Thursday, November 6, 2008

[:: My Little World ::] 1 New Entry: ဘာရောင်းပါသလဲ...

ဘာရောင်းပါသလဲ...

ရောင်းသူ

တချို့ က
လမ်းဘေးအစ
ဗန်းကလေးမ
ပန်းမွှေးလှလှရောင်းနေတယ်။

တချို့ ကြ
ချွေးတရွှမ်းရွှမ်း
ဘေးအထမ်းနဲ့ 
ရေထမ်းရောင်းနေတယ်။

တချို့ ကြ
ကိုယ်ပိုင်စွမ်းအား
"လုပ်အား" ရောင်းနေတယ်။

တချို့ က
တွေးဆကြံပွား
"ဥာဏ်အား" ရောင်းနေတယ်။

တချို့ ကြပြန်တော့
အလှနဲ့ 
ဘ၀ရောင်းနေတယ်။

အို.. စာရှုသူ
သင်မူဘာရောင်းပါသလဲ။

မောင်ကြည်မွန်

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.