Saturday, October 25, 2008

[We Fight We Win. အတုံးအရုံးတွေကြားမှာ ရွတ်ရွတ်ချွံ ချွံခုခံနေတဲ့ ဘလောက်] 1 New Entry: ဆေးမြီးတို နဲ့ ကုနေပြီ

ဆေးမြီးတို နဲ့ ကုနေပြီ



ကမ္ဘာငွေကြေးအကြပ်ရိုက်နေချိန်မှာ အစိုးရတွေက စီးပွားရေး ကျဆင်းမှုကို အစွမ်းကုန် ကြိုးပန်းဖြေရှင်းနေကြပါတယ်။ ဒီအချိန်မှာတော့ နအဖ စစ်အစိုးရ က သီပေါမင်းခေတ်က နည်းတွေကို သုံးပြီး ငွေကြေးကြပ်တည်းမှုကို ဖြေရှင်းနေပါတယ်။ ဒါကတော့ ထိင်္လက်မှတ်တန်ဖိုးတွေကို မြှင့်တယ်။ ထီဆု တန်ဖိုးတွေကိုလည်း တိုးမြင့်လိုက်ခြင်းဖြစ်ပါတယ်။ အနိမ့်ဆုံး ထီုက ကျပ်တစ်သိန်း၊ အမြင့်ဆုံးက ကျပ်သိန်းတထောင် ( ဒေါ်လာ ငွေ တသိန်းခန့် ) ဖြစ်လာပါတယ်။ ကျပ်သိန်း ၅၀၀။ ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၀၀၊ ကျပ်သိန်း ၁၀၀ စသဖြင့်ဖြစ်လာပါတယ်။ ဆုမဲတွေက ၁၆၈၄ ဆုထိ ဖွင့်ပေးမယ်လို့ ဆိုတယ်။ ဒီနည်းက ငွေကြေး အကြပ်တည်းကြောင့်ဖြစ်လာတဲ့ မဟာကပ်ကမ္ဘာမြန်မာ စီးပွားရေး ကျဆင်းမှုကြီး- long Great Depression - ကို ဆေးမှီးတိုနဲ့ ကုသနေသလိုဖြစ်ပါတယ်။ လူတွေကို မက်လုံးပေး ပြီး စီးပွားရေးပျက်နေမှုကို ရှောင်လွဲသလို ဖြစ်နေတယ်။

ပမဏ အရေအတွက် ဒေါ်လာ
သိန်း ၁၀၀၀ ဆု ၁ဆု ၁၀၀၀၀၀
သိန်း ၅၀၀ ၁ ဆု ၅၀၀၀၀
သိန်း ၃၀၀ ၃ ဆု ၃၀၀၀၀
သိန်း ၂၀၀ ၅ ဆု ၁၀၀၀၀၀
သိန်း ၁၀၀ ၁၇ ဆု ၁၇၀၀၀၀
သိန်း ၁၀ ၄၉၄ ဆု ၄၉၄၀၀၀
၁ သိန်း ဆု ၁၅၇၈၄ ဆု ၁၅ ၇၈၄၀၀

စုစုပေါင်း ဆုငွေအမေရိကန်ဒေါ်လာ ၂၅၂၂၄၀၀

ဒေါ်လာ ၂သန်းခွဲကျော် မျှသာ ငွေလည်ပတ်လာမယ်။ င်္ဒီငွေ စီဆင်းမှုက မြန်မာ့ စီးပွားရေးကို ဘယ်လိုမှတက်အောင်မလုပ်နိင်။လူတွေက တော့ ထီနောက်ကိုကောက်ကောက်လိုက်ရင်း ဖိုးဖလံတွေမီးကိုတိုးသလို ကိုယ်ကျိုးနည်းကြဦးမှာ မလွဲပါဘူး။
တကယ်လုပ်သင့်တာကတော့ အစိုးရက လျပ်စစ်ကိုအလုံအလောက်ဖြန့် ဖြူးပေး။
အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်တွေကို ငွေထုတ်ချေး။ ကျောင်းသားတွေကိုငွေထုတ်ချေး။ လယ်သမားတွေကိုလွပ်လပ်စွာ စိုက်ပျိုးရောင်းချခွင့်ပေး ဒီနည်းတွေကပဲ မြန်မာစီးပွားရေးကို ပြန်လည်ဦးမော့ လာစေမှာဖြစ်ကြောင်း မီးမောင်း ထိုး လိုက်ပါတယ်။
မိုးသီး



Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.