Thursday, November 6, 2008

[မုန်းချောင်းတေး.....] 1 New Entry:

http://streammone.blogspot.com/feeds/8007715976895793653/comments/default

ဒုက္ခစစ်စစ်




ဒီည
သားရင်ထဲ
မိုးတွေအရမ်းရွာတာပဲ
မေမေရယ်....။
လျှပ်စီးတွေလက်တိုင်း
ဒီခေါင်းလေးလုံအောင်
ဘယ်ရင်ခွင်မှာဝှက်ပုန်းရမလည်း........။
အသိုက်ပျက်တယ်ဆိုတာ
ဒါမျိုးလား မေမေ.......။
ခလုပ်တိုက်မိတာ လွယ်သလောက်
ပြန်ရပ်နိုင်ဖို့ ခက်တယ်သားရဲ့ လို့
မေမေ ပြောခဲ့ဘူးတယ်.......။
သားကတော့ရယ်နေတာပေါ့.....။
အို...မေမေရယ်
အချိုအကွေတွေများလွန်းတော့
သားရဲ့လာရာလမ်းလေးတောင်
မမှတ်မိတော့ဘူး........။
မေမေ့ပါးက သနပ်ခါးနံ့လေးကို
သတိရတိုင်း
သားရဲ့ညီစို့စို့ အနံ့ဆီုးကြီးက
ရိုင်းစိုင်းလွန်းတယ်........။
မနက်ဖြန်ဆိုတာမမြင်ရလောက်အောင်
သားရဲ့ ကိုယ်ခံအားမှာ
ဘယ်လိုအကုသိုလ်တရားတွေက
အားကောင်းနေကြတာလည်း........။
လူတွေကပြောကြတယ် မေမေ
ဘ၀ဆိုတာ
လျှပ်တပြက်
ရေတပွက်စာတဲ့
သားကတော့
တစ် သံသရာစာ .....။
ဒီအလိမ္မာတုံးကြီးက
(မေမေ့သားကြီးက)
ဟော့ဒီ
တတောလုံးကိုစိမ်းလန်းပစ်လိုက်ချင်တာ
ခြောက်သွေ့ခြင်းတွေမုန်းလွန်းလို့။
ဒီည

သားရဲ့ရင်ထဲ
မိုးတွေအရမ်းရွာတာပဲ
မေမေရယ်.....။

You received this email because you are subscribed to the real_time feed for http://streammone.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.