Thursday, November 6, 2008

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: ရယူခြင်း.!! ပေးဆပ်ခြင်း..!!

ရယူခြင်း.!! ပေးဆပ်ခြင်း..!!

သူမရဲ့စိတ်တွေ စုစည်းလို့မရအောင် အတွေးတွေထဲမှာ ပျံ့လွင့်နေခဲ့ပီ... သူမ.. သူ့ကိုအရမ်းချစ်တာ.. သူမအတ္တကြီးကြီးနဲ့ သူ့ကိုချုပ်ကိုင်ခဲ့မိတာများလား...!! သူမ... သူ့အတွက် "အချစ်"ကလွဲရင် ဘာမှပေးနိင်ခဲ့ပါဖူး.. အဲ့..."အချစ်"ကကော သူ့ကိုဘယ်လောက်ထိ စိုးမိုးထားနိင်မှာတဲ့လဲ...!! သူမဆိုတဲ့သူမကလဲ တစ်ခါတစ်လေ ကလေးလေးတစ်ယောက်လို နူးညံသိမ်မွေ့နေတတ်ပီး.. တစ်ခါတစ်လေလဲ ကြံဖန်ကောက်နေတတ်တဲ့သူ... အရာရာနက်နဲစွာ တွေးခေါ်တတ်သလို အရာရာကိုလဲ "တိဖူး.." ဆိုတဲ့တစ်လုံးထဲနဲ့ မတိသလို နေပစ်တတ်သူလဲဖစ်တယ်....။

ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် ရယ်မောနေတတ်ပီး.. သစ်ရွက်လေးတွေ ကြွေတာကိုကြည့်ရင်း ခံစားဝမ်းနည်းနေတတ်သူ လဲဖစ်ပါတယ်.. သူမရဲ့စိတ်တွေကိုကော သူ... ဘယ်လောက်ထိ နားလည်ပေးနိင်မှာလဲ..!! ခုချိန်ထိသူနဲသူမ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ "အချစ်" ဆိုတာကို စာလုံးပေါင်းမှန်အောင် ပေါင်းနေကြတုန်းပါဖဲ.. အစဉ်အလာအတိုင်းလဲ ရန်ဖစ်လိုက်ပြန်ချစ်လိုက်နဲပေါ့... စိတ်ကူးယဉ်မူတွေ... မျော်လင့်ချက်တွေ... ရည်ရွယ်ချက်တွေ ကိုယ်စီနဲ့ အချစ်ကို တည်ဆောက်ခဲ့ကြသူတွေ ဆိုလဲမမှားပါဖူး....။

သူဆိုတဲ့သူကကော အရမ်းကိုချစ်တတ်သူပါ.. သူမကိုအနိုင်းမဲ့လို့ ထင်နေတဲ့သူပေါ့... သူမကို လူကြီးဆန်ဆန် ပြောဆိုတတ်သလို.. ကလေးတစ်ယောက်လို ကြည်စယ် နောက်ပြောင်နေတတ်သူပါ... သူ့ဘ၀သူ အားငယ်နေတတ်သူလဲ ဖစ်ပါတယ်.. သူမကြောင့် အရာရာပြည့်စုံနေသလို... သူ့ရဲ့မျော်လင့်ချက်တွေလဲ ရှင်သန်နေတယ်လို့ ထင်နေတတ်သူပေါ့.. တစ်ခါတစ်လေ အရမ်းကြင်နာတတ်သလို တစ်ခါတစ်လေ ကြောက်စရာကောင်းအောင် ဒေါသကြီးပီး သ၀န်တိုတတ်သူလဲ ဖစ်ပါတယ်... သူနဲ့ သူမ တူညီတဲ့ အချက်လေးတစ်ခုကတော့ အရမ်းချစ်တတ်တာပါဖဲ...။

သူမကတော့ "အချစ်"ကို ပေးဆပ်ခြင်းနဲ့ တည်ဆောက်နေတတ်သူပါ... သူကတော့ရယူခြင်းနဲ့ သရုပ်ဖော်ချင်သူပါ... သူမရဲ့အတွေးတွေထဲမှာတော့ သူ့ကို သူမထက်ပိုပီး အစစအရာရာသာတဲ့သူ... သူမထက် အချစ်ကိုပိုပီး ပြည်စုံအောင် ဖန်တီးပေးနိင်တဲ့သူ.. သူမဆီကမရနိင်တာတွေကို ပေးနိုင်တဲ့သူ တစ်စုံတစ်ယာက်နဲ့ဖြစ်ဖြစ်.... အမှန်တစ်ကယ် ပျော်ရွှင်မှုတွေနဲ့ သာယာချမ်းမြေ့တဲ့ ဘ၀လေးကို သူ့ကိုပိုင်ဆိုင်စေချင်တာ... ဒါတွေအားလုံးဟာ သူမ... သူ့အပေါ်ထားရှိခဲ့တဲ့ "အချစ်"တွေပေါ့....

သူကတော့သူမကို ဘယ်သူ့လက်ထဲမှာမှ စိတ်မချသလို... သူမရဲ့အချစ်တွေကိုလဲ တစ်ယောက်တည်း ပိုင်ဆိုင်ချင်သူမျိုးပါ...။ ဘယ်လိုဖဲဖစ်ဖစ် သူမနဲ့နီးစပ်ခွင့်ရအောင် ကြိုးစားနေတဲ့သူ... သူမနဲ့နှစ်ယောက်ထဲ ရှိနေချင်သလို... ရင်ခုန်သံတွေ ကြည်နူးမူတွေနဲ့ ပေါင်းစပ်ထားတဲ့ အိမ်ရဲ့ဆွဲလွဲသံလေးတွေ ကြားမှာလည်းနေချင်ပြန်သူ....။ ဒါတွေဟာ သူ့ရဲ့သူမအပေါ်ထားတဲ့ အချစ်တွေ... မျှော်လင့်ချက်တွေဖဲပေါ့.. သူနဲ့သူမ"အချစ်"ကို ဘယ်လိုမြင်ကြပါလဲဟင်...!! ပေးဆပ်ခြင်းနဲ့ ပီးဆုံးမှာလား...!! ပိုင်ဆိုင်ခြင်းတွေနဲ့ဖဲ ပြည့်စုံစေရမှာလားဟင်....!!

လာဖတ်ပေးတဲ့သူတွေတိုင်း မိမိသဘောကျ ဆုံးဖြတ်ခဲ့ပေးခဲ့ကြပါနော်... စိတ်တိုင်းကျ အဆုံးသတ်ခွင့်ရှိပါတယ်... ကလေးလေးရဲ့ပို့စ်လေးကို ဖတ်ပီးပျော်ရွင်နိင်ကြပါစေ....... အရှိကိုအရှိတိုင်းလဲ ဝေဖန်ပေးခဲ့ပါလို့ တောင်းဆိုပါရစေ... မရေးတတ်တာကို လာဖတ်ပေးတဲ့အတွက်လဲ ကလေးလေးက ကျေးဇူးထူးရှယ်တင်ပါတယ်ရှင်..... အဲ့...!! မေ့လို့... "တိဖူး တိဖူး ဗိုက်ဆာဒယ်..." (((လက်သုံးစကားလေး မေ့ကျန်ခဲ့လို့လေ))) :P

P.S အခုတလော "အချစ်"အကြောင်းတွေဘဲ ဘလော့ရွာထဲမြင်မြင်နေတာမို့ ကလေးလေးလဲ တိသလောက် ဂျစ်ပြလိုက်တာပါရှင့်....။

(ကလေးလေး)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.