http://rapidshare.com/files/84924025/rip123.part2.rar
http://rapidshare.com/files/84926085/rip123.part3.rar
http://rapidshare.com/files/84928140/rip123.part4.rar
http://rapidshare.com/files/84930071/rip123.part5.rar
http://rapidshare.com/files/84932085/rip123.part6.rar
http://rapidshare.com/files/84934128/rip123.part7.rar
http://rapidshare.com/files/84934483/rip123.part8.rar




ထမင်းငတ်မယ့် အကောင်


" ကျွန်တော်က ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် "

အလုပ်လုပ်လို့ ပင်ပန်းမှာကိုတော့ ဘယ်တော့မှ မကြောက်ခဲ့ဘူး ။ လခစား အလုပ်ပဲ ဖြစ်ဖြစ် ၊ ကိုယ်ပိုင်စီးပွားရေးပဲ ဖြစ်ဖြစ်ပေါ့ ။ အချိန်တန်ရင် ပိုက်ဆံရမယ်။ ရတဲ့ ပိုက်ဆံလေးနဲ့ ( ၁ ) ပတ်စာအတွက်ပဲ ဖြစ်ဖြစ် ၊ ( ၁ ) လစာ အတွက်ပဲ ဖြစ်ဖြစ် ၀ယ်ခြမ်းထားမယ် ။ နောက်တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်ကိုင်မယ် ၊ အချိန်ရတိုင်း ၊ ဒါမှမဟုတ် သူငယ်ချင်းတွေ အကူအညီလိုအပ်တဲ့ အခါတိုင်း ကျွန်တော် သူတို့ဆီ ရောက်အောင်သွားမယ် ။ ပြီးတော့ ကိုယ်တက်နိင်သလောက် ကူညီချင်တယ်။ ဘာကိုမှ ကျွန်တော် ထွေထွေထူးထူး မမက်မောပါဘူး ။ ဂုဏ်လား ၊ ငွေလား ဒါတွေ ကျွန်တော် မလိုချင်မှန်း အရွယ်ရောက်လေ ပိုသိလာခဲ့တယ်။ ( ဒါဆို ခင်ဗျားက မရသေးလို့ပါ ၊ လူ့စိတ်ဆိုတာ ပြောရခက်တယ် ၊ အဲဒီလိုပဲ ပြောပြီး ဖြစ်သွားတော့လည်း လှည့်မကြည့်တဲ့လူ အများသားလို့ ) စာဖတ်သူက ဝေဖန်မှာ သေချာပါတယ်။ ဒါမှမဟုတ်လည်း လူအထင်ကြီးအောင် လျှောက်ပြောနေတယ်လို့ သက်မှတ်နေကြမှာ သေချာတယ်။

ဟုတ်တော့လည်း ဟုတ်တယ် ။ ဒါက လူ့သဘာဝကိုး ။ လူသားတွေ အားလုံး ဘ၀ရပ်တည်ဖို့ အတွက် ငွေကို အသည်းအသန်ရှာနေကြတဲ့ ခေတ်ကြီးမှာ ၊ ကျွန်တော်က မယူချင်ဘူးလုပ်နေတာ ဆိုတော့ " အင်း....ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်တယ် " ဖြစ်နေပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ သာမန်ရိုးရှင်းတဲ့ ဘ၀လေးကိုပဲ ပိုနှစ်သက်တယ်။ ထမင်းမငတ်အောင် နေနိင်ရမယ် ၊ ကိုယ်ဝါသနာပါတဲ့ စာအုပ်ဖတ်တာ ၊ သီချင်းနားထောင်တာ ၊ အားကစားလုပ်တာတွေ လုပ်ခွင့်ရမယ်ဆိုရင် ကျွန်တော် အဲဒီဘ၀ကို ကျေနပ်တယ်။

အဲ...ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ချစ်တဲ့ မိန်းခလေးကတော့ ထမင်းတော့ မငတ်ပေမယ့် သူများလို့ ပြောင်ပြောင်ရောင်ရောင် နေနိင်မှာ မဟုတ်တာတော့ သေချာတယ်။ ဘာလို့ ကျွန်တော်ချစ်တဲ့ မိန်းခလေး မသုံးလည်းဆိုတော့ ကျွန်တော်စိတ်က ဒီလို အောက်ခြေနိမ့်အဆင့်လောက် ရှိတာဆိုတော့ ကိုယ်ကချစ်ပေမယ့် သူများသားသမီး ခေါ်ပြီး ဒုက္ခမပေးချင်တာကြောင့်ပါ။း) ။ သူ့မှာ ကျွန်တော့်လိုပဲ ဘ၀ကို နေနိင်ရင်တော့ အတိုင်းထက် အလွန်ပေါ့။

ဘယ်သူမဆို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်ချင်ကြတာ ၊ ဘ၀ဆိုတာကို စဉ်းစားတက်တဲ့ အရွယ်ရောက်တာနဲ့ ဖြစ်လာတာပါပဲ။ အထူးပြောပြစရာ မလိုလောက်ပါဘူး။ ကိုယ့်နေရာရဖို့အတွက် သူတပါးမကောင်းကြံ ၊ သတ်ဖြတ် ရတဲ့ဘ၀ ၊ ကိုယ့်ပိုက်ဆံ ချမ်းသာဖို့အတွက် သူတပါးဆီက မတရားညှစ်ယူရတဲ့ ဘ၀တွေကို တော်တော်ရွံမုန်းမိပါတယ်။ ဟော..အခုဆို ခေတ်ကြီးက ဆွေမျိုးသားချင်းတောင် ပိုက်ဆံကို အတိုးနဲ့ချေးတဲ့ခေတ် ၊ သူငယ်ချင်း မိတ်ဆွေဆိုရင်တော့ ပြောမနေနဲ့။ စီးပွားရေးနဲ့ ပတ်သက်လာလျှင် " ညီအစ်ကိုက ညီအစ်ကို...စပါးကတော့ ကြမ်းခင်းဈေး ဆိုပဲ " ။ အားကျလောက်ပါတယ်။ အေးပေါ့လေ " အူမတောင့်မှ သီလစောင့်နိင်မှာ " မဟုတ်လား ။ အဲဒီလို ဖြစ်ရပ်တွေကို ကြည့်ပြီးတော့ကို ဘ၀ကို စိတ်ကုန်ဖို့ စတင်ခဲ့တာ။ တကယ်ဆို ကျွန်တော့်ခံယူချက်က......


" လူတစ်ယောက်ဟာ သူတက်နိင်တဲ့ ပညာ ၊ သူပေးဆပ်တဲ့ အချိန်နဲ့ ညီမျှတဲ့ ငွေကြေးကို ရမယ် ၊ သူများထက် ပိုလိုချင်ရင် ပိုလုပ် ၊ ဒါပေမယ့် မကောင်းတဲ့ စိတ် ၊ ယုတ်မာတဲ့စိတ် နဲ့ ဘယ်တော့မှ မလုပ်ဆောင်ရဘူး "


ဒါဆို တော်ပြီပေါ့။ အားလုံးဟာ ဒီလို ခံယူလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိတယ်။ ဒါက ကျွန်တော့် ခံယူချက်ပါ။ ကြိုက်သလို ကွဲလွဲနိင်ခွင့် ရှိပါတယ်။ တချို့ကြတော့လည်း သူ့ခံယူချက်နဲ့သူ။ " သစ်တပင်ကောင်းတော့ ငှက်တစ်သောင်းနား " ဆိုတဲ့ စကားပုံအတိုင်း ငါတိုးတက်မှ င့ါမိသားစု တိုးတက်မှာဆိုပြီး ချနေလိုက်ကြတာ။ င့ါမိသားစုရဲ့နောက်က င့ါရပ်ကွက် ၊ င့ါပြည်နယ် ၊ ငါ့တိုင်းပြည် ပါမလာတော့ဘူး။ သူများသာ လျှောက်ပြောနေတာ။ ကျွန်တော်ကလည်း ကိုယ့်ကိုကိုယ် ဘာကောင်မှန်း မသိပါဘူး။ လူတွေရဲ့ အဖြစ်တွေကို တွေးတယ် ၊ သုံးသပ်ကြည့်တယ် ။ ပြီးတော့ ခေါင်းခြောက်တယ် ။ ဘာမှလည်း မလုပ်ဖြစ်ဘူး။


" ကျွန်တော်က ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် "

" ဒီတော့....ဘ၀ကလည်း ကျွန်တော့်ကို ရိုးရိုးလေးပဲ ပြန်ပြောသွားတယ်.....ထမင်းငတ်မယ့် အကောင်တဲ့ "




You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.