Thursday, November 6, 2008

[mAunG mYo's Heartfelt] 1 New Entry: ရော်နယ်ဗေဗေမောင်မောင်မျိုး

ရော်နယ်ဗေဗေမောင်မောင်မျိုး


ကမ္ဘာမကျော်ပါ နိုင်ငံမကျော်ပါ
ဒါပေမယ့် ကိုယ်ပိုင်တည်ထောင်ထားတဲ့
ဘ၀ ဘောလုံးပွဲစဉ်မှာတော့
တိုက်စစ်မှူးတစ်ယောက်
အိမ်ကွင်းမကန်ချင်လို့ အဝေးကွင်းပြောင်းကန်းတော့
ပရိသတ်က
"ဆာဟာ" လို အသားမဲလို့ 
"ရွန်းနီ"လို ထစ်ခနနဲရှိ ဒေါသထွက်တက်လို့ 
"ဘက်ဟမ်း"လို ရုပ်မချောလို့  ဆိုပြီး
ရေသန်းဘူးနဲ့ ဝိုင်းပေါက်ကြတဲ့အဖြစ်...
တော်ပါပြီး နစ်နာကြေးမယူပဲ အိမ်ကွင်းပဲပြန်ကန်တော့မယ်
နည်းပြမရှိ ကွင်လယ်ဒိုင်မရှိ အရန်ကစားသမားမရှိ
အနီကဒ် အ၀ါကဒ်မရှိ
တစ်ယောက်တည်း တစ်ကွင်းလုံးပတ်ပြေးနေမယ်
နောက်ဆုံးအမောဆို့ ပြီး Half Time နဲ့ ရပ်ဆိုင်းမယ်
ဒါပဲကောင်းတယ် စူပါကော်ဖီမစ် :)

ပုံ/
ရော်နယ်ဗေဗေမောင်မောင်မျိုး



P>S= ကိုရွာသားလေး ရဲ့ ဒီပို့စ် ကိုဖတ်ပြီး ဒီလိုဂွကျကျတွေး ရေးပါသည် ။



You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.