Tuesday, January 13, 2009

[We Fight We Win. -- " More than Media "] 12 New Entries: ကုလသမဂ္ဂ အေဂျင်စီ ငြင်းဆို

ကုလသမဂ္ဂ အေဂျင်စီ ငြင်းဆို


CNN- ကုလသမဂ အေဂျင်စီ အဖွဲ့ ဝင်တဦးက ဟားမစ်တွေက မြောက်ပိုင်း ဂါဇာရှိကုလသမဂ္ဂကျောင်း ကနေ အစ္စရေးဖက်ကို ဒုံးကျဉ်တွေနဲ့ပြစ်ခတ်နေတယ်ဆိုတာ မဟုတ်ပါဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ အစ္စရေး ကိုလည်း သက်သေအထောက်အထားပြဖို့ တောင်းဆိုလိုက်ပါတယ်။ အစ္စရေးတွေက ကုလသမဂ္ဂကျောင်းကို အကာကွယ်ပြုပြီး ဟားမားစ်တွေ က ဒုံကျဉ်နဲ့ တိုက်ခိုက်တယ်လို့ စွပ်စွဲပြီးလက်နက်ကြီးတွေနဲ့ ကျောင်းနားတ၀ိုက်ကို ပြစ်ခတ်တိုက်ခိုက်တဲ့အတွက် ပါလက်စတိုင်း အရပ်သား ၄၀ ခန့် သေဆုံးသွားပါတယ်။

အမေရိကန် သမတများ တွေ့ ဆုံခြင်း

ဒီနေ့ အေပီသတင်းတပုဒ်မှာ သမတ ဂျော့ဘုရှ်က ဘရက်အိုဘားမားနဲ့  သမတဟောင်း တွေကိုဖိတ်ခေါ်ပြီး နေလည်စားပွဲကျင်းပတာကိဖတ်ရတယ်။ တွေ့ ဆုံပွဲကို သမတရဲ့ ဘဲဥပုံရုံးခန်းမှာ လုပ်တာပါ။ တက်ရောက်တဲ့သမတဟောင်းတွေကတော့ ကလင်တန်၊ ဂျော်ဘုရှ် စီနီယာ နဲ့  ဂျင်မီကာတာတို့ ပါဝင်ပါတယ်။ ဘုရှ်က နေလည်စားစားပွဲကိုတက်ရောက်လာတဲ့အတွက် သမတလောင်း ဘိုဘားမားနဲ့ သမတကြီးတွေကို ကျေးဇူးအထူးတင်ကြောင်းပြောပါတယ်။ ရွေးကောက်ခံသမတလောင်း ဘရက်အိုဘားမားက ဘုရှ်ကို ခုလိုတွေ့ ဆုံပွဲလေးစီစဉ် ပေးတာကျေးဇူးအထူးတင်ရှိကြောင်းနဲ့  သူအနေနဲ့  ဒီသမတကြီး တွေဆီက အတွေ့ အကြုံအနေတွေကိုလေ့လာခွင့်သင်ကြားခွင့်ရတယ်လို့ ဆိုပါတယ်။ သူတို့ တွေ့ ဆုံပွဲက မိနစ် ၉၀ ကြာတွေ့ ဆုံကြခြင်းဖြစ်တယ်။ လက်ရှိဖြစ်နေတဲ့ စီးပွားရေးအခြေအနေ ဂါဇာ မှာဖြစ်နေတဲ့ ပါလက်စတိုင်း၊အစ္စရေး အခြေအနေတွေကို အဓိကဆွေးနွေးကြတယ်။ အိုဘားမား ကျမ်းသစ္စာမကျိန် ဆိုမှီ မှာ ဘုရှနဲ့  အိုဘားမားတို့  မိနစ် ၃၀ ကြာမဲ့အစည်းဝေးတခုကို ပြုလုပ်ဖို့ လည်း စီစဉ်ခဲ့တယ်လို့ သိရတယ်။ ဒီအစည်းဝေးမှာ ဂါဇာမှာ ဖြစ်နေတဲ့ ပဋိပက္ခ အပေါ်မှာ အမေရိကန်ရဲ့  ရပ်တည်ချက်နဲ့ပတ်သက်လို့ အသေးစိတ် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ နိင်ငံမှာတော့ သမတတွေဟာသက်တန်းပြည့် တဲ့အခါမှာ အေးအေးဆေးဆေးအနားယူတယ်။ ကိုယ်ဝါသာနာပါတယ်လုပ်ကြတယ်။ တိုင်းပြည်အတွက်အရေးကြီးတဲ့အခြေအနေမှာ လက်ရှိတာဝန်ယူနေတဲ့သူကို အကြံတွေပေးကြတယ်။ မြန်မာ ပြည်မှာတော့ သမတတွေဟာ ပြုတ်သွားတာနဲ့  နိင်ငံရေးကုလားကာ နောက်ကွယ်မှာစုံးစုံးမြုတ်သွားကြရတယ်။ အာဏာ ရထားတဲ့သူကလုံးဝကို နေရာမပေးတော့ဘူး။ ဦးနုကို ဦးနေ၀င်းက ဖြုတ်ချတယ်။ ဦးနေ၀င်းကို စောမောင်ကဖြုတ်ချတယ်။ စောမောင်ကို သန်းရွှေက ဖြတ် တယ်။ ဖြတ်ထုတ်သတ်သံသယာ ထဲမှာ တ၀ဲလည်လည်ဖြစ်နေကြတယ်။ အခုလည်းသန်းရွှေကိုဖြုတ်မဲ့သူဟာ လည်း စစ်တပ်ထဲက ပဲဖြစ်မယ်။




Summary

Rest of your post

၂၀၀၉ လှုပ်ရှားမှု စတင်




ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့ က ယနေ့(၇.၁.၂၀၀၉)ရက်နေ့တွင် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် နှင့် ရှမ်းပြည် လူ့အခွင့်အရေးအဖွဲ့ တံဆိပ်ပါသောပရိတ်ကြီး(၁၁)သုတ်တရားစာအုပ်အလျှား x အနံ ( ၃.၅ x ၂.၂ )( ၉၀၀၀ )ထောင်ကို ပဲခူးမြို့ ၊ပြည်မြို့၊ တောင်ငူမြို့၊ မန္တလေးမြို့ ၊ စစ်ကိုင်းမြို့၊ မုံရွာမြို့၊ နောင်ချိုမြို့၊ တောင်ကြီးမြို့ နှင့် ပြင်ဦးလွင်မြို့ တို့တွင် အဖွဲ့နှစ်ဖွဲ့ ပထမဦးဆုံး နှစ်သစ်လှုပ်ရှားမှုအဖြစ် နေ့လည်(၁)နာရီ အချိန်တွင် စတင် ခဲ့ကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန်။

လေးစားစွာဖြင့်

စိုင်းမျိုးဝင်း
အတွင်းရေးမှူး
ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့




SHRG+FBF







Rest of your post

သီးလေးသီး အငြိမ့်  မေရီိလန်း ပြည်နယ်မှာ ကမယ်။


နာမည်ကျော် သီးလေးသီ အငြိမ့် မေရီလန်းပြည်နယ်မှာ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ မှာ ကပါမယ်။ မင်းသမီးချောလေးတွေဖြစ်တဲ့ မြစပယ်ငုံနဲ့  ချောစုမျိုတို့ ရဲ့ သွက်လက် လှပတဲ့ က ကြိုး ကကွက်တွေ နဲ့ အတူ လူရှင်တော်သီးလေးသီးရဲ့  ခွက်ထိုးခွက်လှန် ဟ သတွေက သေးထွက်အောင်ရီ ရမယ်။ ( လုံချည် အပိုယူသွားဖို့ မမေ့ ပါနဲ့ )

အမေရိကန်မှာနေပြီး လက်မှတ် မရလို့  ပြန်ရတဲ့ အဖြစ် က ရှက်စရာကောင်းပါတယ်။ လက်မှတ် စောစောဝယ်ထားတာ စိတ်ချရတယ်။ ( ဗွီအိုင်ပီ လက်မှတ် ဆိုရင် မင်းသမီးလေးတွေ နဲ့  ကိုယ်တိုင်တွဲ က ရမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ )



ရုရှားက ဥရော ပ ကို သဘ၀ဓါတ်ငွေ့ တင်ပို့ မှု ရပ်ဆိုင်း

ဥရောပနိင်ငံတွေကိုပို့ပေးနေတဲ့သဘ၀ဓါတ်ငွေကိုရုရှားတို့ကဖြတ်တောက်ခြင်း၊လျော့ချခြင်းတွေပြုလုပ်လိုက်ပါတယ်။ဒီလိုလုပ်ရတာကတော့

ယူကရိန်းနဲမော်စကိုတို့ဓါတ်ငွေ့တင်ပို့မှုကိစ္စနဲ့စပ်လျဉ်းပြီးအငြင်းပွားမှုဖြစ်ပြီးနောက်ပိုင်းမှာရုရှားတို့ကလုပ်ဆောင်လာခြင်းဖြစ်ပါတယ်။ဆာဗီး
ယားကိုတင်ပို့နေတဲ့သဘ၀ဓါတ်ငွေ့ကိုရုရှားတို့ကလုံးဝဖြတ်တောက်လိုက်တဲ့အတွက်ဆာဗီးယားဒုက္ခရောက်နေတယ်။

အီတလီနဲ့သြစတီးယားကတော့သူတို့မှာထားသမျှ၁၀ရာခိုင်းနှုန်းခန့်သာရရှိတယ်
လို့ဆိုတယ်။ဥရောပမှာကအလွန်အေးတဲ့ဆောင်းရာသီ
ကြရောက်နေတဲ့အတွက်ရုရှားကခုလိုသဘ၀ဓါတ်ငွေလောင်စာကိုဖြတ်တောက်လိုက်တာကိုလုံးဝလက်ခံနိင်ဖွယ်မရှိဘူးလိုဥရောပ
ယူနီယံကပြောလိုက်ပါတယ်။
ရုရှားကယူကရိန်းကိုဖြတ်တောက်လိုက်ရတဲ့အကြောင်းကတော့ယူကရိန်းကသဘ၀ဓါတ်ငွေ့ သုံးစွဲခွ (GasBill)ကိုပေးဖို့ပျက်ကွက်မှုကြောင့်လို့သိရတယ်။ဒါအပြင်ယူကရိန်းကသဘ၀ဓါတ်ငွေ တွေကိုခိုးယူခဲ့တယ်လို့ရုရှားတွေကစွပ်စွဲပါတယ်။ခိုးယူခဲ့တဲ့ပမာဏကတော့၆၅.၃သန်းကုဗမီတာရှိတယ်လို့ဆိုတယ်။၂၀၀၉ခုနစ်မှာရုရှားကယူကရိန်းကိုရောင်းတဲ့ဈေးက
တော့ကုဗမီတာ၁၀၀၀ကိုဒေါ်လာ၄၅၀ဒေါ်လာလို့သိရပါတယ်။နအဖကတော့တရုပ်ကို ဘယ်ဈေးနဲ့ ရောင်းနေလဲမသိပါဘူးခင်ဗျား။




လောင်စာ စွမ်းအင် မလွတ်လပ်မှု

ရုရှား ထံမှ ဓါတ်ငွေ့ ကို ၁၀၀ ရာခိုင်နှုန်း မှီခိုနေရတဲ့နိင်ငံများ မှာ လာတီဗား၊ ဆလိုဗက်ကီးယား၊ ဖင်လန် နှင့် အက်စတိုးရီးယား။၈၀ရာခိုင်နှုန်းကျော်မှီခိုနေရတဲ့နိင်ငံများမှာဘူဂေလ်ရီးယား၊လစ်သူနီရား၊ချက်ရီပတ်ပလစ်၊၆၀ရာခိုင်နှုန်းကျော်မှီခိုနေရတဲ့ နိင်ငံများမှာ ဂရိ၊ သြတီးယား၊ ဟန်ဂေရီ တို့ ဖြစ်ပါတယ်။Source: European Council on Foreign Relations, 2006 figures

ဂါဇာ ၏ ငိုကြွေးသံ














ကံကြမ္မာဆိုးအောက် က အပြစ်မဲ့ ပါလက်စတိုင်း ကလေးငယ်များဘဝ

-မြတ်စိုး-

အစ္စရေး၏ လေတပ်၊ရေတပ် တို့ က ဂါဇာရှိ ဟားမတ်စ် (Hamas) အဖွဲ့ရဲ့ ပစ်မှတ် ၁၀၀၀ ကို ရက်သတ္တ ပတ် ၁ ပတ်ကြာ အပြင်းအထန်ဗုံးကြဲခဲ့ပြီးနောက်၊ ၂၅ မိုင်ရှည်လျားပြီး အကျယ် ၄ မိုင် မှ ရ.၅ မိုင် ခန့်ရှိ ဂါဇာ ကို ၃ ပိုင်း ပိုင်းပြီး မြေပြင် ကနေ အလုံးအရင်းဖြင့် စစ်ဆင် တိုက်ခိုက် တာ ၃ ရက်ရှိသွားပါပြီ။ ဒီတိုက်ခိုက်မှု အတော အတွင်း ပါလက်စတိုင်း အမျိုးသမီး နှင့် ကလေးငယ် ၁၀၀ ကျော်အပါအ၀င် လူပေါင်း ၅၅၅ ယောက် သေဆုံးခဲ့ ကြ တယ်။ လူပေါင်း ၃၀၀၀ နီးပါး အပြင်းအထန် ဒဏ်ရာတွေရခဲ့ပြီး၊ ဆေးရုံတွေမှာ ဒဏ်ရာရသူ တွေနဲ့ ပြည့်နေတယ်။ ဒဏ်ရာရနေသူ အများစုဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေဖြစ်ပြီး၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစုဖြစ်တယ်။ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ နေ့ရောညပါ ဆေးဝါး ကုသပေးနေကြရတယ်။ ဒီနေ့တော့ CNN မှာ ကောင်းကင် တခုလုံး ဟာ ယမ်းငွေ့တွေ၊ မီးခိုးတွေနဲ့ ဖုံးလွှမ်းနေတယ်။ လမ်းမပေါ်မှာ လည်းသွေးညှီနံ့ တွေ ပျံ့နေတယ်။
လူဦးရေ ၁.၅ သန်း နီးပါး နေထိုင်နေကြတဲ့ ဂါဇာမှာ မိသားစုတိုင်းဟာ သား သ္မီသေ၊(သို့) မယားသေ(သို့) လင်သေ၊(သို့) မိသားစုဝင် တယောက်ယောက် သေ နေကြတဲ့ အနေအထားကို ရောက်ရှိနေကြတယ်။ ပါလက်စတိုင်းလူမျိုးတွေရဲ့ ဘ၀ကို ကိုယ်ချင်းစာကြည့် စေချင်ပါ တယ်။


ယမ်းငွေ့နဲ့မီးခိုးလိပ်တွေအောက်က ဂါဇာ

မြေပြင်စစ်ဆင်ရေးအတွင်း အစ္စရေးအရာရှိတယောက် အပါအ၀င် စုစုပေါင်း စစ်သား ၃ဦး ဂါဇာမြောက်ပိုင်း စစ်ဆင်ရေးမှာ သေဆုံးခဲ့ပြီး ၃၀ လောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေး နိုင်ငံ တောင်ပိုင်းမှာနေထိုင်သူတွေ စိတ်ချလုံခြုံတဲ့ အဆင့် ရောက်တဲ့အထိ ဒီထိုးစစ်ဆင်မှုကို ဆက်လက်ပြုလုပ် သွားမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟွတ်ဒ် ဘာရတ်ခ် (Ehud Barak)က တနင်္လာနေ့မှာ ပြောခဲ့ ပါတယ်။ ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးနယ်နိမိတ်ထဲကို ဒုံးကျည် အစင်းပေါင်း ၄၀၀ ကျော် နှင့် အစ္စရေး အတွင်း ၄၀ ကီလိုမီတာ ထဲကို ထိရောက်တဲ့ တာဝေး ပစ်ဒုံးကျည် ဒါဇင်ပေါင်း မြောက်များစွာ ပြန်လည်ပစ်ခတ် နေတဲ့ အတွက် အစ္စရေး ၄ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၃ ယောက်ဟာ အရပ်သား တွေလို့ ဆိုပါတယ်။ တချိန်ထဲမှာဘဲ ဂါဇာ မြောက်ပိုင်းကနေ ဟစ်ဇ်ဘိုလာနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တွေ က တိုက်ခိုက်လာ မှာကို အစ္စရေးတို့က စိုးရိမ်နေကြတယ်။

ဘာကြောင့် အစ္စရေး ၏ ကျူးကျော်တဲ့ စစ်ဆင်ရေးဖြစ်ခဲ့ရတာလဲ။ စောင့်ကြည့် လေ့လာ သုံးသပ်သူတွေ က တော့ ဂါဇာရှိ ဘာသာရေးအစွန်းရောက် စစ်သွေးကြွတွေက အစ္စရေး ပိုက်နက်အတွင်းကို ဒုံးကျည်တွေနဲ့ စတင် ပစ်ခတ်ခဲ့မှုကြောင့်ဆိုတယ်။ ဒါပေမဲ့ စစ်ဆင်ရတဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ အမေရိကန် နဲ့ အစ္စရေးတို့ ကတော့ ဘာသာရေး အစွန်းရောက်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့စီးပွားရေး ကပ် ကို အကြောင်းပြုပြီး၊ သူတို့ ကို နိုင်ငံရေး၊ စီးပွားရေး အကြပ်ရိုက်အောင် ဖန်တီးလိုတယ်။ အထူးသဖြင့် အီရန် နဲ့ ဆီးရီးယားတို့ က သူတို့ သြဇာခံတွေကို သွေးထိုးပြီး၊ အားစမ်း လိုတယ်။ အစ္စရေးကလည်း ဒီလို သွေးတိုးစမ်းမှု တွေကိုလက်မခံဘူးဆိုတာ ပြသလိုတယ်။
အစ္စရေးအစိုးရ ကပါလက်စတိုင်းကို ဂါဇာ ( Gaza Strip) နဲ့ ၀က်စ်ဘန့် ( West Bank) ဆိုပြီး နှစ်ချမ်းခွဲ ထိမ်းချုပ်ပြီး ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ လည်း Gaza ကို အုပ်ချုပ်နေတဲ့ ဟာမတ်စ် (Hamas) ကတော့ လက်နက်တွေ၊ ဒုံးကျည်တွေကို အီဂျစ်နယ်စပ်က တဆင့် လှို့ ၀ှက်စွာခိုးသွင်းယူခဲ့တယ်။ ဒါကို အစ္စရေးအစိုးရက အကြိမ်ကြိမ် အီဂျစ်အစိုးရ ကို ပြစ်တင် စွပ်စွဲခဲ့ တယ်။ ဒါပေမဲ့ ရပ်တန့် မသွားခဲ့ဘူး။

တခြားတဖက်မှာလည်း ပါလက်စတိုင်းပါလီမာန်ရွေးကောက်ပွဲမှာ ဂါဇာ မှာ လူကြိုက်များနေတဲ့ ဟားမတ်စ်အဖွဲ့ က ၁၃၂ နေရာမှာ ၇၆ နေရာရရှိပြီး၊ အနိုင်ရယူခဲ့တယ်။ အယင် ရာဆာ အာရာဖတ် ဦးဆောင် ခဲ့တဲ့ အာဏာရ ဗာတာ ( Fatah) အဖွဲ့ ကတော့ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေကြောင့် ပါလက်စတိုင်းပြည်သူ တွေရဲ့ ထောက်ခံမှု သိပ်မရဘဲ၊ ၄၃ နေရာသာ ရရှိခဲ့တယ်။ ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေက
ဟားမတ်စ် (Hamas) အဖွဲ့ ကို အပြည့်အ၀ထောက်ခံ ခဲ့ကြတယ်။ ဒါပေမဲ့လည်း အမေရိကန် နဲ့ အစ္စရေးက ဟားမတ်စ် အဖွဲ့ ကို အကြမ်းဖက်အဖွဲ့ဆိုပြီး၊ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုခဲ့ဘူး။ ဒီလိုနဲ့ ဟားမတ်စ် (Hamas) အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ထိမ်းချုပ်ပြီး၊ ဂါဇာကို ရေကြောင်း၊လေကြောင်း၊ ကုန်းကြောင်းတွေကို စတင်ပိတ်ဆို့ပြီး ထိမ်ချုပ်လာခဲ့ တယ်။ ဂါဇာကို အထီးကျန်အောင် ပြုလုပ်ခဲ့တယ်။ ဒီလို ဂါဇာရှိ ပါလက်စတိုင်း ပြည်သူတွေကို အစ္စရေးက အထီးကျန်အောင် မတရားမှုတွေပြုလုပ်နေသ၍ ပါလက်စတိုင်းတို့ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်နေမှုကို ရပ်တန့်အောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ ဟားမတ်စ် (Hamas) အဖွဲ့ ကထောက်ပြခဲ့တယ်။ ဒီအချက်တွေ ကြောင့်ပဲ မနှစ်က ဟားမတ်စ် (Hamas) အဖွဲ့ နဲ့ အစ္စရေး အကြား စစ်ဖြစ်ခဲ့ ကြပြန်တယ်။

အီဂျစ်က ဦးဆောင်ပြီး ကြားဝင်စေ့စပ်ပေးခဲ့လို့ လွန်ခဲ့တဲ့ (၆) လ ဇွန်လ ၁၉ ရက် က အာဏာရ
ဟားမတ်စ် (Hamas) အဖွဲ့ နှင့် အစ္စရေးအစိုးရ အကြား နှစ်ဖက် သဘောတူ အပစ်အခတ် ရပ်စဲခြင်း ပြုလုပ်ခဲ့တယ်။ ဒီသဘောတူညီချက်က ဒီဇင်ဘာလ ၁၉ ရက်နေ့ ကပဲ ပြည့်သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ဂါဇာမှာ- သူမှားတယ် ငါမှားတယ်။ သူအရင်ပြစ်လို့ ငါ ပြန်ပြစ်တယ်ဆိုပြီး အငြင်းပွားပြီး၊ အပြန်အလှန် အပြစ်တင်ကာ တိုက်ခိုက်ခဲ့မှုတွေ၊ စွပ်စွဲခဲ့မှုတွေရှိခဲ့တယ်။ သဘောတူ အပစ်အခတ် ရပ်စဲမှုအတွင်း နှစ်ဖက် စလုံးကတော့ အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြတယ်။ အစ္စရေးဘက် က ၁၄၆ ကြိမ် ၊ ဟာမတ်စ်(Hamas) အဖွဲ့ က ၄၈ ကြိမ် ချိုးဖောက်ခဲ့ တာတွေ့ရှိရကြောင်း၊ အစ္စရေး- ပါလက်စတိုင်းအရေး မှာ သဘောတူ အပစ်အခတ် ရပ်စဲမှုသဘောတူချက်တွေ ကို လေ့လာနေသူ ကျွမ်းကျင်သူပညာရှင်တဦးက ABC ရုပ်မြင်သံကြားမှာ မနေ့က ပြောဆိုခဲ့တယ်။ သူရဲ့ ပြောဆိုချက် တွေမှာတော့ ဒီနေ့စစ်ပွဲဟာ ပါလက်စတိုင်း ပြည်သူတွေက ရွေးချယ်ထားတဲ့ဟားမတ်စ် (Hamas) အဖွဲ့ ကို အထီးကျန် ပြုလုပ်ခဲ့လို့ ဖြစ်ခဲ့ရတာလို့ ဆိုတယ်။ (Hamas) အဖွဲ့ အုပ်ချုပ်နေတဲ့ ဂါဇာကို အထီးကျန် ပိတ်ဆို့ ထိမ်းချုပ်ခဲ့ မှု အပေါ် ဟားမတ်စ် (Hamas) အဖွဲ့ က အိမ်နီးချင်း အီဂျစ်နဲ့ နိုင်ငံတကာကို ရပ်တန့်ဖို့ တောင်းဆို ခဲ့သော်လည်း၊ အီဂျစ်နဲ့ နိုင်ငံတကာ က မတုန့်ပြန်ဘဲ နေခဲ့ကြတယ်။ ဟားမတ်စ်(Hamas) အဖွဲ့ ကတော့ ဒီစစ်ပွဲဟာ သူတို့တောင်းဆိုချက်တွေ ကို နိုင်ငံတကာ က အာရုံစိုက် လာလိမ့်မယ်လို့ ထင်နေကြတယ်။ အစ္စရေးကတော့ ဟာမတ်စ်(Hamas) အဖွဲ့ ကို အင်အားချိနဲ့ သွားအောင်ပြုလုပ် လိုတာလို့ ပြောဆိုခဲ့တယ်။

အစ္စရေး-ပါလက်စတိုင်း စစ်ပွဲကတော့ ပြီးဆုံးသွားမှာတော့ မဟုတ်သေးဘူး။ အခန်းဆက် ရှည်ကြီး တွေရှိ နေကြအုန်းမှာပါ။ သမိုင်းအစဉ်အလာ ကလည်း ရှိခဲ့ကြတယ်လေ။ ဘာကြောင့်လည်းဆိုတော့ ဟာမတ်စ် နဲ့ အစ္စရေး အကြား မှာ နှစ်ဖက်စလုံး က အမှားတွေ ပြုလုပ်နေကြလို့ဘဲ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အပြစ်မဲ့ ပါလက်စတိုင်း ပြည်သူတွေ နေ့စဉ်နဲ့အမျှ သေကြေနေကြတာ တွေ့ရတာ အင်မတန်မှ ၀မ်းနည်းဖို့ကောင်းတယ်။ အာရပ်ပြည်သူ တွေ နဲ့ အစိုးရတွေ က တော့ ဆန့်ကျင် ကန့်ကွက် ရှုံ့ချမှုတွေ ပြုလုပ်နေကြပေမဲ့၊ အာရှ နိုင်ငံတွေကတော့ "ကိုယ့်အိမ်နံဘေး မှာ မဟုတ်လို့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး" ရေငုံနုတ်ပိတ်နေကြတယ်။ အာရှမှာ အင်အားကြီးနိုင်ငံ တွေ ဖြစ်ကြတဲ့ တရုတ်၊အိန္ဒိယ တွေ ကို အစ္စရေးအစိုးမှ နည်းပညာ ထောက်ပံ့ပေး နေမှု ရှိနေတာက ကတကြောင်း၊ သူတို့ ကိုယ်တိုင်ရင်ဆိုင်နေကြရတဲ့ မွတ်ဆလင်ဘာသာရေးအစွန်းရောက် အကြမ်းဖက် တိုက်ခိုက်ခံ ခဲ့ရမှုတွေ ကတကြောင်း၊ တို့ကြောင့် အစ္စရေး-ပါလက်စတိုင်း အရေးမှာ ခပ်ဝေးဝေး ကပဲ ရှောင်နေခဲ့ကြတယ်။ တာလီဘန် အစိုးရ က အာဖဂန်မှာ သမိုင်းဝင် ဗုဒ္ဓရုပ်ပွားတော်ကို ဖြိုချစဉ်ကလည်း အာရှ နိုင်ငံတွေဟာ ဘာမှ ထိရောက်တဲ့ တုန့်ပြန်မှုမရှိခဲ့ကြဘူး။

ဘာသာရေးလွတ်လပ်ခွင့် အပါအ၀င် လူ့အခွင့်အရေး တဆာဆာ အော်နေကြတဲ့ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတွေ၊ ဗုဒ္ဓဘာသာ အဖွဲ့ တော်တော်များများ ကလည်း ဒီလို မတရားသတ်ဖြတ်နေမှုတွေ ကို တလုံးတပါဒမှ မပြောကြလို့ အမတန်မှ ရှက်ဖို့ ကောင်းလှတယ်။ အခုလည်း အစ္စရေး အစိုးရ၏ လူမဆန်တဲ့ လုပ်ရပ်တွေ ကို ဘယ်သူကမှ ပြင်းပြင်းထန်ထန်ရှုံ့ချမှု မရှိကြဘူး။ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ တောင် သူရေးသားခဲ့တဲ့ " Palestine: Peace not Apartheid" စာအုပ်မှာ
အစ္စရေးအစိုးရ၏ မတရား လုပ်ရပ်တွေ ကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ဘူးသေးတယ်။ အာရှ မှာ ခေါင်းဆောင်တွေဆိုပြီး၊ လက်မထောင် နေကြတဲ့ သူတွေ၊ တရားမျှတမှုမရှိ ဘဲ လုပ်ကိုင်နေတဲ့ အစ္စရေးအစိုးရကို ဘာဆန့်ကျင်ကန့်ကွက်မှုကိုမှ မပြရဲခဲ့ကြဘူး။ ၅ ယောက် နဲ့ ၅၀၀ အချိုးမညီ တဲ့လက်တုန့် ပြန်မူ ဟာ တရားမျှတမှုမရှိဘူး၊ အစ္စရေးအစိုးရရဲ့ ဗိုလ်ကျ အနိုင်ကျင့်မှုလို့ ကျနော်မြင်တယ်။ တရားမျှတမှု မရှိတာကို တရားမျှတ မှု မရှိဘူးဆိုတာ ပြောကြပါ။ လူ့အခွင့်အရေးလို့ ပြောဆိုတိုက်ပွဲဝင် နေကြရင် လူတွေ အစုလိုက်အပြုံလိုက်သေကြေနေတဲ့ ဒီစစ်ပွဲကို ဆန့်ကျင်ကြပါ။ အမြန်ဆုံး ရပ်တန့်အောင် တောင်းဆို ကြပါ။

ပါလက်စတိုင်းပြည်သူများအတွက် ဘေးရန်ကင်းဝေးဖို့ ၀ိုင်းဝန်း ဆုတောင်းပေးကြပါလို့ တိုက်တွန်းရင်း-


Rest of your post

တပတ် အတွင်း ရန်ကုန်ဈေးနှုန်းများ




























ဂျပန်မှာ တိုယိုတာ ကားထုတ်လုပ်မှု ရပ်တော့မယ်

















၂၀၀၈ မှာ အရောင်းသွက်ခဲ့တဲ့ တိုယိုတာ Camry နှင့် ဓာတ်ငွေ့-လျှပ်စစ် ၂ မျိုးသုံး တိုယိုတာ Prius မော်တော်ကား အမျိုးအစား

-မြတ်စိုး-

ဂျပန်နိုင်ငံ ထိပ်တန်း မော်တော်ကားကုမ္ပဏီကြီး တခုဖြစ်တဲ့ တိုယိုတာ မော်တော်ကား ထုတ်လုပ်သော ကုမ္ပဏီက ဂျပန်ရှိ သူတို့ရဲ့ မော်တော်ကားထုတ်လုပ်နေသော စက်ရုံ ၁၂ ခု ကို ဖေဖေါ်ဝါရီ နဲ့ မတ်လ အကြား ၁၁ ရက် ကြာ ရပ်ဆိုင်းသွားမယ် လို့ ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် Hideaki Homma က ကြေညာ သွားပါတယ်။ ၁၉၉၃ ခုနှစ်ကစပြီး ဒါဟာ ပထမဦးဆုံး တိုယိုတာ ကားထုတ်လုပ်မှု ရပ်နားခြင်း ဖြစ်တယ်လို့ဆိုတယ်။ ဂျပန်၏ ယန်းငွေ တက်မှုကြောင့် ၁၉၉၃ ခုနှစ် ကလည်း မော်တော်ကား ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရတယ်။ တိုယိုတာ မော်တော်ကား ထုတ်လုပ်သော ကားကုမ္ပဏီ အကြီးအကဲကတော့ ဒါဟာ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးကပ်ဆိုး ကြောင့် ဖြစ်ပေါ်နေတဲ့ ရောင်းအားလျှော့ကျနေမှု ကို ပြင်ဆင်တဲ့ ခြေလှမ်းတရပ်လို့ဆိုတယ်။ မနေ့ က တိုယိုတာ ကားကုမ္ပဏီရဲ့ ဒီဇင်ဘာလ ရောင်းချခဲ့ရမှုဟာ ခန့်မှန်းထားတာတဲ့ ၃၇ ရာခိုင်နှုန်း လျှော့ကျခဲ့ကြောင်း ကြေညာချက်ထွက်ပေါ်ပြီး နောက် ဒီလို ထုတ်လုပ်မှု ၁၁ ရက် ရပ်ဆိုင်းသွားမယ်ဆိုတာ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်တယ်။ ဒီဇင်ဘာလမှာ ဖို့ဒ်မော်တော်ကားကုမ္ပဏီ က ၃၂ ရာခိုင်နှုန်း၊ ဂျီမမ်မော်တော်ကားကုမ္ပဏီက ၃၁ ရာခိုင်နှုန်း ရောင်းအား အသီးသီးလျှော့ကျခဲ့ကြတယ်။

တိုယိုတာ မော်တော်ကားကုမ္ပဏီ ဟာ ဂျပန်နိုင်ငံမှာ မနှစ် က မော်တော်ကား ၃.၂ မီလီယံ သာ ရောင်းချ ခဲ့ရတာကြောင့် ၊ဒါဟာ ၃၄ နှစ် အတောအတွင်း အရောင်းရ အနိမ့်ဆုံးကို ကျရောက်သွားခဲ့ တယ်လို့ဆိုတယ်။ ဒီနှစ်မှာ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ စီးပွားရေးကပ်ဆိုး ကြောင့် တိုယိုတာမော်တော်ကား ရောင်းအားဟာ ပိုမိုဆိုးဝါး လာနေတယ်လို့ဆိုတယ်။ ပြီးခဲ့တဲ့လ ကပဲ ၂၀၀၉ ခုနှစ် မတ်လမှာ ကျရောက်မဲ့ တိုယိုတာ ငွေကြေးဘဏ္ဍာရေး နှစ်ပတ်လည်ထိ တနှစ်လုံး အတွက် အရှုံး အမြတ်စာရင်းအရ ယန်းငွေ ၁၅၀ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁.၆၆) ဘီလီယံ ဆုံးရှုံးလိမ့်မယ်လို့ တိုယိုတာမော်တော်ကားကုမ္ပဏီ က ခန့်မှန်းပြောဆိုခဲ့ကြတယ်။ ဒါဟာ အနှစ် ၇၀ အတောအတွင်း တိုယိုတာမော်တော်ကားကုမ္ပဏီ၏ ပထမဦးဆုံး ငွေကြေးအရ ဆုံးရှုံးမှုဖြစ်တယ်။

ကဲမရီ ဆီးဒင် နှင့် ဓာတ်ငွေ့ နှင့် လျှပ်စစ် နှစ်မျိုးစလုံးသုံးနိုင်သော ပရိုင်းရက်စ် အမျိုးအစား များက မနှစ်က ယန်းငွေ ၁.၇ ထွီလီယံ အသားတင် အမြတ်အစွန်း ရခဲ့ပေမဲ့၊ ဒီနှစ်တော့ ၅၀ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၅၅၅ မီလီယံ) သာ ရရှိလိမ့် မယ်လို့ ခန့်မှန်းနေကြတယ်။ နိုင်ငံတကာ စီးပွားရေး ကျွမ်းကျင်သူတွေနဲ့ လေ့လာ သုံးသပ်သူ တွေကတော့ ကမ္ဘာမှာ ဖြစ်ပေါ် နေတဲ့ စီးပွားရေးကပ်ဆိုး ကြောင့် ဂျပန်ရှိ မော်တော်ကား ထုတ်လုပ်သူ ကုမ္ပဏီကြီး တွေ အပေါ် သက်ရောက်မှုရှိနေကြတဲ့ ဆိုးကျိုးတွေကို ခန့်မှန်းဘို့ စောင့်ကြည့် လေ့လာနေကြတယ်။

Rest of your post

အစ္စရေး-ပါလက်စတိုင်း ပြဿနာအကြောင်း တစေ့တစောင်း



-ခင်မမမျိုး-

စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေးပညာရှင်တွေ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး သုတေသီတွေ၊ ပဋ္ဋိပက္ခဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေအတွက် အစ္စရေး- ပါလက်စတိုင်းကြားက ပြဿနာတွေဟာ လေ့လာလို့ မကုန်နိုင်တဲ့ ပညာသိုက်ကြီးသဖွယ် ဖြစ်နေတတ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း တွေ အတွက်ကလဲ ဒီပြဿနာဟာ ခေါင်းခဲစရာ ဖြစ်နေတတ်တယ်။ ဒီပြဿနာအပေါ်မှာ ချဉ်းကပ်အဖြေရှာနည်း တွေ အများအပြားပေါ်ပေါက်ခဲ့ပေမယ့် အခုအချိန်ထိတော့ ပြဿနာဟာ မပြေလည်နိုင်သေးပါဘူး။ ပါလက် စတိုင်းပြည်သူတွေနဲ့ အစ္စရေးပြည်သူတွေ အများအပြားလည်း သေကြေပျက်စီးခဲ့ပြီးပါပြီ။ မီဒီယာအကြမ်းဖက်မှု (Media Terrorism) လို့ခေါ်တဲ့ ပဋ္ဋိပက္ခပြဿနာကို ကမ္ဘာသူကမ္ဘာသားတွေ မီဒီယာကတဆင့် အာရုံစိုက်မှု ဖြစ်လာစေအောင် ပြုလုပ်တဲ့ လေယာဉ်ပြန်ပေးဆွဲမှုတွေ၊ လူစည်ကားရာနေရာတွေကို ၀င်ရောက်စီးနင်း တိုက်ခိုက်မှု တွေ၊ ပြည်သူအများ သွားလာ လှုပ်ရှားရာ နေရာတွေမှာ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေပါ တွဲစပ်လာတာကြောင့် ပဋ္ဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်က ပြည်သူတွေရဲ့ လုံခြုံရေးကိုသာမက ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်လာတာတွေ့ ရှိနေပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြားမှာ စစ်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက်စစ်တပ်အကြားဖြစ်ပွားတဲ့ regular warfare အသွင်ဆောင်တဲ့ စစ်ပွဲတွေ၊ ပြည်တွင်းစစ် (Civil War ) တွေ၊ လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲ (Guerrilla warfare) တွေ၊ အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) တွေသာမက political violence တွေ၊ Civil disobedience တွေ၊ proxy war တွေအထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီပြဿနာတွေရဲ့ သမိုင်းနောက်ခံအချက်လေးတွေရယ်၊ အခု အစ္စရေးတို့ ချေမှုန်းနေတဲ့ Hamas အဖွဲ့ အကြောင်းလေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါတယ်။

ဒုတိယကမ္ဘာစစ်မတိုင်မီက ပါလက်စတိုင်းအာရပ်များသဘောထား

၁၉၂၀နဲ့ ၁၉၂၉ ခုနှစ်တို့မှာ ဂျူးတွေကို တိုက်ခိုက်တဲ့ အာရပ်အရေးအခင်းတွေ အချို့သောအာရပ် မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအရေးအခင်းကို ဦးဆောင်သူများကတော့ ပါလက်စတိုင်း အာရပ်များပါပဲ။ သူတို့က ဂျူးတွေကို ကျူးကျော်သူတွေလို့ ယူဆကြပါတယ်။ ဂျေရူဆလင်မှာရှိတဲ့ မွတ်စလင်တွေရဲ့ ဘာသာရေးအခွင့်အရေးတွေကို ၀င်ရောက်စွက်ဖက်ဖို့ အာရပ်ပြည်ထဲ ရောက်လာတယ်လို့ တွက်ဆကြပါတယ်။ ဒီအရေးအခင်းတွေမှာ ဟီဘရွန်က ဂျူးလူ့အဖွဲ့အစည်းရယ်၊ Zionist တွေရယ် အများအပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ၁၉၃၆ ကျတော့ ဒီအရေးအခင်းတွေဟာ ကျေးလက်ဒေသတွေအထိ ပြန့်နှံ့သွားပါပြီ။

ဒီအရေးအခင်းတွေဟာ ဗြိတိန်နိုင်ငံရဲ့ အာရပ်ဒေသကို ဂျူးတွေ ပြောင်းရွှေ့နေရာချမှု ပေါ်လစီအပေါ်မှာ များစွာ သက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကမ္ဘာစစ်အရိပ်အယောင်တွေလဲ သန်းနေချိန်ဖြစ်လေတော့ ဗြိတိသျှတို့အနေနဲ့က ဂျူးတွေရဲ့ အကျိုးထက် အာရပ်တွေရဲ့ ဆန္ဒကို ဦးစားပေးရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗြိတိသျှတို့က ဂျူးတွေရဲ့ ပြောင်းရွှေ့နေရာချထားမှုနှုန်းကို လျှော့ချခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ

ဒုတိယကမ္ဘာစစ်ပြီးကာလရောက်တော့ ပါလက်စတိုင်းအာရပ်နယ်မြေမှာ ဂျူးအကြမ်းဖက်အဖွဲ့တွေ၊ Irgun and the stern ဆိုတဲ့ ဂိုဏ်းတွေ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့တွေက မြို့ပြတိုက်ပွဲ အသွင်သဏ္ဍာန်ကိုယူပြီး၊ ဗြိတိသျှ mandatory အစိုးရကို တိုက်ရိုက်တိုက်ခိုက်မှုတွေ ပြုလာပါတယ်။ ဒီအဖွဲ့တွေရဲ့ သူတို့ကို အားပေးထောက်ခံသူ တွေက ပါလက်စတိုင်းနယ်မြေကနေ ဗြိတိသျှတွေကို မောင်းထုတ်ဖို့နဲ့ ဂျူးနိုင်ငံတည်ထောင်မှုကို ဆန့်ကျင်နိုင်ဖို့ အကြမ်းဖက်အသွင်ဆောင်တဲ့ အဆုံးအဖြတ်တိုက်ပွဲတွေ နွှဲရမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့တွေ ထည့်မတွက်လိုက်တာ တချက်က သူတို့ မတော်လှန်လဲ ဗြိတိသျှတွေက ထွက်တော့မယ် ဆိုတာပါပဲ။ ဗြိတိသျှတွေအနေနဲ့ အိန္ဒိယကို လွတ်လပ်ရေးပေးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက အရှေ့အလယ်ပိုင်းဒေသကို ဆက်လက်ထိန်းချုပ်ထားဖို့အတွက် ဗြိတိသျှအစိုးရမှာ မဟာဗျူဟာကျတဲ့ အကြောင်းပြချက် (strategic reason) မရှိတော့ပါဘူး။

ဒီလိုပါပဲ။ မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းခဲ့တာဟာလဲ မြန်မာပြည်ရဲ့ သယံဇာတဆိုတာထက် တည်နေရာ အနေအထားကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့ နိုင်ငံတခုပါ။ ဒါကြောင့်လဲ အိန္ဒိယလက်အောက်ခံ နယ်တနယ်အနေနဲ့ပဲ သတ်မှတ်အုပ်ချုပ်ခဲ့ကြတာပါ။ မြန်မာထဲက မြို့ပြအုပ်ချုပ်ရေး ၀န်ထမ်းတွေကိုတောင် အိန္ဒိယရဲ့ အိုင်စီအက်စ်စာမေးပွဲ အဆင့်လောက်ပဲ ဖြေခိုင်းပြီး၊ အထက်မှာ အိန္ဒိယလူမျိုး တွေနဲ့ ဗြိတိသျှလူမျိုးတွေက ဦးဆောင်အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယကို လက်လွှတ်ဖို့ ဆုံးဖြတ်တဲ့အခါမှာ မြန်မာပြည်ဟာ ဗြိတိသျှတွေအတွက် strategic interest မဟုတ်တော့သလို၊ ဆက်လက်ချုပ်ကိုင်ထားဖို့ strategic reason မရှိခဲ့တော့ပါဘူး။ ဒါကြောင့်လဲ ဗိုလ်ချုပ်တို့က နိုင်ငံရေးတိုက်ပွဲအသွင်နဲ့ပဲ ဆက်တိုက် ခဲ့ကြတာပါ။ "ရရင်ရ၊ မရရင်ချ" ဆိုပေမယ့် အဲဒီအချိန်မှာ ဗြိတိသျှတို့အနေနဲ့ ပေးဖို့က အဆင်သင့်ရှိနေခဲ့ကြပါပြီ။ တခါတရံမှာ ရန်သူဘက်က အခြေအနေပျော့ပျောင်းနေရင် နိုင်ငံရေးတိုက်ပွဲအသွင်နဲ့ပဲ ရည်မှန်းချက် အောင်မြင်နိုင်ပါတယ်။ ရန်သူဘက်က တင်းမာနေရင်တော့ တိုက်ပွဲသဏ္ဍာန်လဲ ပြင်းထန်တိကျဖို့လိုပါတယ်။ တင်းနေတဲ့ရန်သူကို စစ်ရေးစီမံချက်မလိုပဲ နိုင်ငံရေးတိုက်ပွဲပဲ လုပ်မယ်ဆိုရင်တော့ ရန်သူက ဂုပ်ခွစီးသွားမှာ အသေအချာပါပဲ။

ဒီလိုနဲ့ Middle East Bases တွေကို တောင်အာရှနဲ့ အရှေ့တောင်အာရှက ဗြိတိသျှကိုလိုနီနယ်မြေတွေအတွက် ပေါင်းကူးတံတားသဖွယ် သတ်မှတ်ခဲ့တဲ့ ဗြိတိသျှအစိုးရဟာ ဒီနယ်မြေတွေကို စွန့်ခွာမယ်လဲ ဆုံးဖြတ်လိုက်ရော၊ အရှေ့အလယ်ပိုင်းဒေသကို ထိန်းချုပ်ထားမှုကို ရပ်စဲလိုက်ပါတော့တယ်။ ၁၉၄၇ နိုဝင်ဘာရောက်တော့ UN resolution တခုထွက်လာတယ်။ အဲဒီမှာ ပါလက်စတိုင်းတွေကို ကိုယ်ပိုင်နိုင်ငံတည်ထောင်ခွင့်ပြုထားပေမယ့် ပါလက်စတိုင်းတွေက ဒါကိုငြင်းပယ်လိုက်တယ်။ တကယ်တော့ ဒါဟာ ပြဿနာတွေအားလုံးရဲ့ အစလို့ပဲ ဆိုရပါတော့မယ်။ သူတို့ဒီလိုငြင်းပယ်လိုက်တာကြောင့် ပါလက်စတိုင်းနိုင်ငံဖြစ်တည်ခဲ့ရမယ့် နယ်မြေဒေသ တွေဟာ ဂျော်ဒန်ရဲ့ အစိတ်အပိုင်းတခု ဖြစ်သွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးဆိုတဲ့ ဂျူးနိုင်ငံ ပေါ်ပေါက်လာတော့ အာရပ်အိမ်နီးချင်းတွေက လက်မခံခဲ့ကြပါဘူး။ စစ်ပွဲတွေက အမျိုးမျိုးပေါ်ပေါက်လာခဲ့သလို၊ အီဂျစ်နဲ့ ဂျော်ဒန်စစ်တပ်တွေက အားပေးထောက်ခံတဲ့ fidayin လို့ခေါ်တဲ့ အဖွဲ့တဖွဲ့က အစပျိုးပေါ်ထွက် လာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ နောင်နှစ်ပေါင်းများစွာအကြာ ၁၉၇၀၊ ၁၉၈၀ ကာလတွေမှာ ပေါ်ပေါက်လာမယ့် အကြမ်းဖက်မှုတွေရဲ့ ရှေ့ပြေးတခုပါပဲ။

ခြောက်ရက်ကြာစစ်ပွဲနောက်ပိုင်းကာလ

၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေး ခြောက်ရက်ကြာစစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီစစ်ပွဲရဲ့ အဆုံးသတ်အဖြေကတော့ အစ္စရေးတို့ အနိုင်ရခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသမှာတော့ ဒီကိစ္စရပ်ဟာ အလွန်အရေးကြီးတဲ့ မဟာဗျူဟာ အပြောင်းအလဲတရပ်ပါပဲ။ ဒီစစ်ပွဲမတိုင်ခင်က နိုင်ငံနယ်မြေသေးကွေးလွန်းတဲ့ အစ္စရေးနိုင်ငံကို ရေရှည် တည်တံ့ခိုင်မြဲမှာ မဟုတ်ပါဘူးလို့ အာရပ်တို့က လျှော့တွက်ခဲ့ကြတယ်။ ဒီစစ်ပွဲလဲပြီးရော၊ ပါလက်စတိုင်း နိုင်ငံအဖြစ် တည်ရှိခဲ့ရမယ့် နယ်မြေဒေသအားလုံးဟာ အစ္စရေးထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ပါပြီ။ အာရပ်တိုင်းပြည်တွေကတော့ အစ္စရေးနဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး မလုပ်ပါဘူးလို့ ကြေငြာခဲ့ကြတယ်။ ဒါပေမယ့် စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာက အစ္စရေးဘက်ကို အလေးသာသွားခဲ့နေပြီ။ ဒါကြောင့်လဲ ဂျူးလူမျိုးများရဲ့ အခြေစိုက်နေထိုင်မှုတွေကို အလျင်အမြန်ပြုလုပ်ပါတော့တယ်။ ဂျူးလူမျိုးတွေဟာ ဂျေရူဆလင်မြို့တော်ရဲ့ ဆင်ခြေဖုံးဒေသတွေသာမက၊ ဂျူးအခြေစိုက်နယ်မြေတွေနဲ့ ဝေးကွာတဲ့ အာရပ်မြို့တွေ၊ ကျေးရွာတွေအထိ ပျံ့နှံ့ရောက်ရှိသွားခဲ့ကြပါတယ်။ အစ္စရေး- ပါလက်စတိုင်းမီးပွားကတော့ တော်တော်ကြီးသွား ခဲ့ပါတယ်။ ပြဿနာမီးပွားရှည်ကြာလာလေလေ၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေဟာ ခက်ခဲရှုပ်ထွေးလာ လေလေပါပဲ။

Fatah နဲ့ PLO

၁၉၆၀ အစောပိုင်းနှစ်များမှာ ကိုင်ရိုမှာ ပညာသင်ကြားနေကြတဲ့ ပါလက်စတိုင်းလူမျိုးတချို့ဟာ Fatah ဆိုတဲ့ အုပ်စုတခုကို ဖွဲ့စည်းခဲ့ကြတယ်။ ဒီအထဲမှာ ပါဝင်ခဲ့တဲ့ ထင်ရှားသူတယောက်ကတော့ နောင်တချိန် ပါလက်စတိုင်းခေါင်းဆောင်တဦးဖြစ်လာမယ့် ရာဇာအာရဖတ်ပါ။ သိပ်မကြာခင်မှာပဲ ၁၉၆၄ ခုမှာ Palestine Liberation Organization (PLO) လို့ခေါ်တဲ့ အဖွဲ့တခုကလဲ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့ကို ပြန့်ကျဲနေတဲ့ ပါလက်စတိုင်းအဖွဲ့တွေအကြား ညီညွတ်မှုတည်ဆောက်ပြီး၊ တိုက်ပွဲဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အာရပ်နိုင်ငံများက ကြိုးကိုင်ဖွဲ့စည်းပေးခဲ့ပါတယ်။ တော်လှန်ရေးတခုမှာပဲဖြစ်ဖြစ်၊ လွတ်မြောက်ရေး လှုပ်ရှားမှုတခုမှာပဲဖြစ်ဖြစ်၊ အဖွဲ့တွေ ပျံ့ကျဲနေလို့ကတော့ ရန်သူက အချိန်မရွေးချေမှုန်းသွားနိုင်ပါတယ်။ မချေမှုန်းရင်တောင် ရန်သူက အလေးထားပြီး စာရင်းထဲ ထည့်မတွက်ပါဘူး။ တိုက်ပွဲဝင် မဟာဗျူဟာ၊ နည်းဗျူဟာတွေအားလုံးကို strategic Doctrine တခုတည်းမှာပဲ အခြေတည်ချနိုင်ဖို့အတွက် တိုက်ပွဲဝင် တပ်ပေါင်းစုကြီးတခု လိုအပ်ပါတယ်။ ဒီလိုမရှိရင် တယောက်တပေါက်နဲ့ ရန်သူကို ထိုးစစ် မဆင်နိုင်ပါဘူး။ ခံစစ်ကိုတောင် အတုန်းအရုန်းနဲ့ ခံကြရတဲ့ အခြေအနေဖြစ်သွားတတ်ပါတယ်။

ရာဇာအာရဖတ်တို့ရဲ့ Fatah အဖွဲ့ဟာ အခြေအနေရဲ့လိုအပ်ချက်နဲ့အညီ ပီအယ်လ်အိုအဖွဲ့မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့မခွဲခြားပဲ တပ်ပေါင်းစုပီအယ်လ်အိုရဲ့ လုပ်ငန်းဆောင်တာတွေအားလုံးကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်တာကို တခြားအဖွဲ့တွေကလည်း သူတို့မိခင် အဖွဲ့တွေ နာမည်မထွက်မှာ စိုးရိမ်စိတ်နဲ့ ၀ိုင်းဝန်းပိတ်ဆို့ခြင်း မရှိခဲ့ပါဘူး။ ဦးဆောင်နိုင်သူတွေက တက်တက်ကြွကြွ ဦးဆောင်လာတာကို တက်တက်ကြွကြွပဲ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ကြပါတယ်။

အစကနဦး မဟာဗျူဟာကတော့ West Bank နဲ့ ဂါဇာကမ်းမြောင်ဒေသမှာ လက်ကိုင်ကိုင်တော်လှန်ရေးလုပ်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီမဟာဗျူဟာဟာ ဖြစ်နိုင်ချေမရှိတဲ့ မဟာဗျူဟာပါ။ West Bank ဟာ လက်နက်ကိုင်တော်လှန်ရေးတရပ်ကို ဖန်တီးနိုင်မယ့် အခြေခံဒေသလိုအပ်ချက်နဲ့ မကိုက်ညီပါဘူး။ တောတောင်တွေမရှိတဲ့အပြင် ပုန်းခိုရာ နေရာလဲ ရှားပါးလှပါတယ်။ ဒါကြောင့်လဲ ဂျော်ဒန်နဲ့ လက်ဘနွန် နယ်စပ်ဒေသတွေကို အခြေပြုပြီး လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမယ့် ပါလက်တိုင်းတပ်တွေဟာ သူတို့ လုံးဝမျှော်လင့်မထားခဲ့တဲ့ အစ္စရေးရဲ့ တုံ့ပြန်မှုတခုကို ရင်ဆိုင်လိုက်ရပါတယ်။ ဂျော်ဒန်မှာ ဖြစ်ပွားခဲ့တဲ့ Black September ဆိုတဲ့ တိုက်ခိုက်မှုကြီးပါပဲ။ လက်ဘနွန်မှာလဲ အလားတူ military confrontation ကြီးတခု ထပ်ဖြစ်ခဲ့ပါသေးတယ်။

၁၉၇၃ ရောက်တော့ ပါလက်စတိုင်းတပ်တွေရဲ့ မဟာဗျူဟာက လက်ဘနွန်တောင်ပိုင်းမှာ အခြေစိုက်စခန်းတခု ခိုင်ခိုင်မာမာရှိဖို့ဖြစ်ပါတယ်။ ဒီအတွက်လုပ်နေရာက ပါလက်စတိုင်းတပ်တွေဟာ လက်ဘနွန်ပြည်တွင်းစစ်မှာ ပါဝင်ရတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ ၁၉၈၂ လဲရောက်ရော၊ အစ္စရေးက လက်ဘနွန်ကို ၀င်ရောက်ကျူးကျော်ပါတော့တယ်။ ၂၀၀၀ ခုနှစ်အထိ အစ္စရေးတပ်တွေဟာ လက်ဘနွန်တောင်ပိုင်းကို security zone အဖြစ် သတ်မှတ်ထိန်းချုပ်ခဲ့ကြပါတယ်။

ဒီလိုအခြေအနေတွေမှာ ပါလက်စတိုင်းတွေဟာ ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ရေးရာ အခြေအနေတွေနဲ့၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများရဲ့ မူဝါဒတွေအပေါ်မှာ အခြေခံပြီး မဟာဗျူဟာပေါင်းများစွာကို ပြောင်းလဲ ချမှတ်ခဲ့ကြပါတယ်။ သံတမန်နည်းလမ်းများစွာကိုလဲ ကျင့်သုံးနိုင်ခဲ့ကြပါတယ်။ ၁၉၈၈ ရောက်တော့ ပါလက်စတိုင်းနိုင်ငံကို တရားဝင် ကြေငြာနိုင်ခဲ့ပါတယ်။ ၁၉၈၉ မက်ဒရစ်ကွန်ဖရင့်ကနေ စပြီး၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေ စတင်လာပါတယ်။

အဲဒီနောက်ပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသမှာ အကြမ်းဖက်မှုတွေအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ များသောအားဖြင့် ပီအယ်လ်အိုက မဟုတ်ပါဘူး။ တခြားသော သေးငယ်တဲ့ အုပ်စုကွဲတွေဖြစ်တဲ့ Abu Nidal ဆိုတဲ့ ဆီးရီးယားထောက်ပံ့အဖွဲ့နဲ့ အီရန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တွေမှ ဖြစ်ပါတယ်။

Intifada

အစ္စရေး၊ ပါလက်စတိုင်းပြဿနာအကြောင်းပြောရင် Intifada အကြောင်းကတော့ မပါမဖြစ်ပါပဲ။ ၁၉၈၇ ခုကနေ ၁၉၉၃ ခုနှစ်အထိ ခြောက်နှစ်ကြာဖြစ်ပွားခဲ့တဲ့ ဒီပဋ္ဋိပက္ခကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံး ခဲ့ရပါတယ်။ အဖြစ်အပျက်ကတော့ ရိုးရိုးလေးစတင်ခဲ့တာပါ။ ဒါပေမယ့် ရင်ထဲမှာ မကျေနပ်မှု မီးစတွေရှိနေရင် သာမန်အဖြစ်အပျက်လေးတခုဟာလဲ ကြီးစွာသော ပဋ္ဋိပက္ခကြီးတွေအတွက် trigger တွေပါပဲ။

၁၉၈၇ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဂါဇာကမ်းမြောင်ဒေသမှာ ယာဉ်တိုက်မှုတခုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အစ္စရေးကုန်တင်ကားကြောင့် အာရပ်တချို့သေဆုံးခဲ့ရပါတယ်။ အဲဒီမှာ အစ္စရေးတပ်တွေကို ဆန့်ကျင်တဲ့ လူထုတိုက်ပွဲတွေ စတင်တော့တာပါပဲ။ သပိတ်မှောက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးတပ်တွေကို ကျူးကျော်သူတွေအနေနဲ့ ဆန့်ကျင်တိုက်ခဲ့ကြတယ်။ လက်နက်တွေကတော့ ဗုံးတွေ၊ သေနတ်တွေမဟုတ်ပါဘူး။ ကျောက်တုံးတွေဖြစ်ပါတယ်။ Molotov cocktail တွေလဲ အပါအ၀င်ပေါ့။

Intifada ရဲ့ ကနဦးနည်းဗျူဟာတွေက လူထုအန်တုမှုတွေပါ။ အခွန်ငွေမပေးတာ၊ အစ္စရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်တာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ နှစ်ဘက်ပဋ္ဋိပက္ခတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ၁၉၉၀၊ အောက်တိုဘာမှာ Temple Mount လို့နာမည်ကြီးတဲ့ အရေးအခင်းတခု ဖြစ်ပွားလာခဲ့ပါတယ်။ ခြောက်နှစ်ကြာ ဒီပဋ္ဋိပက္ခဟာ ဂျူးတွေအကြားမှာ political polarization ဖြစ်စေခဲ့ပြီး၊ အစ္စရေးစစ်တပ်ရဲ့ စိတ်ဓာတ်ရေးရာကို များစွာ ဂယက်ရိုက်မှုရှိခဲ့ပါတယ်။ အာရပ်တွေဘက်ကျတော့ စီးပွားရေးဆုံးရှုံးနစ်နာမှုတွေ အများကြီးဖြစ်ပွားခဲ့ပြီး၊ political radicalization ဖြစ်သွားစေခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာကျတော့ ပါလက်စတိုင်း အဖွဲ့အစည်းတခုဖြစ်တဲ့ Hamas ဆိုတဲ့ အဖွဲ့ဟာ အစ္စရေး- ပါလက်စတိုင်း နိုင်ငံရေးဇာတ်ခုံပေါ်ကို ရောက်လာတော့တာပါပဲ။

Hamas

Hamas (Harakat al muqawamah al Islamiyah, "Islamic resistance movement") ဆိုတဲ့ အဖွဲ့ဟာ ပါလက်စတိုင်းက Muslim Brotherhood အဖွဲ့ခွဲတခုဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အီဂျစ်က Brotherhood အဖွဲ့လိုပဲ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တခုပါ။ ဒီအဖွဲ့မှာ radicalization စဖြစ်လာတာကတော့ ၁၉၈၇-၈၈ ကာလတွေမှာပါ။ ဒါကလဲ တချို့သော အကြောင်းရင်းတွေမှာ အခြေခံပါတယ်။ နိုင်ငံရေးပညာရှင် Walter Laqueur ဆိုခဲ့သလိုပဲ ပထမတချက်ကတော့ မွတ်စလင်အဖွဲ့ တွေအားလုံးဆီမှာ ဖြစ်ပွားလာခဲ့တဲ့ general trend ပါ။ နောက်တချက်ကတော့ ဂါဇာကမ်းမြောင်ဒေသရဲ့ စီးပွားရေး အခြေအနေတွေပါ။ တတိယတချက်ကတော့ အတော့်ကိုအရေးကြီးပါတယ်။ Hamas နဲ့ Fatah, PLO တို့ကြားက ပြိုင်ဆိုင်မှုတွေပါ။ တခါတရံမှာ နိုင်ငံရေးပြဿနာတခုကို ဖြေရှင်းနေဆဲမှာပဲ အဖွဲ့အစည်းတွေ အကြားမှာ ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတာဟာ လှုပ်ရှားမှုတခုအတွက် အတော်ပဲ အန္တရာယ်ကြီးပါတယ်။ မူလရည်ရွယ်ချက်တွေကနေ သွေဖည်သွားတတ်ပြီး၊ အမျိုးသားလှုပ်ရှားမှု တခုလုံးကို ထိခိုက်သွားတတ်ပါတယ်။

Hamas အဖွဲ့က ပါလက်စတိုင်းအရေးဟာ ဘာသာရေးဆိုင်ရာ religious obligation တခုဖြစ်တာကြောင့်၊ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့ အပြည်ပြည်ဆိုင်ရာကွန်ဖရင့်တွေ မလိုအပ်ဘူးလို့ ဆိုပါတယ်။ သူတို့က Jihad ကို strategic doctrine အဖြစ် သတ်မှတ်လာကြပါတယ်။ သူတို့က မွတ်စလင် Brotherhood တွေလို nationalism ကို လုံးဝကန့်ကွက်ခြင်း မလုပ်ခဲ့ကြပေမယ့် တခြားအာရပ် nationalism တွေကိုတော့ ရုပ်ဝတ္ထုဆန်တယ်၊ secular ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ ပါလက်စတိုင်း အမျိုးသားဝါဒကတော့ Islamic ဖြစ်တယ်လို့ ကြေငြာကြပါတယ်။

တကယ်တော့ Fatah, PLO နဲ့ Hamas တို့က ယှဉ်တွဲလုပ်ကိုင်နေကြတဲ့ အဖွဲ့တွေပါ။ ပါလက်စတိုင်း လွတ်မြောက်ရေးအတွက်ပါပဲ။ ဒါပေမယ့် Hamas ဟာ ပြိုင်ဆိုင်ဖို့ ခြေလှမ်းကို စတာနဲ့ တပြိုင်တည်း ၁၉၈၇ အစောပိုင်းကာလတွေမှာ anti- Fatah လက်ကမ်းစာစောင်တွေ စတင်ထုတ်ဝေပါတော့တယ်။ အဖွဲ့အစည်းတခု ဟာ အခြားအဖွဲ့အစည်းတခုက လူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းတွေကို မိတ်ဆွေလိုဝေဖန်တာ မဟုတ်တော့ ပဲ ပုဂ္ဂိုလ်ရေးစွပ်စွဲ တိုက်ခိုက်လာပြီဆိုရင် ဒါဟာပြိုင်ဆိုင်မှုစလာတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေဟာ ညီညွတ်ရေးကို ထိခိုက်တတ်ပြီး၊ တခါတရံမှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပါလက်စတိုင်းတွေမှာလဲ ဒီအတိုင်းဖြစ်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်အတွင်း ဂါဇာမှာ ဖြစ်ခဲ့တဲ့ ဒီ နိုင်ငံရေး camps နှစ်ခုကြားက followers တွေရဲ့ အချင်းချင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဆယ့်ရှစ်ယောက် သေကြေခဲ့ပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ခေါင်းဆောင်တွေက ချက်ချင်းငြိမ်းချမ်းရေး စေ့စပ်ခဲ့ကြပေမယ့် ဒီအနာဟောင်းဟာ ခဏခဏ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အဖွဲ့နှစ်ဖွဲ့အကြား ပြိုင်ဆိုင်မှုတွေက တိုးမြင့်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း Hamas အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ နေရာအနှံ့မှာ အများအပြားဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှု တွေက ပုံစံစုံပါပဲ။ ဓားနဲ့ထိုးသတ်တာ၊ ပုဆိန်နဲ့ ခုတ်သတ်တာ၊ အစ္စရေးစစ်သားတွေကို ကားကြုံခေါ်တင်ပြီး ကားပေါ်မှာ အစဖျောက်လိုက်တာ၊ ကားနဲ့ တိုက်သတ်တာ စတဲ့ နည်းမျိုးစုံပါပဲ။ ၁၉၉၃- ၉၄ နောက်ပိုင်းကျတော့ suicide bombings တွေက ခေတ်စားလာပါတော့တယ်။ ၁၉၉၅- ၉၆ ကာလတွေမှာ Hamas တွေအပေါ် အစ္စရေးထိုးစစ်တွေ ကြီးထွားလာခဲ့သလို၊ ပီအေလို့ခေါ်တဲ့ Palestinian Authority) တွေကလဲ အဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်လာကြပါတယ်။ ၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလကစပြီး၊ Hamas အဖွဲ့ရဲ့ အဓိကပင်မ မဟာဗျူဟာကတော့ စစ်ရေးအရအရေးပါတဲ့ နေရာများကို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဥပမာ- ဂျေရုဆလင်၊ Tel Aviv, Hadera, Netanya စတဲ့ နေရာမျိုးတွေပါ။

နိဂုံး

အခု (၂၀၀၉) နှစ်သစ်ကို မရောက်မီ (၂၀၀၈) ခုနှစ်၊ နှစ်ကုန်ပိုင်းမှာပဲ အစ္စရေးတပ်တွေက Hamas အဖွဲ့ဝင်တွေကို ချေမှုန်းရေးတွေ ပြုလုပ်နေကြပါတယ်။ အခုဒီစာတမ်းဟာ အစ္စရေး၊ ပါလက်စတိုင်း မည်သည့်ဘက်ကိုမှ ဘက်လိုက်ရေးသားထားတာ၊ ထောက်ခံအားပေးထားတာတွေ မရှိပါဘူး။ အစ္စရေး- ပါလက်စတိုင်း ပြဿနာမီးပွားတွေ Hamas နဲ့ Fatah, PLO အကြောင်းတွေရဲ့ သမိုင်းနောက်ခံ အဖြစ်အပျက်ကိုသာ ဗဟုသုတအဖြစ် တင်ပြထားခြင်း ဖြစ်ပါတယ်။


ခင်မမမျိုး (၆၊ ၁၊ ၂၀၀၉)


ရည်ညွန်းကိုးကားစာရင်း ။ ။
Erlich, R. (2000) "The History of Israel Policy in Lebanon", ICT, June 29, 2000
Hroub, K.(2000) Hamas, New York

Heehs, P. (1998) Nationalism, Terrorism, Communalism: Essays in Modern India History, New Delhi, 1998

Laquer, W. (2003) No End to War: Terrorism in the Twenty-First Century, Continuum, London

Sayigh, Y. (1997) Armed Struggle and The search for State, New York

Rest of your post

တိရိစ္ဆာန် စောင့်ရေး အဖွဲ့ ဝင်များ ကန့် ကွက်ဆန္ဒပြ



မက်ဆီကိုနိင်ငံက တိရိစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့ ဝင်အမျိုးသမီးလေးများ ကတရိစ္ဆာန်လေးများအားလှောင်ချိုင့်
တွင်ထည့် ပြီးမွှေးမြူ နေမှုများကို ကန် ကွက်သောအားဖြင့် ဆန်ကျင်ဆန္ဒပြနေပုံကို နိုဝင်ဘာ ၅ ရက်နေ့ ကတွေ့ ရစဉ်။


ဂါဇာ က စစ်ပွဲ


အစ္စရေးက ပါလက်စတိုင်း အရပ်သားတွေကို ပြစ်မှတ်ထား ပြီးမတိုက်ခိုက်ပါဘူး ဆိုပေမဲ့  အရပ်သားအတော်များများ ဟာ ဒုံကျဉ်များနဲ့ အတိုက်ခံနေရတဲ့အတွက် ဂါဇာ ကမ်းမြောင် ရှိပါလက်စတိုင်းလူမျိုးများမှာငရဲတမျှ ဖြစ်နေပါတယ်။ အစ္စရေးက ခုလို ကျူးကျော်ဝင်ရောက်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ နိင်ငံတကာ က ဘာမှ ၀င်ရောက်မပြောနိင်တာကတော့ ကုလသမဂ္ဂ ရဲ့ အခန်းကဏ္ဍ ဟာ ဘာမှ အဆင့်အတန်းမရှိဘူးဆိုတာကိုပြသနေသလိုဖြစ်နေပါတယ်။ဒဏ်ရာရနေတဲ့လူနာတွေအတွက်လုံလောက်တဲ့သွေးနဲ့ ဆေးဝါးလည်းပြတ်တောက်နေတယ်လို့ သိရတယ်။ နော်ဝေးဆရာဝန် ( Mads Gilbert) အဆိုအရ အဆိုအရ ဒဏ်ရာရတဲ့ သူ ၂၀၀၀ကျော်မှာ - ၄၅ ရာခိုင်းမိန်းမနဲ့ကလေး သေဆုံးသူတွေရဲ့  ၂၅ ရာခိုင်နှုန်းဟာ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ဟားမစ်အဖွဲ့ ဝင် နစ်ဦးသာပါတယ်လို့ ဆိုတယ်။


You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.