Thursday, November 6, 2008

[ညီနေမင်း] 3 New Entries: Flash Drive, Pen Drive တွေ ဗိုင်းရပ်မကူးရအောင်။

Flash Drive, Pen Drive တွေ ဗိုင်းရပ်မကူးရအောင်။

ဗိုင်းရပ် အများစု ဟာ Removeable Drive တွေ ဖြစ်တဲ့ Flash ,Pen Drive တွေကနေ အများဆုံး ကူးစက်တတ်ပါတယ်။ မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ရှိနေရင်တော့ ကွန်ပြူတာနဲ့ ချိတ်ဆက် လိုက်တာနဲ့ ကူးစက်ဖို့ လွယ်ကူ သွားမှာပေါ့။ တစ်ခါ တစ်လေ ကျရင် My Computer က ကိုယ့် Pen Drive ရဲ့ ပေါ်မှာ Right Click နှိပ်လိုက်တာနဲ့ Explore , Open တို့ ဖြစ်ရမယ့်အစား Autorun , Play တို့ ဖြစ်နေ တတ်တာ ကို သတိပြုမိမှာပေါ့။ ဒါဆိုရင်တော့ မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ကပ်တယ် ဆိုတာ သေချာပါတယ်။ ဗိုင်းရပ်က Autorun.inf ဆိုတာလေးကို ဖန်တီးထားပြီး စက်မှာ တပ်လိုက် တာနဲ့ အလုပ်လုပ်စေတာပါ။ ကျွှန်တော် သုံး တဲ့ Flash-Disinfector ဆိုတဲ့ Freeware လေးက ဗိုင်းရပ်က Create လုပ်မယ့် Autorun.inf ဖိုင်ကို သူက ကြိုဖန်တီး ပြီး ဗိုင်းရပ် ထပ် မလုပ် နိုင်အောင် တားပေးတာပါ ။ Flash-Disinfector ကို ဒီမှာ ယူလိုက်ပါ။ Download လို့ ရလာတဲ့ ဖိုင်လေးကို မိမိ Pen Drive ကို စက်မှာ တပ်ပြီး Run လိုက်ပါ။ Dialog Box လေးကျလာရင် Ok နှိပ်လိုက်ပါ။ Monitor မှာ ခဏ Blank ဖြစ်ပြီး Ok လို့ပေါ်လာပါ လိမ့်မယ်။ အဲဒါ ဆို ရင် မိတ်ဆွေ ရဲ့ Pen Drive ကနေ ဗိုင်းရပ် ကူးဖို့ဆိုတာ 100 % မဟုတ်ရင်တောင် ကာကွယ်ပြီး သား ဖြစ်သွား ပါလိမ့် မယ်။



Hacking အကြောင်း

ကျွန်တော်က ပထမဦးဆုံးပြောမယ့် အကြောင်းကတော့ logmein ဆိုတဲ့ဆော့ဝဲလေး အကြောင်းပါ။ ဒီဆော့ဝဲလေးက နိုင်ငံတွေ ဘယ်လောက်ပဲ ကွာဝေးနေပါစေ လှမ်းပြီးတော့ ကိုယ့်ရှေ.မှာသုံးနေတဲ့ ကွန်ပြူတာလိုမျိုး အဝေးကနေ ကိုင်တွယ်ပြီး ပြသနာတွေကို ဖြေရှင်း ပြင်ဆင်ပေးလို. ရပါတယ်။
တခုကြိုပြောချင်တာက ဒီဆော့ဝဲလေး အကြောင်းကို နားလည်သွားရင် ဘယ်သူကိုမှသွားပြီး ဒုတ်ခမပေး ဖို.ပါဘဲ။ အဲဒီအတွက် ကြိုပြီး ပြောထားပရစေ။
၁။ www.logmein.com ကိုဝင်ပါ။ ပြီးရင် Download logmein free ဆိုတဲ့ အစိမ်းရောင် အကွက်လေးကို ကလစ်လုပ်ပါ။ ပြီးရင် အီးမေးလ် တို. ဘာညာတို. ရိုက်ပြီး အကောင့် ဖွင့်ပါ။ ပြီးရင် Go ကို နှိပ်။
၂။ပြီးရင် add computer ကို ထပ်နှိပ်။ ပြီးရင် ဆော့ဝဲကို ဒေါင်းလော့ဆွဲပါ။
၃။ ပြီးရင် ဆော့ဝဲကို Run လိုက်ပါ။ Next => I agree => typical => Next =>Next=>
computer access code ဆိုပြီးတောင်းရင် ပေးချင်တဲ့ password 8 လုံးပေးလိုက်ပါ။ အောက်မှာလည်း အဲ ဒီ 8 လုံးပဲ ပြန်ရိုက်။
ကိုပေးထားတာတော့ မှက်ထားဦးနော်။
၎။ Email တောင်းရင် ခုနက အကောင့် ဖွင့်တုန်းက ပေးခဲ့တဲ့ အီးမေးကို ပြန်ထည့်။ password ကလဲ အကောင့်ဖွင့်တုန်းကပေးတဲ့ password ပဲအင။ ပြီးရင် Next ကို မနှိပ်နဲ.ဦး။ logmein freee ဆိုတာရွေးပေးလိုက်ဦး။ ပြီးမှ Next လုပ်။
၅။ အင်စတောလုပ်ပြီးသွားရင် Restart ချရလိမ့်မယ်။ ဒါဆိုရင် ပြီးသွားပါပြီ။ Task Bar ရဲ့ ညာဘက်အောက်မှာ ခွေးခြေရာ ပုံလေးပေါ်နေပါလိမ့်မယ်။
၆။ အဲဒီ ကွန်ပြူတာကို ဖွင့်ထားပြီး


တခြားကွန်ပြူတာကနေပြီး အင်တာနက်က www.logmein.com ဆိုတဲ့ ၀က်ဆိုဒ်ကို ပြန်ဝင်
၇။ ၀တ်ဆိုဒ်ရဲ့ ညာဘက် ထိတ်နာမှာ Email မှာ ကိုယ်အကောင့်ဖွင့်ထားတဲ့ အီးမေးလ် ရိုက်ထည့် ၊ ပြီးရင် Password ပေါ့။ Enter ။
ကျန်တာတွေကတော့ ကိုယ့်ဘာသာစမ်းလို.ရလိမ့်မယ်လို. ထင်ပါတယ်။
ပညာရှိုတာမဟုတ်ပါဘူး။ နောက်ဟာတွေက အရမ်းလွယ် နေလို.ပါ။
နိုင်ငံရပ်ခြားက ကွန်ပြူတာတွေကို ကိုယ့်နေရာကနေပြီး လှမ်းပြင်နိုင်ပါစေဗျာ။

ဓါတ်ပုံလေးတွေပါ

Image Hosting by Picoodle.com


Image Hosting by Picoodle.com


Image Hosting by Picoodle.com


Image Hosting by Picoodle.com


Image Hosting by Picoodle.com


Image Hosting by Picoodle.com



Image Hosting by Picoodle.com



You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.