Saturday, October 25, 2008

[ALL FRIEND's WELCOME To My Blog] 1 New Entry: တောနက်နှင့်ကျွန်တော့် အတိတ်

တောနက်နှင့်ကျွန်တော့် အတိတ်

ဟိုးလွန်ခဲ့တဲ့ (၂၃)နှစ် ....... ၁၉၈၆ ၊ ဇွန်လ ကုန်ဆုံး ချိန်လေးပါဘဲ ........
သိပ်မမှတ်မိဘူး၊ မှတ်ဥဏ်ဟာ အရမ်းကို ဝိုးတဝါးပါဘဲ၊ တကယ်လည်း ကျွန်တော် ဘာမှကို မမှတ်မိခဲ့ဘူး၊ ဒါပေမယ့် ကျွန်တော် သိတယ်၊ အဲဒီအချိန်မှာ ကျွန်တော် လူ့ဘ၀ထဲကို ရောက်ခဲ့ပြီ၊ နောက်ပြီး ကျွန်တော် အရမ်းလေးစား ရသူ၊ ကိုးကွယ်ရသူ၊ ချစ်ခင်ရသူ၊ ကျွန်တော့်ကို သူ့အသက် တမျှချစ်ခင် ရသူ  မိခင်၊ ဖခင် တစ်ဦး တစ်ယောက် လက်ထဲ ကျွန်တော်ဟာ အနည်းငယ် လူးလွန့် ဒါမှမဟုတ် ကျွန်တော် ရုန်းကန်နေခဲ့ပြီ။

လွန်ခဲ့တဲ့ (၁၉)နှစ် ........ ၁၉၉၁ ၊ ဇွန်လ ၊ မိုးတွေရွာနေတယ် ၊ ကျောင်းတွေဖွင့်ပြီ .........

ကျွန်တော့် အတိတ် တဖြည်းဖြည်း၊ တရေးတရေးပေါ့၊ လူ့လောက ထဲရောက်ခဲ့တာလည်း ငါးနှစ်ဆိုတာ တင်းတင်းပြည့်ခဲ့ပြီ၊ ကျွန်တော် အစိုးရ မူလတန်းကျောင်းကို တက်ခဲ့ပြီ၊ တက်တယ် ဆိုပေမယ့်လည်း အခုခေတ် ကျောင်းစတက်ခါစ ကလေးငယ်လေး တွေကို ကိုယ်ချင်းစာ၊ ပြေးမြင်မိတယ်၊ ကျွန်တော်လည်း ထိုနည်းလည်းကောင်း ပါပဲ၊ ကျွန်တော့် နောင်တော်၊ အစ်မတော် တွေလိုပေါ့၊ ကျွန်တော်လည်း ကျောင်းစတတ်ခဲ့ပြီ။
လွန်ခဲ့တဲ့ (၁၇)နှစ် ........ ၁၉၉၃ ၊ လ မမှတ်မိဘူး၊ တစ်ခုသိတယ်၊ ကျွန်တော့် အတန်းပိုင်ဆရာမ ရှေ့မှာ .........
ကျွန်တော့် ကျောင်းကို အဲဒီနှစ်မှ ပြောင်းလာတဲ့ ကောင်မလေး တစ်​ယောက်ရှိတယ်၊ ကျွန်တော် အဲဒီအရွယ် တုန်းက သိသလောက် တော်တော်လှတယ်၊ ချစ်စရာ ကောင်းတယ်၊ အခုလည်း လှနေတယ်၊ ကျွန်တော် အမြဲ ငေးကြည့်မိတယ်၊ သူငယ်ချင်းက ကြိုက်လား မေးတယ်၊ သူငယ်ချင်း လှည့်ကွက် ကိုဘာမှ မသိသေးတော့ ကျွန်တော့် သိသလောက် ပြောကြည့်တယ်၊ ကြိုက်တယ်၊ အရမ်းချစ် စရာကောင်းတယ်ပေါ့၊ အဲဒီကိစ္စ နဲ့ပတ်သက်ပြီး အခုကျွန်တော် အတန်းပိုင် ဆရာမ ရှေ့မှာ အပြစ်ပေး ခံနေရပြီ။
လွန်ခဲ့တဲ့ (၁၈)နှစ် ........ ၁၉၉၄ ၊ လ မမှတ်မိပြန်ဘူး၊ တစ်ခုသိတယ်၊ အဲဒီနေ့ အရမ်းပြင်းတဲ့ မြေငလျင်လှုပ်တယ် ........
ကျွန်တော့် ခေါင်းတွေအရမ်း မူးနောက်နေတယ်၊ မနေ့ညနေ တုန်းက ရေချိုးမှား လားလို့ပေါ့၊ ကျွန်တော် ငယ်ငယ်တုန်းက ညနေ ရေချိုးရင် ဖျားတတ်တယ်၊ ဒါပေမယ့် မေမေက ပြောတယ်၊ မဖျားပါဘူးတဲ့၊ အကြောင်း ပြမရတဲ့ ကျွန်တော် ကျောင်းကို ထွက်ခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့် ခေါင်းတွေ မှုးနေ သလိုပဲ၊ ကျောင်းရောက်တယ်၊ ကျောင်း အ၀င်၀က သစ်ပင်အကြီး အုတ်တံတိုင်း ပေါ်လဲကျနေတယ်၊ အရမ်းမစဉ်းစား တတ်တဲ့ကျွန်တော့် စဉ်းစားရ ကြပ်တယ်၊ ဘယ်သူ ဒီလောက်ကြီးတဲ့ သစ်ပင်ကြီးကို လဲပစ် သလဲပေါ့၊ အဲဒါနဲ့ အခန်းထဲ ကျွန်တော်ရောက်တယ်၊ ကျောင်းစောစော လာတတ်တဲ့ သူငယ်ချင်း​တွေ ဆော့နေတယ်၊ ဒါပေမယ့် ငလျင်လှုပ်တာ သူတို့လည်း တစ်ယောက်မှ မသိဘူး၊ အဲဒါနဲ့ ဆရာမ စာသင်တယ်၊ ညက ကောင်းကောင်း အိပ်ကြရရဲလား မေးတယ်၊ အားလုံး အဖြေတူတယ်၊ အိပ်လို့ ကောင်းတယ်၊ အိမ်မက် လှလှလေးတွေ ကိုယ်စီနဲ့၊ ကျွန်တော်က လွဲရင်ပေါ့၊ ဒါနဲ့ ဆရာမ ကျွန်တော့်ကို မေးတယ်၊ ဘာလို့လဲတဲ့ ...... ကျွန်တော် ခေါင်းမှုး နေတာပြော ဖြစ်တယ်၊ နောက်ပြီး အစ်ကို ပြောတဲ့ ငလျင်လှုပ် တယ်ဆိုတာ ကိုကော ပြောဖြစ်တယ်၊ ဆရာမက ပြောတယ်၊ ဟုတ်တယ်၊ အခန်းထဲ ဆူညံ ကုန်တယ်၊ တစ်ယောက် မှမသိကြဘူး၊ ဒါပေမယ့် အခန်းထဲ မှာတောင် မှန် (၄) ချပ်ကွဲတယ်၊ မျက်နှာ ချပ် သွပ်ပြားတွေ ကျိုးနေတယ်၊ အခန်းအောက်ခြေ ကွန်ကရက် လည်းကွဲအက် နေတယ်၊ ကျွန်တော် ဉီးခေါင်းလည်း ရိပ်တိပ်တိပ် နေတုန်းပဲ။
လွန်ခဲ့တဲ့ (၁၇)နှစ် ........ ၁၉၉၅ ၊ လ မမှတ်မိပြန်ဘူး ၊ နှဖူးကွဲသွားတယ် ...........
ကျွန်တော့် လောလောဆယ် အဆူခံနေရတယ်၊ ဒဏ်ရာ အကြီးကြီး မဟုတ်ပေမယ်၊ အတန်းပိုင်ဆရာမ အိမ်ထိ လိုက်လာတယ်၊ အမေလည်း စိတ်မကောင်းဘူး၊ ဒါပေမယ့် ဆရာမ ခဏနေ ပြန်သွားရင် ကျွန်တော့် သိတာက ကျွန်တော့် ညီအငယ်ဆုံး ငိုပြီး လုယူ သွားတဲ့ ကျွန်တော့် အရုပ်ကို ကျွန်တော် ဘယ်လို ပြန်လု ယူရမလဲ၊ ဒါလည်း စဉ်းစားရကြပ် တယ်၊ ကျွန်တော့် သူ့ကို ချစ်ပေမယ့် အရာရာ ဗိုလ်ကျလွန်းတယ်၊ အငယ်ဆုံး ဆိုတဲ့ အတိုင်းပဲပေါ့၊ အခုလည်း ကျွန်တော် အရမ်းကြောက်ရတဲ့ ကျွန်တော့် အစ်ကိုကြီး ဘေးနားမှာ သူချွဲနေတယ်။
လွန်ခဲ့တဲ့ (၁၆)နှစ် ........ ၁၉၉၆ ၊ သူငယ်ချင်း အသစ်၊ ပုဆိုးကို စ၀တ်ခဲ့ရတတ်နှစ် ...........
ကျွန်တော် ငါတန်း ရောက်ခဲ့ပြီ၊ ပုဆိုးအသစ် ကြီးမနိုင်တနိုင် နဲ့ပေါ့ဗျာ၊ သူငယ်ချင်း အသစ်တွေက လည်းအများကြီး ပေါ့၊ ကျွန်တော်လည်း အရမ်းပျော် နေတယ်၊
လွန်ခဲ့တဲ့ (၁၅)နှစ် ......... ၁၉၉၇ ၊ မိုးတွေ အရမ်းသဲတယ်၊ ထူးထူးဆန်းဆန်း တွေပဲ အမှတ်ရနေတယ်၊ ပြီးတော့ ဒေါသလည်း ထွက်တယ် .............
ကျွန်တော် ခြောက်တန်း ရောက်တယ်၊ ဘယ်လိုက ဘယ်လို ဖြစ်ပြီး ကျွန်တော် မနှစ် ငါးတန်း အေကနေ ခြောက်တန်း စီ ခန်းရောက်သွားတယ်၊ ခြောက်ခန်းရှိ တယ်၊ အဲဒီ အခန်း ခြောက်ခန်းမှာ ကျွန်တော် ရောက်သွားတဲ့ အခန်းက အဆိုးဆုံး၊ နှစ်ကျတွေ၊ ပြောမရ ဆိုမရ၊ လူတွေနေတဲ့ အခန်းပေါ့၊ သူငယ်တန်းကနေ ငါတန်းထိ အေ ခန်း မှာပဲ နေခဲ့တဲ့ သူ၊ ဒီနှစ် ခုန်ပျံကျော်လွားပြီး စီကို ရောက်သွားတယ်၊ အဆူခံရတယ်၊ အရိုက်ခံ ရတာပေါ့၊ နောက်ပြီး ကျောင်းစစ တက်ချင်း မိုးတွေ အရမ်း ရွာပြီး စာသင်နေတဲ့ အခန်းတံခါး ကိုမိုးကြိုးပစ်တယ်၊ အခုချိန်ထိ မှတ်မိသေးတယ်၊ အခန်းထဲက အသက်အကြီးဆုံး၊ ဝါအရင့်ဆုံး ကျောင်းဆရာမ လန့်ပြီး တတ်သွားတာ အခုအချိန်ထိ မှတ်မိ နေခဲ့တယ်၊ အသံကလည်း အရမ်းကျယ်တာကိုး၊ သူက ဘလက်ဘုတ်ကို မဲပြီး စာရေးနေတော့ လျှပ်စီး လျှပ်တာ မမြင်လိုက်ရဘူး၊ အင်မတန် သနားစရာ ကောင်းတဲ့ ဆရာမ၊ ကျန်တဲ့ တပည့်တွေက လျှပ်စီးလျှက် ကတည်းက အားလုံး ကြမ်းပြင်၊ ခုံအောက်တွေမှာ နေရာယူ၊ ကာဗာယူပြီးပြီ၊ မှန်တွေကွဲ လိုက်တာမှ၊ နားထောင်လို့ အရမ်းကောင်းတယ် တဲ့၊ သူငယ်ချင်း စီနီယာ အစ်ကိုတွေက ပြောတယ်၊ ကျွန်တော့် နားတွေက အခုထိ အူနေတုန်းပဲ။


coming soon

You received this email because you are subscribed to the real_time feed for http://jokesandpoem.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.