Tuesday, January 13, 2009

[မိုးလှိုင်ည] 1 New Entry: မေတ္တာရေစင်တရား

မေတ္တာရေစင်တရား

ဒေါင်းရောင်နေ မှေးသကို အခိုက်တွင်မှ၊

ခေါင်းဆောင်တွေ ရှေးနဂိုမလိုက်ပြန်တော့၊ အရေးထိုထို၌

အခိုက် အခွင့်မဟန်၊ ခွေးလို ကိုက်ချင်တဲ့ စရိုက်အကျင့်တန်။

တဖြီးဖြီး ဟိန်းချင်တဲ့၊ အရီးစိမ်းကိုဖြင့်၊

မီးငြိမ်းအောင် ခါခါကြံရက်ကယ်နှင့်၊ စွာထန်ထန် ဟောင်ပိမ့်

မကြာမကြာ လောချိန်မို့၊ အညာပြန်မောင်စိန့် ဆရာပြောလိုက်မယ်မကွဲ့၊

ဒေါသာမခြံရံ မေတ္တာနဲ့ ဆိုင်းတဲ့ပြင်၊ သောတပန် ခေတ်သာတဲ့စကိုင်းဆီက၊

ရိုင်းခွင့်အပြီး မကြံတယ်နော်ကွယ်၊ ကသိုဏ်းအဆင့်ဆင့် ဗျိုင်းအကျင့်

ရယ်နှင့်၊ မှိုင်းဖြင့် သည်းခံ။

လေဦးရန် မြန်မာပြည့် ခေါင်းတွေကြောင့်၊

ခွေးရူးပြန် မသာ၏အလောင်းလိုပါ့၊ အခါအလှည့်မကောင်းစေဖို့

အစား ချောင်စရာကြံ၊ မယား တောင်ညာစံတွေနှင့် စံမည်တကား၊

ငါးထောင်သပြာ စမာန်ရယ်နှင့် မာန်တဖီဖီပွား။

နွံ့နစ်ရှာတောင်၊ ကျွှန်ခေတ် ငါတကောင်ဟဲ့လို့၊

စွာဟောင်ဟောင် သို့ကလောက် ဟိန်းကြလျှင်ဖြင့်၊ မှောက်ကိန်း

အရှေသွားမည်ကြောင့်၊ ငွေငါးထောင် အရာလုတွေကဖြင့်၊ သာဓု

ခေါ်စရာပါ့၊ အကြော်အညာ ရှိုသမိုင်းရယ်နှင့်၊ တော်ဝနာထိုစကိုင်းဆီက၊

ဖိုကသိုဏ်းနဲ့ ဖြစ်ပါပေလျှင်ဖြင့် ရွှေစင်ငွေစင်လဲ မရှားပေဘု၊ နဂိုအတိုင်း

တဲ့တဲ့ပြီး၊ ဗြဟ္မစိုင်္ရဂိုဏ်းနဲ့ ချစ်ပါစေချင် အများကိုဖြင့်၊ (အို ပုည၀တီရဲ့)

ကိုမှိုင်းရဲ့ မေတ္တာရေစင်တရား။

သခင်ကိုယ်တော်မှိုင်း

ခွေးဋီကာမှ

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.