Tuesday, January 13, 2009

[K] 1 New Entry: ဂါဇာအတွေး

ဂါဇာအတွေး

ဒီနေ့ မိုးလင်းတော့..စာကြည့်ခန်းထဲက..ပြတင်းကို မဖွင့်ပဲ.. ဧည့်ခန်းထောင့်က.. ပြတင်းကို.. ရမုဒ် ကွန်ထရိုး နဲ့ ဖွင့်လိုက်တယ်။

CNN

ကောင်းကင်တခုလုံး..မီးပန်းမီးရှုးတွေ အပြည့်..။ နှစ်သစ်ကူးတဲ့..အပျော်မီးတွေလား.... ဘယ်တော့မှ..စိတ်သစ်မကူးတဲ့.. လောင်တိုက်ရန်မီး တွေလား...။ မီးတွေကတော့..ကောင်းကင်တခွင်တပြင်လုံး။ အဲဒီ တောက်ပတဲ့ကောင်းကင်အောက်မှာပဲ..လူတွေ..4--3--2--1 လို့ ရီတွက်ရင်း..နှစ်တနှစ် ကို ကြို ဆိုကြတယ်..။ အဲဒီ လောင်မြိုက်နေတဲ့ ကောင်းကင်ကြီး အောက်မှာပဲ.. စစ်သားတွေ.. 4--3--2--1-- လို့..ရီတွက်ရင်း..နောက်ထပ် ရော့ကတ် တလုံး ..ပြစ်လွှတ်လိုက်ပြန်တယ်။ သန်းနဲ့ချီတန်တဲ့..ရော့ကတ်အလုံး ၅၀၀ ပြစ် တော့..လူ ၅၀၀ သေ သတဲ့လား။ ဒါဆို--လူတယောက်သေဖို့..တသန်းကုန်ကျတယ်ပေါ့။

GAZA

ဂါဇာမှာ- သူမှားတယ်..ငါမှားတယ်။ သူအရင်ပြစ်လို့..ငါ ပြန်ပြစ်တယ်။ သူတို့ပိုင်တာ မဟုတ်..ငါတို့ပိုင်တာ။ သူတို့ဘုရားမဟုတ်.. ငါတို့ဘုရား- အငြင်းပွားခဲ့ကြတာ..အဲဒီ အရိုးတွေနဲ့..အဲဒီ အမုန်းတွေ အမျှပေါ့။ တကယ်တော့..cease fire ဆိုတဲ့စကား ကိုက.. အဓိပ္ပါယ် ချို့တဲ့ နေခဲ့ပြီးသားပဲ။ ခုမှ ဒီစကားလုံး အပေါ်မှာ..ထပ်ပြီး အဓိပ္ပါယ် ကင်းမဲ့အောင် လုပ်မနေကြပါနဲ့တော့။

CHRISTIANE and LIVNI

အရွယ်တူ..ဆိုက်တူ..ဂိုက်တူ..မိန်းမ ၂ယောက်..အပြန်အလှန် မေးမြန်းပြောဆိုနေတာကိုကြည့်ရင်း..သူတို့ ရင်ထဲကို အတိုင်းသား မြင်နေရတယ်။ မိန်းမတွေသာ..ကမ္ဘာကြီးကို..တစိတ်တပိုင်း ၀င်ရောက် ကွပ်ကဲနိုင်ရင်..ကမ္ဘာကြီး နဲနဲ များ ပို ငြိမ်းချမ်းလာမလား လို့..မျှော်လင့်ကြတယ်။ CNN သတင်းထောက် CHRISTIANE က သူ သတင်းအစီအစဉ်ယူနေကြ.. ကမ္ဘာ့လူသတ်ပွဲ ကြီး တွေထဲက.. လတ်လတ်ဆတ်ဆတ် လူသတ်ပွဲ ကြီး အတွက်.. ရင်ထဲမှာ ပျို့အန်နေပုံရတယ်။ ၅ ယောက် နဲ့ ၅၀၀ အချိုးမညီ တဲ့..လက်တုန့်ပြန်မူ အတွက်.. မေးခွန်းထုတ်တယ်။ အစ္စရေး နိုင်ငံခြားရေး ၀န်ကြီး LIVNI က လည်း..သူ့နဘေးက..သူ့အရင်က..ခေါင်းမာမာ အဘိုးကြီး တွေ ထက်တော့..လျော့မည့်ပုံ မပေါ်။ ပါးလျ ခက်ထန်လှတဲ့..သူ့နှုတ်ခမ်းထောင့် က.. determined ဆိုတဲ့..စကားလုံးပဲ..ထပ်ကာ ထပ်ကာ..ထွက်ကျလာနေတယ်။

DIPLOMACY

ဒစ်ပလိုမေစီ ဆိုတာ.. တကယ့်အနက်က..ဘာလဲမသိ..။ အခုအတိုင်း မြင်နေ..နားလည်နေရတာတော့.. လှည့်ဖျားပြောဆိုခြင်း..ဥပါယ်တံမျှင်ဆောင်ရွက်ခြင်း.. ပြသာနာတခုကို ရွှေ့ဆိုင်းခြင်း.. ထက်ပို ပြီး ဘာမှမတွေ့မိသလို။ ဘာပဲဖြစ်ဖြစ်..တကမ္ဘာလုံးက..သံတမန်တွေ..လေယဉ်တွေပေါ် တက်လို့..ကတိုက်ကရိုက် ဦးတည်သွားနေကြပြီ။ အမေရိကန်မှာတော့..လောလောဆယ်ဆယ် power vacuum ဖြစ်နေသတဲ့။ ဘုရားသခင်ကလည်း ..သူ့လူမျိုးတော်တွေကို စောင့်ရှောက်ရင်..ကောင်းချီးပေးမယ်လို့..မှာခဲ့သတဲ့။ ဒါက ပြသာနာရဲ့ အဖြေ မဟုတ်ဘူးလို့..လည်း လူတိုင်းက ပြောနေကြတယ်။ ကိုယ်လည်း..အဲလိုပဲ..သံယောင်လိုက်နေမိတယ်..။ ဒါဆို ပြသာရဲ့ အဖြေက..ဘယ်မှာတဲ့လဲ။ Diplomacy ပဲလား။ cease fire ပဲလား။ နောက်တခေါက် အဲဒီလို အကြီးအကျယ် မဖြစ်သေးသရွေ့..အချိန်ရွှေ့..ခဏနား ရအောင်ပဲလား။

++++++

လူတွေ ပြေးလွှားနေကြတယ်..ငိုညည်းနေကြတယ်.. အံသွားကြိတ်ခဲ ကြတယ်..။
လူတွေ..သတ်ဖြတ်ကြတယ်..ညှင်းဆဲရက်တယ်..ရက်စက်နိုင်တယ်။
လူတွေ..စေ့စပ်ရတယ်..ညှိုနှိုင်းပေးတယ်..တာဝန်ယူတတ်တယ်။
လူတွေ ပျော်ရွှင်ကြတယ်..မသိဟန်ဆောင်ကြတယ်.. ကိုယ့်ထိမှ သိကြတယ်။
လူတွေ မညီညွတ်ကြဘူး .. ငြင်းခုံကြတယ်.. ငြိမ်းချမ်းစွာ ကွဲလွဲဖို့ ကြိုးစားနေတုန်းပဲ။
ကမ္ဘာကြီးက..သူ့ကျောပေါ်က..လူတွေကို..စိတ်ညစ်နေခဲ့တာ ကြာပြီ။

စိတ်ညစ်လို့..အရက်ကို သောက်တယ်.. အရက်သောက်တော့..စိတ်ပိုညစ်တယ်။
အဲဒါနဲ့..ကမ္ဘာကြီးလည်း.. ၂၃ နှစ်ပိုင်း တပိုင်း ..အမြဲတမ်း မူးယိုင်နေတော့တာပါပဲ။



You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.