Saturday, October 25, 2008

[HAPPYCLOUD] 1 New Entry: မိုးမောင်နှင့် ၀ိတ်သားများ...

မိုးမောင်နှင့် ၀ိတ်သားများ...


ယောကျာင်္းလေးတွေ လူပျိုပေါက်ဖြစ်လာရင် အဓိကအဖြစ်ချင်ဆုံးက ယောင်္ကျားပီသတဲ့ ခန္ဓာကိုယ် အချိုး အစားကို ပိုင်ဆိုင်ချင်ကြတယ်း)။ ဒီတော့ လူငယ်တိုင်းက နီးစပ်ရာ အားကစားတစ်ခုခုကို လုပ်ခဲ့ဘူးကြတာပေါ့။ မိုးမောင်တို့ကတော့ အစုံကိုလုပ်ခဲ့တာ ဘောလုံး(လာထား)၊ ပိုက်ကျော်ခြင်း(ဗျင်းပြီးသား)၊ အပြေး(မနက်ဆို ဦးဝိ စာရလမ်း၊ အင်းယားကန်)၊ ကာယဗလ(ညနေဆို ၀ိတ်ရုံ) အဲလို အဲလို ငှဲ..ငှဲ။ ဒီလိုတွေ ကမြင်းခဲ့တော့ မိုးမောင် ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ရောင်းရင်းတို့ ခန့်မှန်းကြည့်ပေါ့ ဘယ်လောက် ကြည့်ကောင်းနေမယ်ဆိုတာ၊ ပြီးတော့ ရုပ်ခံကလည်း ဂျွန်စော.. ဟင်း..ဟင်း။ ဒီလောက်သရုပ်ဖော်ပြရင် ရောင်းရင်းတို့လည်း မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်လောက်ပြီပေါ့။ ရပြီဗျာ.. ဒီလောက်ကြွားရရင်....း)
၁)
ခုပြောပြချင်တာက ယောင်္ကျားလေးတွေရဲ့ လူပျိုပေါက်စိတ်ဓာတ်။ အဲဒီ အချိန်အခါမှာ ယောင်္ကျားလေးတွေရဲ့ သူရဲကောင်းဆန်တဲ့ စိတ်၊ အနစ်နာခံတတ်တဲ့ စိတ်၊ အားနားတတ်တဲ့ စိတ်၊ ဂလေရိုက်ချင်တဲ့စိတ်၊ ရုပ်ရှင်ထဲက လူမိုက်တွေလို ဆတ်ဆတ်ထိမခံ နေကြည့်ချင်စိတ်၊ တချို့များ ဖွန်ကြောင်ချင်တဲ့စိတ်(မိုးမောင်မပါ အထူးအာမ ခံသည် ယုံ..ယုံ) စတဲ့စိတ်တွေ စတင်ထွန်းကားတဲ့ အချိန်ပေါ့။ ပြီးတော့ လူပျိုပေါက်အရွယ်တွေဟာ ပရဟိတ စိတ် သိပ်ရှိကြတာ၊ အဲဒီ့ကီးတွေကို သိတဲ့ ရပ်ကွက်ထဲက အပျိုကြီးတွေနဲ့ ကောင်မလေးတွေက ညာညာပြီး ဟိုခိုင်း ဒီခိုင်း အလုပ်ခံရတတ်တဲ့ အချိန်ပါပဲ။
၂)
အဲဒီတုန်းက.. မိုးမောင်ရဲ့ စိတ်မှာဖြစ်ပေါ်နေတာကတော့.. သူရဲကောင်းဆန်ချင်တဲ့စိတ်။ အားပြီဆိုတာနဲ့.. သိုင်းဝတ္တုတွေ ဖတ်တယ်၊ တရုတ်သိုင်းကားတွေ ကြည့်တယ်။ ဒါပေမယ့် သူရဲကောင်းဖြစ်ဖို့ ဒါတွေလုပ်ရုံနဲ့ မရဘူးဆိုတာ သိလာတယ်။ ဒီတော့ ကမြင်းနေကျ အားကစားတွေအပြင် မိုးမောင်က ဘော်ဒီတောင့်ဖို့အတွက် ၀ိတ်မဖို့ ကြံစည်တော့တာပေါ့။ ဒါနဲ့ ရပ်ကွက်မှာရှိတဲ့ ၀ိတ်ရုံကို စာရင်းပေးဖို့ သွားတယ်။ ၀ိတ်ရုံရောက်တော့ အ၀မှာ လူထွားကြီးတစ်ယောက်က စာပွဲတစ်လုံးနဲ့ ထိုင်နေတယ်၊ သူက၀ိတ်ရုံတာဝန်ခံနဲ့ နည်းပြဆိုပဲ။ အထဲမှာ တော့ ၀ိတ်သားတွေ လေ့ကျင့်နေကြတာ တွေ့တယ်ဗျာ။ မိုးမောင်လဲ ၀ိတ်သားဖြစ်ချင်နေတော့.. အစိတ်သား လောက်ဖြစ်နေတဲ့ ကိုယ့်ဘော်ဒီအတွက်.. မြန်မကြာ စာရင်းပေးရတော့တာပေါ့...
၃)
"ဦးလေး... ကျနော် စာရင်းသွင်းချင်လို့ပါ"
"(((ဘာကွ)))" "ငါ့အရွယ်က ဦးလေးလား...အကိုကြီးလို့ ပြောင်းခေါ်"
အဲဒါသာ ကြည့်တော့ဗျာ ၀ိတ်သားဖြစ်ချင်လို့လာတာ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း.. ၀ိတ်မတဲ့သူတွေ များ အရွယ်ဘယ်လောက် တင်ချင်နေလဲလို့ ဦးလေးတောင် အခေါ်မခံနိုင်ဘူး။ ဒါနဲ့ပဲ..
"ဟုတ်ကဲ့ပါ အကိုကြီး.. ကျနော် ၀ိတ်သားဖြစ်ချင်လို့ပါ"..
"အာ.. ဘာဝိတ်သားလဲကွ... ဒါ Body Building လုပ်တဲ့ အားကစားသမားတွေအတွက်ကွ"
"ကာယဗလသမား ဖြစ်ချင်လို့ ပါလို့ပြော"
"အင်းလေ.. အကိုကြီးရယ်.. ကျနော်လဲ အကိုကြီးပြောတဲ့ ဟာမျိုးကြီး ဖြစ်ချင်လို့ပါ"
"အေး.. ဒါဆို ၀ိတ်သား.. ၀ိတ်သားနဲ့ မခေါ်နဲ့.. ကာယဗလသမားတွေ နာမည်ပျက်တယ်"
"ဟုတ်ကဲ့...ဟုတ်ကဲ့"
"ပြော.. မင်းနာမည်၊ အသက်၊ နေရပ်၊ ပြီးတော့ သင်တန်းကြေး"
" ဟုတ်ကဲ့...@ ! # $ $$ % ^_^......"
၎)
ဒီလိုနဲ့ မိုးမောင်ဟာ ၀ိတ်သား(အဲလေ) ကာယဗလသမားဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ ကာယဗလလေ့ ကျင့်ခန်းကို သုံးရက်ကစား တစ်ရက်နား စနစ်နဲ့ ကစားရပါတယ်။ အဲဒီသုံးရက်မှာ ပထမရက်.. ကိုယ်ခန္ဓာ အပေါ်ပိုင်းဖြစ်တဲ့ လက်မောင်းနဲ့ ဆုံကို အဓိကထားကစားတယ်၊ ဒုတိယနေ့ ရင်အုပ်ကို အဓိကထားကစားတယ်၊ တတိယနေ့ အောက်ပိုင်း.. ပေါင်နဲ့ ခြေသလုံးကို ကစားပါတယ်။ အဲဒါပြီးရင်တော့ တစ်ရက်နားရပါတယ်။ မိုးမောင်က ပထမနှစ်ရက်တော့ အေးဆေးပေါ့.. ၀ိတ်မတာ ဒလောက်ပဲလား၊ အကြောတင်းရုံလေးဆိုတော့... ဟင်း..ဟင်း မမှု..မမှု။ နောက်ဆုံး အောက်ပိုင်းကစားတဲ့ရက်မှ အသဲကွဲတာဗျာ...း(။
၅)
လုပ်ရတာလဲ ကြည့်အုံး.. ပေါင်၁၀၀ကျော်အလေးကို ထမ်းပြီး Squating လုပ်ရတယ်။ တစ်ကြော့ကို ၁၀ခါလုပ် ရတယ်.. စုစုပေါင်း အဲလို ၄ကြော့။ ပြီးတော့ squats တွေကလည်း မျိုးကို စုံနေတာပဲ။ အဲဒီတုန်းက မိုးမောင် ကိုယ်အလေးချိန်က ပေါင်၁၁၀ကျော်လေးပဲ ရှိတာ..ကစားရတဲ့ အလေးက ပေါင်၁၀၀ကျော်ဆိုတော့.. စဉ်းစား သာကြည့်တော့.. မိုးမောင် အောက်ပိုင်းလေ့ကျင့်ခန်းတွေလဲ ကစားပြီးရော.. မိုးမောင်ရဲ့ အိမ်ပြန်လမ်းမှာ လူက မြောက်ကြွမြောက်ကြွကို ဖြစ်လို့ပေါ့။ ၀ိတ်မပြီး မာန်တက်တာ မဟုတ်ဘူးနော်.. ကွသွားတာ။ ဒီတော့မှ မိုးမောင် လည်း ၀ိတ်သားတို့ရဲ့ ဘ၀ကို သနားချစ်လေး ချစ်မိသွားတယ်။
၆)
ဘာလိုလိုနဲ့ သုံးလကျော်လောက်ကြာတော့ မိုးမောင်ရဲ့ ကိုယ်ခန္ဓာက သူ့နေရာနဲ့သူ ကြည့်ကောင်းလာတယ်း)။ မိုးမောင်ကလည်း နဂိုကတည်းက သူရဲကောင်းဝါဒ၊ နည်းနည်း တောင့်တောင့်တင်းတင်းလေး ဖြစ်လာတော့.. မာန်တက်ပြီး ၀တ်လိုက်ရင် စွပ်ကျယ်ချည်းပဲ။ ဆောင်းတွင်းလည်း အအေးပတ်ခံပြီးကိုဝတ်တာ၊ သူရဲကောင်းဆို တာ အဲလိုမျိုး။ မကြာပါဘူး.. မိုးမောင် ဆေးခန်း၁ပတ်လောက် ပြေးလိုက်ရတယ်၊ အဆုတ်အအေးမိလို့တဲ့။ ဒီတော့မှ မိုးမောင်လည်း စွပ်ကျယ်ကို စိတ်နာသွားတယ်.. ပြီးတော့ လူလည်းချောင်ကျသွားတယ်။ သြော်ဒါဟာ ၀ိတ်သားတွေရဲ့ ရှောင်သင့်တဲ့ အရေးကြီးဆုံးအချက်ဆိုတာ.. ဆေးဖိုးနဲ့ ရင်းပြီး သိလိုက်ရပြန်တယ်..။
၇)
မိုးမောင်ရဲ့ ၀ိတ်သက်တမ်းလေး ၆လလောက်ကြာလာတော့ မိုးမောင်တို့ ၀ိတ်ရုံရဲ့ လူငယ်တန်းမှာ မိုးမောင်ကို အံတုတဲ့ ငနဲတစ်ကောင် ပေါ်လာတယ်။ ရခိုင်ကလာပြီး ပန်းတိမ်လုပ်တဲ့ ငနဲ။ သူက စရောက်ကတည်းက အားလုံးကို ဂျိုကြည့်ကြည့်တာ။ ခန္ဓာကိုယ်ကလည်း နည်းနည်းတောင့်တယ်၊ တောမှာ အလုပ်ကြမ်းလုပ်လာ ပုံပေါ်တယ်။ ရောက်ရောက်ချင်း အကြောတောင် မလျော့ဘူး မိုးမောင် မ နေတဲ့ အလေးကို အသာလေးမပြ တယ်။ ပြီးတော့ အလေးတောင် ထပ်တိုးပြီး လုပ်ပြသွားသေးတယ်ဗျာ။ ဒါ.. သက်သက်ကျောတဲ့ သဘောဆိုတာ သိပေမယ့် အသာလေး ပြုံးနေလိုက်တယ်။ အလေးရဲ့ သဘောကို သူနောက်နေ့ အိပ်ယာထမှ သိမှာကိုး။ စနစ်ကိုလည်း နားမလည်သေးတော့ ဒင်းက သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတာ။
၈)
အဲဒီလို တစ်ရက်တည်း မပြပြီး ကိုယ်တော်က နောက်နေ့မိုးလင်းတော့ အိမ်ယာထဲမှာ ကယ်ပါယူပါနဲ့ အော်နေရ တယ်လို့ သူ့အခန်းဖော် ရခိုင်တစ်ယောက်က လာပြောတယ်။ ဘာလို့လဲ ဆိုတော့ အကြောတွေ အရမ်းနာပြီး လက်နှစ်ဖက်က ကိုယ်လုံးကိုတောင် ကပ်မရဘူးဖြစ်နေတယ်.. ကားကားကြီးး) မျက်နှာတောင် သစ်လို့မရဘူး ဆိုပဲ။ ပြီးတော့ သူတစ်ပတ် ၁၀ရက်လောက် ကြာတော့မှ ပြန်ရောက်လာတယ်။ အဲဒီတော့ အပိုးတော်တော် ကျိုးနေပြီ။ မိုးမောင်ကိုတောင် လာချုပ်လိုက်သေး...
၉)
"ကိုမိုးမောင် အတူတူကစားရအောင်ဗျာ" တဲ့... ဒီတော့ ဒီကလည်း သူ့ကို ခပ်ထေ့ထေ့လေး ကြည့်ပြီး...
"ခင်ဗျား မသလောက် ကျနော် မ မနိုင်ဘူးဗျ"
"ဖြစ်မှာ မဟုတ်ဘူး အကြီးတန်းတွေနဲ့ သွားကစားပါ"လို့ ပြောတော့... လူကောင်ကြီးမှ အားမနာ မျက်နှာငယ် လေးနဲ့ မိုးမောင်ကို မျက်လုံးရွဲတွေနဲ့ တွေတွေကြီး စိုက်ကြည့်ပြီး...
"အကို.. ကျနော်ဟာ အနေအထိုင်အပြောအဆို မတတ်လို့ပါ"
"အကို့ အပေါ် ကျောသလို ဖြစ်ခဲ့ရင် ကျနော်ကို ခွင့်လွှတ်ပါ" တဲ့... သူက ဒီလိုဆိုတော့လည်း မိုးမောင်တို့က အေးဆေးပါပဲ.. နောက်တော့ သောက်ဖော်စားဖက် ဘော်ဒါတွေတောင်ဖြစ်လို့..း)။
၁၀)
ကာယဗလ အဖွဲ့ချုပ်က လုပ်တဲ့ ကာယဗလနဲ့ ကာယအလှမယ်ပြိုင်ပွဲဆိုရင် မိုးမောင်တို့ ၀ိတ် ရုံက အားကစား သမား တော်တော်များများက သွားကြည့်ဖြစ်ကြတယ်။ မနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာပွဲဆိုရင် တပြုံကြီးကို သွား ကြည့်တာ၊ မိုးမောင်လည်း ဒီလိုပွဲမျိုး မကြည့်ဘူးတော့ လိုက်သွားတာပေါ့။ လုပ်တာက (MCC) myanmar convention center မှာလုပ်တာ၊ အဲဒီပြိုင်ပွဲမှာ ကိုယ်အလေးချိန်ကိုလိုက်ပြီး အငယ်တန်း၊ အလတ်တန်း၊ အကြီး တန်းဆိုပြီး ပြိုင်ကြတယ်။ အမျိုးသမီးတွေကလည်း အဲလိုပဲ အဆင့်တွေခွဲပြီး ပြိုင်ကြတယ်။ အမျိုးသားပြိုင်ပွဲမှာ ကိုယ့်ဝိတ်ရုံက လူတွေလည်း ၀င်ပြိုင်ကြတော့ မိုးမောင်တို့က အပီအားပေးရတာပေါ့။ မိုးမောင်ဆို အသံတွေ တောင်ဝင်တယ် အော်ရလွန်းလို့။ ကာယဗလသမားတွေက ကိုယ့်ခန္ဓာကိုယ်ကို သတ်မှတ်ထားတဲ့ Position တွေကို လုပ်ပြပြီး ဒိုင်တွေရှေ့မှာ ညှစ်ပြရတယ်း)။
၁၁)
အဲဒီမှာ ၀င်ပြိုင်တဲ့ အားကစားသမားတွေထဲက ဒိုင်တွေက သူတို့အနေနဲ့ မသဲကွဲတဲ့ Position တွေဖြစ်နေရင် ပြိုင်ပွဲဝင်တွေကို compare ပြန်လုပ်တယ်။ အဲဒီမှာ များသောအားဖြင့် ဒိုင်တွေက အောက်ပိုင်းကို ပြတဲ့ Post ဆိုရင် compare လုပ်တာများတယ်။ ဒီတော့ သူတို့ ယှဉ်ပြီဆိုရင်.. မိုးမောင်တို့က စင်အောက်ကနေ လိုအပ် နေတဲ့ ကြွက်သားအစိတ်အပိုင်းကို ကြည့်ပြီး အော်ကြတယ်။ ဒီတော့ အောက်ပိုင်းကြွက်သား ပြတဲ့ post ဆိုရင် မိုးမောင်တို့ အဖွဲ့ အသေအော်ပေးရတယ်.. "အောက်ပိုင်း ညှစ်ထား၊ အောက်ပိုင်း ညှစ်ထား" ၊ ၀မ်းဗိုက်သား ဆိုရင်လည်း "ဗိုက်သား ဗိုက်သား"ပေါ့ အဲလို အသံကုန်ကို အော်ရတာ.. မလွယ်ဘူး။ ကိုယ်ဝိတ်ရုံက ပြိုင်တယ် ဆိုတော့ အားပေးရတာပေါ့ဗျာ။
၁၂)
အမျိုးသားတွေ အလှည့်ပြီးတော့ အမျိုးသမီးတွေအလှည့်၊ တလှည့်စီပြိုင်ကြတယ်။ အမျိုးသမီးတွေကြတော့ မိုးမောင်တို့က သူတို့ post တွေကို နားမလည်ဘူးလေ၊ ဒီတော့ ကြည့်ရုံပဲ ကြည့်ရတာပေါ့ဗျာ။ (နားသာမလည် တာ ကြည့်လို့တော့ ကောင်းသားဗျ :P) အဲဒီအချိန်မှာ ဘေးနားမှာ ထိုင်နေတဲ့ အဒေါ်ကြီးတစ်ယောက်က အကူ အညီတောင်းလာတယ်။
၁၃)
"သားတို့... အန်တီ့ကို တစ်ခုလောက်ကူညီပါလား"
"ပြောပါ အန်တီ".." အခု ပြိုင်ပွဲမှာ အန်တီ့သမီးပါလို့.. နည်းနည်းလောက် အားပေးပါအုံး.."
"ဟုတ်ကဲ့..ရပါတယ် အန်တီ့သမီးက နံပါတ် ဘယ်လောက်လဲ"
"အိုကေသား.... အန်တီ့သမီးက ခါးနံပါတ်(၁၃) သူ့အလှည့်ဆို အော်ပေး"
"ကျယ်ကျယ်လေး အော်နော်.." "ပြီးရင် သားတို့ကို အန်တီ လဖက်ရည်ဖိုးပေးမယ်"
"အာ.. ရပါတယ် အန်တီရ.. မလိုပါဘူး..ကျနော်တို့က အားကစား စိတ်ဓာတ်ရှိပါတယ်"
"အို.. ဘယ်ဖြစ်မလဲ... အန်တီက မင်းတို့ အဖွဲ့ကိုကြည့်ပြီး နဂိုတည်းက လဖက်ရည်တိုက်ချင်နေတာ"
"ကောင်းပါပြီဗျာ..." ဒါနဲ့ မိုးမောင်လည်း ဘော်ဒါတွေဖက်လှည့်ပြီး...
"ကဲ... သယ်ရင်းတို့ရေ စပွန်ဆာ ရှိတယ်နော်.. Vocal power ပြကြစို့"....
၁၄)
အဲဒီမှာ တချို့အမှတ်ပေးဒိုင်တွေက ပရိတ်သတ်အားပေးတဲ့ အပေါ်မူတည်ပြီး အမှတ်ပေးတာလည်း ရှိသေးတယ် လို့ ကြားဖူးတယ်။ ဒီတော့ အန်တီကြီးက သူ့သမီးဆုရဖို့အတွက်.. ကျနော်တို့ကို အကြံအဖန်လုပ်တာပေါ့ဗျား)။ မိုးမောင်တို့ကလည်း လဖက်ရည်ပါတိုက်မယ်ဆိုတော့ အားတက်သရော ကူညီချင်နေတာပေါ့။ ဒီလိုနဲ့.. အမျိုး သမီးကာယအလှပြိုင်ပွဲက စတင်လာပါတယ်။ ခါးနံပါတ်စဉ် (၁)ကနေ အစဉ်အတိုင်း ထွက်လာကြတယ်...ပြီးတော့ သူတို့လည်း သတ်မှတ်ကိုယ်ဟန်တွေပြပြီး ယှဉ်ပြိုင်ကြတယ်။ ထုံးစံအတိုင်း ဒိုင်တွေကလည်း သူတို့ အမြင်မရှင်းတဲ့ post တွေကျရင်.. ပြိုင်ပွဲဝင်တွေအချင်းချင်း compare လုပ်တယ်။ အဲဒီလို compare အလုပ်ခံရ တဲ့ ပြိုင်ပွဲဝင်တွေက အရွေးခံရဖို့ အခွင့်အလမ်းရှိတယ်။ ဒီတော့ compare လုပ်ပြီဆိုတာနဲ့ သူတို့ ရှိတာတွေကို အစွမ်းကုန်ပြကြတော့တာပဲး)။
၁၅)
နံပါတ်(၁၃)... အန်တီကြီး သမီးအလှည့်ရောက်တော့ သူစင်ပေါ်တက်လာပြီဆိုတာနဲ့ မိုးမောင်တို့က တိုင်ပင် ထားတဲ့အတိုင်း အပြင်းအထန် လက်ခုပ်လက်ဝါး တီးပြီးတော့ကို အားပေးတာ... ၀ုန်းဒိုင်းကို ကျဲနေတာပဲး)။ ဒီလိုနဲ့ အန်တီကြီး သမီးနဲ့အတူ နောက်ထပ် ငါးယောက်ကို compare လုပ်ပါလေရော၊ ဒီတော့ မိုးမောင်တို့က "နံပါတ်(၁၃)ကွ..နံပါတ်(၁၃)ကွ.."လို့ တတွတ်တွတ်အော်ပြီး..အားပေးရတာပေါ့။ ဒီလိုနဲ့ compare လုပ်တာ ငါးယောက်ကနေ သုံးယောက်တည်းဖြစ်တာတယ်.. အဲဒီ သုံးယောက်တည်းမှာ နံပါတ်(၁၃)ကြီးက ပါလာတယ်။ ဒီတော့ မိုးမောင်တို့ သူတို့ ဘယ်နေရာတွေ ဘာကွာလဲ မြင်သလောက်ကြည့်ရတာပေါ့ဗျာ :D။ သူတို့ နောက်ဆုံး compare သုံးယောက်မှာ နံပါတ်(၁၃)က နောက်ကျောအလှမှာ သိသိသာသာကြီး ကွာနေတာတွေ့ရတယ်ဗျ။ ကြည့်ရတာ သူသိပ်မကော့နိုင်တော့ဘူးနဲ့တူတယ်.. ဟီဟိ။ ဒီတော့ မိုးမောင်က အော်ရတော့တာပေါ့...
၁၆)
"နံပါတ်(၁၃) အောက်ပိုင်း..အောက်ပိုင်း.."
"အောက်ပိုင်း ညှစ်ထား..ဟေ့.."
"နည်းနည်းကော့လိုက်လေ.. နံပါတ်(၁၃)"
၁၇)
ဘော်ဒါတွေအားလုံးကလည်း ဒါကိုသတိထားမိတော့ လိုက်အော်ကြတာပေါ့ဗျာ။ ကျနော်တို့လည်း အဲဒီလို အော် ရော.. လူတွေအားလုံးက မိုးမောင်တို့ကို ကြောင်ကြည့်ပြီး တိတ်ဆိတ်သွားတယ်။ အမှတ်ပေးတဲ့ ဒိုင်တွေတောင် လှည့်ကြည့်တယ်၊ ပြီးတော့ တိတ်ဆိတ်သွားတာမှ ပြိုင်ပွဲခန်းမကြီး တစ်ခုလုံး အပ်ကျသံတောင် မကြားတော့ဘူး။ မိုးမောင်တို့ အဖွဲ့ကတော့ မသိသေးဘူး စွတ်အော်နေတာ.. ဘေးကအန်တီကြီးကြည့်တော့ မိုးမောင်တို့ကို မျက်လုံးကြီးတွေ ပြူးပြီကြည့်နေတယ်၊ လက်ထဲက ထီးကြီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ မိုးမောင်တို့ အော်တာ ပါးစပ်လွန်သွားပြီဆိုတာ သိလိုက်တာပေါ့။ မကြာပါဘူး...
၁၈)
"ဖြောင်း... ဘုတ်.... အင့်"..
"ကဲဟယ်... ပေါက်ကရ အော်အုံး"...
"ဒုတ်"..."အ..""ဖြောင်း"...
"မ(sensor)လေးတွေ"
"အောင်မလေးဗျ.."
၁၉)
မိုးမောင်အရင်က ဖတ်ဖူးတဲ့ သိုင်းစာအုပ်တွေထဲမှာ ထီးသိုင်းဆိုတာ မလေ့လာဖူးခဲ့တော့.. အန်တီကြီးရဲ့ ထီးနဲ့ တိုက်ခိုက်တဲ့ ထီးသိုင်းကို အလွယ်တကူ မကာကွယ်လိုက်နိုင်ဘူး။ ပိုဆိုးတာက အန်တီကြီးနဲ့ကပ်ရက်မှာ မိုးမောင်ထိုင်နေတာဆိုတော့.. စဉ်းစားသာကြည့်တော့.. အလူးအလဲပဲဗျား(။ ဒီတော့ မိုးမောင်တို့အဖွဲ့ ထိန်းမနိုင် သိမ်းမရဖြစ်နေတဲ့ အန်တီကြီးရဲ့ ထီးသိုင်းက လွတ်အောင် MCC ခန်းမကြီးရှေ့က မင်းဓမ္မလမ်းကြီး ပေါ်ကို နောက်ကျတဲ့ ခြေထောက်.. သစ္စာဖောက်ဆိုပြီး ပြေးကြရတယ်။
၂၀)
ဒီလိုနဲ့ အနီးအနားက လက်ဖက်ရည်ဆိုင်ကို ၀င်ထိုင်ပြီး အမောဖြေရတယ်ဗျာ။ အားကစား စိတ်ဓာတ်အပြည့်နဲ့ အားပေးကောင်းတာ ကံကောင်းလို့ ၅၆ရောက်တော့မလို့။ လက်ဖက်ရည်သောက်ရင်း.. အချင်းချင်း ပြန်ပြော လည်းပြော ရီလည်းရီနဲ့ အနောက်ကို သတိမထားမိဘူး။

"ငါက နံပါတ်(၁၃) ညှစ်ထားဆိုပြီးအော်တော့.. @ $ % ^_^...ဟီး..ဟီး"

အဲဒီအချိန်မှာ လူကြီးတစ်ယောက်က မိုးမောင်တို့ အနောက်ဝိုင်းမှာ ဟမ်းဖုန်းကြီးကိုင်ပြီး ဒေါသတွေ အလိပ် လိုက်ထွက်နေတာ မသိဘူး။ ဖြစ်ချင်တော့ သူက နံပါတ်(၁၃)ကြီးရဲ့ အဖေလေ.. သူမိန်းမက ပြိုင်ပွဲခန်းမထဲက နေ ဖုန်းဆက်ပြီး လှမ်းပြောနေတုန်း မိုးမောင်တို့ အုပ်စုစကားပြောနေတာတွေ ကြားသွားပြီး.......
၂၁)
((((((ဟိတ်ကောင်တွေ)))))).....

"ငါ့သမီးကို ပေါက်ကရ ပြောတဲ့ကောင်တွေ"...

"ငါ(sensor)သားတွေ... သေဖို့သာပြင်" ဆိုပြီး.. နီးရာခုံ ပြေးဆွဲတာဗျာ... မိုးမောင်တို့လည်း အချိန်ဆိုင်းမ နေပဲ... အုပ်စုလိုက်ကို ပျော်ပျော်ပါးပါးကြီး ထွက်ပြေးရပြန်တာပေါ့ဗျာ။ မိုးမောင်ဆက်ဆော့လို့ ၀ိတ်ရုံက ဘော်ဒါ တွေ ပြိုင်ပွဲကို ကောင်းကောင်း မကြည့်လိုက်ရပဲ အပြေးလေ့ကျင့်ခန်းပဲ လုပ်လိုက်ရတယ်။
၂၂)
အရင့် အရင်နှစ်တွေက မိုးမောင်တို့ ၀ိတ်ရုံကိုယ်စားပြု အားပေးတဲ့ အဖွဲ့တွေ သွားတုန်းက ဘာသံမှ မကြားရဘူး။ အခု မိုးမောင်လိုက်တဲ့နှစ်မှ မိုးမောင်လက်ဖက်ရည်ဖိုး စပွန်ဆာ အရှာကောင်းလို့... အတွင်းလူနာ မဖြစ်တယ်။ ဒီသတင်းကို ၀ိတ်ရုံတာဝန်ခံနဲ့ နည်းပြလုပ်တဲ့ ဆရာကြားတော့ မိုးမောင်ကို နောင်နှစ်တွေမှာ ၀ိတ် ရုံကိုယ်စားပြုပွဲတွေကို သွားအားပေးဖို့ တားမြစ် လိုက်ပါတော့တယ်။
၂၃)
ဒီလိုနဲ့ မိုးမောင်လည်း ၀ိတ်သားလောကကို စိတ်နာပြီး ရုပ်ရှင်မင်းသား လုပ်ဖို့ကမ်းလှမ်းလာတဲ့ ကိုးရီးယား ဒါရိုက်တာ(Classic Director kwak Jae-Yong)ရဲ့ ကမ်းလှမ်းချက်ကို ညစ်ညစ်နဲ့ လက်ခံလိုက်ပါတယ်။ စဉ်းစားကြည့်လေ မိုးမောင်မှာ ရွေးစရာ လမ်းမှ မရှိတော့တား)။ ပြီးတော့ သူနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ မိုးမောင်ရဲ့ ရူပကာကို ကြည့်ချင်တယ် ဆိုရင်တော့ အခုနာမည်ကြီးနေတဲ့ Rain ဆိုတာ......
၂၄)
ဘ၀အမောများ ပြေပါစေဗျာ...
မိုးမောင်

You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.