Thursday, November 6, 2008

[Nine Nine SaNay] 1 New Entry: Barack Hussein Obama II

Barack Hussein Obama II


အိုဗားမားကို ၁၉၆၁ခုနှစ် သြဂုတ်လ ၄ရက်မှာ အမေရိကန်နိုင်ငံ ဟာဝိုင်ရီ Honoluluမြို့မှာ မွေးဖွားခဲ့တယ်။ အိုဗားမားရဲ့ မိဘနှစ်ဦးဟာ Honolulu မြို့မှာရှိတဲ့ ဟာဝိုင်ရီ တက္ကသိုလ်မှာ တွေ့ဆုံခဲ့ကြတယ်။ ဖခင်ဖြစ်သူက ကင်ညာနိုင်ငံကလာတဲ့ ကျောင်းသားဖြစ်တယ်။ အိုဗားမား နှစ်နှစ်အရွယ်မှာ မိဘနှစ်ဦး ကွာရှင်းခဲ့ကြတယ်။ ဖခင်ဟာ Harvard University ကနေ PhD ဘွဲ့ကိုယူပြီး ကင်ညာနိုင်ငံကို ပြန်သွားခဲ့တယ်။ မိခင်က အင်ဒိုနီးရှားကျောင်းသား Lolo Soetoro နဲ့ နောက်အိမ်ထောင် ပြုလိုက်ပြီး သမီးတစ်ယောက် ဖွားမြင်ခဲ့တယ်။ အိုဗားမား ၆နှစ်အရွယ်မှာ တစ်မိသားစုလုံး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာကို ပြောင်းရွေ့ခဲ့ကြတယ်။ ပြောင်းရွေ့ပြီး ၄နှစ် အကြာမှာ အိုဗာမားဟာ ဟာဝိုင်ရီကို ပြန်ရောက်လာခဲ့ပြီး အဘိုးအဘွားနဲ့ အတူနေခဲ့တယ်။ ၅တန်းကစပြီး အိုဗားမားဟာ Honolulu မြို့မှာရှိတဲ့ ပုဂ္ဂလိကကျောင်း Punahouမှာ တက်ခဲ့တယ်။

အဲဒီကျောင်းမှာ ၁၂ တန်းအထိ တက်ပြီး ၁၉၇၉ ခုနှစ်မှာ သူကျောင်းပြီးသွားခဲ့တယ်။ အိုဗားမား ၂၁နှစ်အရွယ်မှာ ကင်ညာမှာရှိတဲ့ ဖခင်ဟာ ကားအက်ဆီဒင့်ကြောင့် သေဆုံးသွားခဲ့ရတယ်။ မိခင်ဖြစ်သူက ၁၉၉၅ခုနှစ် အိုဗားမားရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ် "ကျွန်တော့်အဖေ၏ အိပ်မက်" စာအုပ်ထွက်ပြီးနောက် လပိုင်းမှာ သေဆုံးသွားခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ အိုဗားမားဟာ သူငယ်စဉ် ကြီးပြင်းခဲ့ရတဲ့ လူဖြူမိခင်နဲ့ အလယ်အလတ်တန်းစား မိသားစုဘဝကို ရေးသားထားတယ်။ သေဆုံးသွားတဲ့ ဖခင်အကြောင်းကို မိသားစု၊ ဓာတ်ပုံတွေကတစ်ဆင့် သူသိခဲ့ရတယ်။

သူ့ငယ်စဉ် ကလေးဘဝကို အိုဗားမားက ဒီလိုရေးထားပါတယ်။

"ကျွန်တော့်ဖခင်ဟာ ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့ လုံးဝမတူပါဘူး။ သူ့အသားအရေဟာ ကတ္တရာစေးလို
မည်းနက်နေပါတယ်။ ကျွန်တော့်မိခင်ရဲ့ အသားအရေက နွားနို့လို ဖြူဖွေးနေပါတယ်။ ဒါကို ကျွန်တော်ကောင်းကောင်း မှတ်မိနေခဲ့ပါတယ်"

အိုဗားမားဟာ မတူတဲ့ လူမျိုးစု (Multi-ethnic) ကနေ ကြီးပြင်းလာခဲ့ရတဲ့အတွက် လူငယ်အရွယ်မှာ လူမှု အဖွဲ့အစည်းတွေထဲ မဝင်ဆံခဲ့ဘူး။ အိုဗားမားဟာ ဆေးခြောက်နဲ့ ကိုကင်းဆေးတွေကို သုံးစွဲခဲ့ဖူးသူဖြစ်တယ်။ သူဟာ ၂ဝဝ၈ ခုနှစ် သမတ္တရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက် နှစ်၂ဝကြာ သောက်ခဲ့တဲ့ ဆေးလိပ်ကို ၂ဝဝ၈ နှစ်စမှာ ဖြတ်ပစ်ခဲ့တယ်။

ဆက်ရန်ရှိသေးသည်....

ပူပူနွေးနွေးလေး မနေ့က ရွေးကောက်ပွဲမှာ အောင်မြင်ခဲ့တဲ့ အမေရိကန်ရဲ့ ၄၄ ယောက်မြောက် သမတ္တဖြစ်သွားတဲ့ အိုဗားမား အကြောင်းလေးပါ။ သူဟာ အမေရိကန် သမိုင်းမှာ ပထမဦးဆုံးသော လူမည်းသမတ္တ ဖြစ်ပါတယ်။ သူ့အကြောင်း စိတ်ဝင်စားသူတွေအတွက် wikipedia တရုတ်ဘာသာကနေ မြန်မာဘာသာပြန်လိုက်ပါတယ်။

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.