Thursday, November 6, 2008

[Dawnmanhon( ဒေါင်းမာန်ဟုန် )] 2 New Entries: စစ်အစိုးရ ၀က်ဆိုက်ကို ဟက်အလုပ်ခံရပြီ။

စစ်အစိုးရ ၀က်ဆိုက်ကို ဟက်အလုပ်ခံရပြီ။


ကိုမိုးသီး
နအဖ အစိုးရ မိုးလုံးပြည့်မုသားဝါဒ လိမ်ညာမှုတွေ၊ သတင်းအမှောင်ချမှုတွေကို နဲ့  တခြား ၀က်ဆိုက်တွေကိုလည်း တိုက်ခိုက်မှုတွေကို တုန့် ပြန်သော အားဖြင့် ကွန်ပြူတာ နည်းပညာ ကျွမ်းကျင်တဲ့ ကျောင်းသား တချို့ က စစ်အစိုးရ ၀က်ဆိုက်တခုဖြစ်တဲ့  http://www.most.gov.mm ကိုနာရီအနည်းငယ်ကြာတိုက်ခိုက်လာတာကိုဒီနေမနက်တွေ့ရပါတယ်။နာရီတော်တော်ကြာအောင်
ပျက်သွားပါတယ်။
အခုတော့ပြန်လည်ပြင်ဆင်ပြုပြင်လိုက်ပါပြီ။ အင်တာနက်စာမျက် နှာမှာ http://www.most.gov.mm/media/

University of the lat remaining platform for national dissent ...... we need better education !!!စစ်အာဏာ ရှင်စနစ် ကို နောက်ဆုံး ခုခံနေတဲ့ တက္ကသိုလ် .....ငါဒို့  အဆင့်မြင့် ပညာရေး လို အပ်နေ ပြီ လို့  ရေးသား သွားတာကိုတွေ့ ရပါတယ်ခင်ဗျာ။

အမေရိကန် ပြည်ထောင်စု သမ္မတ ဘရက်အိုဘားမား ကို ဂုဏ်ပြုလိုက်ပါတယ်။


အိုဘားမားနှင့် မြန်မာနိုင်ငံ

နာဂစ်ဖြစ်ပွားပြီး လူသားချင်းစာနာသည့် အကူအညီပေးရန်

ဆီးနိတ်လွှတ်တော်အမတ် ဂျွန်ကယ်ရီ တင်သွင်းသည့် နာဂစ်ဒဏ်ခံ ပြည်သူများအား အကူအညီပေးရေး ဆုံးဖြတ်ချက်အား ထောက်ခံခဲ့ပြီးနောက် "နာဂစ်ဒဏ်ခံ မြန်မာနိုင်ငံ၏ အခြေအနေမှာ စိတ်မကောင်းဖွယ်ဖြစ်ပြီး၊ အမေရိကန်အစိုးရ၏ လူသားချင်းစာနာသည့် အကူအညီ အစီအစဉ်အား ထောက်ခံကြောင်းနှင့် မြန်မာအစိုးရကို လိုအပ်သည့် လုပ်ဆောင်မှုအားလုံးကို လုပ်ဆောင်သွားရန်" တိုက်တွန်းပြောဆိုသည်။

၂၀၀၇ စက်တင်ဘာ အရေးအခင်းဖြစ်ပွားပြီး အိုဘားမား၏ ကြေညာချက်

"မြန်မာနိုင်ငံတွင် ထောင်ပေါင်းများစွာသော ပြည်သူများသည် ဘာသာရေးခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် နှစ်ရှည်လများ ရှည်ကြာခဲ့သော အခက်အခဲများကို ပြောင်းလဲပစ်ရန် တောင်းဆိုခဲ့ကြသည်။ ကျွန်ုပ်တို့ လူသားများ၏ ရဲစွမ်းသတ္တိကို မျက်မြင်ကြုံတွေ့ခဲ့ရသည်။ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအောက်ရှိ အကြမ်းမဖက်လမ်းစဉ်၏ စွမ်းအားကို မြင်တွေ့ခဲ့သည်။ သို့သော် ယနေ့ မြန်မာအစိုးရက ငြိမ်းချမ်းစွာ တောင်းဆိုသူများအား ရိုက်နှက်ခြင်း၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်း၊ လူအများ ဖမ်းဆီးခြင်းဖြင့် ရက်စက်စွာ နှိမ်နှင်းခဲ့သည်။ စစ်ခေါင်းဆောင်များသည် သူတို့၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်သင့်သည်။ ပြည်သူများ၏ ဆန္ဒများကို အရေးတယူ နားထောင်သင့်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်သင့်သည်။

မြန်မာပြည်သူများသည် စစ်အစိုးရ၏ ဖိနှိပ်မှုများကို ခံစားနေရသည်။ ရန်ကုန်မြို့တော်နှင့် အခြားမြို့ လမ်းမများရှေ့တွင် ရဲဝံ့စွာ ရပ်နေသော သူရဲကောင်းများအား ကျွန်ုပ်တို့က ခိုင်မာစွာ ထောက်ခံထိုက်သည်။ အမေရိကန်နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ထောင်ပေါင်းများစွာသော ပြည်သူများ အသတ်မခံရမီ အကြမ်းဖက်မှုများ ရပ်တန့်ရန်အလို့ငှာ လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်ရမည်။

မြန်မာပြည်မှ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ရဲရင့်သော မြန်မာပြည်သူများအား ထောက်ပံ့ရန် အရေးကြီးသည်။ ကျွန်တော် မြန်မာပြည်ကို ပိတ်ဆို့အရေးယူရေးအား ထောက်ခံခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန် သမ္မတ၏ မြန်မာပြည်အား ပိတ်ဆို့အရေးယူရေး အဆိုပြုမှုကို ကြိုဆိုပါသည်။ သို့သော် အခြားလိုအပ်များကိုလည်း ချက်ချင်း ဆောင်ရွက်ရမည်။ အမေရိကန်နိုင်ငံအနေဖြင့် တဦးထဲ ဆောင်ရွက်၍ မရပါ။ တခြား အဓိကကျသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများဖြစ်သည့် အာဆီယံ၊ အိန္ဒိယ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံတို့နှင့်အတူ အမေရိကန်က ဦးစီးလုပ်ကိုင်ရမည်။ မြန်မာပြည် အခက်အခဲများကို ကူညီဆောင်ရွက်ရန် ငြိမ်းချမ်းသော ဆုံးဖြတ်ချက်ဖြစ်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပါအ၀င် ဘုန်းတော်ကြီးများကို အကြမ်းမဖက်သင့်ကြောင်း မြန်မာစစ်အစိုးရအပေါ် ပြောဆိုလုပ်ကိုင်မှုတွင် ပူးပေါင်းပါဝင်ရမည်။

"မြန်မာပြည်သူများ လွတ်လပ်မှုအတွက် ရပ်တည်မှုများအတိုင်း ကျွန်ုပ်တို့လည်း သူတို့နှင့်အတူ ရှိရမည်"
( မဇ္ဈိမ)

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.