Tuesday, January 13, 2009

[ကိုတိုးလေးရဲ့ခံစားချက်လေးများ...........] 7 New Entries: ဖန်တီးထားသောအလွမ်း

ဖန်တီးထားသောအလွမ်း

လွမ်းရက်တွေကို ဖန်ဆင်းခဲ့သူရေ အတိတ်တွေဟာ ငါ့အတွက်တော့ မနေ့ကလိုပါပဲ အတူပျော်ခဲ့တဲ့ ဆောင်းနံနက်ခင်းတွေနဲ့အတူ မင်းကိုငါလွမ်းလို့ပေါ့ မင်းရဲ့ခြေလှမ်းတိုင်းက ဝေးကွာခြင်းရဲ့အစတဲ့လား နှလုံးသားတွေ နာကျင်နေပေမဲ့ နေရောင်ကြောင့်နှင်းထုတွေ ကွယ်ပျောက်သွားပေမဲ့ ငါ့ရင်ထဲက မင်းကိုတော့ ဘယ်အရာကမှာ ပျောက်ကွယ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့မထင်ဘူး ချစ်သူ။

လွမ်းချင်း

ရင်ဝယ်လွမ်းချင်း သီဆိုကြွေးရင်း အလွမ်းသံစဉ် ကြေကွဲရင်မှာ ကာရန်မလှ နေညိုညိုည ....။ ရွက်ကြွေတောလမ်း ခရီးကြမ်းမှာ အဖော်မရှိ တစ်ကိုယ်တည်းထီး ငါ့ကိုညာသွား သင်ချစ်သူအား အပြစ်မဆို နှစ်လိုစွာဖြင့် ချစ်ခင်ဆဲပါ...။ နင်ဖန်ဆင်းခဲ့ အဆိပ်တွေနဲ့ ကြွေကွဲငါ့ရင် ပူလောင်လွန်းလည်း ယုယပိုက်ထွေး အလွမ်းမြေမှာ ငါ့အသက်သေဆုံး ဒီဘ၀လုံးကို သိမ်းကြုံးယူသွားပါ့မယ်အရှင်...။

"မနှစ်ရဲ့ နောက်ဆုံးညက ကျနော် ဘာတွေလုပ်"

မနှစ်ကနောက်ဆုံးညမှာ ဘာတွေလုပ်ကြသလည်းဆိုရင်တော့ ဆိုတာကို တစ်နိုင်ငံတည်းနေတဲ့ သူငယ်ချင်း မောင်မျိုး ကတဂ်ထားတဲ့အတွက်လေ နှစ်သစ်မှာအကြွေးစပြီးတင်နေမှာဆိုးလို့အခုလေးတင်ပဲရေးလိုက်တာပါနော်။ စဉ်းစားကြည့်ရင်လေ ပူပူနွေးနွေးလေး တဂ်ထားတော့လည်း ရေးလိုက်ပါတယ်နော်။ နှစ်ဟောင်းလည်းကုန်ပြီလေ နှစ်သစ်ရောက်လာပြီလေ။ နှစ်သစ်ရောက်လာတော့လည်း မနှစ်က ဘာတွေလုပ်ခဲ့သိလည်းဆိုရင် ဘာမှာကိုကောင်းကောင်းမွန်မွန်တစ်ခုမှာမလုပ်ခဲ့ဘူးနော်။သေချာတာတစ်ခုကတော့ အသက်တစ်နှစ်ကြီးသွားပြီနော်။ ဘာမှာမသေချာတဲ့လမ်းကိုလျောက်နေတာလေ ဘဝအတွက်သေချာတဲ့အာမခံချက်တွေမရှိပဲနဲ့နှစ်တစ်နှစ်ကတော့ကုန်ဆုံးသွားပြန်ပြီပေါ့နော်။ နှစ်တစ်နှစ်ကုန်ဆုံးသွားတော့တယ်။



ကဲပြောနေရတာလေကြောရှည်တယ်နော်။ မနှစ်က နောင်ဆုံးညမှာ ဘာတွေလုပ်ခဲ့လည်းဆိုရင်။ အစောဆုံးပေါ့နော် အင်တာနက်သုံးတယ် ကျွန်တော်တို့ဆီက ၁၀ နာရီလောက်ဆိုရင် အစ်မဝါဝါခိုင်မင်း ဘလော့မှာ ဆလိုက်ရှိုးလေးနဲ့ ဘလောဂါ ကိုကို ၊မမတွေရဲ့ပုံလေးတွေကြည့်မယ်ဆိုပြီးတော့ စောင့်နေလိုက်တာပါပဲဗျာ။ ကဲစလိုက်ရှိုးစတော့ မင်းသမီးချောချောလေးတွေက ထိပ်ဆုံးက ထွက်လာပါတယ်။ နောက်မှာပဲ မင်းသားချောလေးတွေ ရောပဲနော်။ အစ်မဝါရဲ့ အစီအစဉ် အရမ်းကိုကောင်းပါတယ် ဘလောဂါသူတွေအများကြီးကိုမြင်လိုက်ရလို့လေ အားလုံးပဲအလှကိုယ်စီနဲ့ပေါ့ရော။ ကျွန်တော်တစ်ယောက်ကလွဲလို့အားလုံးပဲ လှကျ ချောကျပါတယ်နော်။ အဲ့မှာလေ မောင်မျိုးကပြောတယ်သိလား ဘလောဂါ king မပေးလို့ရှင်ရင် သားသားကငိုမယ်တဲ့ဆိုလို့လေ။ သူ့ကိုသွားပြီးအမှတ်ပေးရသေးတယ်ဗျ။ ဟီးးးးးးးးးးး။ အစ်မဝါရဲ့ အစီစဉ်လေးပြီးသွားပြန်တော့ ညခင်းနဲ့လမင်း ရဲ့အစီအစဉ်းလေးကိုလည်းရောက်ရော  ဘလောဂါမမတွေက အရမ်းကိုလှလို့ ဘလောဂါကိုကိုတွေကျတော့ ရုပ်တွေကဆိုးလိုက်တာနော် အဲ့ထဲမှာ ကျွန်တော်အဆိုးဆုံးပဲ။ဟီးးးးးးးးး ဟီးး စတာနော်။ ပျော်ရွှင်စရာလေးတွေလုပ်ပေးတဲ့အတွက်ကျေးဇူးပါပဲနော်။ ကျွန်တော့်ဆီက ၁၂ ထိုးတဲ့အချိန်မှာတော့ ပိုစ့်တစ်ပိုဒ်တင်တယ်ပြီးတော့။ မောင်မျိုးနဲ့ဖုန်းပြောတယ် သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး Happy New Year အကြောင်းလေးပြောတယ်ပြီးတော့ ဒီမှာအဆောင်ရဲ့လေးထပ်ပေါ်တက်ပြီးတော့ မီးပန်းတွေလွတ်တာကိုကြည့်လိုက်တယ်လေ။ တော်သေးတာပေါ့ အိပ်ချင်မူးတူးနဲ့ပြုတ်မကျလို့ကံကောင်းရဲ့။ အဲ့နောက်ပြီးတော့ ဘလော့မှာ Happy New Year ဆိုပြီးလိုက်ရေး သူငယ်ချင်းတွေဆီကိုမေးလ်ပို့နဲ့ပဲ ပြီးတော့အိပ်လိုက်တော့တာပါပဲ။
အမရွှေပြည်သူက နှစ်သစ်အတွက်ကဗျာလေးတစ်ပိုဒ်စပ်ပေးလိုက်တယ်။ အခုတင်လိုက်မယ်နော် ကျေးဇူးပါပဲအစ်မရေ။

နှစ်သစ်
အကောင်းတွေပဲ
ကြိုနေမယ်လို့ ယုံတယ်
အဟောင်းတွေထဲက
လိုတာတွေပဲ သယ်လာတော့မယ်


နှစ်သစ်ရယ်...
အကောင်းဆုံးတွေကိုသာ
ချပ်ဝပ်တန်ဆာလို ပြင်ဆင်ရင်း
လက်ကမ်းလိုက်တဲ့အခါ
ကိုယ့်ကို
ကံကောင်းခြင်းတွေနဲ့သာ
ကြိုလှည့်ပါတော့ကွယ်....


ရွှေပြည်သူ
(၇း၀၀ နာရီ ~ ၁.၁.၂၀၀၉)

နှစ်သစ်မှာ Blogger ညီအကိုမောင်နှစ်မများအားလုံး ပျော်ရွှုင်ကျပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။ ကျွန်တော်က ဆက်ပြီးတော့တဂ်ချင်တာကတော့


ညခင်းနဲ့လမင်း
ကိုဝင်းဇော်
အစ်မDream
အစ်မသက်တန့်
ဝှိုက်
ညီနေမင်း


အချိန်ရရင်ရေးပေးစေချင်ပါတယ်နော်။ တဂ်ထားတာလေးကိုနော်။ ပျော်ရွှင်အဆင်ပြေကျပါစေဗျာ။

Happy New Year 2009

မကြာတော့မဲ့အချိန်လေးမှာပဲ နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်ကိုရောက်တော့မှာဖြစ်ပါတယ်။ အခုလိုနှစ်သစ်မှာ အားလုံးပဲပျော်ရွှင်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ နေရစ်ခဲ့တော့ 2008 ရေ။ Happy New Year 2009 မှာအလားလုံးပဲပျော်ရွှင်ကျပါစေဗျာ။ happy new year 2009

စိတ်ကူးယဉ်ခြင်း

စိတ်ကူးယဉ်ခြင်းတဲ့နော်။ လူတိုင်းတော့ စိတ်ကူးယဉ်ဖူးမှာပဲနော်။ ဒါပေမဲ့တော့လူအမျိုးမျိုးဆိုတော့ စိတ်ကူးယဉ်ပုံခြင်းမတူကျဘူးပေါ့နော်။ စိတ်ကူးယဉ်ခြင်းလေးကို နေ့အိပ်မက် ကTag ထားတော့လည်းစိတ်ကူးယဉ်လေးကို ထုတ်ပြရတော့မှာပေါ့နော်။ ကျွန်တော်ငယ်ငယ်ကတော့ သိပ်ပြီးတော့စိတ်ကူးယဉ်တာသိပ်မရှိခဲ့ဘူးဗျာ။ ဘာလို့လည်းဆိုတော့ ခလေးဘဝလေ ဘာမှာမသိသေးတာကိုနော်.....း) ဒီလိုနဲ့ဆယ်တန်းကျောင်းတက်တော့ စိတ်ကူးကယဉ်လာပြီ စိတ်ကူးယဉ်တယ်ဆိုတာက ငါဆယ်တန်းအောင်လို့ရှိရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ဘယ်လိုကြိုးစားရမလည်းဆိုတာကိုစပြီးတော့ စိတ်ကူးယဉ်ပြီ။ ဘာလို့လည်းဆိုရင် ကိုယ့်မိဘက ငယ်ငယ်ကလေးတည်းကနေ ဆယ်တန်းအောင်တဲ့အထိထားခဲ့ပြီးပြီလေ အဲ့နောက်ကိုယ်ကျောင်းဆက်တက်မယ်ဆိုရင်တောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရှာပြီးတက်နိုင်မှာဖြစ်မယ်လေဆိုပြီးအလုပ်တစ်ခုရှာလုပ်တယ်လေပြီးတော့ကျောင်းပြီးအောင်တက်လာရတာပေါ့။ ဘာလို့လည်းဆိုရင်မိဘက ငယ်ငယ်ကလေးတည်းကနေကျောင်းထားလာတာလေ ကိုယ်အရွယ်ရောက်တဲ့အထိမိဘဆီက လက်ဝါးဖြန့်ပြီးတောင်းသုံးနေအုံးမယ်ဆိုရင်တော့ကိုယ်ဘက်ကလွန်ရာကျမယ်လေ။ အဲ့တော့လည်းကိုယ်အားကိုယ်ကိုးပြီးကြိုးစားတာပေါ့နော်။ စပြီးတော့စိတ်ကူးယဉ်တော့မယ်နော်။ ကျွန်တော်က သနားတတ်တယ်ဗျာ။ ပေးကမ်းစွန့်ကြဲခြင်းကိုပြုတတ်တယ်။ အထူးသဖြင့်မရှိတဲ့သူလေးတွေကိုဆိုရင် အရမ်းကိုပေးချင်ကမ်းချင်တဲ့စိတ်ရှိတယ်။ ဒါပေမဲ့ကိုကလည်းချမ်းသာသလားလို့မေးရင်တော့ ကိုယ့်ဟာကိုတောင်အနိုင်နိုင်ရယ်။ ဝေသန္တာရာမင်းလိုတော့ ကိုယ်လက်အင်္ဂါတွေပါစွန့်ပြီးတော့ မလှူနိုင်တာတော့တကယ်ပါနော်။ အလှူလေးတော့လုပ်ချင်တယ်ဗျာသိလား။ ကျွန်တော့်စိတ်ကူးကတော့ အရမ်းကိုရှားပါးတဲ့တောတွေရွာတွေမှာပေါ့နော်။ ဆေးပေးခန်းလေးတစ်ခုဆောက်လုပ်ပြီးတော့လှူချင်တယ်။ ကျွန်တော့်စိတ်ကူးလေးတွေအကောင်အထည်ဖော်ချင်တယ်။ ဘာလို့လည်းဆိုရင် ကျေးလက်ဒေသတွေပေါ့နော် အထူးသဖြင့် မြစ်ကူးချောင်းခြားသွားရတဲ့ကျေးလက်ဒေသတွေမှာဆိုရင် မိုးတွင်းအခါဆိုရင် အရမ်းဒုက္ခရောက်ကျပါတယ် မိုးတွင်းဆိုတော့ မြစ်ကလည်းရေလျံ ညကလည်းမှောင်ဆိုတော့သွားရတာလည်းခက်ခဲတယ်လေ။ အဲ့လိုအခြေအနေမျိုးဆိုရင်သွားဖို့ရာအရမ်းခက်ခဲပါတယ် ညဆိုတော့ လည်းတော်ရုံလူတွေကမလိုက်ကျဘူးလေ မြို့ဆေးရုံကိုရောက်အောင်သွားဖို့ရာကလည်းမြင်းလှည်းတို့ ဆိုက်ကားတို့ငှားရသေးတယ်တယ်။ ည ၁၂ နာရီကျော်ရင်သိတဲ့အတိုင်းပဲလေ တောမှာကလေဘယ်မှာမသွားတော့ဘူးလေ။ အဲ့လိုအခြေအနေမျိုးမှာပဲ မြို့က ဆေးရုံမရောက်ပဲနဲ့သေဆုံးသွားခဲ့ရတဲ့သူတွေအများကြီးပါပဲ။ တစ်ချို့တွေကျတော့လည်း ကံကောင်းစွာနဲ့ပဲအသက်ရှင်တာလေးတွေလည်းရှိပါတယ်။ အသက်အန္တရာယ်တွေနဲ့ တော်တော်လေးကိုကြုံရပါတယ်။ အဲ့လိုကျေးလက်ဒေသလေးတွေမှာ သွားရောက်ပြီးတော့ ဆေးပေးခန်းလေးနဲ့ပေါ့နော် ပြည့်ပြည့်စုံစုံလေးလှူချင်ပါတယ်။ ဝေသန္တရာမင်းတော့မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့စိတ်ကူးယဉ်ကြည့်တာပါနော်။ ကျွန်တော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေးကို တစ်နေ့တော့အကောင်အထည်ဖော်ချင်တယ်ဗျာ။ ဖြစ်နိုင်မယ်လို့လည်းယုံကြည်ထားပါတယ်။ ကဲစိတ်ကူးယဉ်လေးကိုတော့ရေးပြီးပြီနော် ဘာလို့လည်းဆိုရင် မရေးတတ်ရေးတတ်နဲ့ရေးပေးထားတာပါနော်။ နေ့အိပ်မက်လည်းကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ဗျာ နောက်ကျရင်တော့ ဒီထက်ပိုပြီးတော့ကောင်းအောင်ရေးပေးပါ့မယ်ဗျာ။ ကျွန်တော့်ရဲ့စိတ်ကူးယဉ်လေးကတော့ ဒါပါပဲဗျာ။ အားလုံးပဲအဆင်ပြေပျော်ရွှင်ကျပါစေဗျာ။ ဟဲဟဲ စိတ်ကူးယဉ်တာမကောင်းရင်တော့ မရယ်ကျနဲ့အုံးနော်။

"သဘောထားကွဲလွဲခြင်း"

"သဘောထားကွဲလွဲခြင်း" တဲ့ ဝေးကွာခြင်းဆိုတဲ့ သီအိုရီမှာ ငါသွားတဲ့ ခရီးတိုင်း မင်းဆီမရောက်နိုင်ဘူး . . ။ ပြန်လာပါလို့ပြောမထွက်တော့လဲ ဒဏ်ရာနဲနဲပါးပါးသွားလေးရရုံပေါ့ . . တချော့ချော့နဲ့ ဆိုခဲ့တဲ့သီချင်း ငိုချင်းရှည်အသံပေါက်နေပြီ. . ။ ဟန်လောက်သာ ဆွေးပြလို့ရမယ်ဆိုရင်တောင် ဒီလမ်းကိုတော့ ပြန်မလျှောက်ချင်ဘူး . . ခံစားလို့ရန်များရတဲ့အထဲမှာ မင်းအကြောင်းလဲ ပါတယ် . .။ တန်သလားမေးရင်တော့ အဖြေအတွက် ခနစောင့်ပါ . . ဦးနှောက်နဲ့ နှလုံးသား အချင်းများရင်း . . . ခုထိသဘောထားကွဲလွဲတုန်း . . . ။ ။

သူငယ်ချင်းတစ်ယောက်ရေးပေးတာပါ

သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာလေးကို အားလုံးကိုဖတ်စေချင်လို့မျှဝေပေးလိုက်တာပါ.......... အားလုံးအတွက် အသုံးဝင်မယ်လို့လည်းထင်ပါတယ်ဗျာ။ အဆင်မပြေလည်းသည်းခံပြီးဖတ်ပေးကျပါဗျာ။ လူဆိုတာ မနေ့ကထက်ဒီနေ့ ပညာပိုရှိလာရမယ်။အသက်ကြီးလာတာနှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမယ်။ဒါအတွက် ဘာလုပ်ရမလဲ။ စာဖတ်ပါ...နေ့စဉ်ဖတ်ပါ...စာကောင်းပေကောင်းတွေကိုရွေးဖတ်ပါ။ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့်အရာကို ဦးစားပေးဖတ်ပါ။ အလုပ်တွေများလွန်းလို့ စာအုပ်ဆိုတာ ကောက်တောင်မကိုင်နိုင်ဘူး။ အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေမျိုးမပေးပါနဲ့။ အနည်းဆုံး ညအိပ်ရာဝင်တော့မယ်ဆိုရင် အချိန်၁၅မိနစ်လောက် စာဖတ်တဲ့ အလေ့အကျင့် တစ်ခုကိုလုပ်ပါ၊ တစ်နေ့၁၅မိနစ်ဆိုလျှင် တစ်နှစ်မှာနာရီပေါင်း၉၀ ဖတ်ဖြစ်မယ်။ အိပ်ရာဝင်အဆင်မပြေလျှင် အိပ်ရာထ ဒါမှမဟုတ် နေ့လည်အဆင်ပြေတဲ့အချိန်မှာဖတ်ပါ။ ဖတ်မည့်စာအုပ်တွေကိုရွေးထားပါ။ လက်လှမ်းမီရာမှာထားပါ။ အိပ်ထဲဆောင်ထားလို့ရ လျှင်ဆောင်ထားပါ။ အဲဒီလိုလုပ်လျှင် တစ်နေ့ ၁၅မိနစ်ထက်ပိုရမှာသေခြာတယ်။တစ်ခု သတိထားဖို့က စာအုပ်ကောင်းတွေ ရွေးဖတ်ဖို့ဖြစ်တယ်။ နောက်ပြီး အလိမ္မာ စာမှာရှိတယ်ဆိုပေမယ့် အထဲကအလိမ္မာ လူဆီရောက်ဖို့ပိုအရေးကြီးတယ်ဆိုတဲ့ ဆရာတော် သျှင်သေဌိလ ဆုံးမစကားကိုမမေ့ပါနဲ။ ငါဘွဲ့လည်းရပြီးပြီ၊ နေရာကောင်း တစ်ခုလည်းရပြီ၊ ဆက်လေ့လာစရာ ဖတ်စရာမလိုပါဘူး ဆိုတဲ့ အယူအဆပြပြီး ပေါ့ပေါ့မနေပါနဲ့။ လွယ်တာကို လုပ်ချင်တဲ့သဘောတွေကို ဖျောက်ပါ။ဒါတွေဟာလေ့လာဖတ်ရှုမှုနှင့်ဘ၀တိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေတယ်။ ဘာကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့၊ လူကိုပဲဖြစ်ဖြစ်၊ ပစ္စည်းကိုပဲဖြစ်ဖြစ် ၊ ဖျော်ဖြေမှု တစ်ခုကိုပဲဖြစ်ဖြစ် အရူးအမူး မစွဲလန်းပါစေနဲ့။ ဒါဆိုဘ၀သေသူတစ်ယောက် ဖြစ်သွားနိုင်တယ်။ဘ၀ရှင်တက်ကြွနေဖို့အတွက် ဝေဖန်ပိုင်းခြားတွေးတောမှု (Critical thinking)၊ဖြန့်ကျက်တွေးတောနိုင်မှု (Lateral thinking) တွေရှိဖို့လိုတယ်။ အရာရာကို ခံစားမှုဖြင့် မဖြေရှင်းပါနဲ့။ဆင်ခြင်မှုဖြင့် ဖြေရှင်းပါ။ဂုဏ်သိက္ခာဖြင့် မိမိရဲ့မျှော်မှန်းချက်ပန်းတိုင်ရောက်အောင် ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားစေမည့် စည်းကမ်းထားရှိပြီး လုပ်ကိုင်ပါ။ ပျော်ရွှင်ချမ်းမြေ့ ငြိမ်းချမ်းတဲ့ ဘ၀ကို ထူထောင်နိုင်ဘို့ ကိုယ်ကျင့်သိက္ခာကို မြင့်မားအောင်ထိန်းသိမ်းစောင့်ရှောက်ပြီး၊စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားဖို့လိုပါတယ်။ ကိုယ့်အတွက် အကျိုးရှိတာလည်းလုပ်ရတယ်။အများနှင့်နိုင်ငံ အကျိုးရှိမည့် အလုပ်လည်းလုပ်ရမည်။ကိုယ်အဆင်ပြေနေပေမယ့် ကိုယ့်ဝန်းကျင်က လူတွေ အဆင်မပြေတာတွေများရင်၊ကိုယ်လည်းအဆင်မပြေဖြစ်လာမှာပဲ။ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ အဖိုးတန် ပစ္စည်းကောင်းကောင်းတွေနဲ့ နေနိုင်ဖို့ အထိုက်အလျောက် လိုအပ်ပေမယ့်၊ အဲဒါတွေ ရှိရုံဖြင့် ဘ၀အဆင့်အတန်းမြင့်တယ်လို့မဆိုနိုင်ဘူး။ အဆင့်မြင့်တဲ့ ဘ၀ဆိုတာ အဆင့်အတန်းမြင့်တဲ့ ကောင်းမွန်တဲ့ စိတ်အရည်အသွေးကို ပြောတာဖြစ်တယ်။ စိတ်အရည်အသွေး တိုးတက် ကောင်းမွန်ဖို့ အတွက် ၊ဒါနသီလနဲ့ ဘာဝနာလိုတယ်။ဒါနထက် သီလက ပိုမြင့်မြတ်တယ်။သမာဓိကောင်းပြီး စိတ်ကိုကြည်လင်သန့်ရှင်းစေတဲ့ အသိဥာဏ်ဖြစ်စေတဲ့ ဘာဝနာက ပိုမိုမြင့်မားတယ်လို့ဆိုတယ်။ သမာဓိထူထောင်ပြီး စိတ်ကိုတည်ငြိမ်အေးချမ်းအောင် လုပ်တာဟာ ပညာရေးပိုင်းမှာအလွန်အထောက်အကူရတယ်။ စိတ်တည်ငြိမ်အေးချမ်းနေလျှင် ဘာပဲလုပ်လုပ်အချိန်ကုန် သက်သာတယ်။ မြန်မြန်ဆန်ဆန် အေးအေးဆေးဆေးနဲ့ ပြီးတယ်။အမှားအယွင်းနည်းတယ်။ ကိုယ့်ဘ၀ကိုယ် တကယ် အသက်ရှည်စေချင်တယ်ဆိုရင် မလုပ်မဖြစ်လုပ်ရမှာက သတိဖြင့်နေတာဖြစ်တယ်။ ဒါကြောင့်နေ့စဉ်တရားထိုင်ပါ။ အချိန် အနည်းငယ်ပဲ ဖြစ်ဖြစ်ထိုင်ဖြစ်အောင်ထိုင်ပါ။ ကုသိုလ်စိတ် ဖြစ်နေအောင်လုပ်ပြီး ၊ကုသိုလ်စိတ်ဖြစ်နေရင်လည်း သိရမယ်၊ကိုယ့်စိတ်မှ ကိုယ်မသိလျှင် တခြားဟိုအကြောင်း၊ဒီအကြောင်းတွေ သိနေရုံနဲ့ ပညာတတ်လို့ မဆိုနိုင်ဘူး၊ဒါကြောင့်ပညာတတ်ဖြစ်ချင်လျှင် တရားကိုလေ့ လာအားထုတ်ပါ။ အခုလုပ်နိုင်သလောက် လုပ်ပါ။သိပ်ကောင်းလွန်းအားကြီးပြီး သိပ်မြင့်လွန်းနေလို့ လိုက် မမီတာတွေကို ခုမလုပ်နိုင်သေးပေမယ့်၊ တစ်နေ့နေ့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ။တစ်ကြိမ်တည်းနဲ့ ထိပ်ဆုံးရောက်အောင် မကြိုးစားပါနဲ့။ တစ်ကြိမ်ထက်တစ်ကြိမ်ပိုကောင်းအောင်သာ ကြိုးစားပါ။ကောင်းတာတွေကို ယခုလုပ်နိုင်သလောက် လုပ်ဖို့ အရေးကြီးတယ်။လုပ်လို့ဖြစ်တာကိုမလုပ်ပါ။ လုပ်နိုင်တာကိုမလုပ်ပဲ အကြီးအကျယ်လုပ်မည် လို့စဉ်းစားနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။လောလောဆယ် တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပါ။ နိုင်ငံအကျိုး၊ လူသားအကျိုးဆောင်ရွက်နိုင်တဲ့ အမျိုးကောင်းသား၊ သမီးများဖြစ်ကြပါစေ။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.