Saturday, October 25, 2008

[MANORHARY] 16 New Entries: ဂျွန်လ၏မိုးရေများ၊ရာစုသစ်မြစ်ကျဉ်းနဲ့

ဂျွန်လ၏မိုးရေများ၊ရာစုသစ်မြစ်ကျဉ်းနဲ့

"ဂျွန်လ၏မိုးရေများ"ကိုရက်ပိုင်းနဲ့ကျွန်မ..မနေမနားရိုက်ပြီးတင်ပေးလိုက်တာကအကြောင်း
နှစ်ချက်ရှိပါတယ်။ တစ်ခုကဦးလှိုင် ရဲ့ ကဗျာတွေကို (ခုဆိုဒီစာအုပ်ကရှားပါးပစ္စည်းဖြစ်နေပြီမို့)မဖတ်ဖူးသေးတဲ့သူတွေဖတ်ဖူး၊လေ့လာဖူးစေချင်တဲ့
စေတနာပါ ။ နောက်တစ်ခုက လာထားထားသွားတဲ့ ကွန်မင့် တစ်ခုကြောင့်ပါ။
သုခမိန်လှိုင်ရဲ့  "ဂျွန်လ၏မိုးရေများ" ကို"လူတော်တော်များကအထင်
ကြီးထားတဲ့စာအုပ်ဟာ ဘာမှလဲမဟုတ်ပါလား" ဆိုတာမျိုး ပြောထားတာပါ..။အမှန်က လွတ်လပ်စွာသဘော
ကွဲလွဲပိုင်ခွင့်တော့လူတိုင်းမှာရှိပါတယ်။စော်ကားခွင့်တော့မရှိဘူးလို့ကျွန်မထင်တာပဲ။
ဝေဖန်တာပါဆိုရင်လည်း ငါဟာ သုခမိန်လှိုင်ကိုဝေဖန်နိုင်လောက်တဲ့သူလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်သင့်တယ်
လို့ကျွန်မတော့ထင်တယ်လေ။
ကိုဇေယျာလင်း ကဟိုတလောလေးကပဲ ဦးလှိုင် ရဲ့  ကျွန်မတို့မဂ္ဂဇင်းမှာ အခန်းဆက်ပါသွားပြီး၊လုံးချင်းပြန်ထုတ်ထားတဲ့
"အင်ဒီဝါးဟိုးတို့ကမ္ဘာ" ဆိုတဲ့ကဗျာစာအုပ်နဲ့ပတ်သက်ပြီး ဝေဖန်ထားတာကိုတွေ့ရပါတယ်။သူ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး
ဦးလှိုင် ပရိသတ်တွေကတစ်မျိုးမြင်နိုင်သလို ကိုဇေယျာလင်း ပရိသတ်တွေကလည်း တစ်မျိုးမြင်နိုင်တာပဲ။
အဲလိုပဲဘယ်သူ့ပရိသတ်မှမဟုတ်တဲ့သူတွေကလည်းတစ်မျိုးထပ်တွေးနိုင်သေးတယ်။ ဆိုလိုချင်တာက သူသည်
" ဇေယျာလင်း "ဖြစ်နေတဲ့အတွက် သူမှာပြောခွင့်ရှိနေတယ်။ သဘောမတူတာတူတာက သူ့အလုပ်မဟုတ်ဘူး ။
ရေးသူဟာ ဇေယျာလင်း ဖြစ်တဲ့အတွက် လူတွေကလည်း အာရုံ စိုက်ကြတယ်။ ထင်ရှားတဲ့ ပြယုဒ်တစ်ခုကို ဘာမှမဟုတ်ပါဘူး လို့ ပြောလိုက်ရတာဟာ ကိုယ့်အရည်အချင်းမဟုတ်ဘူးဆိုတာတော့
လူငယ်တွေ သိထားသင့်တယ်လို့ထင်တာပဲ။
ကိုသိန်းဇော် စကားနဲ့ပြော ရရင် "ခင်ဗျားတို့ ဘာမှမဟုတ်ပါဘူးလို့ပြောဖို့ ကျွန်တော်အများကြီး
ကြိုးစားထားပါတယ်"
ဆိုတာမျိုးများဖြစ်နေမလားလို့လည်းတွေးမိတယ်။
ဘာမှမဟုတ်ပါဘူးလို့ပြောရတာလွယ်ပါတယ်။ ဘာမှမဟုတ်ပါဘူးလို့ပြောနိုင်တဲ့နေရာတစ်ခုကိုအရင်ရောက်ထား
အောင်လုပ်ဖို့ပဲခက်တာပါ။နောက်တဆက်တည်းပြောချင်တာက "ရာစုသစ်မြစ်ကျဉ်း" အကြောင်းပါ။
ဒီရာဇ၀င်နဲ့ပတ်သက်ပြီး ကျွန်မ ကဗျာတွေမတင်ခင်ကတည်းကရှင်းထားခဲ့ပြီးပါပြီ။ဘယ်သူတွေ နဲ့ဘယ်လို
စခဲ့တယ်ဆိုတာကို။ ကျွန်မတို့ဟာ အဲဒီကတည်းက ကဗျာ အနုပညာကိုပဲအဓိကထားလုပ်ခဲ့
ကြတယ်ဆိုတာ လက်ရှိ အနုပညာကိုဆက်လုပ်နေသူတွေကိုကြည့်ရင်သိနိုင်ပါတယ်။
ကျွန်မတို့အားလုံးဟာတူညီတဲ့ ကဗျာအပေါ်ယုံကြည်သက်ဝင်မှု တစ်ခုတည်းနဲ့ အစပြုခဲ့ကြ
တာဖြစ်ပါတယ်။လူငယ်ပီပီ ၊အနုပညာခံစားချက်အားကောင်းကြတဲ့သူတွေပီပီ ခေတ်ကိုထင်
ဟပ်စေတဲ့ကဗျာမျိုးတွေရေးရင်ရေးခဲ့ကြလိမ့်မယ်။ ဒါပေမယ့် ဦးတည်ချက်ကတော့ အနုပညာ
ပါပဲ။ဒီလိုပြောလို့ ကျွန်မကိုတစ်မျိုးမြင်ရင်မြင်လိမ့်မယ်..။ကိစ္စမရှိပါဘူး။ ကျွန်မလိုလားတာက
တကယ့်အဖြစ်အပျက်ဟာဘာလဲဆိုတာပါပဲ။ ကျွန်မတို့ဟာ ကိုထိန့်ကဗျာ ထဲကလို ကန္တာရ
ဖြတ်နေတဲ့ကုလားအုတ်တွေပါ...ရွက်ဖျင်တဲထဲအရိပ်ခိုဖို့ အစီအစဉ်မရှိပါဘူး...။

နောက်ထပ်လည်းကျွန်မ မအားလပ်တဲ့ကြားက ဦးအောင်ချိမ့်၊မောင်ချောနွယ်၊ဖော်ဝေး တို့ ရဲ့ 
မှတ်တိုင် တစ်ခုဖြစ်တဲ့ "သစ်ရွက်အသေများပေါ်ကရက်စက်သောဂီတ"ကိုတင်ပေးပါဦးမယ်။
သူတို့ ရဲ့ ကြိုးစားထားခဲ့မှုတွေကို လေ့လာခံစားချင်တဲ့ သူတွေနဲ့ ဘာမှမဟုတ်ပါဘူးကွာ လို့
ပြောချင်ကြမယ့်သူတွေအတွက်ပါ။

ဂျွန်လ၏မိုးရေများ - နောက်ဆုံးပို့စ်

ဖြည့်စွက်ဖတ်ရှုပါ

မိုးရေတွေထဲမှာဆိုတဲ့မာတိကာအညွှန်းမှာ"တနင်္ဂနွေတခုရဲ့ ခံစားမှု"
ကျန်ရစ်ခဲ့တဲ့အတွက်ဖြည့်စွက်ဖတ်ရှုပါရန်။

ပုဂံစာအုပ်တိုက်မှစီစဉ်ပေး၊ဖြန့်ချီပေးပါတယ်။

ဤတွင် "ဂျွန်လ၏မိုးရေများ"ပြီး၏..။

ဂျွန်လ၏မိုးရေများ

ဆေးလိပ်မီးခိုးများကိုစက္ကူအိတ်ထဲထည့်ခြင်း

နောက်သုံးနှစ်မှာ
ငါဟာဘာဖြစ်မလဲ။

ဖင်မလီယာပိုင်ရှင်လား။
ဂျိန်းဖောင်ဒါရဲ့ ခင်ပွန်းလား။
လဖက်ရည်ဆိုင်အလုပ်သမားလား။
လန်ဒန်သဗျစ်ခြံကသူဌေးလေးလား။
ဗီယက်နမ်တော်လှန်ရေးရဲဘော်လား။
အစိုးရအကျဉ်းသားလား။
အင်ဒီရာဂန္ဒီရဲ့ အတွင်းရေးမှူးလား။

နောက်သုံးနှစ်မှာ
ငါဟာဘာဖြစ်မလဲ
ဘာဖြစ်မလဲ။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

စိတ်ကူးထဲကချိုချဉ်များ

ကျနော်လိုချင်တာ
သုံးခုရှိပါတယ်။

မေရှင်ရဲ့ ပျို့ မှာတမ်းဓါတ်ပြား။
ပီကာဆိုရဲ့ ပန်းချီကားတချပ်။
၃၁လမ်းကဂွက်ထော်။

ကျနော်မလိုချင်တာသုံးခုကတော့
နစ်ဆင်၊သူ၏လမ်းစဉ်နဲ့
ငြိမ်းချမ်းရေး။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

ပေါင်မုံ့စားသူများအကြောင်း

နက်စကဖီးရယ်
ရှယ်နယ်နံပါတ်ငါးရယ်
စတော်ဘယ်ရီပင်ရယ်
သင်တို့ကိုကျွန်ုပ်လေးစားပါတယ်။

သင်တို့ရဲ့ အရှင်သခင်"လူ"တွေကတော့
"ဘယ်ရီကရင်းလိမ်းရတယ်"
"ဆံပင်တိုတိုညှပ်ရတယ်"
"ကောလိပ်ပညာတတ်ရတယ်"
"ဘုရားရှိခိုးရတယ်"
"ရွန်နယ်လ်ကားစီးရတယ်"
"ဗက်၆၉သောက်ရတယ်"
ဒီစာတမ်းတွေရှေ့ မှာပြပြီး
ဒေါသဖြစ်ကြ အတင်းပြောကြ
အနာလိုကြ၊စိတ်ထားညစ်ကြ
ဒီလိုနဲ့စစ်ဆိုတာဖြစ်လာကြတယ်။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

အရက်ဆိုင်မှထခဲ့ပြီးနောက်

"ဂျက်ကလင်း"ဟာ
"အိုနာစစ်"နဲ့ 
နှုတ်ခမ်းချင်းနမ်းစုပ်နေပါစေ။

မင်းဟာ
မာရ်စကာဘရန်ဒီ
စဲလ်မီစီးကရက်
ဖီးယက်လိမ်မော်ရောင်
ဖူဂျီတောင်ပြာ
ချီကာဂိုနိုင်လွန်
ရှောင်ကွန်နရီရဲ့ ရုပ်ရှင်ရိုက်ခတို့ထက်
တန်ဖိုးရှိအချိန်များမှာ
အလုပ်တစ်ခုအားလုပ်ပါ
ဘာကြောင့်
ဂျက်ကလင်းရဲ့ အတင်းပြောနေတာလဲ။

ပီးတော့၊ငါနဲ့မင်းလဲ
"ဂျက်ကလင်း"ကိုရမယ်ဆိုရင်
လိုချင်ကြတာပဲမဟုတ်လား။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

ရွှေဝါရောင်သရက်သီး၏နောက်ဆုံးအချိန်

သရက်သီးရွှေဝါရောင်ငဲ့
စိမ်းမှောင်ရွက်ရင့်၊သရက်ပွင့်တို့ကြားမှ
သင့်ကိုခူးရပါတော့မည်။

ခွင့်လွှတ်ပါ
မျက်နှာလှသူ၊အသဲလှသူ
ငွေဖြူရောင် "ခရစ်"နှင့်
ကျွန်ုပ်ချစ်သူစားရန်
သင့်အားခူးရပါတော့မည်။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

အိမ်ဖြူတော်အပ်နှင်းခြင်း

သင်ဟာအညတြတဦးပါ
သင် "နစ်ကဆင်"ရဲ့ "သမ္မတ"ရာထူးရတဲ့အခါ
ဗော်ယဂါအနီ၊ကာဆီနိုပွဲရုံ
ဥရောပသက်တန့်ရောင်စုံ
ရန်ကုန်ညနေခင်း၊ဟန်ဂေရီမြို့ တော်
မော်စကို "ညဖြူ"များအား
လှပစေမလား၊ဗုံးကြဲပစ်မလား
သင်ဟာ"ဟစ်တလာ"ရဲ့ ဖခင်ဖြစ်မလား။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

လှပတဲ့ရပ်ကွက်များ
အမိုးနီနီအိမ်များ
ရေဒီယိုတေးသံများ
ရှမ်ပိန်ရောင်မီးပွင့်များ
စန္ဒယားရောင်လမ်းမများနဲ့
ခမ်းနားပေ့မြို့ တော်ရဲ့ ရပ်ကွက်များ။

ရပ်ကွက်မှာနေသူများကား
အရက်သမား၊ဖဲသမား
ဖုရားလူကြီး၊မြို့ သူဗိုလ်ကတော်
ဗိုက်သားပေါ်တဲ့အရာရှိမယားငယ်နဲ့
အခြားဟန်ဆောင်ကောင်းကြသူများ။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

တနင်္ဂနွေတခုရဲ့ ခံစားမှု
လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။

ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ကရီရတယ်။

နှင်းဆီမလေးရဲ့ အပြုံးများဟာ
ငါ့ကိုဖမ်းစားသွားခဲ့တယ်။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

လဖက်ရည်တခွက်
ငွေလရောင်ခြည်ကို
ချစ်သူ့ထမီထဲမှာထည့်ချင်တယ်။

ဆိုဖီယာလိုရင်းနှုတ်ခမ်းကို
နမ်းစုတ်ချင်တယ်။

အားလုံးအာသာပြေအောင်
လဖက်ရည်တခွက်ပဲ သောက်လိုက်ပါတယ်။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

ငှက်ပျောသီးစားသူသို့

လမ်းမအနက်ရောင်ပေါ်မှာ
ငှက်ပျောခွံမပစ်ပါနဲ့။

ဆူကာနို၊နစ်ဆင်
ဂျွန်ဆင်၊ဒေါက်တာနိုး
ဘားဒိုး၊ဂိုးလ်ဖင်းဂါးတို့
နင်းမိသွားလျှင်အရေးမကြီးပါ။

ဇီးသီးရောင်းသူလေး
ဆေးလိပ်သမလေး၊ကျေးရွာသူလေး
မြို့ ကျောင်းသူလေးများ
နင်းမိသွားလျှင်သနားစရာ။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

နံနက်ရှုခင်း

နှင်းဆီရောင်နေမင်း
နံနက်ခင်းမှာစိမ်းလန်းနေတယ်။

ဘ၀ဟာ
ဂင်ဇာလမ်းမလား
ချက်စတာဖီးစီးကရက်လား
တက်နေ၀င်းလဖက်ရည်ဆိုင်လား
ဟနွိုင်တိုက်ပွဲလား၊ပဲရစ်မြို့ တော်လား
ကော်နီဖရန့်စစ် တေးသံလား
အတွေးများလှုပ်ရှားနေတယ်။

ဟော၊မြောက်ဖက်လမ်းမှာ
သရက်သီးသည်တောသူမလေး
မြို့ ကကျောင်းသူမလေး
အဖြူ၊အညို၊အပြာ၊အ၀ါ
အင်း ဒါဟာ ဘ၀ပေါ့။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

ငရုပ်သီးဟာသကြားလုံးမဟုတ်ပါ
ရွှေဆံတော်ဘုရားမှာ
ခြင်္သေ့ရုပ်ဟာထိုင်နေတယ်။

သင်ဟာ ကမ္ဘာထဲမှာ
မာမာအေးတေးသံ၊ဂျပန်ချယ်ရီ
နှင်းဆီရောင်မာဇဒါ၊ဧရာဝတီည
ဆစ်ဒနီဂျုံခင်း၊စပရင်းရာသီ
အီတလီအပျိုမနဲ့
အလှအပပစ္စည်းတွေချည်း
ရှိစေချင်ရင်
သင်ငါပြောသလိုလုပ်ပါ။

ရွှေဆံတော်ဘုရားကခြင်္သေ့ရုပ်ကို
မြေမှာလဲကျအောင်
သင့်ရဲ့ လက်သီးနဲ့ထိုးပါ
ခြင်္သေ့ရုပ်ဟာလဲကျသွားရင်
သင်ဖြစ်ချင်တာ
တွေဖြစ်လိမ့်မယ်လေ။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

ပိုက်ဆံမရှိသောနေ့များ

စီးကရက်တစ်လိပ်
ပေါင်မုံ့တလုံး၊လဖက်ရည်တခွက်ပဲ
တမ်းတပါတယ်။

မာဇဒါ၊ရီကော်တာ
မန္တလေးဘီယာ
ဒေါက်တာဇီဗားဂိုးရုပ်ရှင်
တင်တင်လှရဲ့ တေးဂီတများ
သတိမရနိုင်ပါ။
သိဒ္ဓတ္ထလှိုင်

ဂျွန်လ၏မိုးရေများ

လဖက်ရေ

စီးကရက်တလိ

စီးကရက်
လဖက်ရေ
ပေါင်မုံ့

စီးကရက်


ဇဒါ၊ရီကော်တာ၊ဘီယာ၊ဇီဗားဂိုးရုပ်ရှင်၊တင်တင်လှ၊ပုလဲ၊ရှိုးဒေါင်း၊နစ်ကဆင်၊ ၁/၈ ဒေါ်လာ၊မာဇဒါ၊ရီကော်တာ


သိဒ္ဓတ္ထလှိုင်


ကဗျာကစီထားပုံက အဲလိုကြီးတော့မဟုတ်ဘူး။ဒါပေမယ့် အနီးစပ်ဆုံးတူအောင်တော့စီပေးလိုက်တယ်။
ဖိုတိုရှော့နဲ့သေချာလုပ်ကြည့်ပြီးရရင်ထပ်တင်ပါဦးမယ်။ခုတော့ ကျော်ကသွားချင်တာနဲ့ ..

You received this email because you are subscribed to the real_time feed for http://manorhary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.