Saturday, October 25, 2008

[ချစ်သူ့ ပုံရိပ်] 1 New Entry: ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

မဖြစ်နိုင်ဘူးဆိုတဲ့ စကားတစ်ခွန်း
တစွန်းတစ သူ့နှုတ်ဖျားက
ကြားရတဲ့ အဲ့ဒီ အခိုက်အတန့်
ခဏပျံ့လွင့်သွားတဲ့ စိတ်အာရုံတွေကို
စုစည်းဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တာ
မှတ်မှတ်ရရ ..ဒီဇင်ဘာဆို ၁နှစ်ပြည့်ပြီပဲ …

ချစ်သူနဲ့ လက်တွဲဖော်
သူ့အတွက်တော့ တခြားစီပဲလို့
ကွဲကွဲပြားပြား ပြောခဲ့သူရေ …
အဖြေတွေကို အခုထိအတည်တကျ
မယူဆတတ်တဲ့ ငါ့ကိုသာ
အပြစ်ဆိုချင်ဆိုလိုက်ပါတော့
နည်းနည်းမှမလျော့ခဲ့တဲ့ သံယောဇဉ်တွေအတွက်
ငါ့လက်က ကလောင်တွေကိုတော့ မတားပါနဲ့ …


ခွင့်မလွှတ်နိုင်ရင်
စွန့်လွှတ်ရဲဖို့ ကြိုးစားပါဆိုတဲ့အတိုင်း
ကိုယ်စီကျောခိုင်းခဲ့တဲ့ ငါတို့နှစ်ယောက်
ကိုယ့်နှလုံးသားကိုယ် သစ္စာဖောက်ခဲ့ပြီးမှ
လွယ်လွယ်မေ့လို့မရတဲ့ အကြောင်းတွေအတွက်
မှတ်ဥာဏ်တွေကို ပြန်တူးဆွနေတာ
ဘာများအဓိပ္ပါယ်ရှိမှာမို့လို့လဲ …

ဆိုခဲစေမြဲစေ ..တဲ့ …ချစ်သူရယ်
စွန့်လွှတ်ရဲတဲ့ ပါရမီတွေနဲ့ပဲ
သေဆုံးသွားတဲ့ နှလုံးသားတစ်စုံကို
ဂုဏ်ပြုလိုက်ကြတာပေါ့ကွယ် …..

by ...DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.