Tuesday, January 13, 2009

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: နှစ်(၂၀) သက်တမ်း

နှစ်(၂၀) သက်တမ်း

-တော်လှန်ရေးသက်တမ်းလည်း
လက်ချိုးရေတွက်ကြည့်တော့
နှစ်(၂၀)ကြာပေါ့
ဒါဟာ….ဂုဏ်ယူစရာဖြစ်သလို
ရှက်စရာလည်းဖြစ်တယ်
ငါတို့မှ ဒီစနစ်ဆိုးကိုမဖြုတ်ချနိုင်တာ…။

-ဂုဏ်ယူမနေစမ်းပါနဲ့
သင်္ခန်းစာယူစရာတွေ
အားနည်းချက်တွေကို မြင်စမ်းဟဲ့
တွဲလက်တွေ ပိုခိုင်ဖို့လိုသေးတယ်ဆိုတာ
နှစ်(၂၀)ကြာတဲ့သက်တမ်းကပြနေတာကွဲ့ …ရဲဘော်ရဲ့…။

-ဒါဟာ….ငါတို့ညံ့လို့
ဒါဟာ….ငါတို့မညီညွတ်လို့ မစုစည်းနိုင်လို့
ဒါဟာ…ငါတို့မလုပ်နိုင်လို့ မစည်းရုံးနိုင်လို့
ဒါဟာ…ငါတို့ ရန်၊ငါမပြတ်လို့ ရန်သူအပေါ်စိတ်ကူးယဉ်လို့
ဒါဟာ…ငါတို့ မစွန့်စားဝံ့လို့ သတ္တိကြောင်လို့
ဒါဟာ …ငါတို့ အချောင်သမားစိတ်ဓါတ်တွေများနေလို့ အတ္တကိုယ်ကျိုးများလို့
ဒါဟာ….ငါတို့ အမြော်အမြင်နည်းလို့ အမြင်ကျဉ်းလို့
ဒါဟာ….ငါတို့ မပြတ်သားလို့ တွေဝေနေလို့….။

-လူထုနောက်မြီးဆွဲမဖြစ်အောင်တော့
ပြင်ဆင်မှုအသစ်တွေနဲ့ပြင်ဆင်ရလိမ့်မယ်
အမြင်ကျယ်ကျယ်နဲ့ နည်းလမ်းပေါင်းစုံဖွင့်ထားပေးရမယ်
အားလုံးဝိုင်းဝန်းရမယ်
ဟန်ချက်ညီညီ လုပ်မှရမယ်
ပြီးတော့…….
ဒီတခါ
လက်ဦးမှုအရယူ မြန်မြန်တိုက်
မြန်မြန်အောင်ပွဲကိုအရယူဖို့လိုမယ်…။

ဗဆန်းဇော်

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.