Saturday, October 25, 2008

[Padauk Myay] 2 New Entries: နာဂစ်အလွန်မြန်မာနိုင်ငံနှင့် ပုံမှန်အကူအညီပေးရေးဆက်ဆံမှုများပြန်လည်ပြုလုပ်ချိန်တန်ပြီ

နာဂစ်အလွန်မြန်မာနိုင်ငံနှင့် ပုံမှန်အကူအညီပေးရေးဆက်ဆံမှုများပြန်လည်ပြုလုပ်ချိန်တန်ပြီ

(International Crisis Group က အောက်တိုဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာပါ အကြံပြုချက်များကို ကောက်နှုတ် ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။)

ICG အဖွဲ့က နာဂစ်မုန်တိုင်းနောက်ပိုင်းမှာ မြန်မာနိုင်ငံအစိုးရနဲ့ နိုင်ငံတကာအကူအညီ ပေးရေးအေဂျင်စီတွေကြားမှာ မကြုံစဖူး ထူးခြား တဲ့ ပူးပေါင်းဆောင်ရွက်မှုများ ရခဲ့တယ်။ နိုင်ငံတကာ အသိုင်းအ၀န်းအနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး မလိုအပ်တဲ့ တန်ပြန်အကျိုး သက်ရောက်မှုတွေ ပေါ်ပေါက်စေခဲ့တဲ့ လူမှုဂရုဏာ အကူအညီပေးရေးဆိုင်ရာ မူဝါဒတွေကို ပြန်လည်သုံးသပ်ပြင်ဆင်ရမယ့် အချိန် ရောက်ပြီလို့ တိုက်တွန်းခဲ့ပါတယ်။ ICG က နိုင်ငံတကာ အသိုင်းအ၀န်းအနေနဲ့ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကိုသာမက တစ်နိုင်ငံလုံးမှာ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးခြင်းဖြင့် မြန်မာနိုင်ငံအတွင်းမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်အောင်ကူညီနိုင်တဲ့ အခွင့်အရေးကို အရယူ သင့်တယ်လို့လဲ ပြောသွားပါတယ်။ အစီရင်ခံစာအဆုံးမှာတော့ နိုင်ငံတကာကရော၊ မြန်မာဘက်ကပါ လုပ်ဆောင်သင့်တဲ့ အချက်များကို အခုလို အကြံပြုသွားပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး

၁။စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးလမ်းကြောင့် ပွင့်နေစေရန်အတွက် ကိုယ်တိုင်ဆက်လက် ပါဝင်ဆောင်ရွက်ရန်နှင့် ထိရောက် သော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်းမှာ သဘောတူညီမှု ရရှိစေရန်အတွက် ကူညီ ဆောင်ရွက် ပေးရန်။

၂။ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအတွင်းတွင် စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက် မှုများ ဆောင်ရွက်ရန်လိုအပ်သည့် နိုင်ငံရေးအခြေအနေတစ်ရပ် ပေါ်ပေါက်စေရေးအတွက် အတွင်းရေးမှူးချုပ်ရုံးအပါအ၀င် ရနိုင်သမျှ လမ်းကြောင်းများကို အသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်ရန်။

၃။ ကုလသမဂ္ဂနှင့် Focus Group on Myanmar ကဲ့သို့သော ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန်နှင့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ကဲ့သို့သော ယန္တရားမျိုးကို အဆင့်ဆင့် တိုးတက်ပြုပြင်ခြင်းဖြင့် ပိုမိုကျယ်ပြန့်သည့် လူသားဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်အောင် အားပေးကူညီရန်။

အာဆီယံအဖွဲ့

၁။ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့နှင့် ပူးတွဲလေ့လာဆန်းစစ်သည့်စနစ် (PONJA) တို့ ကယ်ဆယ်ရေးအဆင့်မှ ပြန်လည် ထူထောင်ရေးအဆင့်သို့ ကူးပြောင်းရာတွင် အပြည့်အ၀ထောက်ခံ အားပေးရန်။

၂။အာဆီယံမူဘောင်အတွင်းမှ ရှိပြီးဖြစ်သည့် ရိက္ခာဖူလုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးများအတွက် အာဆီယံမှ ကူညီ ဆောင်ရွက်ခြင်းအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအေဂျင်စီများဖြင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင် လူမှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ရေးအတွက် ပိုမိုထိတွေ့ ဆောင်ရွက်သွားရန်။

၃။မြန်မာနိုင်ငံကို အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးများတွင် ပိုမိုပါဝင်ပတ်သက်နိုင်စေရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် အတွေ့အကြုံများဖလှယ်ခြင်း၊ လူထုအတွင်းနှင့် ပုဂ္ဂလိကကဏ္ဍအပါအ၀င် နိုင်ငံတစ်ဝန်းလုံးတွင် စွမ်းဆောင်ရည်မြင့်မား စေရန် ဆောင်ရွက်ချက်များကို အကူအညီပေးခြင်းများကို ဆောင်ရွက်ရန်။

ဒေသတွင်းအစိုးရများ

၁။ အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ကုလသမဂ္ဂတို့ဖြင့် အလွတ်သဘော ဖွဲ့စည်းထားသည့် Focus Group on Myanmar ကို အဆင့်မြင့် အစိုးရအရာရှိကြီးများ ပါဝင်သည့် အဖွဲ့အဖြစ်သို့ အဆင့် မြှင့်တင်သွားရန်။

၂။ပိုမိုကျယ်ပြန့်သည့် လူမှုဂရုဏာကူညီမှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာ နိုင်ငံနှင့် အာရှဒေသအတွက် အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် ကာလကြာမြင့်စွာ သံတမန်ရေးအရ ရင်ဆိုင်နေရမှုကို အဆုံး သတ်နိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအတွက် လိုအပ်သည့် ထောက်ခံမှုများကို ရရှိစေနိုင်မည့် အခွင့်အလမ်း ဖြစ်သည်ကို မြန်မာစစ်ခေါင်းဆောင်များ လက်ခံလာအောင် ဖြောင့်ဖျရန်။

၃။နိုင်ငံတကာစံချိန်စံညွှန်းများဖြစ်သည့် ပွင့်လင်းပြီး ထင်သာမြင်သာရှိမှု၊ တာဝန်ခံမှု၊ ဘက်မလိုက်မှု၊ သီးခြားလွတ်လပ်မှုတို့နှင့် ပြည့်စုံသည့် နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံစုံ အကူအညီများ ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်။

အနောက်နိုင်ငံများ

၁။မြန်မာနိုင်ငံအတွင်းရှိ ဆိုးဝါးလာနေသည့် လူမှုဒုက္ခအခြေအနေများအပေါ် နိုင်ငံတကာမှ အကူအညီပေးရေး ဆောင်ရွက်နေစဉ် ကာလ အတွင်း ဒဏ်ခတ်အရေးယူမှုများထပ်မံမပြုလုပ်ရန်။

၂။အကူအညီပေးမှုများအပါ် နိုင်ငံရေးအရ ကန့်သတ်တားဆီးနေမှုများကို ဖယ်ရှားပေးရန်နှင့် အကူအညီပေးမှုများကို အောက်ပါစံချိန် စံညွှန်းများနှင့်အညီလုပ်ဆောင်ရန်-

(က)နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများအနေဖြင့် ငွေလုံးငွေရင်းဖြင့်ချေးငှားခြင်းများကို လုပ်ဆောင်နိုင်ခြင်း မရှိသည့်တိုင်အောင် မြန်မာအစိုးရနှင့် ပြန်လည်ထိတွေ့ဆက်ဆံပြီး မူဝါဒဆိုင်ရာ ဆွေးနွေးမှုများ၊ နည်းပညာ အကူအညီပေးမှုများနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများကို အာရုံစိုက် ဆောင်ရွက်ရန်။

(ခ)UNDP နှင့် အခြားကုလသမဂ္ဂအေဂျင်စီများအတွက် ပုံမှန်လုပ်ပိုင်ခွင့်နှင့် ရန်ပုံငွေရရှိ ရေးတို့ကို ပြန်လည်ခွင့်ပြုရန်။

(ဂ)ကျဉ်းမြောင်းသည့် လူသားချင်းစာနာမှု အကူအညီများအပြင် ရေရှည်တည့်တံ့မည့် လူမှုဖွံ့ဖြိုးမှု အကူအညီများကို နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပေးအပ်နိုင်ရေးအတွက် မူဝါဒနှင့် စည်းမျဉ်းများကို ပြန်လည် ပြင်ဆင်ရန်။

၃။ဝင်ငွေနည်းပါးသည့် လူတန်းစားများကို ထိခိုက်စေသည့် အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ အပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးရန်။

အလှုရှင်များနှင့်အကူအညီပေးရေးအေဂျင်စီများ

၁။မြန်မာအစိုးရအပေါ် တိုက်ရိုက်ငွေကြေးအကူအညီပေးခြင်းမပြုသည့်မူဝါဒကို ဆက်လက် ကျင့်သုံးသော်လည်း လူသားတို့၏ အခြေခံ လိုအပ်ချက်များကိုသာမက လူသားတို့၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု လိုအပ်ချက်များကိုပါ သိသိသာသာ တိုးမြှင့်ကူညီသွားရန်။ ထိုလုပ်ငန်းကို နာဂစ် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင်အကူအညီပေးမှုမှ စတင်ရန်။

၂။လိုအပ်နေသည့်ပြည်သူများကို ပိုမိုကူညီနိုင်ရေး၊ အကူအညီပေးရေးလုပ်ငန်းများ၏ လွတ်လပ်မှုကို ကာကွယ်ရေး၊ တာဝန်ခံမှုနှင့် ပွင့်လင်းမှုကို မြှင့်တင်ရေး၊ ဒေသခံဝန်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များကို အကာအကွယ်ပေးရေး၊ အကူအညီပေးရေးအဆင့်တိုင်းတွင် အကူအညီရယူသည့်ပြည်သူများ ပါဝင်နိုင်ရေးတို့နှင့် ပတ်သက်သည့် အခြေခံမူများကို တစ်ညီတစ်ညွတ်တည်းဖြစ်အောင် သတ်မှတ်ရန်။

၃။မဟာဗျူဟာချမှတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ စောင့်ကြည့်လေ့လာခြင်းတို့အတွက် Myanmar Aid Consortium ကို တည်ထောင်ရန်။

၎။အကူအညီပေးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အထွေထွေလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်ပင်ဆွေးနွေး နိုင်မည့် ယန္တရားတစ်ခုတည်ထောင်ရန်၊ အလှုရှင်များနှင့် အစိုးရအကြားအဆင့်မြင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန်။

မြန်မာအစိုးရ

၁။ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့နှင့် PONJA ကို အကူအညီပေးရေးနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သည့် အမြဲတမ်းယန္တရားတစ်အဖြစ်သို့ ပြောင်းလဲနိုင်ရေးအတွက် အကူအညီပေးရန်။

၂။အကူအညီပေးမှုများ ပိုမိုတိုးချဲ့နိုင်စေရန်အတွက် အထွေထွေလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး အကူအညီပေးရေး အေဂျင်စီများ နှင့် ဆွေးနွေးရေးအတွက် သဘောတူရန်။ အလှုရှင်များနှင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးရေး အတွက် သဘောတူညီရန်။

၃။ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအပါအ၀င် တစ်နိုင်ငံလုံးရှိ အကူအညီလိုအပ်နေသူများထံသို့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ သွားရောက်ကူညီခွင့်ပြုရန်။

၂၄ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကင်တားနား တိုက်တွန်း - ဗွီအိုအေ click here
  • ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အမေရိကန် တောင်းဆို - - ဗွီအိုအေ click here
  • မြန်မာ့အရေး အီးယူ-အာရှ အစည်းအဝေးမှာ ထည့်သွင်းစဉ်းစားဖို့ တောင်းဆို - - ဗွီအိုအေ click here
  • ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံသက်တမ်း ၁၃ နှစ် ပြည့်ပြ - ဗွီအိုအေ click here
  • ကမ္ဘာမှာ ကြွေးမြီဆူနာမီဘေးဆိုးကြီး ဆိုက်နေပြီဟု ဂရင်းစပန်ပြော - ခေတ်ပြိုင် click here
  • (၂၀၀) ကျပ်တန်ထီရောင်းမည်၊ အခွန် နှစ်ဆတိုးရရန်ရည်ရွယ် - ခေတ်ပြိုင် click here
  • အာရှနှင့်အီးယူခေါင်းဆောင်များက မြန်မာစစ်အစိုးရအား ဖိအားပေးသင့် - - ခေတ်ပြိုင် click here
  • သတင်းလွတ်လပ်ခွင့်ရရေး တိုက်ပွဲတွင် ဒီမိုကရေစီနိုင်ငံများ ရှုံးနေ - - မဇ္ဈိမ click here
  • WiMAX Broadband ဆက်သွယ်မှုစနစ်ကို ပုဂ္ဂလိကမှ စတင်ရောင်းချ - မဇ္ဈိမ click here
  • နိုင်ငံရပ်ခြားသို့ ထွက်ခွါရသူ မြန်မာနိုင်ငံသား ပိုများလာ - မဇ္ဈိမ click here
  • အန်အယ်လ်ဒီ ဥက္ကဌ ကျန်းမာရေး ပြန်ကောင်း မဇ္ဈိမ click here
  • မစန္ဒာအမှု အယူခံအပယ်ခံရ - ဒီဗွီဘီ click here
  • ကိုစည်သူမောင်ကို ရုံးထုတ်စစ် - ဒီဗွီဘီ click here
  • မင်းကိုနိုင်အဖွဲ့အား ဆုချီးမြှင့်ခြင်း - ဒီဗွီဘီ click here
  • လူ့အခွင့်အရေးအဖွဲ့တိုက်တွန်း - ဒီဗွီဘီ click here
  • အန်အယ်လ်ဒီ ဥက္ကဌ ကျန်းမာရေး ပြန်ကောင်း မြန်မာဖိုရမ် click here
  • မြန်မာ့အရေး အီးယူ-အာရှ အစည်းအဝေးမှာ ထည့်သွင်းစဉ်းစားဖို့ တောင်းဆို မြန်မာဖိုရမ် click here
  • မြန်မာနိုင်ငံသားများ ပြည်ပတိုင်းပြည်သို့ ထွက်ခွာမှုများပြား မြန်မာဖိုရမ် click here
  • မန္တလေးအနှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အစီအစဉ်များ စတင်ဆောင်ရွက်လာ ၀ိကလီးအလဲဗင်း click here
  • မန္တလေးတိုင်းအတွင်း အဝေးပြေးလမ်းသစ် ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရ ၀ိကလီးအလဲဗင်း click here
  • နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ငါးကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲသို့တက်ရောက် မည် ၀ိကလီးအလဲဗင်း click here
  • အိုင်ယာလန်ကပိုလန်ဆောက်လုပ်ရေးလုပ်သားတွေအိမ်ပြန်ကြပြီ မြန်မာတိုင်းမ် click here
  • အင်တာနက်ကနေအတင်းပြောသူတွေကိုအရေးယူတော့မည် မြန်မာတိုင်းမ် click here
  • နိုင်ငံခြားအိမ်ခြံမြေဈေးကွက်ကျဆင်းမှုဂယက်ပြည်တွင်းအိမ်ခြံမြေအပေါ်အကျိုးသက်ရောက်မှု မရှိသေး မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.