Saturday, October 25, 2008

[Lu Lu] 1 New Entry: ကြွက်ကြော်မွှေးမွှေးလေး

ကြွက်ကြော်မွှေးမွှေးလေး



အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ထူးထူးဆန်းဆန်းဟင်းလျာတစ်မျိုး ချက်ကျွေးပါမယ်နော်။ ကျွန်မရဲ့ ညီမရဲ့ သူငယ်ချင်းက ထန်းတပင်ကဆိုတော့ သူတို့လာတိုင်း လယ်ကြွက်တွေ ပါလာနေကျလေ။ သူတို့ယူလာတဲ့ လယ်ကြွက်တွေက အကုန်သန့်စင်ပြီးသား၊ အကောင်လိုက် ကားယားလေး ဖြစ်ပြီးသားကို ယူလာတာ။ သူတို့ကတော့ လယ်ကြွယ်ကို အမြီး၊ ခေါင်း၊ ခြေ၊ လက်တွေ ဖြတ်၊ အရေခွံဆုတ်ပြီး တော့ ဗိုက်ခွဲ၊ ကလီစာတွေ ထုတ်ပစ်ပြီး ဆားလေးနဲ့ နယ်ပြီး မနက်တစ်နေလှန်းပြီးတော့မှ ပို့ပေးလိုက်တာ။ အဲ့ဒါကိုမှ အမွှေးအကြိုင်အစုံနဲ့ ကြွပ်ကြွပ်စပ်စပ်လေးနေအောင် ကြော်လိုက်တာလေးကို မောင်နှမတွေကို လက်ဆင့်ကမ်းလိုက်ပါတယ်နော်။
လယ်ကြွက် (၃) ကောင် တစ်ကောင်ကို (၁၅) ကျပ်သားခန့်အလေးချိန်ရှိ
ကြက်သွန်ဖြူ (၁၀) ကျပ်သား
ကြက်သွန်နီ (၁၀) ကျပ်သား
ချင်း (၂.၅) ကျပ်သား
မာဆလာ၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးခြောက် အပုတောင့် + အရှည်တောင့်၊ ဆီတို့ပါနော်။


more...

You received this email because you are subscribed to the real_time feed for http://lulucooking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.