Saturday, October 25, 2008

[ဆိုးသွမ်း] 1 New Entry: လူ့တန်ဖိုး ဘယ်လိုသတ်မှတ်မလဲ

လူ့တန်ဖိုး ဘယ်လိုသတ်မှတ်မလဲ


လူကို အားလုံးမတူ ယူဆသော် လွဲချော်နေပါပြီ။ တူသည်ဟု ပုံသေ ယူဆပြန်သော် လွဲချော်မှု တစ်မျိုး ထပ်ဖြစ်ပြန်ပြီ။ လူ့တန်ဖိုးကို သတ်မှတ်ရာတွင် သဘောကြီး နှစ်မျိုးရှိပါသည်။

( ၁ ) ငွေကြေးနှင့် အရှိန်အ၀ါ


အပေါ်ယံ ပကာသနတို့ကို အကြောင်းခံလျက် လူ့တန်ဖိုး သက်မှတ်ခြင်း သဘောဖြစ်ပါသည်။ လူတစ်ယောက်ကို ငွေကြေးကြွယ်ဝ ချမ်းသာရုံမျှဖြင့် ၊ အရှိန်အ၀ါ အပေါ်ယံ ပကာသန အားကောင်းရုံမျှဖြင့် တန်းပြီး ဦးညွှတ်သော သဘောဖြစ်သည်။ ခင်မင်သွားသည် ၊ အထင်ကြီးသွားသည်။ ပတ်သက် ရင်းနှီးချင်မိသည်။ ဒီတော့ စကားပုံက ဒီလို ထွက်လာသည်။ " မျက်နှာကြီးရာ ဟင်းဖက်ပါ " တဲ့။ ထိုလူတွေနှင့် ပေါင်းသင်းမိသည့် လူများကိုလည်း အချင်းချင်းက " အကျိုးလိုလို့ ညောင်ရေလောင်း " တဲ့။ ထိုအရာတွေ အားနည်းသလောက် တန်းပြီး အထင်သေးသော သဘောဖြစ်သည်။ အနှစ်ကို မကြည့် ၊ အကာကိုကြည့်လျက် အောက်ခြေလွတ်နေသော စရိုက်ပျက် ၊ စရိုက်ဆိုးမျိုး ဖြစ်သည်။ နောက်တစ်မျိုးက




( ၂ ) အနှစ်ကို အကြောင်းခံသော သတ်မှတ်မှု


လူတစ်ယောက်သည် ကိုယ်ကျင့်တရား ဘယ်လောက် ကောင်းမွန်သလဲ ၊ ဘ၀တူ လူသားချင်း အပေါ် ဘယ်လောက် မေတ္တာထားနိင်သလဲ ( ဆင်းရဲသူ အချင်းချင်း ၊ ချမ်းသာသူ အချင်းချင်းပေါ် ထားသည့် စိတ်ဓတ်မဟုတ် ၊ လူဆိုသည့် သက်ရှိအချင်းချင်းအပေါ် ထားသည့်စိတ်ထားကို ဆိုလိုပါသည် ) ၊ ကိုယ့်နိင်ငံ ကိုယ့်ကမ္ဘာအတွက် ဘယ်လောက် စွမ်းဆောင် ကြိုးစားသလဲ ၊ ဘ၀ အမြင်မှန်ကန်မှု ဘယ်လောက် စွမ်းရည်ရှိသလဲ ၊ ကိုယ်နှင့် သက်ဆိုင်ရာ ပညာရပ်ကို ဘယ်လောက် ကျွမ်းကျင်သလဲ ဒီအပေါ် မူတည်လျက် လူ့တန်ဖိုးကို သတ်မှတ်ခြင်း ဖြစ်သည်။ ထိုသတ်မှတ်မှု မျိုးသည် မေတ္တာနှင့်ပညာ ပေါင်းစပ်သော သဘောဖြစ်သည်။ ဗြဟ္မစိုရ်တရားနှင့် အသိဥာဏ် အလင်းပေါင်းစပ်သော သဘောဖြစ်သည်။ လောက၏ ကောင်းမှုကို တည်ထောင်သော ၊ ဝေဆာစေသော ၊ လောက၏ ဆိုးကျိုးကို ကာကွယ်သော စရိုက်မျိုး ဖြစ်ပါသည်။


You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.