Saturday, October 25, 2008

[Maung Myo's Heartfelt] 1 New Entry: ဘာ Tag လည်းတော့ မသိပါ ....

ဘာ Tag လည်းတော့ မသိပါ ....

ဂျဲဂျယ် က Tag ထားတယ်ဆိုတော့ သွားကြည့်လိုက်တာ ဘာအကြောင်းရေးထားတာလည်း သိကိုမသိတာ မူးသွားလို့  မြန်မြန်ပြန်ပြေးလာရတယ် ။ ဒီနေ့ မှ အေးဆေး သွားဖတ်ပြီး ရေးဖို့ တွေးနေတာ ။ Tag ပို့ စ်တွေထဲမှာ ဒီပို့ စ်ကတော့ ဦးနှောက် အစားဆုံးပဲး) ဘာပဲဖြစ်ဖြစ် အကြွေးရှိရင် မနေတက်လို့  ရေးမှပဲ မဖြစ်ချေဘူး လကလည်းကုန်တော့မှာ ဆိုတော့ ဟဲဟဲ ။ မသိလို့ ရှိရင်တော့ ကြယ်ပွင့်များနှင့်တွေ့ ဆုံခြင်းလိုလို ဘာလိုလိုနဲ့  ဖြေရတာတော့ အနိပ်သား မေးခွန်တွေကလည်း ကြက်သီးထစရာပါလားနော် ။ သူ့ ဆီကမေးခွန်တွေပဲ ကော်ပီကူးပြီးဖြေလိုက်တော့မယ် ။

(၁)
မေး ..........မောင်မျိုး (တဂ်ခံရတဲ့သူ ) နဲ့ ဂျဲဂျယ် (တဂ်တဲ့သူတို့) ဘယ်လိုများ ဆက်ဆံပတ်သက်လည်း မသိဘူးနော်
ဖြေ...........သွေးမနှော ရုပ်မမြင်ဖူးတဲ့ ဘလော့ဂါ ညီအစ်ကိုတွေပါ ။

(၂)
မေး..........သူ့အပေါ် အကို့ရဲ့ထင်မြင်ချက် ၅ ချက်လောက်ပြောပြပါလား ?
ဖြေ.........
1** သူ့ အကြောင်းမှာတော့ ကျနော့်လိုပဲ ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်ဆိုတော့ ပိန်ပေမယ့် ရုပ်ချောမှာကတော့ သေချာပါတယ်း)
2**သူ့ ရဲ့ နှလုံးသွေးစက်ကဗျာတွေကို ပျက်ရယ်မပြုပါနဲ့ ဆိုပြီး တောင်းပန်သလိုလိုနဲ့  လေသံက မာနေသလားလို့  ( ဟီး အမှန်တိုင်းပြောကြေး စိတ်မဆိုးဟုထင်ပါသည်)
3** အချစ်ကြီးမယ် အချစ်ကို practical လုပ်ပြီး ချိုလား ငန်လား စမ်းသပ်နေတဲ့သူတစ်ယောက်ဖြစ်မယ်ထင်တယ်။
4**အရက်တွေ ဘီယာတွေကတော့ စိတ်ညစ်ရင် သောက် ပျော်ရင်သောက် အသဲကွဲရင်သောက် ကောင်မလေးဆီက အကြင်နာရလို့ သောက် ဘာဖြစ်လို့  သောက် ၊ ညာဖြစ်လို့ သောက် မယ့် ပုံပါခင်ဗျာ ( ဓာတ်ပုံထဲမှာတောင် နည်းနည်းမူးနေသလားလို့  )
5**အရာအားလုံးကိုလေ့လာဆဲ၊ခံယူဆဲဆိုတော့ သူလည်း ဘ၀ကျောင်းတော်သားတစ်ယောက်ပေါ့ ။

(၃)
မေး....အမှတ်တရ အဖြစ်ဆုံး အကို့အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား ?
ဖြေ..... ရှိလား မရှိလားဆိုတာမေ့နေတယ် ဒါပေမယ့် ကျနော်ရေးထားတဲ့ ကျားပို့ စ်မှာ သူပေးခဲ့တဲ့ ကော့မန့် လေးကတော့ ပထမဆုံးရောက်ဖူးပေမယ့် အမှတ်တရ ဖြစ်စရာ မှတ်ချက်လေးပါ

ကျွန်တော်လည်း ကျားသူတော်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ သမင်တွေကို စော်ကားတာမဟုတ်ပါဘူး။ သူတို.လည်း သူတို.အကြောင်းနဲ.သူ.တို.ရှိမှာပါ။ ကျားပဲ ၁ခါ၁လေ မှားမိခဲ့ရင်တောင် ကို mhaw sayar ပြောသလိုပဲနေမှာ။ ( သေချာတယ် သူစားဖူးတယ် သမင်သား :P )

(၄)
မေး......အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ?
ဖြေ.... စာတွေဖတ်လို့ ကောင်းတယ်ဗျာ အားပေးနေတယ် နောက်လည်းလာပါအုံးမယ် ( မြှောက်ပြောတဲ့စကားမို့  အမှတ်ရနေတာပါ )

(၅)
မေး.........သူသာ အကို့ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ?
ဖြေ....မဖြေပါရစေနဲ့  ကျနော့်ချစ်သူစိတ်ကောင်ရင် ချော့မနိုင်လို့ ပါး)

(၆)
မေး.....အကို့ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
ဖြေ....သူမပြုပြင်ပါနဲ့  ကိုယ့်ပါသာ ဓားတစ်ချောင်း ကပ်ကြေးတစ်လက်နဲ့  ပြင်ပါမယ် ဟိဟိ

(၇)
မေး.........သူက အကို့ရန်သူဖြစ်နေမယ်ဆိုရင်ရော ?
ဖြေ......... ရန်သူဆိုမှတော့ အရှင်မထားဘူးပေါ့ ဒင်းမရှိမှ အေးမယ် ပေါက်တယ်ဟုတ် ဂျဲဂျယ်

(၈)
မေး....ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော ?
ဖြေ.... ရည်စားလူလု ကလီစာ ကျွဲခွေ့ 

(၉)
မေး.... သူ့အတွက် အကို ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ?
ဖြေ....ဟင်အင်းး ဘာမှမရှိဘူး လုပ်စေချင်တာတော့ ရှိတယ် နက်ဖန်ပိတ်ရက်မှာ လျှော်မယ့် အ၀တ်တွေ အဆင်ပြေရင် လျှော်ပေးစေချင်ပါတယ် :D

(၁၀)
မေး..... သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ ?
ဖြေ....ခြုံစရာစောင်လည်းမရှိ ငုံစရာကလည်း ကျနော့်ပါစပ်ကျဉ်း၂လေးနဲ့  သူ့ ကိုယ်လုံးနဲ့  ဆန့် မှ မဆန့် တာ အဲ့တော့ကားး I don't know ..။

(၁၁)
မေး..... ( တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့ ) အကို့အပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ?
ဖြေ....ဘယ်နေရာမှ မကျော်တော့ ဘယ်လိုဖြေရမလဲမသိ ခဏ အမေ့ကို ပြန်မေးအုံးမယ် ..သြော် ညနေတော့ ၀က်သားကြော်စားဖို့  ရှိတယ် ။

(၁၂)
မေး... အကို ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ အကို့ရဲ့ characteristic လေးပြောပြပါလား ?
ဖြေ...အိပ်နေတဲ့ အချိန်ပဲ ကျေနပ်တယ် မျက်လုံးဖွင့်နေသမျှ အချိန်တိုင်း ကိုယ့်ကိုယ်ကို အားမရတာ စိတ်တိုတာ မကျေနပ်တာတွေနဲ့ များလို့  ကျေနပ်တာ မရှိပါဘူးခင်ဗျာ..။

(၁၃)
မေး.... ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic လေးကရော ?
ဖြေ.....အပေါ်က အဖြေကို ပြောင်းပြန်လှန်

(၁၄)
မေး....ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
ဖြေ....အေးအေးနဲ့  ချမ်းချမ်း ကို လိုချင်တယ် ဟုတ်ပါဘူး အေးအေးချမ်းချမ်း ဘ၀လေးကို လိုချင်တယ်ပြောတာ ။

(၁၅)
မေးးး ...အကို ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ?
ဖြေ...ကိုယ့်သဘော အတိုင်းနေကြပါ တီးချင်လား တီးပစ်လိုက် (ဗုံ) ၊ တုတ်ချင်လား တုတ်ပစ်လိုက် (ပျား) ထိန်းချုပ်တာတွေမများပါစေနဲ့ လို့  မဟုတ်ရင် ကျနော့်လို အပူတွေကန်ပြီး ဆံပင်ကျွတ်မှာ စိုးလို့ ပါ။

အောက်ပိုင်းလေမိသွားလို့  သူရေးထားသလို ဆက်မရေးနိုင်တော့ပါ ဒီလောက်ပဲနော့် Tag တဲ့ အတွက်ကျေးဇူးပါ ကျေနပ်လည်းနပ် မနပ်လည်းနပ်ပါ ဂျဲဂျယ် :)


ဆက်ပြီးရေးပေးစေချင်သူတွေက
အစ်ကိုကြီး ရုပ်ချော နဲ့ 
အပျင်းထူနေတဲ့ အစ်မလေးမ ကိုတက်စ်ပါတယ်
ကောင်းကောင်းလေးရေးပေးနော့် အချင်းချင်းတွေ :P

You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.