Thursday, January 29, 2009

[ချင်းမလေး] 1 New Entry: ကျေးဇူြး့ပုပြီး

ကျေးဇူြး့ပုပြီး

ရှုပ်ထွေးလှတဲ့ 
လူ့ လောကမှာ
ဘ၀ဆိုတာနေတတ်ရင်
ကျေနပ်စရာကြီးပါတဲ့ 
ကျမကတော့
မနေတတ်လို့ ပဲလား
ကျေနပ်စရာမကောင်းခဲ့ဘူး
ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ မှုတွေ
ဆွေမျိုးတွေရဲ့ ရှုတ်ချမှုတွေ
သယ်ရင်းတွေရဲ့ ပစ်ပယ်မှုတွေ
ချစ်သူရဲ့ စွန့် ပစ် ခြင်းတွေ
လူတွေရဲ့ တံထွေးခွက်ထဲ
ကျမဘ၀လဲရေစုန်မျောလို့ 
ဒီနေ့ အတွက်တွေးပူရင်း
မနက်ဖြန်များစွာကို
တွေးကြောက်တတ်လာခဲ့ပြီ
ကံကိုလဲမပုံချရဲ
လူတွေရဲ့ မျက်လုံးပေါင်းတစ်ထောင်
စကားလုံးပေါင်းများစွာဟာ
သွေးစုပ်ဖုတ်ကောင်အလား
ကျမရဲ့ စိတ်တွေ
တစ်စထက်တစ်စအားပျက်
ယုတ်လျော့စေခဲ့ပြီ
အဝေးဆုံးကိုထွက်သွားချင်ပြီ
လူတွေရဲ့ ရှုတ်ချမှုတွေနဲ့ 
အဝေးဆုံးတစ်နေရာ
ကျေးဇူးပြုပြီး
ကျမကိုခေါ်ဆောင်သွားပေးကြပါ.........။

You received this email because you are subscribed to the real_time feed for http://kiim-dreamangel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.