Saturday, October 25, 2008

[M!иикy@иs^s β ﻠ õ §] 1 New Entry: ချစ်သူ့ဂေဟာ

ချစ်သူ့ဂေဟာ

မင်းကိုသိပ်ချစ်တယ်ဆိုတာ သက်သေပြဖို့ မအားလပ်ခဲ့တဲ့ ငါ့ကို တမျိုးပဲ ထင်နေလေမလား။ မင်းကို ယုယတဲ့အခါ ယုယပေမယ့် ပစ်ထားတဲ့အချိန်တွေလည်း နည်းမှ မနည်းပဲ။ နှစ်လနီးပါးတောင် ရှိပြီပေါ့။ အပြစ်ပေးရင်လဲ ကျေနပ်အောင် ခံယူဖို့ အသင့်ပဲလေ။ မင်းအတွက် သီးသန့်နေရာလေးတစ်ခုပေးဖို့ ရည်ရွယ်ထားတာ ကြာပေမယ့် မဖြစ်ခဲ့ရင် မင်းစိတ်မကောင်းဖြစ်မှာစိုးလို့ ငါ့စိတ်ထဲမှာပဲ ကြိတ်ပြီး ကြံစည်နေခဲ့တာ ကြာရောပေါ့။ မင်းစိတ်ထဲမှာတော့ အိုးပိုင် အိမ်ပိုင်လေး မလုပ်ပေးနိုင်တဲ့ ငါ့ကို အထင်သေး အချစ်ပေါ့နေမလား တွေးမိတိုင်း ငါခြောက်ခြားခဲ့ရတယ်။ လူဆိုး သူခိုး သိပ်မလုံခြုံတဲ့ ဒီနေရာလေးမှာ မင်းကို တစ်ယောက်တည်း ထားရတာလဲ တခါတလေ ငါ့ညတွေ အိပ်မပျော်နိုင်ခဲ့ဘူး။ ဒီရက်ပိုင်းတော့ အခြေအနေ တိုက်ဆိုင်တာနဲ့ မင်းနဲ့ငါ တူတူနေကြမယ့် ဂေဟာလေးတစ်လုံးကို မင်းမသိအောင် ခိုးဆောက်ခဲ့တာ ငါပဲပေါ့။ ဒီဂေဟာလေးမှာ မင်းကြိုက်တတ်တဲ့ အသုံးအဆောင်တွေ တတ်နိုင်သလောက် ငါစုဆောင်းထားတယ်။ အခု မပြည့်စုံခဲ့ရင်တောင် နောက်တော့ တဖြည်းဖြည်း ဖြည့်ဆည်းပေးပါ့မယ် ချစ်သူ။ ညတစ်ညမှာတော့ မင်းကို ဂေဟာသစ်လေးဆီ ခေါ်သွားဖြစ်တယ်။ မင်းအရင်နေရာလေးထက်တော့ နည်းနည်းပဲ ဖြစ်ဖြစ်ပိုပြီး ပြည့်စုံမယ့် ဒီနေရာလေးကို အလာလမ်းမှာ ဘေးလူတွေရဲ့ အထင်မမြင် မမှောက်မှား မပျောက်ရှအောင် ကာကွယ် ဂရုစိုက်ပေးခဲ့တာရကိုလဲ မင်းသိနိုင်မှာပါ။ ငါ တိတ်တခိုးလေး ဆောက်ပေးထားတဲ့ ဂေဟာသစ်လေးဆီ မင်းချောချောမောမော ရောက်လာပြီး ပျော်ရွှင်နေတဲ့အတွက် ငါလဲထပ်တူပေါ့။ ဘာပဲဖြစ်ဖြစ် မင်းနေရာဟောင်းလေးကိုတော့ ဘယ်တော့မှ မမေ့နဲ့နော်။ အဲဒီ နေရာလေးဟာ မင်းနဲ့ငါ စတွေ့ခဲ့ကြတဲ့ ချစ်ခြင်းနယ်မြေလေး တစ်ခုပဲလေ။ ဘယ်မေ့စကောင်းပါ့မလဲ။ မင်းနဲ့ငါ ရှေ့လျှောက် လက်တွဲမယ့်အချိန်တွေ ဒီဂေဟာလေးမှာ အေးအတူ ပူအမျှ ခံစားကြတာပေါ့ ချစ်သူရယ် …

စိတ်အေးလက်အေးဖြစ်သွားလို့ ပေါတာများသွားပြီထင်တယ် :D သူငယ်ချင်းတွေနဲ့ ကင်းကွာသွားတာ နှစ်လလောက်ရှိပြီပေါ့။ စာရေးချင်စိတ်ရှိပေမယ့် ကလိချင်စိတ်က ပိုပိုများနေတော့လဲ အချိန်က မလောက်ဘူး ဖြစ်နေတယ်ဗျာ။ ဒီက သူငယ်ချင်းတွေ စုပြီး လုပ်မယ့် website တစ်ခုအတွက် Domain တွေ Host တွေ Tempalte တွေ လုပ်ရင်းနဲ့ပဲ တစ်ရက်ပြီး တစ်ရက် ကုန်နေခဲ့တာ။ တခြားသူတွေ တခြားဆိုဒ်တွေအတွက် ကူညီခဲ့ရပေမယ့် တစ်နှစ်နီးပါး ရေးနေတဲ့ လက်ရှိ ကိုယ့်ဘလော့ဂ်လေးကျတော့ အရေခွံလေး တစ်ခါမှတောင် မလဲပေးဖြစ်တဲ့ ဘဝ။ ဘလော့ဂ်ကများ စကားပြောတတ်ရင် ဒီအကျီကြီး ဂျေးစော်နံနေပြီလို့ပင် ပြောလေမလား မသိ :) ။ ဒါနဲ့ပဲ စုလုပ်မယ့် website အတွက် Domain နဲ့ Host ဝယ်ဖြစ်တော့ တခါတည်း ဝယ်ဖြစ်လိုက်တယ်။ Free Host တွေက ခဏခဏ ကြောင်တတ်တော့ ကလိတဲ့အခါ ပိုအဆင်ပြေအောင်ပေါ့ဗျာ။ ပုံစံလည်း ပြောင်းချင်တော့ Joomla နဲ့ လုပ်ချင်ပေမယ့် လက်ရှိ Post တွေ Comment တွေကို ပြောင်းယူဖို့ အဆင်အပြေဆုံးဖြစ်မယ့် wordpress နဲ့ပဲ လုပ်ဖြစ်တော့တယ်။ နှစ်နေရာ ဖြစ်သွားတော့ ရှေ့လျှောက် www.minnkyansis.com မှာပဲ ဆက်ရေးဖြစ်မယ်ဗျာ။ ရေးခဲ့တာစာတွေ ပျောက်သွားမှာ မစိုးရိမ်ချင်တာကြောင့်ပါ။ ဘာတွေပဲ ပြောင်းပြောင်း အရင်ကလိုပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆက်လျှောက်လှမ်းကြဖို့ မျှော်လင့်ပါတယ်ဗျာ။

You received this email because you are subscribed to the real_time feed for http://minnkyansis.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.