Tuesday, January 13, 2009

[Maung Myo] 1 New Entry: ကြွက်စုတ်

ကြွက်စုတ်

လောကကြီးက အလျော်အစားများတယ်
သွေးကြောင်ရင်တော့ ဒီပွဲမှာမလောင်းနဲ့
တစ်လုံးပြား (၅၀)
အပေါ်နေမလား အောက်နေမလား
ငါကတော့ Ever .Man-U ပဲ

ခေတ်ကြီးက လုပ်စားရတာအဆင်မပြေတော့
ဖဲဝိုင်းမှာ ဘေးထိုးတယ်
ကိုယ်လိုက်တဲ့ အိမ်က တစ်ပေါက်
ဒိုင်က ဘူကြီးနဲ့ ကပ်စားသွားတယ်
ပါလာလာလေးလဲကုန်။

ရေများတော့ရေနိုင်
မီးများတော့ မီးနိုင်ကြတဲ့ ခေတ်ကြီးထဲမှာ
ပညာတက်တွေက ခေတ်သစ်အဘိဓာန်တွေအကြောင်းဆွေးနွေး
ဘီယာဝိုင်းက ငနဲတွေ
ဟိုကလပ်က ဟိုဆော်အကြောင်းကို
ဖန်ခွက်ထဲထည့် တစ်ချက်တည်းမော့ချပစ်လိုက်တယ်။

အပေါ်ယံအရေခွံတွေ လွှမ်းခြုံ
"မုဆိုး"က ပစ်ရန်အသင့်
"ကျား"ရှေ့ ပက်လက်လန်တဲ့ "သမင်း"တွေက
ဟော့ --တစ်ကောင် / ဟော့--တစ်ကောင်
"ဒေါင်း"တွေကြားမှာ "ကျီး"တစ်ကောင်
ပညာလေး မတောက်တစ်ခေါက်
ဗိုက်ဝရုံစားပြီး လူးပါးက ခပ်၀၀ရယ်
လောကီ လောကုတ္တရာ ဤနှစ်ဖြာမှာ

ညအိပ်ယာဝင် ဘုရားပုံမှန်မရှစ်ခိုးပဲ
အသိသဘောရှိတဲ့ ၀ိရောဓိအကြောင်းတွေပြောနေလို့
ဘယ် မျိုးကောင်း "ဒေါင်း"တွေက
သမင်လည်ပြန် လှည့်ကြည့်မတဲ့တုန်း
"ကြွက်စုတ်" ရဲ့
မမြင်ချင်ရင် မျက်စိကိုမှိတ်
မကြားချင်ရင် နားကိုပိတ် အဲ့တာ အဖဘုရားဘိုတော်ကြွက်ရဲ့အမှာစကား
မင်းတွင်းထဲသာ မင်းပြန်ဝင်ပြီး
အိပ်ရေးဝအောင်သာ အိပ်လိုက်စမ်းပါ။



You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.