Saturday, October 25, 2008

[                 ရင်မှ ခံစားမှုများ] 1 New Entry: QR Code

QR Code

QR Code သည် (1994)နှစ်မှာ DENSO Corporation( Denso-Wave )က စတင်တီထွင်လိုက်တဲ့ Code တစ်မျိုးဖြစ်ပါတယ်။ QR ရဲ့အရှည်ကောက်ကတော့ "Quick Response" ဖြစ်ပြီး ဂျပန်မှာ အခုတလော အရမ်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာကို တွေ့ရပါသည်။ ကြေငြာစာရွက်မှာ၊ သတင်းစာမှာ၊ လက်ကိုင်ဖုန်းမှာ၊ လိပ်စာကဒ်ပြားမှာ၊ ပို့စကဒ်တွေမှာ၊ Phone Website တွေမှာ၊ လိပ်စာကို Mailပို့တဲ့နေရာမှာ၊ Blog Address နှင့် Website Address ကိုကြေငြာတဲ့အခါမှာ၊ DVDနှင့် CD Cover မှာ........စသဖြင့် အမျိုးမျိုးသော နေရာတွေမှာ QR Code က ထင်ထင်ရှားရှား နေရာယူလာတာကို တွေ့ရပါသည်။ Discount Coupon ကို QR Codeလုပ်ပြီး ဖြန့်ဝေတဲ့ ဆိုင်တွေလည်း ရှိပါသည်။ QR Codeက အရွယ်အစားသေးသေးလေးပေမယ့် လိုအပ်တဲ့အချက်အလက်ကို လျင်မြန်စွာ ရရှိနိုင်တာဖြစ်လို့ အသုံးပြုလာကြတာလို့ ထင်ပါသည်။ ကြည့်နည်းကလည်း လွယ်လွယ်လေးပါ။ Hand phoneမှာပါတဲ့ Bar Code Reader ကိုသွားပြီး Scan ဖတ်လိုက်ရုံနဲ့ အဲဒီ QR Code ထဲမှာပါတဲ့ အချက်အလက်တွေကို အကုန်မြင်နိုင်ပါသည်။ Scanဖတ်လိုက်ရုံနဲ့ အဲဒီ QR Code ရဲ့ လိပ်စာကို ကြည့်လို့ရတာဖြစ်လို့ လိပ်စာမမှတ်မိခဲ့ရင်တောင်မှ တော်တော်အဆင်ပြေပါသည်။ ဒါကြောင့်လည်း တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာလို့ ထင်ပါသည်။

QR Code ရဲ့ ထူးခြားချက်က အလကားအသုံးပြုလို့ရခြင်းပါ။ QR Code လုပ်တဲ့ Website မှာ ကိုယ်လိုချင်တဲ့ ဒီဇိုင်း၊ စာသား၊ လိပ်စာတွေကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါသည်။ အရောင်လည်း ရွေးလို့ ရပါသေးသည်။ စိတ်ဝင်စားရင် လုပ်ကြည့်လို့ ရအောင် QR Code လုပ်တဲ့ Websiteတွေ တင်ပြပေးလိုက်ပါသည်။
http://qrcode.jp/
http://www.cman.jp/QRcode/
http://qr.popdom.jp/
http://qr.quel.jp/
ဂျပန်က တီထွင်ထားတာဖြစ်လို့ Search Engine မှာရှာတာ ဂျပန် Websiteတွေပဲ ထွက်လာပါတယ်။ English Websiteလည်း ရှိကောင်းရှိနိုင်ပါမယ်။ ကျမ ရှာတာ စာတွေပဲရှိပြီး အလွယ်တကူ QR Code လုပ်လို့ ရတဲ့ English Website မတွေ့ခဲ့ပါ။

http://qr.quel.jp/ ကနေ အစမ်းလုပ်ကြည့်ထားတဲ့ Profile ပါ။ စာက ဂျပန်လိုနဲ့ English လို နှစ်မျိုးရေးလို့ ရပါတယ်။ အနက်ရောင်ကတော့ ခန့်တာပေါ့နော်။ လှတပတလေးဖြစ်ချင်ရင်တော့ အရောင်လေးတွေပြောင်းကြည့်နော်။ အရွယ်အစား အကြီး၊ အသေးလည်း ရွေးလို့ရပါတယ်။

ဒီနေရာ(http://www.cman.jp/QRcode/)က ပိုစုံပါတယ်။နာမည်လေးပါ ထည့်လို့ရပါတယ်။ ပုံလေးလည်း ထည့်ကြည့်လို့ ရလို့ လုပ်ကြည့်လိုက်တယ်။
ပန်းရောင်လေးက Blog Addressပါ။ English လို ရေးထားတာပါ။
အဝါရောင်လေးက နာမည်ကဒ်ပြားပါ။ ဂျပန်လို ရေးထားတာပါ။

ဘာရယ်မဟုတ်၊ Blog မှာ QR Code ထည့်တာ လူအထင်ကြီးလို ကြီးငြားပေါ့နော်။ ;) Japan Blog တော်တော်များများ မှာ QR Code ပါတော့ ကျမလည်း အားကျမခံပေါ့နော်။ :z တကယ်လို့ စိတ်ဝင်စားပြီး လုပ်ကြည့်ချင်တယ်ဆိုရင် ကျမကူညီပါ့မယ်ရှင်။ ရေးချင်တဲ့စာသားလေးတွေကို ပြောခဲ့ပါ။ လှပတဲ့ QR Code လေးရရန် တာဝန်ယူပါတယ်ရှင်။ အရောင်လည်း ပြောပေးခဲ့ပါနော်။

အရင်ဆုံး Comment လာရေးပေးတဲ့ ကိုရှင်ရဲထွတ်ကြီးကို Blog Address QR Code တစ်ခု လက်ဆောင် လုပ်ပေးလိုက်ပါတယ်။ :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.