Tuesday, January 13, 2009

[dawnmanhon(ဒေါင်းမာန်ဟုန်)] 4 New Entries: စက်မှု (၁) ၀န်ထမ်းများနှင့် လိမ် (၄) လိမ် ဆောင်ပုဒ်

စက်မှု (၁) ၀န်ထမ်းများနှင့် လိမ် (၄) လိမ် ဆောင်ပုဒ်

NEJ/ ၆ ဇန်န၀ါရီ ၂၀၀၉


နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းဌာနကြီး (၆) ခုမှ အရာထမ်း၊ အမှုထမ်းများမှာ ၀န်ကြီး ဦးအောင်သောင်း အလိုကျ လိမ်ပေးနေရသည့်အတွက် "လိမ် (၄) လိမ်" နှင့် အလုပ်လုပ်နေရသည်ဆိုပြီး ၀န်ထမ်းများကြား ပြောဆိုနေကြသည်။

အဆိုပါ လိမ်(၄)လိမ်မှာ-
-ကုန်ပစ္စည်းများ မထုတ်ဘဲ အထုတ်ပြပြီး လိမ်နေရခြင်း၊
-မမြတ်ဘဲနှင့် မြတ်ပါသည်ဆိုပြီး လိမ်၍ အမြတ်ပြရခြင်း၊

-ဌာနငွေ မသုံးဘဲနှင့် သုံးပါသည်ဆိုပြီး လိမ်နေရခြင်း၊
-လက်ကျန်မရှိပါဘဲ ရှိပါသည်ဆိုပြီး လိမ်နေရခြင်းတို့ဖြစ်သည်ဟု စက်မှု (၁) စက်ရုံဝန်ထမ်းတဦးက ပြောသည်။

"စလေဦးပုညကတော့ သိကြားကို တရစ်လိမ် ညစ်တဲ့မာဃိန်လို့ စပ်ခဲ့တာ ကြားဖူးပါတယ်။ စလေဦးပုညသာ မသေရင် ၀န်ကြီး ဦးအောင်သောင်းဟာ မာဃထက် ပိုလိမ်မယ့်သူဆိုပြီး သိကြားမင်းတောင် လိမ်လို့ရောင်း ညစ်တဲ့အောင်သောင်းလို့ စာချိုးလောက်တယ်ဆိုပြီး ၀န်ထမ်းတွေကြား ပြောကြပါတယ်" ဟု စက်ရုံအရာထမ်းတဦးကလည်း ပြောသည်။

သီးလေးသီး Los Angeles ပွဲ ( Jan. 4th)

စစ်တွေကျောင်းသား ၅၀၀ ခန့် သွားလာရေးခက်ခဲလို့ လမ်းလျှောက်ကန့်ကွက်

ကမ္ဘာတ၀န်းမှာ ဓာတ်ဆီဈေးတွေ ကျဆင်းနေသလို မြန်မာနိုင်ငံတွင်းမှာလည်း အစိုးရကထုတ်ပေးတဲ့ ဓာတ်ဆီဈေးနှုန်းနဲ့ မှောင်ခိုလောကက ဓာတ်ဆီဈေးနှုန်းဟာ သိပ်ပြီးမကွာတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကျပ်တည်းနေတဲ့ စားဝတ်နေရေး
ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ အပိုဝင်ငွေ ရှာကြသူတွေအတွက် တွက်ခြေမကိုက် ဖြစ်ကြရပါတယ်။ ဒီဂယက်ဟာ စစ်တွေက တက္ကသိုလ်ကျောင်းသားတွေအတွက် ပြေးဆွဲနေတဲ့ ကျောင်းအကြိုအပို့ ကားတွေအပေါ် ရိုက်ခတ်ခဲ့ပြီး အဲဒီကျောင်းကားတွေမထွက်တော့လို့ စစ်တွေတက္ကသိုလ်ကျောင်းသား ၅၀၀ လောက် လမ်းလျှောက် ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်း ထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

စစ်တွေတက္ကသိုလ်က ကျောင်းသားတွေအတွက် ပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီး၂၀
ခန့်ဟာ အစိုးရကပေးတဲ့ ဓာတ်ဆီ လုံလောက်မှုမရှိတာကြောင့် တက္ကသိုလ်ကျောင်းသား
တွေရဲ့ ကားခကို ၅၀ ကနေ ၁၀၀ ထိ တိုးတောင်းခဲ့ပါတယ်။ ကျောင်းသားတွေက မပေး
နိုင်တာကြောင့် ဒီနေ့မနက်ပိုင်းကစပြီး ပြေးဆွဲနေတဲ့ကားများ ရပ်ဆိုင်းခဲ့ပါတယ်။
ကျောင်းသားမိဘတဦး ပြောပြတာက …

"အဲဒီကားသမားတွေကို ဓာတ်ဆီတဂါလံပေးတယ်။ ပြီးတော့ ကျောင်းသား တယောက်
စီကနေ ၅၀ ကျပ် ကောက်ခံခွင့်ရှိတယ်၊ သူတို့က။ အခု ဆီဈေးက အပြင်မှာလည်း
၃,၀၀၀ ပဲ၊ အစိုးရဈေးလည်း ၃,၀၀၀ ပဲ။ အဲဒါကြောင့် ကားသမားတွေကလည်း
ဘယ်လိုမှ မကိုက်ဘူးဆိုပြီး သူတို့လည်း တစီးမှ မလာကြဘူး။ ဟိုတုန်းက သူတို့လည်း
ကိုက်တယ်၊ အစိုးရဈေးက ၃,၀၀၀ ဆိုရင် အပြင်မှာ ၆,၀၀၀၊ ၇,၀၀၀ အဲဒီလိုရှိတယ်။
ကုန်တာက ဆီ ၃ ပုလင်း၊ ဂါလံဝက်လောက်ပဲကုန်တယ်။ ကျန်တဲ့ဟာ သူတို့ ရောင်းစား
လို့ရတယ်။

"အခုက အစိုးရဈေးကလည်း တဂါလံကို ၃,၀၀၀၊ အပြင်မှာလည်း ၃,၀၀၀ ပဲဆိုတော့၊
ကျောင်းသူကျောင်းသားဆီက တဦးကို ၁၀၀ ကောက်မယ်ဆိုပြီး လုပ်တယ်။
ကျောင်းသားတွေကလည်း မပေးနိုင်ကြဘူး။ အဲတော့ ကားတွေလည်း တစီးမှ မလာကြ
ဘူး။ ကျောင်းသားမိဘတွေမှာလည်း သားသမီးတယောက်ကို ၅၀၀၊ ၁,၀၀၀
အဲလောက်ပဲပေးနိုင်တာ။ အဓိကကတော့ ဆီဈေးပဲ။ ဆီဈေးက အစိုးရဈေးနဲ့ အပြင်
ဈေး အတူတူဖြစ်နေလို့။ အစိုးရက ဈေးမလျှော့ဘူး၊ အပြင်မှာက ဈေးကျနေတယ်။"

နောက်ဆုံးမှာတော့ စစ်တွေမြို့လမ်းတလျှောက် ကျောင်းသား ၅၀၀ လောက် စုဝေးခဲ့
ကြပြီး လမ်းလျှောက်တာတွေ လုပ်လာတဲ့အခါမှာတော့ ရဲတွေရောက်လာပြီး ကြုံတဲ့
ကားတွေကို ချောဆွဲပြီး ကျောင်းသားတွေကို ပို့ပေးခဲ့တယ်လို့ ပြောပြပါတယ်။

"တစီးမှမရောက်လာတော့ ကျောင်းသားတွေက တဖြည်းဖြည်း များများလာတာပေါ့။
ကားမရှိတော့ တဖြည်းဖြည်း ဆူလာကြတာပေါ့။ ပြီးတော့ လမ်းလျှောက်သွားမယ်ဆိုပြီး
ဖြစ်တာ။ အဲတော့ ရဲတွေက နေ့ထိုင်းထိုးနေတဲ့ကားတွေကို ခေါ်လို့မရတော့ ကြုံရာကား၊
ဂိတ်ကကားတွေကို ခေါ်ပြီးတော့မှ ပို့ခိုင်းလိုက်တယ်။"

စစ်တွေတက္ကသိုလ်က စစ်တွေမြို့နဲ့ ၇ မိုင်၊ ၈ မိုင်ခန့်ဝေးတဲ့နေရာမှာ တည်ထားတာ
ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ကျောင်းကားကြိုနောက်ကျမှုတွေ၊ ကျောင်းကား
တွေ မကြိုနိုင်မှု ပြဿနာတွေ မကြာခဏ ကြုံနေကြရတာကြောင့် တခုခုဖြစ်တိုင်း
လမ်းလျှောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် အာဏာပိုင်တွေကတော့ ဆူပူအုံကြွမှု
မဖြစ်အောင် စီမံဆောင်ရွက်လေ့ ရှိပါတယ်။ ဒီနေ့မှာတော့ အသွားရော၊ အပြန်ပါ
ကြုံတဲ့ကားတွေကို ချောဆွဲပြီး ပြဿနာမတက်အောင် ရှင်းခဲ့ပေမယ့် မနက်ဖြန်မှာတော့
ဘယ်လိုဖြေရှင်းမယ်ဆိုတာ မသိရှိသေးကြောင်း ကျောင်းသားမိဘတွေက ပြောပြကြပါ
တယ်။

လှုပ်လေမြုပ်လေ ဆုပ်လေစူးလေ

မောင်မောင်လှကြိုင်

မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ မြင်ကွင်းမလှပါဘူး။ အာဏာပိုင်တွေက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို စနစ်တကျ နှိပ်ကွပ်နေပါတယ်။ တသက်တကျွန်းထက်ပိုတဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို မတရားစီရင်မှုတွေနဲ့ အကျဉ်းချနေပါတယ်။ ဒါဟာ လူထုတွေက မဆန့်ကျင်ရဲအောင် ခြောက်လှန့်တာဖြစ်သလို၊ သူတို့ရဲ့ ၇ ချက်ပါ လမ်းပြမြေပုံကို အပြီးတိုင် ဆောင်ရွက်ရေးလမ်းကြောင်းမှာ အနှာင့်အယှက်တွေကို ရှင်းလင်းတာလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေကို မထီလေးစား ဖီဆန်ဆန့်ကျင်တာကို အငြှိုးထား လက်စားချေတာလည်း ဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့ခေတ်ကမှ 'သခင်ပေါက်စ ထောင် ၆ လ' ပဲ ရှိပါတယ်။ အခု နအဖ မတရားစီရင်တဲ့ ထောင်ဒဏ်ဟာ အဲဒီခေတ်ကထက် အဆ ၁၃၀ (၆၅ နှစ် x ၁၂= ၇၈၀ လ) ရှိနေပါတယ်။ ဦးတင်ဦးနဲ့ ဒေါ်စုတို့ကိုလည်း အာဏာပိုင်ကို အတိုက်အခံပြုတဲ့အတွက် အကန့်အသတ်မရှိဆိုသလို နေအိမ်အကျယ်ချုပ် ချထားပါတယ်။ အတိုက်အခံ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကို နှစ် ၈၀ ကနေ နှစ် ရာကျော်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ရှိပါတယ်။ အတိုက်အခံ ခေါင်းဆောင်တွေအဖြစ် လုပ်ရဲရင် လုပ်ကြလို့ ခြိမ်းခြောက်စိန်ခေါ်ထားတာပါ။( ဆက်ဖတ်ရန် ) နှစ်ရှည်ထောင်ဒဏ် မတရား ချခံလိုက်ရတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ မတရားပြစ်ဒဏ် ၂ ခု ကျခံလိုက်ရတာပါ။ တခုကတော့ နှစ်ရှည်ထောင်ဒဏ်တွေပါ။ နောက်တခုကတော့ နယ်နှင်ဒဏ်ပါ။ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ လာရောက်တွေ့ဆုံနိုင်မှု ခက်ခဲတဲ့ ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့ပို့ဆောင်ခံရခြင်းပါ။ ပြစ်ဒဏ်နှစ်ခုစလုံးနဲ့ စိတ်ဓာတ်ပိုင်းကို ရိုက်ချိုးလိုက်တာပါ။ ၂၀၁၀ ဆိုတာ နှစ်ဦး ဇန္န၀ါရီလကနေ နှစ်နှောင်းပိုင်း ဒီဇင်ဘာအထိပါ။ ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တနှစ်ကျော်ကျော်ကြီးများတောင် လိုတယ်လို့ ပြောမရပါဘူး။ နအဖ ထုံးစံအတိုင်း အချိန်ကို တိတိကျကျ ပြောမထားပါဘူး။

သူတို့ လုပ်ချင်ရင် အာဏာရှင်တို့ရဲ့လက္ခဏာတရပ်ဖြစ်တဲ့ "ဖ ဦးထုပ်သုံးလုံး"လမ်းစဉ်အတိုင်း "ဖြတ်ခနဲပေါ်တဲ့ အစီအစဉ်ကို ဖြုတ်ကနဲထပြီး ဖြစ်ကတတ်ဆန်း" လုပ်ကြမှာပါ။ ဒါကြောင့် ၂၀၁၀ မှာ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို ၂၀၁၀ နှစ်ဦးမှာ မလုပ်သေးဘူးလို့ အသေအချာ မပြောနိုင်ပါဘူး။ အများဆုံး လိုလှမှ တနှစ်စွန်းစွန်းလောက်ပဲ ရှိတော့မှာပါ။ အတိအကျကိုတော့ နအဖ ခေါင်းဆောင်ပိုင်းအချို့နဲ့ သူတို့ရဲ့ ဝေဒဆိုင်ရာ အကြံပေးတွေပဲ သိမှာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးထောင်ခါပွဲမှာပဲ အကျဉ်းသား ၉၀၀၂ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလို အရေးတော်ပုံမပေါ်ပေါက်ဖို့၊ ၂၀၀၉ ခုနှစ်မှာ နအဖ အတွက် အကောင်းဖြစ်ဖို့ ကက်ကင်းကိုက် ယတြချေတာပါ။ မတရား ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့အညီ ပြုလုပ်မယ့် ရွေးကောက်ပွဲပြီးလို့ စိတ်ကြိုက်အစိုးရ ဖွဲ့ပြီးရင် စိတ်ချရပြီလို့ တွက်ဆကာ အောင်ပွဲခံတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ကောင်း လွှတ်မှာပါ။ နာမည်ကောင်း ယူကြဦးမှာပါ။

ဗိုလ်ချုပ်သန်းရွှေကလည်း လမ်းပြမြေပုံကို အောင်မြင်အောင် ဆောင်ရွက်ဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကြောင့် နအဖ အနေနဲ့က တဖက်သပ် စီစဉ်ထားတဲ့ လမ်းပြမြေပုံမှ တရွေးသား အလျှော့ပေးမှာ မဟုတ်ပါဘူး။ ဘယ်ဖိအား ဘယ်စကားနဲ့ပဲ နားချနားချ နားယောင်မှာ မဟုတ်သလို နားထောင်မှာလည်း မဟုတ်ပါဘူး။ "ဘယ်သူသေသေ ငတေမာဖို့" ပဲ ရှေ့ရှုသွားနေမှာပါ။ အာဏာပိုင်တွေကို ဆန့်ကျင်တယ်လို့ ယူဆရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ မတရားစီရင်လိုက်လို့ နောင်ကြဉ်သွားကြမှာပဲ။ ၂၀၁၀ အတွက် ခလုတ်တံသင်း ရှင်းသွားမှာပဲလို့ နအဖ က ထင်တလုံးနဲ့ ကျေနပ်အားရနေမှာ အမှန်ပင်။

သူတို့မျှော်လင့်မထားတဲ့ ကွင်းဆက်ဖြစ်ရပ်တွေက တရစပ် ပေါ်ပေါက်လာနေပါတယ်။ မတရား အပြစ်ပေးခံလိုက်ရသူတွေ ကိုယ်တိုင်သာမက သူတို့ရဲ့ မိသားစုဝင်တွေကပင် အထူးသဖြင့် မိခင်တွေ၊ အမ ညီမတွေကတောင် ယုံကြည်ချက်ကြောင့် မတရားအပြစ်ဒဏ် ခံသွားရသူတွေအတွက် ဂုဏ်ယူဝင့်ကြွားစွာ အားပေးစကားတွေနဲ့ အာဏာပိုင်တွေရဲ့ မတရားစီရင်မှုကို အံတုရှုတ်ချလိုက်ကြပါတယ်။ စိတ်ဓာတ်တွေ ယိုင်လဲမသွားကြပါဘူး။ ပြည်တွင်းပြည်ပရှိ ပြည်သူအများကလည်း ခံပြင်းဒေါသဖြစ်နေကြပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပြစ်တင်ရှုတ်ချကြပါတယ်။ လုံခြုံရေးကောင်စီကလည်း နအဖ ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နိုင်ငံကြီးတွေကလည်း ပိုမိုဖိအားပေး အရေးယူဆောင်ရွက်ဖို့ စိုင်းပြင်းလျက်ရှိနေကြပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဒေါ်စုနဲ့ စွယ်စုံအနုပညာရှင် ကိုသူရ ခေါ် ဇာဂနာကို နိုင်ငံတကာဆုတွေ ချီးမြှင့်လိုက်ပါတယ်။ အားနည်းသူတွေဘက်က အားပေးအားဖြည့်လိုက်ပါတယ်။ နအဖ နိုင်နင်းစွာ မကိုင်တွယ်နိုင်တဲ့ အရေးအကြီးဆုံး ၂ ခုကတော့ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးကဏ္ဍပါ။ အခုလို နအဖက မတရားတဲ့ တရားစီရင်မှုနဲ့ မတရားဥပဒေတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခြင်းမှာ ခိုင်မာတိကျတဲ့ တရားဥပဒေစိုးမိုးခြင်း မရှိကြောင်း မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးမရှိတဲ့ အုပ်ချုပ်ရေးယန္တရားအဖြစ် နအဖ အပေါ် ယုံကြည်မှုအား အလွန်အားနည်းသွားစေပါတယ်။

စီးပွားရေးမှာလည်း အများပြည်သူ အကျိုးဖြစ်ထွန်းစေမယ့် မူဝါဒလည်း နအဖမှာ ခိုင်ခိုင်မာမာ မရှိလှပါ။ ဒါကြောင့်လည်း အများပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ အလွန်နည်းပါးပါတယ်။ ဆင်းရဲချမ်းသာမှုဟာ အလွန်ကွာဟလျက်ရှိနေပါတယ်။ မြန်မာပြည်သူအများစုရဲ့ ဆင်းရဲတွင်းဟာ နက်သထက် နက်နေပါတယ်။ ကမ္ဘာ့စီးပွားရေးကပ် သင့်နေတဲ့ မျက်မှောက်ကာလမှာ စီးပွားရေးအကျပ်အတည်းဒဏ်ကို အနည်းနဲ့အများ ခံနေရပါပြီ။ ကာလကြာလာတဲ့အခါ များစွာ ခံရမှာဖြစ်ပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ ဒီဒဏ်ကို ပြန်လည်ကုစား နလန်ထူနိုင်မှာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ အုပ်ချုပ်ရေး (good governance) တရပ် ဖြစ်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ စီးပွားရေးဆိုတာတွေ ချိနဲ့အားနည်းနေတဲ့ နအဖ အတွက်ကတော့ ဒီ ဂယ်ပေါက်က ထွက်နိုင်မှာ မဟုတ်ပါ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံသစ်အဖြစ် အဓွန့်ရှည်ရပ်တည်နိုင်ဖို့အတွက် ပြည်သူအများ ချစ်ခင်ကြည်ညို လေးစားခံရတဲ့ အုပ်ချုပ်သူတွေဖြစ်အောင် နအဖ အနေနဲ့ အများရဲ့ တောင်းဆိုမှုတွေကို အလေးထား လုပ်ဆောင်ရန်မှာ အချိန်မနှောင်းသေးပါ။ အချိန်မီ ပြန်လည်စဉ်းစားကာ ပြင်ဆင်ဆောင်ရွက်မှသာ 'လှုပ်လေ မြုပ်လေ ဆုပ်လေ စူးလေ' မဖြစ်မှာပါ။

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.