Tuesday, January 13, 2009

[Myo Chit Myanmar | Dedicated for the people of Myanmar] 18 New Entries: စစ်နဲ့ ငြိမ်းချမ်းရေး - သင် ဘာရွေးမှာလဲ

စစ်နဲ့ ငြိမ်းချမ်းရေး - သင် ဘာရွေးမှာလဲ

မောင်ရစ်

အိန္ဒိယမှာ အကြမ်းဖက်သမားတွေက လက်နက်မဲ့ပြည်သူတွေကို သွေးအေးအေးနဲ့ ပစ်သတ်နေချိန်၊ အိန္ဒိယလုံခြုံရေးတပ်သားတွေက အကြမ်းဖက်သမား လက်တဆုပ်စာကို ချောင်ပိတ်ပြီး အင်အားသုံး ဖမ်းဆီးနှိမ်နှင်းနေချိန်မှာ သင့်ကို မေးခွန်းတခုမေးမယ်။ စစ်နဲ့ ငြိမ်းချမ်းရေး - သင် ဘာရွေးမှာလဲ။ သည်လိုမေးလာရင်တော့ အားလုံးက ငြိမ်းချမ်းရေးကို ရွေးလိမ့်မယ်။

စစ်ကို ဘယ်သူတွေ ရွေးမှာလဲ။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ် နာတာရှည်အောက်မှာ ကျနော်တို့ သားတကွဲ၊ မယားတကွဲ၊ မိသားစုတွေ သေကွဲ ရှင်ကွဲ ကွဲလို့ ပြေးလွှားနေရချိန်၊ ထောင်ထဲ ရဲဘက်စခန်းထဲမှာ သားချင်းတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ၊ နယ်စပ်က ကျေးရွာတွေ စစ်မီးတွေ ဟုန်းဟုန်းတောက်လို့ တဖက်နိုင်ငံက ဒုက္ခသည်စခန်းကို တိုးဝှေ့ခိုလှုံနေရချိန်မှာ သင့်ကို မေးခွန်းတခုမေးမယ်။ စစ်နဲ့ ငြိမ်းချမ်းရေး သင် ဘာရွေးမှာလဲ။

ကျနော်တို့ ငြိမ်းချမ်းရေးကို ရွေးပါမယ်။ စစ်ကို ဘယ်သူတွေ ရွေးမှာလဲ။ ကျနော်တို့တတွေက မိခင်တိုင်းပြည်ကနေ တိုင်းတပါးကို ထွက်ခွာလာရချိန်မှာ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး အကြောင်းရင်းခံ မည်မျှပင်ကွဲလွဲနေပါစေ၊ မိခင်တိုင်းပြည်က စစ်အာဏာရှင် စစ်ဘီလူးလက်အောက်က စစ်မီးကို သင့်ခဲ့ကြသူတွေချည်းပါပဲ။ သူတို့ကို မေးခွန်းတခု မေးမယ်။ စစ်နဲ့ ငြိမ်းချမ်းရေး သင် ဘာရွေးမှာလဲ။ ငြိမ်းချမ်းရေးကို ရွေးပါမယ်။ ၂၀၀၄ မှာ အမေရိကန်ဘွတ်ရှ်အစိုးရက အီရတ်ကို စစ်တိုက်ပြီးတော့ စစ်အာဏာရှင် ဆဒန်ဟူစိန်ကို ဖြုတ်ချခဲ့တယ်။

 အငြင်းပွားစရာ အခြေခံ အချက်အလက်တွေ အများကြီးကြားထဲက၊ သံသယဖြစ်စရာ ဟိုဖက် ဒီဖက် အကြောင်းကိစ္စတွေ အများကြီးကြားထဲက အမေရိကန်နိုင်ငံသား တချို့က အစိုးရဦးဆောင်မှုအတိုင်း ဦးလည်မသုံ စစ်ကို ရွေးခဲ့ကြတယ်။ တချို့ကတော့ တပါးနိုင်ငံတခုအပေါ် ကျူးကျော်စစ်အဖြစ် ရှုမြင်ပြီး စစ်ကို ဆန့်ကျင်ခဲ့ကြ၊ ငြိမ်းချမ်းရေးကို ရွေးချယ်လို့ စစ်ဆန့်ကျင်ရေး ဆန္ဒပြကန့်ကွက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ သင်ကော ဘာရွေးမှာလဲ။( ဆက်ဖတ်ရန် ) စစ်နဲ့ ငြိမ်းချမ်းရေး - သင် ဘာရွေးခဲ့မှာလဲ။ ပြည်တွင်းစစ်ဒဏ်သင့်ခဲ့တဲ့ လူတယောက်အနေနဲ့ စစ်ကို မုန်းတီးပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးမယ်ဆိုရင် ဘယ်နိုင်ငံကိုပဲ ရောက်ရောက် သေစေတတ်တဲ့ လက်နက်ကိုကိုင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းကို ရွေးချယ်လိမ့်မယ်မဟုတ်လို့ ကျနော်ကတော့ ကိုယ်ချင်းစာပြီး စဉ်းစားတယ်။ ကလောင်ကို လက်နက်သဖွယ်ကို ရွေးထားပြီးမှတော့ ကျည်ဆန်တွေ အမြှောက်တွေ မလိုဘူးဆိုတဲ့ မူပေါ်မှာ ကျနော့်အနေနဲ့ကတော့ ရပ်တည်ရမယ် ထင်ပါတယ်။ အခုရောက်နေတဲ့ နိုင်ငံက စစ်သားစုဆောင်းရေးအဖွဲ့တွေ၊ အရန်တပ်သားစုဆောင်းရေးတွေက "သင့်ကို အလိုရှိသည်" ဆိုပြီး လိုက်လံ စည်းရုံး အင်အားစုနေတဲ့အချိန်တွေနဲ့ ကြုံခဲ့ဖူးတယ်။

ပညာရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်ထူးခံစားခွင့်တွေနဲ့ နိုင်ငံသားတွေသာမက၊ ဒုတိယတန်းစား နိုင်ငံသားတွေ (အမြဲနေထိုင်ခွင့်ရသူတွေ၊ ဂရင်းကတ်တွေ)ကို ဖိတ်ခေါ်ကြတယ်။ စစ်သုံးစရိတ်ကို ဘီလျံနဲ့ချီပြီးသုံးနိုင်တဲ့ အစိုးရဆိုတော့ ပြည်သူ့အခွန်တွေနဲ့ သူတို့စစ်သားတွေကို ပေးဆောင်ချီးမြင့်ပေးနိုင်တာကို မေးခွန်းထုတ်စရာ မလိုပါ။ စစ်မက်ရေးရာကို ဆုတောင်းပါလို့၊ နှစ်သက်လို့၊ လက်ရုံးရည်နဲ့ မျိုးချစ်စိတ်ထက်သန်စွာ ပေးဆပ်ချင်လို့ ဆုံးဖြတ်ကြသူ သူတို့ကို မေးခွန်းထုတ်စရာ မလိုပါ။ သို့သော်လည်း စစ်ဆိုတဲ့ အကြောင်းကို အရင်းခံပြီး ဘယ် အကျိုးကို မျှော်လို့ သေနတ်မောင်းကို ဘယ်လို မောင်းတင်မှာလဲ။ ၂၁ ရာစုအသစ်ကို သွေးတွေ အသက်တွေ အလူးလူးအလိမ့်လိမ့်နဲ့ ကိုယ့်တိုင်းပြည်ကိုယ်တိုင် ဖြတ်သန်းရုန်းကန်နေရချိန်မှာ စစ်နဲ့ ငြိမ်းချမ်းရေး - သင်ဘာရွေးမှာလဲ။ ကျနော်ကတော့ ငြိမ်းချမ်းရေးကို ရွေးပါတယ်။

အကြမ်းဖက်သမားတွေနဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ နှိမ်နှင်းဖို့ ဖော်ထုတ်ဖို့ ဆိုပြီး အကျဉ်းစခန်းတွေမှာ အကျဉ်းသားတွေကို ဖမ်းဆီးတယ်၊ စစ်ဆေးတယ်။ နှိပ်စက်ညှင်းပန်းတယ်။ သတင်းတွေ ထောက်လှမ်းရေးအချက်အလက်ကို ဖော်ထုတ်တယ်။ ကမ္ဘာတဖက်ခြမ်းက အကြမ်းဖက်သမားတွေက အပြစ်မဲ့တဲ့ပြည်သူတွေကို လမ်းလယ်ကောင်မှာ၊ လျို့ဝှက်အကျဉ်းစခန်းတွေမှာ ဗုံးဖောက်ခွဲပစ်တယ်၊ သတ်ဖြတ် ချေမှုန်းပစ်တယ်။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် သတင်းပေးတွေ၊ ထောက်လှမ်းရေးတွေ၊ လက်မရွံ့တွေက တဖက်ကို တဖက် အမှောင်ထဲကနေ ချေမှုန်းကြ လုပ်ကြံနေကြတာပဲ။

ကဲ - စစ်နဲ့ ငြိမ်းချမ်းရေး - သင်ဘာရွေးမှာလဲ။

ကျနော်ကတော့ ငြိမ်းချမ်းရေးကို ရွေးပါတယ်။ တကယ်တမ်းမှာ လက်တွေ့မှာ စစ်နဲ့ ငြိမ်းချမ်းရေး တကယ်ရွေးကြရတော့မယ်ဆိုရင် ကျနော်ကော သင်ကော အမှန်အကန် ဘာကို ရွေးကြမှာလဲ - စဉ်းစားမိတယ်။ မြန်မာပြည် အကျဉ်းထောင်ထဲက အပြစ်မဲ့တဲ့ နိုင်ငံရေးအတိုက်အခံတွေ၊ သူတို့ မိသားစုသားချင်းတွေ၊ စစ်မီးခိုးတွေ တလိမ့်လိမ့်အူနေတဲ့ မြန်မာပြည်နယ်စပ်က ကျေးလက်တွေ၊ စစ်ဖိနပ်အောက်က ပိပြားဝပ်တုပ်နေရတဲ့ နိုင်ငံရေးဘေးသင့် လက်နက်မဲ့ ပြည်သူလူထုတွေ - သူတို့တွေနဲ့ သင် ဘယ်ဟာကို ရွေးကြမှာလဲ။

 စစ်နဲ့ ငြိမ်းချမ်းရေး ဘာကို ရွေးကြမှာလဲ။ တတိယနိုင်ငံတခုရဲ့ အရိပ်အာဝါသ၊ စစ်မီးလျံများနဲ့ ဝေးရာ၊ ထောက်လှမ်းရေး သတင်းပေးများ၊ လက်မရွံ့များနဲ့ ဝေးရာမှာ အသက်ရှုခွင့်ရနေချိန်မှာ - သူတို့နိုင်ငံရဲ့ စစ်မက်ကိစ္စ၊ ထောက်လှမ်းရေး သတင်းပေးကိစ္စတွေလုပ်ကိုင်ဖို့အတွက် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဘ၀အာမခံချက် အထွေထွေ ပုဂ္ဂလိကအခွင့်အလမ်းတွေနဲ့ သင့်ကို ကမ်းလှမ်းလာခဲ့မယ်ဆိုရင် - စစ်နဲ့ ငြိမ်းချမ်းရေး ဘာကို သင်ရွေးမှာလဲ။ ကျနော်ကတော့ ငြိမ်းချမ်းရေးကိုပဲ ရွေးပါတယ်။ ဆရာ တင်မိုးရဲ့ ကဗျာလေးနဲ့ ကျနော် ထပ်ပြောပါမယ်။

"တရားနှင့် ဓား

အား နှစ်အား တွင်

တရားကို ချစ်

ဓားကိုပစ်အံ့

စစ်ကို ငါတို့ မုန်းပါသည် …"

အပ်သွေးသမား

အပ်သွေးသမား
 
ပိန်းပိန်းပိတ်အောင် ရက်စက်ကြမ်းကြုပ်လွန်းလှတဲ့
စစ်ဘီလူးတွေရဲ့ အာဏာရှင်စနစ်ကို
အပြီးတိုင်ချုပ်ငြိမ်းသွားအောင်
အားရပါးရတော်လှန်ချင်လို့
မျှော်လင့်ချက်တွေ၊ အားမာန်တွေ
စွန့်လွှတ်ခြင်းတွေ၊ သတ္တိတွေနဲ့
သန္နိဋ္ဌာန်ရဲရဲချကာ
မေမေ့ ရင်ခွင်နဲ့ဝေးရာကို
အပြီးတိုင်ထွက်ခဲ့တဲ့ မေမေ့သား … …
မိုက်တွင်းမနက်ချင်တဲ့ မေမေ့သား … …
အခုတော့
တလွဲဆံပင်ကောင်းနေတဲ့ စည်းလုံးမှုတွေကြားမှာ
ထိရောက်တဲ့လက်နက်တွေကို
အားကောင်းမောင်းသန်စွာ ဖုန်သုတ်တဲ့အသံတွေပဲ
ဟောင်ဖွာ ဟောင်ဖွာနဲ့ကြားနေရပြီး
အပ်သွေးသမား ဖြစ်မှန်းမသိဖြစ်လို့
ထောင်းလမောင်းထနေတဲ့ စာရွက်ပုံအောက်
ငုပ်တုပ်။       ။
 
နေခိုင်

ဝတ်မှုန်ရွှေရည်သတင်း Weekly Eleven သာ ဖော်ပြခွင့်ရ

NEJ/ ၇ ဇန်န၀ါရီ ၂၀၀၉

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ဖိုးလပြည့်က မေမြို့ကို ခေါ်ဆောင်သွားခဲ့သူဆိုပြီး အနုပညာသည်လောကနှင့် ပြည်သူများကြား ရေပန်းစားနေသည့် မော်ဒယ် ဝတ်မှုန်ရွှေရည်၏ သတင်းနှင့် ဓာတ်ပုံကို အခြား ပုဂ္ဂလိက မဂ္ဂဇင်းနှင့် ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ထားသော်လည်း ဒီဇင်ဘာ (၃၁) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တခုတည်းသာ ဖော်ပြခွင့်ရခဲ့ကြောင်း ရန်ကုန်မြို့ခံ စာနယ်ဇင်းအသိုင်းအဝန်းက ပြောပြကြသည်။

ပုဂ္ဂလိက ဂျာနယ် အယ်ဒီတာတဦးက "ကျနော်တို့ ဂျာနယ်မှာလည်း နှစ်ချုပ် ထင်ရှားကျော်ကြားတဲ့သူ စာရင်းမှာ သူ့ကို ဖော်ပြဖို့ ထည့်တယ်။ စာပေစိစစ်ရေးကိုတင်တော့ သူတို့က ဖြုတ်ချလိုက်တယ်။ အလားတူ အခြားဂျာနယ် မဂ္ဂဇင်းအချို့မှာလည်း ဖော်ပြဖို့ တင်ပြကြတယ်။ ဒါပေမယ့် အားလုံးကို ဖော်ပြခွင့်ပိတ်ပင်ထားတယ်။ ခု Weekly Eleven ဂျာနယ်မှာ ဖော်ပြတာ ပထမဦးဆုံးပဲ" ဟု ပြောသည်။( ဆက်ဖတ်ရန် )

ဂျာနယ်အယ်ဒီတာများ၏ ပြောပြချက်အရ မော်ဒယ် ဝတ်မှုန်ရွှေရည်သည် တိုင်းရင်းသူ မော်ဒယ်တဦးဖြစ်ပြီး မြန်မာနိုင်ငံ၌ ထင်ရှားကြော်ကြားသည့် အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ချစ်သူဖြစ်ကြောင်း၊ စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင် သတင်းစာမျက်နှာများတွင် အမည်မဖော်ပြဘဲ ဖြေကြားထားသည်များ ရှိကြောင်း၊ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များကို အင်တာနက်စာမျက်နှာများပေါ်တွင် အများအပြားရှိကြောင်း၊ ၎င်းတို့နှစ်ဦးကိစ္စဆိုပါက သာမန် သတင်းသာ ဖြစ်ကြောင်း ပြောပြသည်။ သို့သော် ပြီးခဲ့သည်လက ဝတ်မှုန်ရွှေရည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဖိုးလပြည့်က မေမြို့အထိ ခေါ်ဆောင်သွားသည့်သတင်းများထွက်ပြီးနောက်ပိုင်း အဆိုပါကိစ္စ သတင်းဂျာနယ်များက အမည်မဖော်ပြဘဲ ရေးသားကြသော်လည်း စာပေစိစစ်ရေးက အားလုံးပိတ်ပင်ခဲ့သည်။

စာပေစိစစ်ရေးက နိုင်ငံရေး၊ စီးပွားရေး သတင်းများအပြင် ယခုကဲ့သို့ အာဏာရှင်အသိုင်းအဝန်းနှင့် သက်ဆိုင်သည့် လူမှုရေးသတင်းများကိုလည်း စောင်းပါးရိပ်ခြေမျှပင် ရေးသားခွင့်မပြုဘဲ ပိတ်ပင်လျက်ရှိကြောင်း ပြောပြကြသည်။ မော်ဒယ်ဝတ်မှုန်ရွှေရည်ကို ဖိုးလပြည့်က မေမြို့ကို ခေါ်ဆောင်သွားခဲ့သည် ဆိုသည့်သတင်းနှင့်ပတ်သက်၍ ၎င်းနှင့် တနှစ်တည်း တက်နေသူ နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတဦးကို မေးမြန်းကြည့်ရာ "သတင်းဖြစ်ပေါ်တဲ့နေ့က ဖိုးလပြည့်ကို ကျောင်းမှာ မတွေ့ရကြောင်း၊ ကျောင်းအနီးက ကျောင်းနားချိန် ၎င်းအပန်းဖြေရန် ဆောက်လုပ်ပေးထားတဲ့ ဇိမ်ခံအိမ်ကြီးမှာလည်း မတွေ့ရကြောင်း၊ ဒါပေမယ့် ဝတ်မှုန်ရွှေရည်ကို ခေါ်သွားတယ်လို့တော့ တပ်အပ်မပြောနိုင်ကြောင်း" ပြောပြသည်။ ဒီဇင်ဘာ (၃၁) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်မူ ဝတ်မှုန်ရွှေရည်နှင့် စိုင်းစိုင်းခမ်းလှိုင်အကြောင်းများ ကို ဘေးချင်းယှဉ် ဖော်ပြထားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး ဖိုးလပြည့်နှင့် ပတ်သက်သည့်ကိစ္စကိုများမူ ကောလာဟလ ဖြစ်ပေါ်မှုအဖြစ် မေးမြန်းထားပြီး ဝတ်မှုန်ရွှေရည်က ငြင်းဆိုထားခြင်း မရှိပေ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,7th,2009

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ရခိုင်အမျိုးသား နိုင်ငံရေးခေါင်းဆောင် ဒေါက်တာစောမြအောင် ကွယ်လွန်

( 2 )Over 7 mln children to be vaccinated against polio in Myanmar

( 3 )မြန်မာနိုင်ငံတွင်း ကြက်ငှက်တုပ်ကွေး ရောဂါဆိုင်ရာ ပညာပေးအခြေအနေ

( 4 )ဟောင်သရောအထူးဒေသအဖွဲ့မှ တပ်ရင်းမှူးယောက္ခမ ပြန်ပေးဆွဲခံရ

( 5 )တရားမဝင်ထိုင်းငါးဖမ်းလှေများကို မြန်မာဘက်က မကြာခဏ ဖမ်းဆီးဒဏ်ငွေရိုက်

( 6 )ပြည်တွင်းရေကြောင်း သင်္ဘောများ ပြင်ပဒီဇယ်ဆီဖြင့် ဆွဲမည်

( 7 )301 Myanmarese boat people found adrift in Aceh

( 8 )ကွယ်လွန်သူ ဦးစောမရအောင်နေရာ အစားထိုးမည်ပါတီလှုပ်ရှားမှုရပ်မသွားဟု ဦးအေးသာအောင်ပြော

( 9 )Hip Hop အဆိုတော် ရန်ရန်ချမ်း ပြန်လွတ်လာ

( 10 )ကျောင်းကားမလာ၍ တက္ကသိုလ်ကျောင်းသားများ လမ်းလျောက် ဆန္ဒပြ

( 11 )ရခိုင်ဒီချုပ်နှင့် လှိုင်သာယာ အဖွဲ့ချုပ်စည်း ကွယ်လွန်

( 12 )မွန်ပြည်သစ်ပါတီဗဟို သတ္တမအကြိမ်မြောက်ညီလာခံဆက်လက်ကျင်းပနေဆဲ

( 13 )Boat with 193 foreigners stranded off Aceh

( 14 )အင်းလေးတွင် ဆောင်ခိုငှက်များ လျော့နည်းလာ

( 15 )Rampant deforestation in Arakan by Burmese Army

( 16 )ထိုင်းရှိ မြန်မာလုပ်သားများ လုပ်ကိုင်ခွင့်သက်တမ်း တနှစ် ထပ်တိုးပေးမည်

( 17 )ကလေးစစ်သားဘ၀ (၁၀) နှစ်ကြာနေခဲ့ရသူ အိုင်အယ်လ်အိုကြောင့် ပြန်လွတ်

( 18 )Paddy profits eaten up by middlemen merchants

( 19 )ရန်ကုန်မှာ အက်ဖ်အီးစီဈေးကျ

( 20 )Foreigners stranded near Indonesia

( 21 )၂၀၀၈ ခု ၀န်ကြီးဌာနပေါင်းစုံ အဂတိလိုက်စားမှု (၅၀၀) နီးပါးရှိ

( 22 )Intrepid Journeys

( 23 )နာဂစ်ဒုက္ခသည်တစ်ဦး ထောင် ၁၄ နှစ်ကျ မိသားစု ထောင်ဝင်စာတွေ့ရန် အခက်ကြုံ

( 24 )ကိုမားကီးရဲ့ညီ ကိုကက်နက်ကို တောင်ငူ လေးမိုင် ရဲဘက်စခန်းပို့

( 25 )Burmese in Israel unaffected by Gaza War

( 26 )ကျွန်းသစ်နှင့်သစ်မာများကို ခိုးထုတ်ရောင်းချမူကြောင့် ကျောက်တော်နယ်မှ သစ်တောများ ပြုန်းတီးရန် အခြေအနေသို့ ဆိုက်ရောက်

( 27 )ရခိုင်ရိုးမနှင့် ပဲခူးရိုးမ အစပ်တွင် ဘိန်းစိုက်ပျိုးမူ တိုးပွားလာ

( 28 )Junta's NUP Ready to Open 2010 Election Campaign

( 29 )တစည စည်းရုံးရေး စတော့မည်

( 30 )Soldier's Arrest for Transporting Drugs a Sign of the Times

( 31 )ဒီကေဘီအေ နယ်စပ်စောင့်ရမည်

( 32 )Karen Girl, 7, Raped and Killed

( 33 )မူးယစ်ဆေးသယ်သူ စစ်ဗိုလ်တဦး ဖမ်းဆီးခံရ

( 34 )Most frequently asked question is, 'Are you safe there?'

( 35 )Some villages could not celebrate Christmas because of famine

( 36 )ထောင်နှစ်ရှည် အမိန့်ချခံရသူ လက်ထပ်ခွင့်တောင်း၊ တရားရုံးက လက်မခံ

( 37 )လူထုလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု စံပယ်အဖွဲ့ ကပြော

( 38 )Family of Karen armed group commander kidnapped in Three Pagodas Pass

( 39 )ဟွေ့ပူလောင်းဒေသမှ သစ်များထုတ်တော့မည်

( 40 )နှစ်သစ်တွင် ကရင်နီနှင့် စစ်အစိုးရတပ် တိုက်ပွဲ ဖြစ်ပွားမှုစိပ်လာ

( 41 )Two miners killed, seven injured on New Year eve explosion in Hpakant mine

စင်္ကာပူ လာသူများအတွက် အမှာစာ

၂၀၀၈ ခုနှစ်မှာ မြန်မာများစွာ စင်္ကာပူကို ရောက်လာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးရာ အဓိကလို့ပြောရင် ပိုမှန်မှာပါ။

လာသူတွေကို အကြမ်းဖျင်းကြည့်ရင် -

၁။ အလုပ်ရှာရန်နဲ့ အလုပ်လုပ်ရန်

၂။ ပညာသင်ရန် (သို့မဟုတ်) ကျောင်းနေခြင်းနှင့်ဆိုင်တဲ့ ကိစ္စများ

၃။ စီးပွားရေးလုပ်ရန် တခြား အလည်အပတ်လာသူ၊ ဈေးဝယ်ရန်၊ ဆေးရုံတက်ရန် တဲ့ကိစ္စတွေရှိမှာပါ။( ဆက်ဖတ်ရန် ) နိုင်ငံရေးသမား၊ ဘာသာရေးသမားတွေလည်း အနည်းအကျဉ်း ရှိမှာပဲ။ ဒီအမှာစာလေးမှာတော့ အလုပ် လာလုပ်လိုသူတွေအတွက် အဓိက ရေးပါတယ်။ စင်္ကာပူမှာ နိုင်ငံခြားသားတွေအတွက် အလုပ်အဆင့်အတန်း ၃ မျိုး ရှိပါတယ်။

ပထမအမျိုးအစားကတော့ Expert ဆိုတဲ့ လစာငွေ ဒေါ်လာ ၅ ထောင်၊ တသောင်း အထက်ရတဲ့ အဆင့်ပါ။ မြန်မာပြည်က စတင်ရောက်လာသူတွေ မရနိုင်ပါဘူး။ ဒါပေမဲ့ စင်္ကာပူမှာ လစာငွေ ဒေါ်လာ သောင်းချီရနေတဲ့ မြန်မာများစွာ ရှိနေပါတယ်။ သူတို့တွေဟာ စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး တဖြေးဖြေးချင်း တိုးတက်လာသူတွေပါ။

 ဒုတိယအမျိုးအစားကတော့ EP, S-Pass ဆိုတဲ့ ဘွဲ့ရအဆင့်အတန်း အလုပ်အကိုင်ပါ။

တတိယအမျိုးအစားမှာတော့ WP Work Permit ဆိုတဲ့ Skill Workers အဆင့်ပါပဲ။

မြန်မာအများစုဟာ ရန်ကုန်မှာ အလုပ်ပွဲစားများနဲ့ အလုပ်ရှာကြပါတယ်။ အလုပ်ပွဲစား အများစုကတော့ တတိယအမျိုးအစား WP အလုပ်မျိုးကို အလွယ်တကူ ရှာပေးနိုင်ပါတယ်။ လစာငွေ ဒေါ်လာ ၅၀၀ နဲ့ တထောင်အကြား ရဖို့အရေး ပွဲစားခနဲ့ လေယာဉ်စရိတ်ပေါင်း စင်္ကာပူဒေါ်လာ ၃ ထောင်နဲ့ ၄ ထောင်ကြားမှာ တောင်းပါတယ်။ ငွေများများပေးရင် လစာပိုရပြီး၊ အလုပ်လည်း အချိန်ပို လုပ်ရတယ် ပြောပါတယ်။

မြန်မာတွေဟာ ရန်ကုန်မှာရှိတဲ့ စင်္ကာပူအစိုးရ အသိအမှတ်ပြု သင်တန်းကျောင်းတွေမှာ သင်တန်းမျိုးစုံတက်ပြီး အောင်လက်မှတ် ယူရပါတယ်။ သင်တန်းတွေကတော့ အမျိုးသားတွေအတွက် ဆောက်လုပ်ရေး၊ သင်္ဘောပြင်၊ ဂဟေဆော်၊ သံချည်သံကွေး စတဲ့ ၃ လရက်တို သင်တန်းတွေပါပဲ။ အမျိုးသမီးတွေအတွက်ကတော့ ဘိုးဘွားစောင့်ရှောက်ရေး၊ မသန်စွမ်းသူ စောင့်ရှောက်ရေး၊ စားဖိုမှူးသင်တန်း၊ အိမ်ဖော်သင်တန်း၊ သူနာပြုအကူ သင်တန်း စတဲ့ စင်္ကာပူအစိုးရက လိုအပ်နေတဲ့ အလုပ်တွေပါ။

တချို့ပွဲစားတွေက ဒုတိယအမျိုးအစား အလုပ်ရှာပေးမယ်ဆိုပြီး လိမ်ညာဆွဲဆောင်ပါတယ်။ မြန်မာတွေကလည်း ၁၀ တန်း မအောင်ရင်တောင် ဘွဲ့ရအလုပ်မျိုးကို မှန်းကြတယ်။ ''လစာက စင်္ကာပူဒေါ်လာ ၂၀၀၀ လောက် အချိန်ပိုနဲ့ပေါင်းရင် ရမယ်၊ ဘာညာ'' ဆိုပြီး အလုပ်အပ်အောင် ရွှမ်းရွှမ်းဝေ ပြောကြတယ်။ လူတော်တော်များများက ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ကြတော့ သူတို့ပြောတာတွေကို ယုံလိုက်ကြတယ်။ အရေးထဲ စင်္ကာပူရောက်ရင် လူပွဲစားလုပ်စားမယ် ကြံရွယ်နေတဲ့ မြန်မာတွေကလည်း တဆင့်ပွဲစားလုပ်ပြီး ကိုယ့်သူငယ်ချင်းကို အယုံသွင်း၊ ကြိုတင်ငွေတောင်းလုပ်လို့ နောက်ပိုင်းမှာ အဆင်မပြေဖြစ်ရာကနေ မိတ်ဆွေပျက်ရုံမက ရန်သူတောင် ဖြစ်သွားရတဲ့ တကယ့်အဖြစ်အပျက်တွေ များစွာရှိပါတယ်။ ကိုယ်ညံ့လို့၊ လူယုံသတ်ခံရတာ ဆိုတော့လည်း ဘယ်သူ့မှ မပြောတော့ဘဲ ငြိမ်ခံလိုက်ရတာတွေလည်း အများအပြား ရှိပါတယ်။

ဥပမာ အနည်းအကျဉ်း (ကိုယ်တွေ့တွေပဲ ရေးပါမယ်)။

ပထမအဖြစ်အပျက်

၂၀၀၇ မှာ ကျနော့် တူမတဦး စင်္ကာပူကို ရောက်လာပါတယ်။ သူ့အမေက ဖုန်းဆက်ပြောလို့ လာမယ်သိရပေမယ့် သူ့ဦးလေးအိမ်ကို မတည်းပါဘူး။ ''ပွဲစားက စီစဉ်ပေးတဲ့နေရာပဲ နေမယ်'' လို့ ပြောတယ်။ ''အလုပ်လည်း ရမယ်၊ လစာလည်း ကောင်းတယ်၊ ဘာညာ'' နဲ့ ရန်ကုန်က ဖုန်းဆက်ပြောတယ်။ ''စင်္ကာပူရောက်ရင် ဖုန်းဆက်ခိုင်းပါ'' လို့ပဲ မှာလိုက်ရတယ်။ အဲဒီ ၂၆ နှစ်အရွယ် မိန်ကလေးက မြန်မာပြည်မှာ ၁၀ နှစ်လောက် အန်ဂျီအို (အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း) တွေမှာ အလုပ်လုပ်ခဲ့ဖူးတော့ အင်္ဂလိပ်စကားလည်း အသင့်အတင့် ပြောတတ်တယ်။

ဘွဲ့ကလည်း ရပြီးသားဆိုတော့ ပွဲစားပြောတာကို အဟုတ်ထင်တယ်။ စင်္ကာပူက မြန်မာအလုပ်ပွဲစားတဦး (ဒီလို ပွဲစားတွေ ထောင်နဲ့ချီ ရှိပါတယ်) က ''အလုပ်လည်း ရှိတယ်၊ နေစရာလည်း သူ စီစဉ်ပြီးသား (အလကား နေရမယ့် ပုံစံမျိုး ပြောတယ်) ၊ စင်္ကာပူရောက်မှ S-pass တင်လိုက်ရုံပဲ၊ ၂ ပတ်လောက် စောင့်ပြီးရင် S-pass Approved စင်္ကာပူအစိုးရ ချပေးပြီးရင် အလုပ်စလုပ်ရုံပဲ၊ S-pass စောင့်နေတုန်းမှာလည်း နေ့စားအလုပ် ရှာလုပ်ရင် တနာရီ စင်္ကာပူဒေါ်လာ ၁၀ လောက်ရမယ်'' ဆိုတာတွေ ပြောတော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ တူမဖြစ်သူက စဘော်ငွေအဖြစ် ဒေါ်လာ ၂၀၀၀ ကို ရအောင်ရှာရတယ်။ အဖေ၊ အမေ ဖြစ်သူကို ရွှမ်းရွှမ်းဝေအောင် ပြောပြတော့ သမီးအတွက် ဘုရားဆုတောင်းပြီး၊ စင်္ကာပူမှာရှိတဲ့ ဆွေမျိုးတွေကို မှာရတယ်။ အဲဒီတူမလည်း ရောက်တဲ့နေ့မှာပဲ ပြဿနာကြုံတော့တာပဲ။ ပွဲစားမနဲ့ တူမ ၂ ယောက်သား ကြိတ်ပုန်းခုတ်ပြီး ကျနော့်တူမကို အိမ်တအိမ်မှာ သွားထည့်ထားလိုက်တယ်။ ပွဲစားမကတော့ သူ့မိတ်ဆွေအိမ်မှာ နေတယ်။

စင်္ကာပူမှာ အိမ်ဖွင့်စားတဲ့လူတွေ အများကြီးပဲ။ အိမ်ငှားခ ဈေးကြီးတော့ အိမ်တလုံး အခန်း ၃ ခန်းရှိရင် ၂၀၀၇၊ ၂၀၀၈ ခုနှစ် ပေါက်ဈေးအရ တလမှာ ဒေါ်လာ ၁၈၀၀ ကနေ ၂၀၀၀ အထိပေးရတော့ မြန်မာတွေ လူတင်ထားရတယ်။ တလကို တခန်းလုံးယူရင် ဒေါ်လာ ၆၀၀ ဒါမှမဟုတ် တခန်းမှာ နှစ်ထပ်ကုတင် နှစ်လုံးထည့်ထားပြီး လူ ၄ ယောက်နေရင် တလမှာ တယောက်ကို ဒေါ်လာ ၁၅၀ စသဖြင့် နေကြရတယ်။ ကျနော့်တူမကို နေစရိတ်အဖြစ် တလအတွက် ဒေါ်လာ ၂၀၀ လောက်တောင်းပြီး စပေါ်ငွေကိုတော့ ဒေါ်လာ ၂၀၀ လောက်၊ စုစုပေါင်း ဒေါ်လာ ၄၀၀ လောက် တောင်းတယ်။ ပွဲစားမက ''ပေးလိုက်လေ'' လို့ ပြောတော့ လက်ထဲမှာ အဖေ၊ အမေဆီက တောင်းလာတဲ့ ဒေါ်လာလေးလည်းရှိ၊ ''ငါ့မှာ ပိုက်ဆံရှိတယ်'' ဆိုတဲ့ မာနလေးကလည်း အနည်းအကျဉ်းရှိဆိုတော့ ဈေးတောင် ကောင်းကောင်းဆစ်ချိန် မရပါဘူး။

တောင်းသမျှ ပေးလိုက်မိတော့တယ်။ နောက် နေတော့လည်း သိပ်အဆင်မပြေတော့ အဲဒီနေ့မှာပဲ သူ့ဦးလေးဆီ ဖုန်းဆက်ပြီး သိပ်အဆင်မပြေကြောင်း သတင်းပို့လိုက်ရတယ်။ ဒီတော့မှ တူမဖြစ်သူကို အိမ်ကို ပြန်ခေါ်ထားလိုက်ရပေမယ့် အိမ်ဖိုးငွေ ပေးထားပြီးသားကတော့ ပြန်မရတော့ပါဘူး။ ''နေမယ်ပြောထားလို့၊ အခု မနေတော့ဘူး'' ဆိုတော့ သူ့နေရာ အလွတ်ကြီး ဖြစ်နေပြီ။ ''လူစားရှာပေးရင်တော့ ပေးထားတာတွေ ပြန်ပေးပါမယ်'' လို့ အိမ်ရှင်ကလည်း ညည်းတွားပြတယ်။ ငွေပေးပြီးရင် ပြန်တောင်းလို့ မလွယ်တော့တာတော့ သဘာဝပါပဲ။ အဲဒီကတည်းက အတူလာတဲ့ မြန်မာပြည်က ပွဲစားမက သူထားတဲ့နေရာ မနေဘူးဆိုပြီး အပြစ်တင်လာတယ်။ တူမဖြစ်သူကလည်း စင်္ကာပူရောက်မှ စုံစမ်းကြည့်တော့ ပွဲစားမ ပြောတာတွေ အာပလာ ဖြစ်နေကြောင်းနဲ့ S-pass အလုပ်ရဖို့ အင်မတန်ခက်ကြောင်း သိလာရတယ်။

လွယ်ကူတဲ့ Nurse Assistance အလုပ်မျိုး လုပ်ရင်လည်း ရှက်တယ်။ လစာလည်း မရဘူး။ အရေးထဲ ပွဲစားမကလည်း စင်္ကာပူက မြန်မာပွဲစားနဲ့ သူတို့ချင်း ပြဿနာဖြစ်ပြန်တယ်။ ကျနော့်တူမက စင်္ကာပူပွဲစားဆီ အလုပ်အပ်တဲ့ စဘော်ငွေ (ဒေါ်လာ ၅၀၀ လားမသိဘူး) မပေးလို့ သူက ''အလုပ်ရှာမပေးနိုင်ဘူး'' လုပ်ပြန်တယ်။ အတူလာတဲ့ ပွဲစားအမျိုးသမီးကလည်း သူ့အသိ ကုမ္ပဏီ အသေးကလေးတွေနဲ့ အင်တာဗျူး စီစဉ်ပေးတယ်။ ''အဲဒီလူတွေက တလကို ၄၀၀ ပဲ ပေးမယ်၊ အိုဗာတိုင် မပေးနိုင်ဘူး၊ ငါတို့ကုမ္ပဏီက သေးတော့ မိသားစုလို အလုပ်အားလုံး လုပ်ပေးရမယ်'' ပြောတယ်။ ကုမ္ပဏီသေးတော့ စင်္ကာပူအစိုးရကလည်း အလုပ်ပါမစ် S-pass ချပေးမှာ မဟုတ်ဘူးဆိုတာ သေချာနေတော့ မလုပ်ချင်ဘူးလို့ ငြင်းလိုက်ရတယ်။ ဒီတော့ အတူလာတဲ့ ပွဲစားအမျိုးသမီးက ''နင်က တယ်ပြီး အလုပ်ဂျီးများတာပဲ'' လို့ အပြစ်တင်တယ်။ ''ကျမ ဖာသာပဲ အလုပ်ရှာပါတော့မယ်။ ပွဲခပြန်ပေးပါ'' လို့ တောင်းတော့ ရန်သူဖြစ်လာတယ်။

အတူလာတဲ့ ပွဲစားအမျိုးသမီးကလည်း ကြည့်ရတာ သူရဲ့ ပထမဆုံး ပွဲစားအလုပ်က ကျနော့် တူမလား မသိပါဘူး။ ဘာပဲပြောပြော နောက်ဆုံးတော့ ကုန်ကျစရိတ်တွေ နှုတ်ပြီး အရစ်ကျနဲ့ ရန်ကုန်မှာ ပြန်ပေးပါမယ်လို့ သဘောတူလိုက်ရတယ်။ အတူလာတဲ့ ပွဲစား အမျိုးသမီးခမျာလည်း ငွေမပြေလည်ရုံမက၊ သူကိုယ်တိုင်လည်း အလုပ်မရှိ၊ အခက်အခဲရှိနေသူဆိုတော့ .. ဒီလိုနဲ့ပဲ တူမဖြစ်သူခမျာ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်ရှာတယ်။ စင်္ကာပူမှာ နေထိုင်ခွင့် ဗီဇာကို နှစ်ပတ်တခါ သက်တမ်းတိုးရင်း ၃ လပြည့်တော့ ဗီဇာဆက်တိုးလို့ မရတော့ဘူး။ စင်္ကာပူမှာ ကျောင်းလာတက်တဲ့ မြန်မာသူဌေး သား၊ သမီးတွေ အများကြီး ရှိတယ်။ ကျောင်းသားဗီဇာနဲ့နေပြီး အလုပ်ရှာနေတဲ့ လူတွေလည်း အများကြီးရှိပေမယ့် ကျောင်းသားဗီဇာအတွက် ကျောင်းလခက တလကို စင်္ကာပူဒေါ်လာ ၃၀၀ အထက်၊ ငွေ ၂ ထောင်လောက် အရင်ပေးရမယ်။ အစိုးရဆီမှာလည်း အာမခံငွေ တနှစ်စာ ကျောင်းလခ စဘော်တင်ထားရမယ်နဲ့ အနည်းဆုံး ဒေါ်လာ ၅ ထောင်လောက် ရင်းနှီးရမယ်ဆိုတော့ ကျနော့်မှာလည်း ငွေပိုလျှံမရှိ။

နောက်ဆုံးတော့ တူမက အလုပ်တခုရသွားတော့ S-pass တင်ထားပြီး မြန်မာပြည်တော့ မပြန်ချင်တော့ဘူး။ ရှက်ပုံရတယ်။ ''မလေးရှားသွားပြီး စတေးရှောင်နေတော့မယ်'' ပြောတယ်။ နောက်ဆုံး ဘုရားပဲဆုတောင်းရင်း ရှေ့မျက်နှာနောက်ထား စရိတ်သက်သာ၊ စိတ်လည်း ချမ်းသာတဲ့ မြန်မာပြည်ပဲ ပြန်သွားပြီး S-pass စောင့်တော့တယ်။ နှစ်ပတ်ကြာတော့ S-pass Reject ဖြစ်သွားတော့၊ မြန်မာပြည်ရောက်နေတဲ့ တူမဆီ အကြောင်းကြားရင်း တခေါက်ပြန်လာ အလုပ်ထပ်ရှာဖို့ပဲ ရှိကြောင်း ပြောရတယ်။ နောက်တခေါက်လာတော့ ဘုရားဆီပဲ ဆုတောင်းရင်၊ ကိုယ့်ကိုယ်ကို အထင်ကြီး၊ ဘ၀င်မြင့်တဲ့ စိတ်တွေ ဖျောက်ထားပြီး နှိမ့်ချမှုနဲ့ အလုပ်ရှာတဲ့အခါ စိတ်ရဲ့ ငြိမ်းချမ်း ငြိမ်သက်ခြင်း ရရှိသွားတဲ့အတွက် ကုမ္ပဏီတခုမှာ စာရေးမ Administrative အဖြစ် S-pass ရသွားပါတယ်။

ဒုတိယအဖြစ်အပျက်

၂၀၀၈ ခုနှစ် ဇန်န၀ါရီလောက်မှာပဲ စင်္ကာပူမှာ အလုပ်အတူလုပ်တဲ့ သူငယ်ချင်းက စိတ်ပျက်လက်ပျက်နဲ့ ပြောလာတယ်။ ''ငါ့မိန်းမကလည်း မြန်မာပြည်မှာ သူ့အမေ ဆေးရုံတက်နေတာကြောင့် မိန်းမ မြန်မာပြည် ခဏပြန်သွားတုန်း ငါ့မိန်းမရဲ့ တူမ မနေ့က ငါ့ဆီ ဖုန်းဆက်တယ်။ ကြည့်ရတာ မင့်တူမလိုပဲ ပွဲစားအလိမ်ခံရပြီ ထင်တယ်။ သူက ပွဲစားအိမ်မှာ နေနေတာ နှစ်လလောက်ရှိပြီ။ S-pass အလုပ်ရမယ်ပြောပြီး သူပြောတဲ့ အလုပ်တွေမှာ အင်တာဗျူးတာလည်း အလုပ်မရဘူးတဲ့။ မင့်တူမက အင်္ဂလိပ်စကား ပြောနိုင်တော့ တော်သေးတယ်။ ငါ့တူမက မပြောနိုင်တော့ ပွဲစားက နင်ညံ့လို့ အလုပ်မရဘူး၊ မြန်မာပြည်ပဲ ပြန်တော့လို့ ပြောနေတယ်'' ''စင်္ကာပူမှာ ကျောင်းသားဗီဇာနဲ့ ၆ လလောက်နေရင် အင်္ဂလိပ်စကား ပြောတတ်မယ်ဆိုပြီး ကျောင်းတက်ရင် ကောင်းမလားလို့ ငါ့ကို လာတိုင်ပင်တယ်။

ပိုက်ဆံကလည်း မရှိတော့ဘူး။ ငါလည်း နင့်အဒေါ် နောက်တပတ် ပြန်လာမှ တိုင်ပင်လို့ ပြောထားတယ်။ ပွဲစားပြောသလိုပဲ၊ မြန်မာပြည်ပြန်ပြီး စောင့်ပါလား။ စင်္ကာပူမှာက စရိတ်သိပ်ကြီးတယ်။ ငါ့အိမ်တော့ ခေါ်ထားချင်ပေမယ့် ငါ့အိမ်မှာ နေရာလပ် မရှိတော့ဘူး။ အခန်း ၂ ခန်း ပိုတာလည်း ငှားစားထားလိုက်ပြီး ငါ့မိသားစုတောင် ကလေး နှစ်ယောက်နဲ့ မာစတာအိပ်ခန်းထဲ စုပြုံအိပ်ရတော့ ငါ့တူမကို ဧည့်ခန်းမှာ သိပ်လို့လည်း မကောင်းဘူး" ''ဒီလိုပဲကွာ သူများတွေရဲ့ သူငယ်ချင်း၊ တူ၊ တူမတွေ အလိမ်ခံရတာကြားလို့ သူ့ကို မလာခင်ကတည်းက သူ့အမေကိုလည်း သေသေချာချာ မှာတယ်။ သတိထား၊ လူလိမ်ခံရမယ် မှာထားရက်နဲ့၊ ငါ့တို့ကို အစစအရာရာ တာဝန်မယူနိုင်လို့ စိတ်ခုသွားသလား မသိဘူး၊ အဆက်အသွယ် မလုပ်တော့ဘူး။ အခု အရင် နှစ်လလောက် ကတည်းက တူမ စင်္ကာပူရောက်နေတာလည်း သတင်းမပို့ဘူး။ အခု မကယ်နိုင် မရှူနိုင်ဖြစ်ပြီးမှ အကြောင်းကြားလာတယ်ကွာ'' လို့ ညည်းတွားပြတယ်။

တတိယအဖြစ်အပျက်

၂၀၀၈ ခုနှစ် သြဂုတ်လမှာပဲ အမေရိကားက သူငယ်ချင်းတဦးက ဖုန်းဆက်လာတယ်။ သူ့တူ ပွဲစားက S-pass လစာ ၂၀၀၀ လောက်ရမယ်ဆိုပြီး စင်္ကာပူ ရောက်နေပြီ။ သူ့တူက အသက် ၂၅ နှစ်လောက်၊ ဘွဲ့ရပြီးသား။ မလေးရှားမှာလည်း ၅ နှစ်လောက် အလုပ်မျိုးစုံ လုပ်ခဲ့တယ်။ မြန်မာပြည်မှာလည်း စင်္ကာပူ အလုပ်သင်တန်းတွေ တက်ခဲ့ပြီး သေချာပေါက် အလုပ်အဆင်ပြေမယ်ဆိုပြီး ပွဲစားနဲ့ လာခဲ့တယ်။ ပွဲခငွေ တ၀က်တော့ ပေးထားပြီးပြီ။ ဒါပေမဲ့ ပွဲစားထားတဲ့အိမ်မှာ လူတွေအများကြီးပဲ။ သူ့မှာလည်း သုံးစရာ စင်္ကာပူဒေါ်လာ ၁၅ ဒေါ်လာပဲရှိတော့လို့ ဦးလေးရယ် ကူပါအုံး ပြောနေတယ်။ သူ့အတွက် ကုန်ကျငွေတော့ ကျနော်ချေးငှားပေးပါမယ်။ ခင်ဗျားတို့ ကြည့်ရှုစောင့်ရှောက်ပေးပါ။ ခင်ဗျားတို့အရှိန်အ၀ါနဲ့ဆို ပွဲစားလည်း သူ့ကို ကောင်းကောင်းဆက်ဆံမယ်၊ ပိုက်ဆံလည်း ပြန်ပေးသင့်သလောက် ပြန်ပေးမယ်ပေါ့။

ကူပါဦးဆိုလို့ ပွဲစားကို ခေါ်တွေ့ရတယ်။ ပွဲစားကလည်း သူ့အထက် ပွဲစားအကြီးတယောက် ရှိသေးတယ်။ အလုပ်ပေးမယ်ပြောတဲ့ အလုပ်ရှင်ကလည်း ရှိသေးတယ်လို့ မျက်နှာငယ်ငယ်နဲ့ ပြောရှာတယ်။ ဟုတ်ပါတယ်။ ပွဲစားငယ်လေးကို ပွဲစားအကြီးက ဖြတ်အုပ်ထားတော့ ပွဲစားငယ်ခမျာလည်း အရှိန်အ၀ါရှိသူနဲ့တွေ့တော့ ကြောက်ရှာတာပေါ့။ အဲဒီ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး S-pass ရမယ် မျှော်လင့်နေတဲ့ မလေးရှားမှာ ကျဘမ်း ၅ နှစ်လုပ်ဖူးသူ လူငယ်ကိုလည်း မင်း Work Permit အလုပ်ပဲရွေးပါလား၊ အလုပ်ရဖို့ လွယ်တယ်၊ ပွဲခလည်း နည်းတယ်။ ၆ လ ၊ တနှစ်လောက်လုပ်ရင် ငွေစုရင်၊ ကုမ္ပဏီတွေ အင်တာဗျူးရင် စင်္ကာပူမှာ S-pas အလုပ်ကို ပွဲခမပေးဘဲ ရနိုင်ပါတယ်လို့ ပြောပြရတယ်။ အဲဒီ လူငယ်အမျိုးသားလေးလည်း နောက်ဆုံးတော့ သူနဲ့ထိုက်တန်တဲ့ WP အလုပ်ကလေးကို ရသွားပါတယ်။ မြန်မာပြည်က ဒီဗိုလ်ချုပ်ကြီးတွေ နောင်တရပါပြီး စိတ်ထဲကပဲ ပြောတယ်။ ပြည်သူတွေပဲ ခံနေရပြီး ပြည်သူတွေ နိုင်ငံခြားထွက် အလုပ်လုပ်ရတဲ့အကြောင်း စဉ်းစားရင် ဘယ်မြန်မာလူမျိုးမှ မပျော်ရွှင်ပါဘူး။

စင်္ကာပူအကြောင်း ရေးရတာလည်း ပညာအသင့်အတင့်တတ်တဲ့ မြန်မာတွေအတွက်၊ ပိုက်ဆံအသင့်အတင့် တတ်နိုင်တဲ့ မြန်မာတွေအတွက်ပဲ ဖြစ်တော့ အခြေခံလူတန်းစား မြန်မာတွေ ထိုင်းနဲ့ မလေးရှားမှာ ပင်ပမ်းဆင်းရဲစွာ လုပ်ကိုင်နေရတဲ့ အကြောင်းတွေကို ကျနော်တို့ သိနားလည်သင့်ပါတယ်။ ပြည်ပရောက် မြန်မာ ၃ သန်းကျော်ရှိတဲ့ အချိန်မှာ စင်္ကာပူဆိုတဲ့ အလျား မိုင် ၆၀၊ အနံ မိုင် ၄၀ ကျွန်းကလေးတခုမှာ မြန်မာ ၂ သိန်းလောက် စုပြုံနေထိုင်ကြတဲ့ ခြင်္သေ့ကျွန်းကလေးမှာ မက်မောပြီး အလုပ်ရှာတဲ့ လူတွေရဲ့ အခက်အခဲတွေကို အနည်းအကျဉ်း ရေးရပါတယ်။

ကျနော် ဘယ်လိုပဲရေးရေး၊ ဘယ်လိုပဲ ပြောပြော အလိမ်ခံရသူတွေကတော့ ရှိနေမှာပါပဲ။ ဘာပဲဖြစ်ဖြစ် စင်္ကာပူမှာ အလုပ်လာရှာတဲ့၊ ကိုယ်ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေတွေ မခံရရေးကနေ စတင်ပြီး တဖြေးဖြေး ချဲ့ထွင်နိုင်မယ် ဆိုရင်တော့ အတော်ပဲ လျော့ပါးနိုင်ကြောင်းပါ ခင်ဗျား။

မောင်သာမန်

ကမ္ဘာ့အစိုးရ အများဆုံးတိုင်းပြည် (သို့မဟုတ်) မြန်မာနိုင်ငံ

ဟန်လေး (ဧရာဝတီ)

သီးလေးသီး Washington D.C ပွဲ

Click on picture to enlarge.

ကရင်လွတ်မြောက်ရေးတပ်မတော်နှင့် ဒီကေဘီအေတပ်များ တိုက်ပွဲဖြစ်ပွား

သီးလေးသီး Los Angeles ပွဲ ( Jan. 4th, 2009 )

မိုင်းဖုန်းဆရာတော် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ လူတစ်သိန်းကျော် လာရောက်ဖူးမျှော်ပူဇော်။

နွယ်လေး။
ဇန်န၀ါရီ ၅ရက် ၊၂၀၀၉ခုနှစ်။

တာချီလိတ်တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင် ကိန်းဆဲန်မြို့နယ် ၀ိန်းဂေဲဝ်တွင် ပြုလုပ်သည့် ဆရာတော် ဦးဥာဏသံဝရ (မိုင်းဖုန်း ဆရာတော်) ၀ါတော် ၂၆ နှစ် သက်တော် ၄၆ နှစ်ပြည့် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ သံ ဃာတော်များနှင့် မြန်မာနိုင်ငံမှ ပြည်သူပြည်သား စုစုပေါင်း တစ်သိန်းကျော်လာရောက် ပူဇော်ကန်တော့ကြ သည်။

ယနေ့ဇန်န၀ါရီလ (၅)ရက်နေ့တွင် ကျရောက်သည့် စ၀်ဝန်းစုမ် ( မိုင်းဖုန်းဆရာတော် ) ဟု လူသိများသည့် ဆ ရာတော် ဦးဥာဏသံဝရသည် ၀ဇီပိတ်ကျင့်နေသဖြင့် ပင့်ဖိတ်ထားသည့် သံဃာတော်များက ဆရာတော် ၏ ကိုယ်စား တရား ဟောပြောကြသည်။

"ဆရာတော် ဒီသူ့မွေးနေ့ ဖြစ်တဲ့ ဒီနေ့ တစ်နေ့လုံး စကားမပြောဘူး ။လိုအပ်ရင် လက်ဟန်ခြေ ဟန် နဲ့ ပဲပြောတယ်။ သိန်းချီပြီး လာဖူးတဲ့ သံဃာတွေ ဒကာတွေကို မြင်ရတော့ ဆရာတော်ရဲ့ ကံပါရမီ ကြီးမားပုံကို ပိုပြီး ယုံကြည်မိတယ်။ မနေ့ကဆို ဆရာတော်ကို လာဖူးတဲ့ ဒကာတွေရဲ့ ကားဆို လေး ငါးမိုင်လောက်မှာတည်းက တန်းစီ စောင့်နေရတာ။ ထိုင်း ရဲတာဝန်ရှိတွေကလည်း အစစအရာရာ ပြည့် ပြည့်၀၀  လုံခြုံရေးကစ ကူညီတာအားရစရာပဲ။ လှူတာ ဒါန်းတာ အားလုံး တကယ်အားရစရာပဲ ။ရှမ်း ပြည်ကနေ ပင်ပင်ပန်းပန်း ကြိုးစားပြီး လာရတာ တော်တော့်ကို အကျိုးရှိတယ် တန်တယ်လို့ ပြော ရမှာပဲ။ ခုလို ပွဲမျိုး ဖူးရကြုံရဖို့ဆိုတာ မလွယ်ဘူး"ဟု ရှမ်းပြည်မြောက်ပိုင်းမှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။

ဆရာတော်၏ မွေးနေ့ပွဲသို့  မြန်မာနိုင်ငံမှ သံဃာ ၊ဒကာ များသည် ထိုင်းနိုင်ငံတွင်း တစ်ပတ်ဝင်ခွင့် ဗီဇာနှင့် ဇန်န၀ါရီလ(၁)ရက်နေ့မှစပြီး  လာရောက် ဖူးမျှော်ခြင်းဖြစ်သည်။

"မြန်မာပြည်ကနေ ဆရာတော်ကို လာဖူးကြတဲ့သူတွေဆို ဒီထိုင်းနိုင်ငံမှာ လာပြီး အလုပ်လုပ်ကြတဲ့ သူတို့သားသမီး ၊တူ ၊တူမ ၊အဒေါ် ၊ဦးလေးဆွေမျိုးတွေ နဲ့လာပြီးဆုံကြတော့ ဖက်ပြီး ငိုကြတာ ၊တစ်ပွဲလုံးနီးပါး လောက်ကို အဲလို ဖက်ပြီးငိုကြတာ တွေ့ရတယ် ။"ဟု စိုင်းအွမ်ဆိုင်ကပြောသည် ။

ရှမ်းပြည်နယ်မှ နာမည်ကြီး ရှမ်းအဆိုတော်များဖြစ်သည့် စိုင်းစင်းဟန် ၊နန်းမောက်စံခမ်း ၊နန်းနွမ်မောဝ်း ၊ နှင့် မယ် ဆိုင်မြို့မှ ရှမ်းဇာတ် ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှ တိုးနယား အက ၊ကိန္နရီ ကိန္နရာ အကများနှင့်ပူဇော် ကန့်တော့ ကြပြီး  ဇန်န၀ါရီလ (၇)ရက်နေ့ထိ မွေးနေ့ပွဲကို ကျင်းပသွားမည်ဟုသိရသည်။

"တန်ခိုးကြီးဆရာတော်မွေးနေ့ပွဲမှာ ဘယ်သူ့ကိုမှ မပင့်မဖိတ် ရပဲနဲ့ ပရိတ်သတ်ပေါင်း တစ်သိန်း ကျော် လာရောက်ဖူးမျှော်ကြတယ်။ ဆရာတော်ရဲ့ ကြီးမားတဲ့ တန်ခိုးအာနုဘော်ကြောင့် ကျနော်တို့ ဆယ်နှစ်ကျော် ဝေးကွာခဲ့တဲ့ ဆွေတွေမျိုးတွေနဲ့ခုလို နေရာမှာ ပြန်ဆုံခွင့်ရတာ ကြည်နုးတာပေါ့။ သူ တော်ကောင်းသူတော်မြတ်နဲ့ ခုလိုတွေ့ဆုံ ဖူးမြော်ခွင့် ရတာ ၊ကိုယ်လဲ ကိုယ်တတ်နိုင်သမျှ အတီး အကနဲ့ ပူဇော်ကန့်တော့ခွင့်ရတာ အင်မတန်မှ ကျေနပ်စရာကောင်းပါတယ်။" ဟု တိုးနယား အက၊ ကိန္နရီ ကိန္နရာ အကများနှင့်ပူဇော် ကပြသူ စိုင်းခမ်းကပြောသည်။

မိုင်းဖုန်းဆရာတော်သည် ယခင်က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်းရှိ မိုင်းဖုန်းတွင် သီတင်းသုံးပြီး ရှမ်းပြည်နေရာအနှံ့အပြားနှင့် မိုးကုတ်မြို့ စသည့်ဒေသများတွင် စေတီပုထိုးများစွာ တည်ဆောက် လှူဒါန်းသာ သနာပြုခြင်းနှင့် အကျင့်သီလနှင့် ပြည်စုံသောကြောင့် ကိုးကွယ်ဆည်းကပ်သူများပြားခြင်းဖြစ်သည်။

မိုင်းဖုန်းဆရာတော်သည် ထိုင်းနိုင်ငံသား ဖြစ်ပြီး ကိုရင်လေးဘ၀တည်းမှ ရှမ်းပြည်တွင်းသို့ သွားရောက်သာသ နာပြုခဲ့သည်။ှ ၂၀၀၄ ခုနစ်တွင် ဆရာတော်အား နိုင်ငံရေးတရားဟောပြောမှုအပြင် အခြားသောစွဲဆိုချက်မျာဖြင့် မြန်မာအာဏာပိုင်များက ပြည်ဝင်ခွင့်ပိတ်ခဲ့သောကြောင့် တာချီလိတ် မိုင်းဖုန်းကျောင်းမှ ထိုင်းနိုင်ငံကိန်းဆဲန်မြို့ ၀ိန်းဂေဲဝ်တွင် ပြောင်းရွှေ့ သီတင်း သုံးခဲ့သည်။

ဆရာတော်က ယခု မွေးနေ့ပွဲကို ခုနှစ်ကြိမ်မြောက်နှင့် နောက်ဆုံး အကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည် ဟု မိန့် ကြားသည် ဟုလည်း  သတင်းရရှိသည်။

http://www.nmg-news.com/nmg/news050109.html

Burma Students' Posts

အောင်ဆန်းပေးတဲ့မြန်မာပြည်


(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။


အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။""

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

icy

ကို icy ရဲ့ ကဗျာကို ကူးယူဖော်ပြသည်။

s0wha1

ညီမလေး s0wha1 ဆီမှ ထပ်မံ ခိုးချထားပါသည်

မျိုးချစ်

လှုပ်လေမြုပ်လေ ဆုပ်လေစူးလေ

မောင်မောင်လှကြိုင်

မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ မြင်ကွင်းမလှပါဘူး။ အာဏာပိုင်တွေက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို စနစ်တကျ နှိပ်ကွပ်နေပါတယ်။ တသက်တကျွန်းထက်ပိုတဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို မတရားစီရင်မှုတွေနဲ့ အကျဉ်းချနေပါတယ်။ ဒါဟာ လူထုတွေက မဆန့်ကျင်ရဲအောင် ခြောက်လှန့်တာဖြစ်သလို၊ သူတို့ရဲ့ ၇ ချက်ပါ လမ်းပြမြေပုံကို အပြီးတိုင် ဆောင်ရွက်ရေးလမ်းကြောင်းမှာ အနှာင့်အယှက်တွေကို ရှင်းလင်းတာလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေကို မထီလေးစား ဖီဆန်ဆန့်ကျင်တာကို အငြှိုးထား လက်စားချေတာလည်း ဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့ခေတ်ကမှ 'သခင်ပေါက်စ ထောင် ၆ လ' ပဲ ရှိပါတယ်။ အခု နအဖ မတရားစီရင်တဲ့ ထောင်ဒဏ်ဟာ အဲဒီခေတ်ကထက် အဆ ၁၃၀ (၆၅ နှစ် x ၁၂= ၇၈၀ လ) ရှိနေပါတယ်။ ဦးတင်ဦးနဲ့ ဒေါ်စုတို့ကိုလည်း အာဏာပိုင်ကို အတိုက်အခံပြုတဲ့အတွက် အကန့်အသတ်မရှိဆိုသလို နေအိမ်အကျယ်ချုပ် ချထားပါတယ်။ အတိုက်အခံ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကို နှစ် ၈၀ ကနေ နှစ် ရာကျော်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ရှိပါတယ်။ အတိုက်အခံ ခေါင်းဆောင်တွေအဖြစ် လုပ်ရဲရင် လုပ်ကြလို့ ခြိမ်းခြောက်စိန်ခေါ်ထားတာပါ။( ဆက်ဖတ်ရန် ) နှစ်ရှည်ထောင်ဒဏ် မတရား ချခံလိုက်ရတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ မတရားပြစ်ဒဏ် ၂ ခု ကျခံလိုက်ရတာပါ။ တခုကတော့ နှစ်ရှည်ထောင်ဒဏ်တွေပါ။ နောက်တခုကတော့ နယ်နှင်ဒဏ်ပါ။ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ လာရောက်တွေ့ဆုံနိုင်မှု ခက်ခဲတဲ့ ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့ပို့ဆောင်ခံရခြင်းပါ။ ပြစ်ဒဏ်နှစ်ခုစလုံးနဲ့ စိတ်ဓာတ်ပိုင်းကို ရိုက်ချိုးလိုက်တာပါ။ ၂၀၁၀ ဆိုတာ နှစ်ဦး ဇန္န၀ါရီလကနေ နှစ်နှောင်းပိုင်း ဒီဇင်ဘာအထိပါ။ ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တနှစ်ကျော်ကျော်ကြီးများတောင် လိုတယ်လို့ ပြောမရပါဘူး။ နအဖ ထုံးစံအတိုင်း အချိန်ကို တိတိကျကျ ပြောမထားပါဘူး။

သူတို့ လုပ်ချင်ရင် အာဏာရှင်တို့ရဲ့လက္ခဏာတရပ်ဖြစ်တဲ့ "ဖ ဦးထုပ်သုံးလုံး"လမ်းစဉ်အတိုင်း "ဖြတ်ခနဲပေါ်တဲ့ အစီအစဉ်ကို ဖြုတ်ကနဲထပြီး ဖြစ်ကတတ်ဆန်း" လုပ်ကြမှာပါ။ ဒါကြောင့် ၂၀၁၀ မှာ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို ၂၀၁၀ နှစ်ဦးမှာ မလုပ်သေးဘူးလို့ အသေအချာ မပြောနိုင်ပါဘူး။ အများဆုံး လိုလှမှ တနှစ်စွန်းစွန်းလောက်ပဲ ရှိတော့မှာပါ။ အတိအကျကိုတော့ နအဖ ခေါင်းဆောင်ပိုင်းအချို့နဲ့ သူတို့ရဲ့ ဝေဒဆိုင်ရာ အကြံပေးတွေပဲ သိမှာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးထောင်ခါပွဲမှာပဲ အကျဉ်းသား ၉၀၀၂ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလို အရေးတော်ပုံမပေါ်ပေါက်ဖို့၊ ၂၀၀၉ ခုနှစ်မှာ နအဖ အတွက် အကောင်းဖြစ်ဖို့ ကက်ကင်းကိုက် ယတြချေတာပါ။ မတရား ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့အညီ ပြုလုပ်မယ့် ရွေးကောက်ပွဲပြီးလို့ စိတ်ကြိုက်အစိုးရ ဖွဲ့ပြီးရင် စိတ်ချရပြီလို့ တွက်ဆကာ အောင်ပွဲခံတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ကောင်း လွှတ်မှာပါ။ နာမည်ကောင်း ယူကြဦးမှာပါ။

ဗိုလ်ချုပ်သန်းရွှေကလည်း လမ်းပြမြေပုံကို အောင်မြင်အောင် ဆောင်ရွက်ဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကြောင့် နအဖ အနေနဲ့က တဖက်သပ် စီစဉ်ထားတဲ့ လမ်းပြမြေပုံမှ တရွေးသား အလျှော့ပေးမှာ မဟုတ်ပါဘူး။ ဘယ်ဖိအား ဘယ်စကားနဲ့ပဲ နားချနားချ နားယောင်မှာ မဟုတ်သလို နားထောင်မှာလည်း မဟုတ်ပါဘူး။ "ဘယ်သူသေသေ ငတေမာဖို့" ပဲ ရှေ့ရှုသွားနေမှာပါ။ အာဏာပိုင်တွေကို ဆန့်ကျင်တယ်လို့ ယူဆရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ မတရားစီရင်လိုက်လို့ နောင်ကြဉ်သွားကြမှာပဲ။ ၂၀၁၀ အတွက် ခလုတ်တံသင်း ရှင်းသွားမှာပဲလို့ နအဖ က ထင်တလုံးနဲ့ ကျေနပ်အားရနေမှာ အမှန်ပင်။

သူတို့မျှော်လင့်မထားတဲ့ ကွင်းဆက်ဖြစ်ရပ်တွေက တရစပ် ပေါ်ပေါက်လာနေပါတယ်။ မတရား အပြစ်ပေးခံလိုက်ရသူတွေ ကိုယ်တိုင်သာမက သူတို့ရဲ့ မိသားစုဝင်တွေကပင် အထူးသဖြင့် မိခင်တွေ၊ အမ ညီမတွေကတောင် ယုံကြည်ချက်ကြောင့် မတရားအပြစ်ဒဏ် ခံသွားရသူတွေအတွက် ဂုဏ်ယူဝင့်ကြွားစွာ အားပေးစကားတွေနဲ့ အာဏာပိုင်တွေရဲ့ မတရားစီရင်မှုကို အံတုရှုတ်ချလိုက်ကြပါတယ်။ စိတ်ဓာတ်တွေ ယိုင်လဲမသွားကြပါဘူး။ ပြည်တွင်းပြည်ပရှိ ပြည်သူအများကလည်း ခံပြင်းဒေါသဖြစ်နေကြပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပြစ်တင်ရှုတ်ချကြပါတယ်။ လုံခြုံရေးကောင်စီကလည်း နအဖ ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နိုင်ငံကြီးတွေကလည်း ပိုမိုဖိအားပေး အရေးယူဆောင်ရွက်ဖို့ စိုင်းပြင်းလျက်ရှိနေကြပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဒေါ်စုနဲ့ စွယ်စုံအနုပညာရှင် ကိုသူရ ခေါ် ဇာဂနာကို နိုင်ငံတကာဆုတွေ ချီးမြှင့်လိုက်ပါတယ်။ အားနည်းသူတွေဘက်က အားပေးအားဖြည့်လိုက်ပါတယ်။ နအဖ နိုင်နင်းစွာ မကိုင်တွယ်နိုင်တဲ့ အရေးအကြီးဆုံး ၂ ခုကတော့ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးကဏ္ဍပါ။ အခုလို နအဖက မတရားတဲ့ တရားစီရင်မှုနဲ့ မတရားဥပဒေတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခြင်းမှာ ခိုင်မာတိကျတဲ့ တရားဥပဒေစိုးမိုးခြင်း မရှိကြောင်း မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးမရှိတဲ့ အုပ်ချုပ်ရေးယန္တရားအဖြစ် နအဖ အပေါ် ယုံကြည်မှုအား အလွန်အားနည်းသွားစေပါတယ်။

စီးပွားရေးမှာလည်း အများပြည်သူ အကျိုးဖြစ်ထွန်းစေမယ့် မူဝါဒလည်း နအဖမှာ ခိုင်ခိုင်မာမာ မရှိလှပါ။ ဒါကြောင့်လည်း အများပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ အလွန်နည်းပါးပါတယ်။ ဆင်းရဲချမ်းသာမှုဟာ အလွန်ကွာဟလျက်ရှိနေပါတယ်။ မြန်မာပြည်သူအများစုရဲ့ ဆင်းရဲတွင်းဟာ နက်သထက် နက်နေပါတယ်။ ကမ္ဘာ့စီးပွားရေးကပ် သင့်နေတဲ့ မျက်မှောက်ကာလမှာ စီးပွားရေးအကျပ်အတည်းဒဏ်ကို အနည်းနဲ့အများ ခံနေရပါပြီ။ ကာလကြာလာတဲ့အခါ များစွာ ခံရမှာဖြစ်ပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ ဒီဒဏ်ကို ပြန်လည်ကုစား နလန်ထူနိုင်မှာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ အုပ်ချုပ်ရေး (good governance) တရပ် ဖြစ်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ စီးပွားရေးဆိုတာတွေ ချိနဲ့အားနည်းနေတဲ့ နအဖ အတွက်ကတော့ ဒီ ဂယ်ပေါက်က ထွက်နိုင်မှာ မဟုတ်ပါ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံသစ်အဖြစ် အဓွန့်ရှည်ရပ်တည်နိုင်ဖို့အတွက် ပြည်သူအများ ချစ်ခင်ကြည်ညို လေးစားခံရတဲ့ အုပ်ချုပ်သူတွေဖြစ်အောင် နအဖ အနေနဲ့ အများရဲ့ တောင်းဆိုမှုတွေကို အလေးထား လုပ်ဆောင်ရန်မှာ အချိန်မနှောင်းသေးပါ။ အချိန်မီ ပြန်လည်စဉ်းစားကာ ပြင်ဆင်ဆောင်ရွက်မှသာ 'လှုပ်လေ မြုပ်လေ ဆုပ်လေ စူးလေ' မဖြစ်မှာပါ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,6th,2009

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )နာဂစ်မုန်တိုင်းသင့် ဒေသတွေ ၈ လ အကြာ ပြန်လည် နာလန်မထူနိုင်သေး

( 2 )စစ်တွေကျောင်းသား ၅၀၀ ခန့် သွားလာရေးခက်ခဲလို့ လမ်းလျှောက်ကန့်ကွက်

( 3 )Faith constant from Burma to Aotearoa

( 4 )Karen girl raped and killed by burma army soldier

( 5 )၂၀၀၈ ပထမကိုးလအတွင်း မြန်မာ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ဆနီးပါးတိုး

( 6 )ဒေါ်စုအိမ်ရှေ့တွင် ထူးခြားသည့် ဆိုင်းဘုတ်သစ်တခု တင်ထား

( 7 )1,000 pills seized as Three Pagodas Pass drug traffickers expand their network southwards

( 8 )Mon State battalions reassigned to pipeline security in Arakan State

( 9 )ကျောင်းဆရာ ဆရာမများ ကျောင်းမသွားတော့ဘဲ ဆန္ဒပြ

( 10 )UNICEF to continue polio vaccination program in Myanmar this year

( 11 )မီတာမသုံးသည့် စီးတီးတက္ကစီများ လုပ်ငန်းလိုင်စင်သိမ်းမည်

( 12 )People in Shan State unaware of Independence Day

( 13 )၀န်ထမ်းလစာ တိုးပေးမည်ဟု နေပြည်တော်မှာ သတင်းပျံ့

( 14 )စာပေစိစစ်ရေးက ပြည်တွင်းမီဒီယာတွေကို ၀ါဒဖြန့်ရာတွင် အသုံးချနေ

( 15 )ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးကို ရုံးထုတ်

( 16 )Migrant workers taxed by corrupt police in Ye Township

( 17 )မိုင်းဖုန်းဆရာတော် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ လူတစ်သိန်းကျော် လာရောက်ဖူးမျှော်ပူဇော်

( 18 )ကရင်နီ ၁၀ တန်းလွန်ကျောင်းမှ ကျောင်းသူ၊သားဟောင်းများ ပြန်လည်တွေ့ဆုံပွဲကျင်းပ

( 19 )Woman Yaba trafficker arrested in Sittwe with 20000 yaba tablets

( 20 )၀ဒေသ အပစ်ရပ်အဖွဲ့ အမည်ပြောင်းပြီ

( 21 )'Myanmar Thit' magazine's new cover design yet to be cleared by censors

( 22 )အာဏာပိုင်များက ငွေကြေးအဆမတန်ကောက်ခံခြင်းအပေါ် လုပ်ငန်းရှင်များ မကျေမနပ်ဖြစ်နေ

( 23 )UWSA changes nomenclature of administrative territory

( 24 )ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ဦးစောမြအောင်ကွယ်လွန်

( 25 )Women's group call for investigation into girl's rape and murder

( 26 )လွှတ်တော်ခေါ်ယူရေးနှင့်ပတ်သက်ပြီး ဆရာဒဂုန်တာရာနှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူဆက်သွယ်မေးမြန်းချက်

( 27 )Christian group condemns Burma human rights violations

( 28 )No laughing matter

( 29 )ရခိုင်ခေါင်းဆောင် ဦးစောမြအောင် ကွယ်လွန်

( 30 )Myanmar trade surplus shrinks as gas exports fall

( 31 )ကလေးစစ်သားတဦး ရန်ကုန် မိဘများထံပြန်ရောက်

( 32 )Myanmar's 9-month trade surplus dives 39 percent as exports of gas fall

( 33 )ကျောင်းသားခေါင်းဆောင် တဦး ထောင်ဆေးရုံရောက်

( 34 )S Korean government to provide scholarship to Myanmar students

( 35 )Japanese literature translation contest to be held in Myanmar

( 36 )စစ်တွေတက္ကသိုလ် ကျောင်းကားခတက်

( 37 )Northeast militants finding haven in Bangladesh, Myanmar

( 38 )ရခိုင်တိုင်းရင်းသား ခေါင်းဆောင်ဟောင်း ဦးစောမြအောင် ကွယ်လွန်

( 39 )ချေးငွေအတွက် ဖိအားပေးမှုတွေ ရှိလာမှာကို တောင်သူများစိုးရိမ်

( 40 )Political Activist Hospitalized

( 41 )ထိုင်း ညကလပ် မီးလောင်မှု မြန်မာနိုင်ငံသားတဦး သေဆုံး

( 42 )People's Parliament Chairman Saw Mra Aung Dies

( 43 )ဗကသ ခေါင်းဆောင် ကိုကျော်ကိုကိုအား ထောင်ဆေးရုံတင်ထား

( 44 )NCUB Plans to Form Parallel Government in 2009

( 45 )ကချင်မနောပွဲကြီး ကျင်းပနေပြီ

( 46 )DKBA Told It Must Provide Border Guards

( 47 )ဒေါ်စု စကားအတိုင်း ပြတ်သားဖို့ အချိန်တန်ပြီဟု ဦးဝင်းတင် သတိပေး

( 48 )နာဂစ်အရေး ကူညီသူ ထောင်ဒဏ် ၁၀ နှစ်

စစ်တွေကျောင်းသား ၅၀၀ ခန့် သွားလာရေးခက်ခဲလို့ လမ်းလျှောက်ကန့်ကွက်

05 January 2009

ကမ္ဘာတ၀န်းမှာ ဓာတ်ဆီဈေးတွေ ကျဆင်းနေသလို မြန်မာနိုင်ငံတွင်းမှာလည်း အစိုးရကထုတ်ပေးတဲ့ ဓာတ်ဆီဈေးနှုန်းနဲ့ မှောင်ခိုလောကက ဓာတ်ဆီဈေးနှုန်းဟာ
သိပ်ပြီးမကွာတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကျပ်တည်းနေတဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ အပိုဝင်ငွေ ရှာကြသူတွေအတွက် တွက်ခြေမကိုက်
ဖြစ်ကြရပါတယ်။ ဒီဂယက်ဟာ စစ်တွေက တက္ကသိုလ်ကျောင်းသားတွေအတွက် ပြေးဆွဲနေတဲ့ ကျောင်းအကြိုအပို့ ကားတွေအပေါ် ရိုက်ခတ်ခဲ့ပြီး အဲဒီကျောင်းကားတွေ
မထွက်တော့လို့ စစ်တွေတက္ကသိုလ်ကျောင်းသား ၅၀၀ လောက် လမ်းလျှောက် ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်း
ထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
စစ်တွေတက္ကသိုလ်က ကျောင်းသားတွေအတွက် ပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီး၂၀ ခန့်ဟာ အစိုးရကပေးတဲ့ ဓာတ်ဆီ လုံလောက်မှုမရှိတာကြောင့် တက္ကသိုလ်ကျောင်းသား
တွေရဲ့ ကားခကို ၅၀ ကနေ ၁၀၀ ထိ တိုးတောင်းခဲ့ပါတယ်။ ကျောင်းသားတွေက မပေး နိုင်တာကြောင့် ဒီနေ့မနက်ပိုင်းကစပြီး ပြေးဆွဲနေတဲ့ကားများ ရပ်ဆိုင်းခဲ့ပါတယ်။
ကျောင်းသားမိဘတဦး ပြောပြတာက … "အဲဒီကားသမားတွေကို ဓာတ်ဆီတဂါလံပေးတယ်။ ပြီးတော့ ကျောင်းသား တယောက် စီကနေ ၅၀ ကျပ် ကောက်ခံခွင့်ရှိတယ်၊ သူတို့က။ အခု ဆီဈေးက အပြင်မှာလည်း ၃,၀၀၀ ပဲ၊ အစိုးရဈေးလည်း ၃,၀၀၀ ပဲ။ အဲဒါကြောင့် ကားသမားတွေကလည်း ဘယ်လိုမှ မကိုက်ဘူးဆိုပြီး သူတို့လည်း တစီးမှ မလာကြဘူး။ ဟိုတုန်းက သူတို့လည်း ကိုက်တယ်၊ အစိုးရဈေးက ၃,၀၀၀ ဆိုရင် အပြင်မှာ ၆,၀၀၀၊ ၇,၀၀၀ အဲဒီလိုရှိတယ်။
ကုန်တာက ဆီ ၃ ပုလင်း၊ ဂါလံဝက်လောက်ပဲကုန်တယ်။ ကျန်တဲ့ဟာ သူတို့ ရောင်းစား လို့ရတယ်။ "အခုက အစိုးရဈေးကလည်း တဂါလံကို ၃,၀၀၀၊ အပြင်မှာလည်း ၃,၀၀၀ ပဲဆိုတော့၊ ကျောင်းသူကျောင်းသားဆီက တဦးကို ၁၀၀ ကောက်မယ်ဆိုပြီး လုပ်တယ်။ ကျောင်းသားတွေကလည်း မပေးနိုင်ကြဘူး။ အဲတော့ ကားတွေလည်း တစီးမှ မလာကြ
ဘူး။ ကျောင်းသားမိဘတွေမှာလည်း သားသမီးတယောက်ကို ၅၀၀၊ ၁,၀၀၀ အဲလောက်ပဲပေးနိုင်တာ။ အဓိကကတော့ ဆီဈေးပဲ။ ဆီဈေးက အစိုးရဈေးနဲ့ အပြင်
ဈေး အတူတူဖြစ်နေလို့။ အစိုးရက ဈေးမလျှော့ဘူး၊ အပြင်မှာက ဈေးကျနေတယ်။"
နောက်ဆုံးမှာတော့ စစ်တွေမြို့လမ်းတလျှောက် ကျောင်းသား ၅၀၀ လောက် စုဝေးခဲ့ ကြပြီး လမ်းလျှောက်တာတွေ လုပ်လာတဲ့အခါမှာတော့ ရဲတွေရောက်လာပြီး ကြုံတဲ့
ကားတွေကို ချောဆွဲပြီး ကျောင်းသားတွေကို ပို့ပေးခဲ့တယ်လို့ ပြောပြပါတယ်။ "တစီးမှမရောက်လာတော့ ကျောင်းသားတွေက တဖြည်းဖြည်း များများလာတာပေါ့။
ကားမရှိတော့ တဖြည်းဖြည်း ဆူလာကြတာပေါ့။ ပြီးတော့ လမ်းလျှောက်သွားမယ်ဆိုပြီး ဖြစ်တာ။ အဲတော့ ရဲတွေက နေ့ထိုင်းထိုးနေတဲ့ကားတွေကို ခေါ်လို့မရတော့ ကြုံရာကား၊
ဂိတ်ကကားတွေကို ခေါ်ပြီးတော့မှ ပို့ခိုင်းလိုက်တယ်။"
စစ်တွေတက္ကသိုလ်က စစ်တွေမြို့နဲ့ ၇ မိုင်၊ ၈ မိုင်ခန့်ဝေးတဲ့နေရာမှာ တည်ထားတာ ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ကျောင်းကားကြိုနောက်ကျမှုတွေ၊ ကျောင်းကား
တွေ မကြိုနိုင်မှု ပြဿနာတွေ မကြာခဏ ကြုံနေကြရတာကြောင့် တခုခုဖြစ်တိုင်း လမ်းလျှောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် အာဏာပိုင်တွေကတော့ ဆူပူအုံကြွမှု
မဖြစ်အောင် စီမံဆောင်ရွက်လေ့ ရှိပါတယ်။ ဒီနေ့မှာတော့ အသွားရော၊ အပြန်ပါ ကြုံတဲ့ကားတွေကို ချောဆွဲပြီး ပြဿနာမတက်အောင် ရှင်းခဲ့ပေမယ့် မနက်ဖြန်မှာတော့
ဘယ်လိုဖြေရှင်းမယ်ဆိုတာ မသိရှိသေးကြောင်း ကျောင်းသားမိဘတွေက ပြောပြကြပါ တယ်။

မိန်းမသားဆိုတာ

ကရင်နှစ်သစ်ကူးပွဲတော် Ft.Wayne တွင်ကျင်းပ

Understanding new Thai policy towards Burma

REGIONAL PERSPECTIVE
By Kavi Chongkittavorn
The Nation
Published on January 5, 2009

AFTER EIGHT YEARS, it will not be easy to undo the Thai foreign policy towards Burma initiated by the Thaksin-led government and its nominees. A complete overhaul of the Burma policy is out of the question. However, some major shifts by the current government could be forthcoming that would firm up bilateral ties and strengthen Bangkok's voice on Burma within Asean. Additional principled guidelines, drawing from the Asean Charter, are imperative aimed at supporting the international community's effort to promote an open society there.
Gone quickly would be the preponderance of one-man decisions on key policies, especially those dealing with cross-border security, investment and trade cooperation.
In the past few years, Thailand has been rather compromising in its security considerations in exchange for economic benefits, which often went to individuals rather than the country as a whole. In particular, from 2001 to 2006, the Thai side allowed the Burmese side greater leeway along the 2004-km border such as issues related to Burmese migrant workers, illegal cross-border activities and harassment of minorities and Burmese exiles.
Picking up the pieces of Burmese policy where the Democrat-led government left off in early 2001, this time around the Thai foreign policy will be decided in a transparent way without any hanky panky as in the past. Foreign Minister Kasit Piromya said succinctly that from now on, Thailand will deal with Burma in a straightforward manner without any dubious deals or transactions based on "four-eye meetings", which was the trademark of Thaksin's personalised diplomacy.
Prior to the return of the Democrat-led government, Thai-Burmese relations were very superficially closed, representing no real national agenda. Thai leaders were myopic, deluded in thinking that defending the Burmese regime within Asean and the international community would help them win favours from the junta leaders and subsequently secure the country's future energy and natural resources need. Indeed, the energy dependence on Burma was exaggerated to justify Thailand's closer ties with Burma, including its passivity.
Throughout the year 1999-2000, before Thaksin came to power, the Burmese people's struggle for democracy and open society was at its peak with all the support of the international community. Asean was far more united as far as peer pressure on Burma was concerned. Thailand dutifully played the leading role on Burma throughout by bringing in the international community. Former foreign minister Surin Pitsuwan, currently the Asean secretary-general, pushed Asean to engage in enhanced dialogue with Burma as well as emerging transnational issues affecting the region.
However, soon after the arrival of the Thaksin-led government in early 2001, Thai policy towards Burma turned upside down. After a few weeks of border tension and tough talks on Burma's role on cross-border illegal drugs trade, former prime minister Thaksin Shinawatra unexpectedly softened his Burmese policy, much to the chagrin of the international community. Since then, Thailand's credibility on Burma has disappeared.
During the Cambodian conflict, Thailand's role in Asean as a frontline state was well recognised as it was pursued based on the region's interest, not tempered with vested personal interests. Asean helped to internationalise the conflict playing out at the UN continuously for nearly a decade, which gave Asean an international voice, before the Paris peace agreement in 1989. In Burma's case, it was the opposite. Thailand failed miserably to assert itself in the Asean overall approaches albeit it was the most affected by the Burmese growing oppression. Bangkok's willingness to play second fiddle to Burma further divided Asean and stymied broader cooperation with international community.
Subsequent revelations by Surakiart Sathiratai, foreign minister in the Thaksin government, showed that investment and commercial deals with Burma at that time were not honest as they were coaxed with conflict of interest.
The scandal over the Export and Import Bank of Thailand's Bt4-billion loan to the junta was just one example. Like rubbing more salt into the wounds, former prime ministers Samak Sundravej and Somchai Wongsawat made ridiculous remarks defending Burma.
Samak was the most embarrassing as he praised the military junta leaders as peace-loving leaders and boasted about their closed friendship. Under the Surayud Chulanont government (2006-7), Thailand maintained a strict policy of no new contacts or improvement of existing ties.
Burma could have made a transition to democracy if the Thai governments in question had not indulged in personalising, nationalising and making the Burmese problem bilateral. The leader's personal and group interests linked to Burma weakened not only Thai credibility, it also belittled Bangkok's voice within Asean. That helps explain why in the absence of a Thai role, Singapore, Malaysia and Indonesia have become more pro-active in shaping the grouping's views and positions on Burma.
Coming to power at this juncture poses serious challenges to both Prime Minister Abhisit Vejjajiva and Foreign Minister Kasit on Burmese policy. They have to revitalise and synergise the role of Thailand, Asean and the international community to move the situation in Burma forward.
At present, the Asean Charter, imperfect as it is, will serve as a useful tool to encourage reluctant Asean countries to get more involved on issues of human rights and democracy. The rumblings over the charter's ratification in Indonesia and Philippines were indicative of the strong desire for such endeavour.
As the Asean chair, Thai leaders will adopt a comprehensive strategy on Burma that put together various parts and needs from within region. Furthermore, this strategy must also work in tandem with the current international efforts, especially through the offices of the United Nations and related agencies and its special envoy.
After all, the Burmese quagmire is not the problem of any particular country or regional community.
It must be kept at the multilateral level so that all stakeholders can work together to end the current impasse and sufferings.

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.