Tuesday, January 13, 2009

[Burmese IT Blogger] 1 New Entry: ဘရောဇ်ာမှာ မြန်မာ ယူနီကုဒ့် လွယ်လွယ်ကူကူ ပေါ်ဖို့

ဘရောဇ်ာမှာ မြန်မာ ယူနီကုဒ့် လွယ်လွယ်ကူကူ ပေါ်ဖို့

ကဲ ဒီတခါတော့ ပြောပြချင်တာက တော့ မြန်မာ ယူနီကုဒ့် တွေ ကို ကောင်းကောင်းမွန်မွန် ပေါ်အောင် ဘယ်လို အလွယ်ဆုံး လုပ်မလဲ ဆိုတာပါ။ လောလောဆယ် မှာတော့ မြန်မာ ယူနီကုဒ့် ကို သုံးဖို့ တိုက်တွန်းတဲ့ သူက တွန်းပေမယ့်၊ ဘယ်လိုဘယ်ပုံ အသုံးချ ရမယ်။ ဘယ်လိုပြုပြင် ပေးရမယ်ဆိုတာ တော့ ပြောပြပေးဖို့ မရှိသလောက်ဘဲ ... ဘေးက အမြင်မတော်တဲ့ သူက ညွှန်ပြပေးနေရတော့ တမျိုးကြီးဘဲ ဗျာ့နော် ... ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ မြန်မာစာ ကို အထောက်အကူ ပြုစေမယ့် ယူနီကုဒ့် စနစ်အတွက်တော့ မပြည့်စုံသေးမယ့် စမ်းသုံးနိုင်အောင်တော့ ခြေတလှမ်း စပြီးလှမ်း လိုက်ရအောင် ...

firefox အတွက် ဇော်ဂျီကို တော့ ကိုစေတန် က ရေးပေးထားတဲ့ အလွယ်ကူ ဆုံးပုံစံ က
Firefox မှာ Zawgyi font setting ကို ဘယ်လို setting ချရမလဲ။ about:config ကို မသုံးတတ်ဘူး။ စတာတွေ.. စတာတွေ… အတွက်.. ဒီ bat file လေးကို download ချ ။ double click နှိပ်လိုက်။ မည်းမည်း screen တက်လာမယ်။ ခဏနေ ပြန်ပိတ်သွားမယ်။ ခဏလေးပဲ တက်လာမှာနော်။ ပြီးရင် firefox မှာ zawgyi font အလိုအလျောက် setting ချထားပြီးသားပါ။ ပြီးတော့ firefox ကို မြန်စေမယ့် နည်းလမ်းတွေပါ တစ်ခါတည်း setting ချပေးထားပါတယ်။
သူက အဲလိုရေးပေးထားတာ ပေါ့။ အဲရေးထားတဲ့ .bat ဖိုင်ကို notepad ဖိုင်မှာ ဖွင့်လိုက်ရင်

@echo off taskkill /F /IM firefox.exe cd "%HomePath%\Application Data\Mozilla\Firefox\Profiles\*.default" echo user_pref("font.default.x-unicode", "Zawgyi-one,serif"); >> prefs.js echo user_pref("font.name.cursive.x-unicode", "Zawgyi-one,Comic Sans MS"); >> prefs.js echo user_pref("font.name.monospace.x-unicode", "Zawgyi-one,Courier New"); >> prefs.js echo user_pref("font.name.sans-serif.x-unicode", "Zawgyi-one,Arial"); >> prefs.js echo user_pref("font.name.serif.x-unicode", "Zawgyi-one,Times New Roman"); >> prefs.js
အဲလို တွေ့ ရမှာပါ။ သူကတော့ ဇော်ဂျီ အတွက် လုပ်ပေးထားတာ။ ကျွန်တော်ကတော့ သူရေးပေးထားတဲ့ ကုဒ့်လေးကို ပြန်ပြင် ပြီး တခြား မိမိ သုံးလိုတဲ့ ယူနီကုဒ့် နာမည်လေး ပြောင်းထည့် လိုက်မယ်လေ။ အဲလိုဆိုရင် ကျွန်တော် တို့ သုံးလို့တဲ့ ယူနီကုဒ့် စာလုံးလေးလဲ... ပီပီပြင်ပြင် အသက်ဝင်လာမှာပေါ့။း( တခုရှိတယ်နော် ဇော်ဂျီ ကို ပြန်ကြည့် ရင် စာလုံးတွေ က သိုင်း ကွက်နင်းနေ သလိုလေး ဖြစ်နေမယ် ... စမ်းသပ်ကြည့်ကြတော့ ... ဘာမှ မလုပ်ရင် ဘာမှတော့ မဖြစ်ဘူး ... ဘာမှလဲ တတ်လာမှာတော့ မဟုတ်ဘူး .....
ကဲ အောက်က ကုဒ့်တွေ ကို notepad ထဲကို ကူးယူပြီးတော့ အဲထဲက မိမိသုံးလိုသော စာလုံးနာမည် နေရာမှာ မိမိ ပီပီသသ ပေါ်ချင်တဲ့ စာလုံးကို ပြောင်းထည့်ပြီး သိမ်းဖို့လုပ်ပါ။ ဖိုင်နာမည် ကို မိမိနှစ်သက်ရာပေးနိုင်ပေမယ့် ဖိုင်အမျိုးအစားကိုတော့ .bat လို့ ရေးပြီးသိမ်းမှ ကိုစေတန် ညွှန်း သလို Firefox Zawgyi fixed just double click အတိုင်း မိမိ သုံးချင်တဲ့ စာလုံးတွေလဲ သူလုပ်ပေးထားတဲ့ ပုံစံမျိုး အလွယ်တကူ ပြောင်းလဲ သုံးစွဲ လာနိုင် မှာပါ။
@echo off
taskkill /F /IM firefox.exe
cd "%HomePath%\Application Data\Mozilla\Firefox\Profiles\*.default"
echo user_pref("font.default.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,serif"); >> prefs.js
echo user_pref("font.name.cursive.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,Comic Sans MS"); >> prefs.js
echo user_pref("font.name.monospace.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,Courier New"); >> prefs.js
echo user_pref("font.name.sans-serif.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,Arial"); >> prefs.js
echo user_pref("font.name.serif.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,Times New Roman"); >> prefs.js
သုံးစွဲလို့ အဆင်ပြေတယ် ဆိုရင်တော့ ကိုစေတန် ကို ကျေးဇူးတင် စကား ပြောသွားလှည့် ပါ။

ကိုစေတန် ရှိနေတဲ့ နေရာ နဲ့ သူရေးထားတဲ့ ပိုစ့်တော့ http://www.saturngod.net/?p=768 မှာပါ။ Credit: ကိုစေတန် ။ အားလုံးကိုယ်စား Firefox Zawgyi fixed just double click ပိုစ့်အတွက် ကျေးဇူးတင် ရှိပါတယ်။

You received this email because you are subscribed to the real_time feed for http://kminnkyaw.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.