Thursday, November 6, 2008

[ဆောင်း] 1 New Entry: Food - Banh Xeo (Egg Pan cake) ဗီယက်နမ် ရေမုန့်

Food - Banh Xeo (Egg Pan cake) ဗီယက်နမ် ရေမုန့်












ပုံတွေကို ကလစ်နှိပ်ရင် ပုံကြီးပေါ်ပြီး အသေအချာ မြင်ရမှာပါ။

ဒီ Banh Xeo - Egg Pan Cake ဗီယက်နမ် ရေမုန့် (အောင်ဗလမုန့်) ကို ယူကူ့မှာ ကြည့်ဖူးတာကြာပါပြီ။ စမ်းလုပ်စားကြည့်ဖို့ ပစည်းစုတာနဲ့ မလုပ်ဖြစ်တာနဲ့ ၁နစ်လောက် ကြာသွားပါတယ်။

မရှင်မင်းရဲ့ ဆိုဒ်မှာ သူလုပ်ပြတဲ့ "( ဒီမုန့်ကို မလေးရှား စတိုင်နဲ့ လုပ်ထားတာ) ကို တွေ့ပြီး မှဘဲ သတိရပြီး ကိုယ်တိုင်လုပ် ကြည့်ပါတယ်။ ယိုးဒယား၊ ဗီယက်နမ်၊ လာအို တွေမှာ လည်း ဆင်တူရိုးမှား မုန့်တွေ ရှိပါတယ်။ ကျမ လုပ်စားကြည့်တော့ အရသာ ကောင်းလှ ပါတယ်။ ကြက်ဥကြော် အဆန်းပေါ့။

ပါဝင်သော ပစည်း
၁. ကြက်ဥ ၂လုံး (ပိုထဲ့တော့ ကြက်ဥကြော်နဲ့ ပိုတူတာပေါ့)
၂. ကိုရီးယား ရေမုန့် အထုပ် (ဂျုံမှုန့်)
၃. ဆား
၎. အချိုမုန့် (မသုံးချင်ရင် သကြားသုံးပါ)
၅. ပုစွန် (သို့မဟုတ် အသားတမျိုးမျိုး)

၆. ပဲပင်ပေါက် (ကျမလုပ်စားတုန်းက ပဲပင်ပေါက် မရှိလို့ မသုံးပါဘူး။)
၇. ဆီ

၈. ဂေါ်ဖီရွက် အမျှင်
၉. မုန်လာနီကို အမျှင်လုပ် ထဲ့လည်း ရပါတယ် လှပအောင်အတွက်ပါ
၁၀. Garden Pea အဲဒါက အလှပေါ့။ အ၀ါရောင် မုန့်မှာ အစိမ်းရောင် ပဲသီး ၊ အဖြူရောင် ပဲပင်ပေါက်၊ အနီရောင် မုန်လာနီ နဲ့ ဆိုရင် မျက်စိ ပသာဒ ရှိတာပေါ့။ အရသာအပြင် အမြင်မှာ စားချင့်စဘွယ် ဖြစ်ဖို့လည်း လိုသေးတာပေါ့။
၁၁ ကြက်သွန်မိတ်
၁၂ ငရုတ်ကောင်း (ပါတယ်ဆိုရုံပါ။ ကျမက ငရုတ်ကောင်း အနံ့ ကြိုက်လို့ မူလ အညွှန်းထဲမှာ မပါဘူး)

(ကျွန်မသုံးတဲ့ ကိုရီးယားအမှုန့် အိတ်ကို ရှေ့နောက်ပုံနဲ့ ပြထားပါတယ်။ အဲဒါက စားလို့ကောင်း၊ ချက်လို့ကောင်း တယ်။ ပထမတုန်းက ယိုးဒယားအမှုန့် ငှက်ပျောကြော်အတွက်သုံးတဲ့အမှုန့်သုံးတာ
မကောင်းလို့လွှင့်ပစ်ရတယ်။ ဒီတခါမှ စားကောင်းတယ်။ ဘာအမှုန့်လည်းဆိုတာ ကိုရီးယားစာဖတ်သူတွေ ရေးပေးကြပါနော်။ ဂျုံနဲ့စမ်းဘူးသေးတယ်။ ပွဆေးမထည့်တတ်တာနဲ့ အဆင်မပြေပါဘူး။)

တကယ့်မုန့်ရဲ့ မူရင်း အညွှန်း က ၁-၇ အထိသာဖြစ်ပေမဲ့ ၊ ၈-၁၁ ကတော့ ကျွန်မ အကြိုက် ထပ်ထဲ့ထား တာပါ။

(ဂျုံ) အမှုန့် ၁ခွက် ကို ရေ၂ခွက်လောက် ခပ်ကျဲကျဲ ဖျော်လိုက်တယ်။ ကျဲရင် ပါးပြီး ကြွပ်တယ်။ ပျစ်ရင် နဲနဲ ထူတာပေါ့။ (ကြက်ဥပါတော့ သိပ်ကြွပ်မှာ မဟုတ်ပါဘူး။) ကြက်ဥ ၂လုံး ခေါက်ထဲ့၊ ဆားအချိုမှုန့် ငရုတ်ကောင်း (ပါတယ်ဆိုရုံထဲ့) သမအောင် ရောမွှေထားပါတယ်။

မကပ်တဲ့ ဒယ်အိုးအပြားမှာ ဆီအနည်းငယ်နဲ့ အိုးမျက်နာပြင် ကို နံ့အောင် သုတ်လိုက်ပါတယ်။ ဆီပူလာရင် ပုစွန်၊ ကြက်သွန်မိတ်၊ ပဲပင်ပေါက်၊ ဂေါ်ဖီ၊ မုန်လာနီ၊ ပဲစိမ်းလုံးကို ဒယ်အိုးထဲမှ လှပအောင် စီထဲ့လိုက်ပါတယ်။ မုန့်နှစ်ရည်ကို ယောက်ချို တဇွန်းနဲ့ ထဲ့ပြီး ထဲ့ထားတဲ့ အစာတွေ ပေါ်ဆန်းပြီး ရေမုန့် လုပ်သလို ပါးပါး ပြားပြား ဖြစ်အောင် အိုးကိုလှည့်ပြီး မျက်နာပြင် ညှိပါတယ်။ မျက်နာပြင် အပေါ်နဲ့ ဘေးဘက်မှာ ဆီ နဲနဲစီ ဇွန်းနဲ့ အသာလေး ထည့်လိုက်ပါတယ်။ ဆီပါတော့ နဲနဲ ကြွပ်သွားအောင်ပေါ့။

ဘေးနှတ်ခမ်းသားကြွပ်လာလို့ ကြွတက်လာရင် ဖြေးဖြေးချင်း ဂေါ်ပြားနဲ့ ထိုးပြီး မုန့် ပြားဝိုင်းကို တဘက် လှန်လိုက်ပါတယ်။ ကြက်ဥထဲ့ထားတော့ ရေမုန့်လို ကြွပ်မှာ မဟုတ်ပါဘူး။

ကဲ မုန့်လုပ်တာ ၅ခုလုပ်ဖြစ်ပါတယ်။ တခုကို ဆွမ်းတော်ကပ်ပြီး ကျန်တဲ့၎ခုမှာ တခုက ဓါတ်ပုံဝါးနေလို့ မတင်လိုက်ပါဘူး။ မနက်စာ အစာပြေပေါ့။ တကယ်လို့ အချိန်ကုန်ခံနိုင်ပြီး ဗိုက်မ၀တဲ့ အဆာပြေ မုန့် တစ်မျိုး အဖြစ် စားနိုင်မယ်ဆိုရင် အဆင်ပြေပါတယ်။ ဥပမာ ရေမုန့် ခေါက်မုန့် လိုပေါ့။

ကျွန်မက နဲနဲ
နီအောင် သိပ်မတူးအောင် ထားပါတယ်။ ဒါမှ မုန့်သား အ၀ါပေါ်မှာ အနီအကွင်းလေးတွေ အစက်တွေနဲ့ စားချင့်စရာ မဟုတ်လား။ ကျွန်မက မျက်စိနဲ့လည်း စားတယ် ပါးစပ်နဲ့လည်း အရသာ မြည်းတယ်။ ကျွန်မကို တော့ စံပါဘဲလို့ ပြောကြမလား။ ကျွန်မ အတွက်တော့ ချက်နည်း ကောင်းပေမဲ့ အမြင်မလှရင် စားချင်စရာ မပေါ်ဘူးလို့ ထင်တာဘဲ။

စာဖတ်သူများ ကြက်ဥကြော် စားမိရင် ကျွန်မရဲ့ Banh Xeo ဗီယက်နမ် ရေမုန့်လေးကို သတိရလေမလား
....

http://www.youtube.com/watch?v=Zizi7X8zzGk
http://www.youtube.com/watch?v=v5D4oRnaIl0&feature=related
http://www.youtube.com/watch?v=CO3ecdNnun0&feature=related
http://www.youtube.com/watch?v=eLRfcAjH8YU&feature=related
http://www.youtube.com/watch?v=7nj3jlf_izA&feature=related ယိုးဒယားနည်း

ကျမ လောလောဆယ် လက်နာလို့ စာသိပ်မရေးချင်ဘူး။ ဘလော့တွေ တောင် အနည်းငယ်သာ လည်ပတ်နိုင်ပါတယ်။ ယခုလက်ရှိ အိမ်ရှင် ကလည်း အိမ်ကို မွမ်းမံချင်လို့ ပြောလာတော့ အိမ်ပြောင်းဖို့ လုပ်ရပါအုန်းမယ်။ တခြား ကိုယ့်ကိစတွေ ရော ခရစ်စမတ်မိုလို့ အလုပ် ရှာတာတွေနဲ့ရော နဲ့ တကယ်လို့များ ပို့စ်အသစ် ထွက်မလာရင် စိတ်မဆိုးကြပါနဲ့နော်။
ရေးနိုင်အောင် ကြိုးစားမှာပါ။

ghostbellလေးရေ မမ နောက်ထပ် အသစ်မတင်နိုင်ရင် စိတ်မဆိုးနဲ့နော် ရေနံရော ရေမွှေးရော လေယာဉ်လက်မှတ်ရော ပို့လိုက်။ ဒါမှ လာချက်ပေးမယ် ဟုတ်ပြီလား။
ကိုဝင်းဇော်ပြောလည်း ပြောစရာ။ ချက်ပြမိသမျှ အကြော်အလှော်ချည့်ဘဲ... ဟင်းဟင်း။
ကိုဖိုးကြယ်တို့ မြန်မာနတ်ခတ်ဗေဒတို့ က မေးတယ် အချဉ်မပါဘူးလားတဲ့။ အချဉ်ကို ပုလင်းဖွင့်လောင်းထဲ့ မြိုချလိုက်တာ လျှပ်လက်သလို ကုန်သွားတယ်။ မမေးနဲ့တော့ ဟင်းဟင်း

အလကားပြောတာပါ။ ... နောက်တခါ အကြော်တခုခုလုပ်ရင် အချဉ်လုပ်နည်းနဲ့ အချဉ်ဓါတ်ပုံကို အသေချာရိုက် ပြပါ့မယ်။ အခုတော့ လက်နာလို့ ဒါတောင် အတော် ကြိုးစားရေးရတာပါ။ နောက်ထပ် ပို့စ်တွေရေးဖို့ မသေချာလို့ အနာခံရေးပြတာပါ။ အိမ်ရှာ အလုပ်ရှာ ပစည်းသိမ်းတာ သင်တန်းတက်တာ လက်နာတာတွေ ဆုံသွားလို့ နားလည်ပေးကြပါနော်...

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.